Property Expo
×

တက္တူးအတူ ထုိးခဲ့ၾကတဲ့ သူတုိ႔စံုတြဲဟာ အတူရွိေနဖုိ႔ေတာ့ ဆႏၵရွိပံုမရပါဘူး။

ဒရိတ္ခ္နဲ႔ ရီဟားနားဟာ ျပတ္သြားၾကၿပီျဖစ္ၿပီး ဒရိတ္ခ္က ရည္းစားသစ္ေတာင္ရေနၿပီလို႔ သိရပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ ကေနဒီယမ္ ရက္ပါနဲ႔ အသက္ ၂၈ ႏွစ္အရြယ္ အဆုိေတာ္မေလးတုိ႔ရဲ႕ အခ်စ္ဇာတ္လမ္းက ၿပီးဆံုးသြားၿပီျဖစ္ေၾကာင္း E! Online က ေျပာထားပါတယ္။

ဒရိတ္ခ္ဟာ ရီဟားနားအေပၚ ခ်စ္ျမတ္ႏိုးေၾကာင္း ၾသဂုတ္လတုန္းက MTV ဂီတဆုေပးပြဲမွာ လူသိရွင္ၾကား ေျပာၾကားခဲ့ၿပီး တက္တူးဆင္တူထိုးထားတာကိုလည္း ျပသခဲ့ေပမဲ့ အခုေတာ့ ကိုယ္လမ္းကိုယ္ ဆက္ေလွ်ာက္ေနၾကၿပီလို႔ ဆုိပါတယ္။

သူတုိ႔ရဲ႕အခ်စ္ဟာ နက္နဲတဲ့ဆက္ဆံေရးတစ္ခု ျဖစ္ေပၚလာဖို႔ မလံုေလာက္လို႔ပါလို႔ သတင္းေပးတစ္ဦးက ေျပာခဲ့ပါတယ္။

"အခုခ်ိန္မွာ ရီဟားနားနဲ႔ ဒရိတ္ခ္က တျခားသူေတြနဲ႔ တြဲေနပါၿပီ။ သူတုိ႔ႏွစ္ေယာက္ သီးသန္႔တြဲတာမ်ဳိးမဟုတ္ေတာ့ဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္က ခ်စ္ေနတုန္းပါ။ ဒါေပမဲ့ သူတုိ႔ရဲ႕အစီအစဥ္ေတြက ႏွစ္ေယာက္ၾကားမွာ ခံေနတယ္" လုိ႔ ယင္းသတင္းေပးက ေျပာခဲ့ပါတယ္။

ဒါဟာ သူတုိ႔ႏွစ္ေယာက္ ျပတ္တာ ပထမဆံုးအႀကိမ္မဟုတ္တဲ့အတြက္ ေနာက္ဆံုးအႀကိမ္လည္း ျဖစ္ခ်င္မွျဖစ္မယ္လို႔ ထုိလူက ေျပာသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit :Duwun

#Unicode Version

တက်တူးအတူ ထိုးခဲ့ကြတဲ့ သူတို့စုံတွဲဟာ အတူရှိနေဖို့တော့ ဆန္ဒရှိပုံမရပါဘူး။

ဒရိတ်ခ်နဲ့ ရီဟားနားဟာ ပြတ်သွားကြပြီဖြစ်ပြီး ဒရိတ်ခ်က ရည်းစားသစ်တောင်ရနေပြီလို့ သိရပါတယ်။

အသက် ၂၉ နှစ်အရွယ် ကနေဒီယမ် ရက်ပါနဲ့ အသက် ၂၈ နှစ်အရွယ် အဆိုတော်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းက ပြီးဆုံးသွားပြီဖြစ်ကြောင်း E! Online က ပြောထားပါတယ်။

ဒရိတ်ခ်ဟာ ရီဟားနားအပေါ် ချစ်မြတ်နိုးကြောင်း သြဂုတ်လတုန်းက MTV ဂီတဆုပေးပွဲမှာ လူသိရှင်ကြား ပြောကြားခဲ့ပြီး တက်တူးဆင်တူထိုးထားတာကိုလည်း ပြသခဲ့ပေမဲ့ အခုတော့ ကိုယ်လမ်းကိုယ် ဆက်လျှောက်နေကြပြီလို့ ဆိုပါတယ်။

သူတို့ရဲ့အချစ်ဟာ နက်နဲတဲ့ဆက်ဆံရေးတစ်ခု ဖြစ်ပေါ်လာဖို့ မလုံလောက်လို့ပါလို့ သတင်းပေးတစ်ဦးက ပြောခဲ့ပါတယ်။

"အခုချိန်မှာ ရီဟားနားနဲ့ ဒရိတ်ခ်က တခြားသူတွေနဲ့ တွဲနေပါပြီ။ သူတို့နှစ်ယောက် သီးသန့်တွဲတာမျိုးမဟုတ်တော့ဘူး။ တစ်ယောက်နဲ့ တစ်ယောက်က ချစ်နေတုန်းပါ။ ဒါပေမဲ့ သူတို့ရဲ့အစီအစဉ်တွေက နှစ်ယောက်ကြားမှာ ခံနေတယ်" လို့ ယင်းသတင်းပေးက ပြောခဲ့ပါတယ်။

ဒါဟာ သူတို့နှစ်ယောက် ပြတ်တာ ပထမဆုံးအကြိမ်မဟုတ်တဲ့အတွက် နောက်ဆုံးအကြိမ်လည်း ဖြစ်ချင်မှဖြစ်မယ်လို့ ထိုလူက ပြောသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit :Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top