Property Expo
×

စာသင္ေက်ာင္းမွာ ကင္ဆာျဖစ္ေနတဲ့ ကေလးငယ္တစ္ဦးကို အႏိုင္က်င့္စေနာက္ခဲ့တဲ့ သမီးျဖစ္သူကို မိခင္ျဖစ္သူက ေခါင္းတံုး တံုးၿပီး အျပစ္ေပးလိုက္တဲ့ျဖစ္ရပ္တစ္ခု ေရပန္းစားလာပါတယ္။

ဗီဒီယိုဖိုင္ထဲမွာေတာ့ မိခင္ျဖစ္သူက အျပစ္ေပးတဲ့အေနနဲ႔ ဆံပင္ေတြ အရိတ္ခံေနရတဲ့ သမီးျဖစ္သူဟာ ငိုယိုေအာ္ဟစ္ေနခဲ့တာေတြ႔ရပါတယ္။ ကုလားထိုင္မွာ သူမထိုင္ေနခဲ့ရၿပီး မိခင္ျဖစ္သူက အေနာက္ကေန သူမရဲ႕ ရွည္လ်ားနက္ေမွာင္တဲ့ ဆံပင္ေတြကို ျဖတ္ပစ္ေနတာပါ။ မိခင္ျဖစ္သူ အျပစ္ေပးခံရတဲ့ ကေလးငယ္ဟာ ေက်ာင္းမွာ ကင္ဆာျဖစ္ေနတာေၾကာင့္ ဆံပင္ေတြ ရိတ္ထားရတဲ့ အတန္းေဖာ္တစ္ဦးကို အႏိုင္က်င့္ခဲ့တာလို႔ သိရပါတယ္။

ဒီဗီဒီယိုဖိုင္ဟာ လူမႈကြန္ယက္မွာ ပ်ံ႕ႏွံ႔လာၿပီးေနာက္ မွတ္ခ်က္ေပးသူ အမ်ားအျပား ရွိခဲ့ပါတယ္။ အခ်ိဳ႕မွတ္ခ်က္ေပးသူေတြကေတာ့ သူမဟာ  အြန္လိုင္းမွာ အဝတ္မဲ့ပံုေတြ တင္ခဲ့တဲ့ အတြက္ျဖစ္တယ္လို႔ ဆိုၾကပါတယ္။ ၿဗိတိန္သတင္းမီဒီယာအခ်ိဳ႕က ဒီဗီဒီယုိဖုိင္ကို ေျခရာခံၾကည့္တဲ့အခါ ေဖေဖာ္ဝါရီလတုန္းက အရင္ဆံုး ဒီဗီဒီယုိကို လူမႈကြန္ယက္မွာ တင္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ကေလးငယ္ကို ဒီလိုအျပစ္ေပးမွာ မွားယြင္းေနၿပီလို႔ အခ်ိဳ႕က ေထာက္ျပၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

စာသင်ကျောင်းမှာ ကင်ဆာဖြစ်နေတဲ့ ကလေးငယ်တစ်ဦးကို အနိုင်ကျင့်စနောက်ခဲ့တဲ့ သမီးဖြစ်သူကို မိခင်ဖြစ်သူက ခေါင်းတုံး တုံးပြီး အပြစ်ပေးလိုက်တဲ့ဖြစ်ရပ်တစ်ခု ရေပန်းစားလာပါတယ်။

ဗီဒီယိုဖိုင်ထဲမှာတော့ မိခင်ဖြစ်သူက အပြစ်ပေးတဲ့အနေနဲ့ ဆံပင်တွေ အရိတ်ခံနေရတဲ့ သမီးဖြစ်သူဟာ ငိုယိုအော်ဟစ်နေခဲ့တာတွေ့ရပါတယ်။ ကုလားထိုင်မှာ သူမထိုင်နေခဲ့ရပြီး မိခင်ဖြစ်သူက အနောက်ကနေ သူမရဲ့ ရှည်လျားနက်မှောင်တဲ့ ဆံပင်တွေကို ဖြတ်ပစ်နေတာပါ။ မိခင်ဖြစ်သူ အပြစ်ပေးခံရတဲ့ ကလေးငယ်ဟာ ကျောင်းမှာ ကင်ဆာဖြစ်နေတာကြောင့် ဆံပင်တွေ ရိတ်ထားရတဲ့ အတန်းဖော်တစ်ဦးကို အနိုင်ကျင့်ခဲ့တာလို့ သိရပါတယ်။

ဒီဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာပြီးနောက် မှတ်ချက်ပေးသူ အများအပြား ရှိခဲ့ပါတယ်။ အချို့မှတ်ချက်ပေးသူတွေကတော့ သူမဟာ  အွန်လိုင်းမှာ အဝတ်မဲ့ပုံတွေ တင်ခဲ့တဲ့ အတွက်ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဗြိတိန်သတင်းမီဒီယာအချို့က ဒီဗီဒီယိုဖိုင်ကို ခြေရာခံကြည့်တဲ့အခါ ဖေဖော်ဝါရီလတုန်းက အရင်ဆုံး ဒီဗီဒီယိုကို လူမှုကွန်ယက်မှာ တင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကလေးငယ်ကို ဒီလိုအပြစ်ပေးမှာ မှားယွင်းနေပြီလို့ အချို့က ထောက်ပြကြပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit : Duwun

 


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top