Kantharyar Centre
×

ေအာ္စကာဆုရွင္ လီယိုနာဒို ဒီကက္ပရီယိုဟာ အိမ္ျဖဴေတာ္မွာ ျပဳလုပ္တဲ့  South By South Lawn ေဆြးေႏြးပြဲမွာ မားစ္ကိုသြားမယ့္ လြန္းျပန္ယာဥ္ခရီးစဥ္အတြက္ စာရင္းေပးထားေၾကာင္း ေျပာခဲ့ပါတယ္။

သမၼတအိုဘားမားနဲ႔ ရာသီဥတုဆုိင္ရာ သိပၸံပညာရွင္ ကက္သတင္းေဟဟိုးတုိ႔ကို ရာသီဥတုေျပာင္းလဲမႈဆုိင္ရာ ျပႆနာရပ္ေတြနဲ႔ ပတ္သက္ၿပီး အင္တာဗ်ဴးရင္းက လီယိုနာဒိုဟာ မားစ္ကို ခရီးထြက္မယ့္အေၾကာင္း ေျပာခဲ့တာ ျဖစ္ပါတယ္။

သူတုိ႔သံုးဦးဟာ ျမန္မာႏိုင္ငံေပၚမွာ ျဖစ္ေပၚေနတဲ့ ရာသီဥတုေျပာင္းလဲဆုိင္ရာ သက္ေရာက္မႈအေၾကာင္း ေဆြးေႏြးေနၾကတာျဖစ္ၿပီး ေဒါက္တာေဟးဟိုးက မားစ္ခရီးစဥ္အေၾကာင္း ေျပာလုိက္စဥ္မွာ စကားလမ္းေၾကာင္းက ေျပာင္းလဲသြားတာ ျဖစ္ပါတယ္။

"မားစ္ကို ခရီးထြက္ဖို႔ စီစဥ္မထားဘူဆုိရင္ေပါ့။ ဘယ္သူမွ မစီစဥ္ထားဘူးလုိ႔ ထင္တာပဲ။ ျပင္ထားရင္ေတာ့ ႐ူးလို႔ပဲ ျဖစ္မယ္" လို႔ ေဒါက္တာေဟးဟိုးက ေျပာလိုက္ခ်ိန္မွာ "ကၽြန္ေတာ္ စီစဥ္ထားတယ္" လို႔ လီယိုနာဒိုက ျပန္ေျပာခဲ့တာ ျဖစ္ပါတယ္။

လီယိုနာဒိုရဲ႕စကားအဆံုးမွာ "သူ ႐ူးတယ္ဆုိတာ ဝန္ခံလိမ့္မယ္ ထင္တယ္" လို႔ အိုဘာမားက ေျပာခဲ့ပါတယ္။

ေဟာလိဝုဒ္မင္းသားႀကီးဟာ မားစ္ကိုခရီးသြားမယ္လို႔ေျပာတာ ေနာက္တာလား တကယ္လားဆုိတာ ေသခ်ာမသိရေပမဲ့ သူတကယ္သြားခ်င္တယ္ဆုိရင္ေတာင္ တစ္ႏွစ္ ႏွစ္ႏွစ္အတြင္း သြားဖို႔ မျဖစ္ႏုိင္ေသးပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

 အော်စကာဆုရှင် လီယိုနာဒို ဒီကက်ပရီယိုဟာ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့  South By South Lawn ဆွေးနွေးပွဲမှာ မားစ်ကိုသွားမယ့် လွန်းပြန်ယာဉ်ခရီးစဉ်အတွက် စာရင်းပေးထားကြောင်း ပြောခဲ့ပါတယ်။

သမ္မတအိုဘားမားနဲ့ ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင် ကက်သတင်းဟေဟိုးတို့ကို ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာရပ်တွေနဲ့ ပတ်သက်ပြီး အင်တာဗျူးရင်းက လီယိုနာဒိုဟာ မားစ်ကို ခရီးထွက်မယ့်အကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။

သူတို့သုံးဦးဟာ မြန်မာနိုင်ငံပေါ်မှာ ဖြစ်ပေါ်နေတဲ့ ရာသီဥတုပြောင်းလဲဆိုင်ရာ သက်ရောက်မှုအကြောင်း ဆွေးနွေးနေကြတာဖြစ်ပြီး ဒေါက်တာဟေးဟိုးက မားစ်ခရီးစဉ်အကြောင်း ပြောလိုက်စဉ်မှာ စကားလမ်းကြောင်းက ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

"မားစ်ကို ခရီးထွက်ဖို့ စီစဉ်မထားဘူဆိုရင်ပေါ့။ ဘယ်သူမှ မစီစဉ်ထားဘူးလို့ ထင်တာပဲ။ ပြင်ထားရင်တော့ ရူးလို့ပဲ ဖြစ်မယ်" လို့ ဒေါက်တာဟေးဟိုးက ပြောလိုက်ချိန်မှာ "ကျွန်တော် စီစဉ်ထားတယ်" လို့ လီယိုနာဒိုက ပြန်ပြောခဲ့တာ ဖြစ်ပါတယ်။

လီယိုနာဒိုရဲ့စကားအဆုံးမှာ "သူ ရူးတယ်ဆိုတာ ဝန်ခံလိမ့်မယ် ထင်တယ်" လို့ အိုဘာမားက ပြောခဲ့ပါတယ်။

ဟောလိဝုဒ်မင်းသားကြီးဟာ မားစ်ကိုခရီးသွားမယ်လို့ပြောတာ နောက်တာလား တကယ်လားဆိုတာ သေချာမသိရပေမဲ့ သူတကယ်သွားချင်တယ်ဆိုရင်တောင် တစ်နှစ် နှစ်နှစ်အတွင်း သွားဖို့ မဖြစ်နိုင်သေးပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top