Property Expo
×

ဂီတသက္တမ္း ငါးႏွစ္ဆိုတဲ့ အတိုင္းတာအတြင္းမွာ ပထမအေခြ New Album နဲ႕ေအာက္တိုဘာ ၁၈ ရက္ေန႕မွာ ထြက္ရွိမဲ့ ေအာက္တိုဘာ ၁၈ဆိုတဲ့ ဒုတိယအေခြေလးဟာ ပရိသတ္ေတြရဲ႕ အားေပးမႈေၾကာင့္ ျဖစ္ေပၚလာရတာပါလို႕ ထက္ယံကေျပာပါတယ္။ ဒါ့အျပင္ ရႈိးပြဲသီဆိုမႈနည္းတဲ့ ထက္ယံက အားရင္အားသလုိ သီခ်င္းေတြလုပ္ျဖစ္ေနတာေၾကာင့္ အေခြထြက္တာနဲ႕ပတ္သက္ၿပီး ေလးေယာက္ထဲမွာ ျမန္ေနေၾကာင္း သူကေျပာျပလာပါတယ္။ ဒါ့အျပင္ ေအာက္တိုဘာ ၁၈မွာထြက္ရွိရျခင္းဟာသူ႕ေမြးေန႕အမွတ္တရအျဖစ္ ထြက္ရွိတာျဖစ္ၿပီး ပရိုမိုးရွင္းကို လွည္းတန္းစင္တာမွာျပဳလုပ္မယ္လို႕ေျပာျပလာတဲ့ ထက္ယံရဲ႕ ေအာက္တိုဘာ ၁၈ အေခြအေၾကာင္းကိုသိလိုသမွ် သြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-ေအာက္တိုဘာ ၁၈ မွာထြက္မဲ့ ေအာက္တိုဘာ ၁၈ အေခြေလးအေၾကာင္းကုိ လဲ သိခ်င္ပါတယ္။

ေအာက္တိုဘာ ၁၈မွာထြက္ျဖစ္တာကေတာ့ အစက မရည္ရြယ္ပါဘူး။ ကၽြန္ေတာ္ေနာက္တစ္ေခြထြက္ဖို႕အတြက္ စဥ္းစားလုိက္တယ္။ ပထမဆံုးက NEW Album ကို MTV ရုိက္ဖို႕စဥ္းစားလိုက္တယ္။ ဒါေပမဲ့ အဲ့ဒီထဲက အမ္တီဗီေတြကၽြန္ေတာ္ရုိက္တယ္။ ႏွစ္ပုဒ္ေလာက္ေတာင္ မၿပီးေသးတဲ့အခ်ိန္မွာ ကၽြန္ေတာ္အခ်ိန္ေတြ အရမ္းပုပ္သြားမယ္လုိ႕ေတြးမိၿပီး ေနာက္အယ္လ္ဘမ္တစ္ခု လုပ္မယ္ေပါ့။ အဲ့ဒါနဲ႕ပဲ ေနာက္ေအာက္တိုဘာ ၁၈က ဒီႏွစ္မွာ ရက္ထပ္ႏွစ္ျဖစ္တယ္။ ေနာက္ေလးႏွစ္မွ တစ္ၾကိမ္ဆိုေတာ့ ကၽြန္ေတာ့္ေမြးေန႕မွာလဲ အဓိပၸါယ္ရွိသြားေအာင္ကၽြန္ေတာ့္ေမြးေန႕ကိုလဲ လူတိုင္းအမွတ္ရေနေအာင္ ေအာက္တိုဘာ ၁၈လို႕ေပးၿပီး ေအာက္တိုဘာ ၁၈ ရက္ေန႕မွာထြက္ဖို႕စီစဥ္ခဲ့တာပါ။

-ေလးေယာက္ထဲမွာ အစ္ကုိက အေခြထြက္တာျမန္တယ္လို႕ေျပာလို႕ရတယ္ေနာ္။

ေလးေယာက္ထဲမွာ ဘာေၾကာင့္ထြက္ျဖစ္တာလဲဆိုေတာ့ ကၽြန္ေတာ္က ပြဲအနည္းဆံုးပဲ။ က်န္တဲ့သံုးေယာက္က ပြဲအရမ္းမ်ားတယ္။ ပြဲအရမ္းခုတ္တယ္။ ကၽြန္ေတာ္က အိမ္မွာပဲေနျဖစ္တယ္။ ေနာက္သီခ်င္းလုပ္ေနရတာကိုေပ်ာ္တယ္။ ကၽြန္ေတာ္သီခ်င္းတစ္ပုဒ္ တစ္ပုဒ္ၿပီးသြားတုိင္း ကၽြန္ေတာ့္အတြက္ အသစ္တစ္ခုရလာတယ္လို႕ခံစားမိတယ္။ ကၽြန္ေတာ္ New Album တုန္းကရရွိခဲ့တဲ့ အရည္အခ်င္းကြာလတီကုိ ေက်နပ္ေပမဲ့ အားမရဘူး။ အဲ့ဒါေၾကာင့္ ဒီအေခြကိုျမန္ျမန္ထြက္ႏုိင္ေအာင္ၾကိဳးစားၿပီး ပိုအားစိုက္ထားတယ္။ ပုိၾကိဳးစားထားတယ္။ ျမဴးဆစ္ေတြလူၾကီးဆန္ေအာင္ပိုလုပ္ထားတယ္။ အားမေပးေသးတဲ့သူေတြကိုပါ ကြန္ယက္တစ္ခုအေနနဲ႕ျဖန္႕ခ်င္တဲ့အတြက္ လူၾကိဳက္ေအာင္ လုပ္ထားတာေတြပါတယ္။ ေနာက္ဟိုးေတာင္ေပၚဖက္ကလူေတြ၊ အညာဖက္ကလူေတြလဲၾကိဳက္ႏုိင္ေအာင္လုပ္ေပးထားပါတယ္။

-ပြဲသိပ္မဆိုရတာကေရာ ဘာေၾကာင့္မ်ားလဲ။

အဲ့ဒါကေတာ့ ကံတရားလို႕ေျပာရင္လဲမွန္တယ္။ ကံတရားနဲ႕ျဖန္႕က်က္ၿပီးေျပာရရင္ အမ်ိဳးမ်ိဳးပဲေပါ့။ ကၽြန္ေတာ့္ျမဴးဆစ္က နယ္ဖက္ေတြထိ အရမ္းမသြားႏုိင္ဘူး။ နယ္ဖက္မွာ အရမ္းမၾကိဳက္ၾကဘူး။ ကၽြန္ေတာ့္ကိုသူတို႕သိေကာင္းသိလိမ့္မယ္။ အခုမွသူတုိ႕စသိေကာင္းသိလိမ့္မယ္။ ပြဲလုပ္တဲ့သူေတြက ကၽြန္ေတာ့္ထက္နာမည္ၾကီးတဲ့သူေတြ၊ ေနာက္ပိုင္း ေပၚလာတဲ့ အဆိုေတာ္ေတြ အမ်ားၾကီးရွိတဲ့အတြက္လဲပါတယ္။ ကၽြန္ေတာ္ကိုယ္တိုင္လဲ ကၽြန္ေတာ့္ကိုသိၿပီး အားေပးတဲ့နယ္ေတြေလာက္ပဲ ဆိုခ်င္တယ္။ ကၽြန္ေတာ္မသိတဲ့ေနရာ၊ ကၽြန္ေတာ္မသိတဲ့ပြဲမ်ိဳးေတြကို ကၽြန္ေတာ္မဆိုခ်င္ဘူး။ ပြဲေတြအမ်ားၾကီးဆိုတာထက္ သီခ်င္းအမ်ားၾကီးလုပ္ၿပီး ေပးေနရတဲ့ ေအာင္ျမင္မႈကုိပဲ ပိုလိုခ်င္လို႕ပါ။

-သီခ်င္းအားလံုးေပါင္း ဘယ္ႏွပုဒ္ထည့္ထားလဲ။

၁၀ပုဒ္ပါပါတယ္။ ၉ပုဒ္က ကၽြန္ေတာ္ေရးတယ္။ တစ္ပုဒ္က စာေျခာက္ရုပ္ေရးေပးထားတယ္။ အဲ့ဒီကုိးပုဒ္ထဲမွာမွ တစ္ပုိဒ္ကို ရဲရင့္ေအာင္ကေရးေပးထားတယ္။ အဲ့ဒီသီခ်င္းေလးကဆိုရင္ ကၽြန္ေတာ္အဆုိေတာ္စလုပ္တဲ့အခ်ိန္ သူနဲ႕စေတြ႕တဲ့အခ်ိန္က ရဲရင့္ေအာင္နဲ႕တူတူစလုပ္ခဲ့တဲ့သီခ်င္းေလးေပါ့။

-ေအာက္တုိဘာ ၁၈မွာပါတဲ့ သီခ်င္းပံုစံေတြက အရင္အေခြနဲ႕ဘာေတြကြာျခားခ်က္ရွိမလဲ။

ကၽြန္ေတာ္ေျပာင္းလဲထားတယ္။ ပရိသတ္ေတြနားေထာင္လိုက္တဲ့အခါမွာ ေျပာင္းလဲသြားတယ္လို႕သူတို႕ေျပာပါလိမ့္မယ္။ ပိုလူၾကီးဆန္ဆန္လုပ္ထားတယ္။ ေနာက္ ကၽြန္ေတာ္တို႕မပိုင္ေသးတဲ့ Band အပုိင္းေတြနဲ႕လုပ္ထားတယ္။ ၿပီးေတာ့ ပံုစံက ေပါ့ပ္သီခ်င္းေတြမ်ားလိမ့္မယ္။ ေနာက္ ေပါ့ေရာ့္ခ္ပံုစံမ်ားလိမ့္မယ္။ အားလံုးလက္ခံႏုိင္မဲ့ သီခ်င္းေတြပါပါလိမ့္မယ္။

-အသည္းကြဲသီခ်င္းေတြေရာ ပါဦးမလား။

ကၽြန္ေတာ္တို႕က မယ္လိုဒီသမားဆိုေတာ့ အသည္းကြဲသီခ်င္းေတြနဲ႕ေပါက္ခဲ့တဲ့အတြက္အသည္းကြဲသီခ်င္းေတြ ပါဦးမယ္။ ဒါေပမဲ့လဲ အသည္းကြဲသီခ်င္းေတြလဲ ပါသလို တျခားပံုစံေလးေတြလဲပါတယ္။ ေနာက္ကို ေဂ်မီနဲ႕လုပ္ထားတဲ့ ေက်းဇူးကမၻာ ဆိုရင္ ကၽြန္ေတာ္ရဲ႕ Fan ေတြကို ေက်းဇူးတင္တဲ့အေၾကာင္း သူတုိ႕ရွိေနလို႕ ကၽြန္ေတာ္ျဖစ္ေနတဲ့အေၾကာင္း၊ ကမာၻ ေျမၾကီးနဲ႕ပင္လယ္ကိုေက်းဇူးတင္တဲ့အေၾကာင္း အဲ့ဒါမ်ိဳးေတြေရးထားတဲ့တစ္ပုဒ္လဲပါပါတယ္။

-Featuring ေတြအေနနဲ႕ေရာ ဘယ္သူေတြပါဦးမလဲ။

Featuring ေတြအေနနဲ႕ကေတာ့ ၾကက္ဖပါမယ္။ 4 Album ထဲက Lil’z နဲ႕ေရႊထူးပါမယ္။ ေနာက္ ကိုဥာဏ္္ထက္ပါမယ္။ ေနာက္ေမာင္သီဟပါမယ္။ သူကတစ္ပုဒ္လဲ ၀င္ဆိုေပးထားသလုိ ျမဴးဆစ္ပိုင္းကိုလဲတီးေပးထားတယ္။ ေနာက္ျပံဳးျမသြယ္ပါတယ္။

-ပရိုမိုးရွင္းေတြကိုလဲ ေျပာျပေပးပါဦး။

ပရိုမိုးရွင္းက ေအာက္တိုဘာ ၁၈မွာပဲ လွည္းတန္းစင္တာ ပရိုမိုးရွင္း ဧရိယာမွာ ၃နာရီကေန ၆နာရီထိလုပ္သြားပါမယ္။ အဲ့ဒီပြဲေလးက ပရိုမိုးရွင္းထက္ကုိ ကၽြန္ေတာ့္ေမြးေန႕ပြဲလဲဟုတ္တယ္။ ကၽြန္ေတာ့္သီခ်င္းေတြအားလံုးကိုလက္ခံတဲ့သူေတြကိုလဲ လာေစခ်င္တယ္။ သူတို႕လာမွသာလွ်င္ ကၽြန္ေတာ့္ရဲ႕ရည္ရြယ္ခ်က္ေလးေအာင္ျမင္မယ္။ အားလံုးကို ကၽြန္ေတာ့္ပြဲေလးကိုလာခဲ့ေစခ်င္တယ္။ သူတို႕မလာရင္ ကၽြန္ေတာ့္ပြဲေလးက ဘာအဓိပါၸယ္မွရွိေတာ့မွာမဟုတ္ဘူး။ အစီအစဥ္ေတြလဲအမ်ားၾကီးလုပ္ထားပါတယ္။

-ေအာက္တိုဘာ ၁၈ဆိုတဲ့သီခ်င္းကေရာ ပါလား။

မပါပါဘူး။ ေခါင္းစဥ္အေနနဲ႕ပဲ အမွတ္တရေပးခဲ့တာပါ။

-ပရိုမိုးရွင္းက ရန္ကုန္တစ္ခုထဲပဲလား။ နယ္ဖက္ေတြေရာ ပါဦးမလား။

ကၽြန္ေတာ္တစ္ေယာက္တည္းစီစဥ္ေနရတာျဖစ္တဲ့အတြက္ ေလာေလာဆယ္ေတာ့ ရန္ကုန္ပါပဲ။ ထပ္စီစဥ္ဖို႕ရွိတာကေတာ့ မႏၱေလး၊ ဘားအံ၊ ျဖစ္ႏိုင္ခဲ့ရင္ ေတာင္ၾကီးဖက္ေတြကုိပါစီစဥ္ထားပါတယ္။

-နားေထာင္ျဖစ္ေနတဲ့ သီခ်င္းအမ်ိဳးအစားေတြကိုလဲ သိခ်င္ပါတယ္။

ျပည္တြင္းျပည္ပ အကုန္နားေထာင္တယ္။ ကၽြန္ေတာ္ျမဴးဇစ္မေရြးဘူး။ ဒီရက္ပိုင္းကေတာ့ ကၽြန္ေတာ့္အေခြထဲကသီခ်င္းေတြကိုပဲ ဘာလိုလဲဆိုၿပီး နားေထာင္ျဖစ္ေနပါတယ္။ ဒီအေခြလုပ္ခါနီးမွာ ေရွးေခတ္သီခ်င္းေတြေတာ္ေတာ္နားေထာင္ျဖစ္ခဲ့တယ္။

-လာအားေပးမဲ့ ပရိသတ္ေတြကုိေရာ ဘာမ်ားေျပာခ်င္ေသးလဲ။

သီခ်င္းေတြဆိုရင္း ထူးထူးျခားျခားအစီအစဥ္ေတြလဲရွိလုိ႕ ေအာက္တိုဘာ ၁၈ကို လွည္းတန္းစင္တာကို လာခဲ့ၾကဖို႕ဖိတ္ေခၚခ်င္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
ဂီတသက်တမ်း ငါးနှစ်ဆိုတဲ့ အတိုင်းတာအတွင်းမှာ ပထမအခွေ New Album နဲ့အောက်တိုဘာ ၁၈ ရက်နေ့မှာ ထွက်ရှိမဲ့ အောက်တိုဘာ ၁၈ဆိုတဲ့ ဒုတိယအခွေလေးဟာ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ဖြစ်ပေါ်လာရတာပါလို့ ထက်ယံကပြောပါတယ်။ ဒါ့အပြင် ရှိုးပွဲသီဆိုမှုနည်းတဲ့ ထက်ယံက အားရင်အားသလို သီချင်းတွေလုပ်ဖြစ်နေတာကြောင့် အခွေထွက်တာနဲ့ပတ်သက်ပြီး လေးယောက်ထဲမှာ မြန်နေကြောင်း သူကပြောပြလာပါတယ်။ ဒါ့အပြင် အောက်တိုဘာ ၁၈မှာထွက်ရှိရခြင်းဟာသူ့မွေးနေ့အမှတ်တရအဖြစ် ထွက်ရှိတာဖြစ်ပြီး ပရိုမိုးရှင်းကို လှည်းတန်းစင်တာမှာပြုလုပ်မယ်လို့ပြောပြလာတဲ့ ထက်ယံရဲ့ အောက်တိုဘာ ၁၈ အခွေအကြောင်းကိုသိလိုသမျှ သွားရောက်မေးမြန်းဖြစ်တဲ့အခါ

-အောက်တိုဘာ ၁၈ မှာထွက်မဲ့ အောက်တိုဘာ ၁၈ အခွေလေးအကြောင်းကို လဲ သိချင်ပါတယ်။

အောက်တိုဘာ ၁၈မှာထွက်ဖြစ်တာကတော့ အစက မရည်ရွယ်ပါဘူး။ ကျွန်တော်နောက်တစ်ခွေထွက်ဖို့အတွက် စဉ်းစားလိုက်တယ်။ ပထမဆုံးက NEW Album ကို MTV ရိုက်ဖို့စဉ်းစားလိုက်တယ်။ ဒါပေမဲ့ အဲ့ဒီထဲက အမ်တီဗီတွေကျွန်တော်ရိုက်တယ်။ နှစ်ပုဒ်လောက်တောင် မပြီးသေးတဲ့အချိန်မှာ ကျွန်တော်အချိန်တွေ အရမ်းပုပ်သွားမယ်လို့တွေးမိပြီး နောက်အယ်လ်ဘမ်တစ်ခု လုပ်မယ်ပေါ့။ အဲ့ဒါနဲ့ပဲ နောက်အောက်တိုဘာ ၁၈က ဒီနှစ်မှာ ရက်ထပ်နှစ်ဖြစ်တယ်။ နောက်လေးနှစ်မှ တစ်ကြိမ်ဆိုတော့ ကျွန်တော့်မွေးနေ့မှာလဲ အဓိပ္ပါယ်ရှိသွားအောင်ကျွန်တော့်မွေးနေ့ကိုလဲ လူတိုင်းအမှတ်ရနေအောင် အောက်တိုဘာ ၁၈လို့ပေးပြီး အောက်တိုဘာ ၁၈ ရက်နေ့မှာထွက်ဖို့စီစဉ်ခဲ့တာပါ။

-လေးယောက်ထဲမှာ အစ်ကိုက အခွေထွက်တာမြန်တယ်လို့ပြောလို့ရတယ်နော်။

လေးယောက်ထဲမှာ ဘာကြောင့်ထွက်ဖြစ်တာလဲဆိုတော့ ကျွန်တော်က ပွဲအနည်းဆုံးပဲ။ ကျန်တဲ့သုံးယောက်က ပွဲအရမ်းများတယ်။ ပွဲအရမ်းခုတ်တယ်။ ကျွန်တော်က အိမ်မှာပဲနေဖြစ်တယ်။ နောက်သီချင်းလုပ်နေရတာကိုပျော်တယ်။ ကျွန်တော်သီချင်းတစ်ပုဒ် တစ်ပုဒ်ပြီးသွားတိုင်း ကျွန်တော့်အတွက် အသစ်တစ်ခုရလာတယ်လို့ခံစားမိတယ်။ ကျွန်တော် New Album တုန်းကရရှိခဲ့တဲ့ အရည်အချင်းကွာလတီကို ကျေနပ်ပေမဲ့ အားမရဘူး။ အဲ့ဒါကြောင့် ဒီအခွေကိုမြန်မြန်ထွက်နိုင်အောင်ကြိုးစားပြီး ပိုအားစိုက်ထားတယ်။ ပိုကြိုးစားထားတယ်။ မြူးဆစ်တွေလူကြီးဆန်အောင်ပိုလုပ်ထားတယ်။ အားမပေးသေးတဲ့သူတွေကိုပါ ကွန်ယက်တစ်ခုအနေနဲ့ဖြန့်ချင်တဲ့အတွက် လူကြိုက်အောင် လုပ်ထားတာတွေပါတယ်။ နောက်ဟိုးတောင်ပေါ်ဖက်ကလူတွေ၊ အညာဖက်ကလူတွေလဲကြိုက်နိုင်အောင်လုပ်ပေးထားပါတယ်။

-ပွဲသိပ်မဆိုရတာကရော ဘာကြောင့်များလဲ။

အဲ့ဒါကတော့ ကံတရားလို့ပြောရင်လဲမှန်တယ်။ ကံတရားနဲ့ဖြန့်ကျက်ပြီးပြောရရင် အမျိုးမျိုးပဲပေါ့။ ကျွန်တော့်မြူးဆစ်က နယ်ဖက်တွေထိ အရမ်းမသွားနိုင်ဘူး။ နယ်ဖက်မှာ အရမ်းမကြိုက်ကြဘူး။ ကျွန်တော့်ကိုသူတို့သိကောင်းသိလိမ့်မယ်။ အခုမှသူတို့စသိကောင်းသိလိမ့်မယ်။ ပွဲလုပ်တဲ့သူတွေက ကျွန်တော့်ထက်နာမည်ကြီးတဲ့သူတွေ၊ နောက်ပိုင်း ပေါ်လာတဲ့ အဆိုတော်တွေ အများကြီးရှိတဲ့အတွက်လဲပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ကျွန်တော့်ကိုသိပြီး အားပေးတဲ့နယ်တွေလောက်ပဲ ဆိုချင်တယ်။ ကျွန်တော်မသိတဲ့နေရာ၊ ကျွန်တော်မသိတဲ့ပွဲမျိုးတွေကို ကျွန်တော်မဆိုချင်ဘူး။ ပွဲတွေအများကြီးဆိုတာထက် သီချင်းအများကြီးလုပ်ပြီး ပေးနေရတဲ့ အောင်မြင်မှုကိုပဲ ပိုလိုချင်လို့ပါ။

-သီချင်းအားလုံးပေါင်း ဘယ်နှပုဒ်ထည့်ထားလဲ။

၁၀ပုဒ်ပါပါတယ်။ ၉ပုဒ်က ကျွန်တော်ရေးတယ်။ တစ်ပုဒ်က စာခြောက်ရုပ်ရေးပေးထားတယ်။ အဲ့ဒီကိုးပုဒ်ထဲမှာမှ တစ်ပိုဒ်ကို ရဲရင့်အောင်ကရေးပေးထားတယ်။ အဲ့ဒီသီချင်းလေးကဆိုရင် ကျွန်တော်အဆိုတော်စလုပ်တဲ့အချိန် သူနဲ့စတွေ့တဲ့အချိန်က ရဲရင့်အောင်နဲ့တူတူစလုပ်ခဲ့တဲ့သီချင်းလေးပေါ့။

-အောက်တိုဘာ ၁၈မှာပါတဲ့ သီချင်းပုံစံတွေက အရင်အခွေနဲ့ဘာတွေကွာခြားချက်ရှိမလဲ။

ကျွန်တော်ပြောင်းလဲထားတယ်။ ပရိသတ်တွေနားထောင်လိုက်တဲ့အခါမှာ ပြောင်းလဲသွားတယ်လို့သူတို့ပြောပါလိမ့်မယ်။ ပိုလူကြီးဆန်ဆန်လုပ်ထားတယ်။ နောက် ကျွန်တော်တို့မပိုင်သေးတဲ့ Band အပိုင်းတွေနဲ့လုပ်ထားတယ်။ ပြီးတော့ ပုံစံက ပေါ့ပ်သီချင်းတွေများလိမ့်မယ်။ နောက် ပေါ့ရော့်ခ်ပုံစံများလိမ့်မယ်။ အားလုံးလက်ခံနိုင်မဲ့ သီချင်းတွေပါပါလိမ့်မယ်။

-အသည်းကွဲသီချင်းတွေရော ပါဦးမလား။

ကျွန်တော်တို့က မယ်လိုဒီသမားဆိုတော့ အသည်းကွဲသီချင်းတွေနဲ့ပေါက်ခဲ့တဲ့အတွက်အသည်းကွဲသီချင်းတွေ ပါဦးမယ်။ ဒါပေမဲ့လဲ အသည်းကွဲသီချင်းတွေလဲ ပါသလို တခြားပုံစံလေးတွေလဲပါတယ်။ နောက်ကို ဂျေမီနဲ့လုပ်ထားတဲ့ ကျေးဇူးကမ္ဘာ ဆိုရင် ကျွန်တော်ရဲ့ Fan တွေကို ကျေးဇူးတင်တဲ့အကြောင်း သူတို့ရှိနေလို့ ကျွန်တော်ဖြစ်နေတဲ့အကြောင်း၊ ကမ္ဘာ မြေကြီးနဲ့ပင်လယ်ကိုကျေးဇူးတင်တဲ့အကြောင်း အဲ့ဒါမျိုးတွေရေးထားတဲ့တစ်ပုဒ်လဲပါပါတယ်။

-Featuring တွေအနေနဲ့ရော ဘယ်သူတွေပါဦးမလဲ။

Featuring တွေအနေနဲ့ကတော့ ကြက်ဖပါမယ်။ 4 Album ထဲက Lil’z နဲ့ရွှေထူးပါမယ်။ နောက် ကိုဉာဏ်ထက်ပါမယ်။ နောက်မောင်သီဟပါမယ်။ သူကတစ်ပုဒ်လဲ ဝင်ဆိုပေးထားသလို မြူးဆစ်ပိုင်းကိုလဲတီးပေးထားတယ်။ နောက်ပြုံးမြသွယ်ပါတယ်။

-ပရိုမိုးရှင်းတွေကိုလဲ ပြောပြပေးပါဦး။

ပရိုမိုးရှင်းက အောက်တိုဘာ ၁၈မှာပဲ လှည်းတန်းစင်တာ ပရိုမိုးရှင်း ဧရိယာမှာ ၃နာရီကနေ ၆နာရီထိလုပ်သွားပါမယ်။ အဲ့ဒီပွဲလေးက ပရိုမိုးရှင်းထက်ကို ကျွန်တော့်မွေးနေ့ပွဲလဲဟုတ်တယ်။ ကျွန်တော့်သီချင်းတွေအားလုံးကိုလက်ခံတဲ့သူတွေကိုလဲ လာစေချင်တယ်။ သူတို့လာမှသာလျှင် ကျွန်တော့်ရဲ့ရည်ရွယ်ချက်လေးအောင်မြင်မယ်။ အားလုံးကို ကျွန်တော့်ပွဲလေးကိုလာခဲ့စေချင်တယ်။ သူတို့မလာရင် ကျွန်တော့်ပွဲလေးက ဘာအဓိပါ္ပယ်မှရှိတော့မှာမဟုတ်ဘူး။ အစီအစဉ်တွေလဲအများကြီးလုပ်ထားပါတယ်။

-အောက်တိုဘာ ၁၈ဆိုတဲ့သီချင်းကရော ပါလား။

မပါပါဘူး။ ခေါင်းစဉ်အနေနဲ့ပဲ အမှတ်တရပေးခဲ့တာပါ။

-ပရိုမိုးရှင်းက ရန်ကုန်တစ်ခုထဲပဲလား။ နယ်ဖက်တွေရော ပါဦးမလား။

ကျွန်တော်တစ်ယောက်တည်းစီစဉ်နေရတာဖြစ်တဲ့အတွက် လောလောဆယ်တော့ ရန်ကုန်ပါပဲ။ ထပ်စီစဉ်ဖို့ရှိတာကတော့ မန္တလေး၊ ဘားအံ၊ ဖြစ်နိုင်ခဲ့ရင် တောင်ကြီးဖက်တွေကိုပါစီစဉ်ထားပါတယ်။

-နားထောင်ဖြစ်နေတဲ့ သီချင်းအမျိုးအစားတွေကိုလဲ သိချင်ပါတယ်။

ပြည်တွင်းပြည်ပ အကုန်နားထောင်တယ်။ ကျွန်တော်မြူးဇစ်မရွေးဘူး။ ဒီရက်ပိုင်းကတော့ ကျွန်တော့်အခွေထဲကသီချင်းတွေကိုပဲ ဘာလိုလဲဆိုပြီး နားထောင်ဖြစ်နေပါတယ်။ ဒီအခွေလုပ်ခါနီးမှာ ရှေးခေတ်သီချင်းတွေတော်တော်နားထောင်ဖြစ်ခဲ့တယ်။

-လာအားပေးမဲ့ ပရိသတ်တွေကိုရော ဘာများပြောချင်သေးလဲ။

သီချင်းတွေဆိုရင်း ထူးထူးခြားခြားအစီအစဉ်တွေလဲရှိလို့ အောက်တိုဘာ ၁၈ကို လှည်းတန်းစင်တာကို လာခဲ့ကြဖို့ဖိတ်ခေါ်ချင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top