Kantharyar Centre
×

ေပၚတူဂီေဘာလံုးၾကယ္ပြင့္ ေရာ္နယ္ဒိုဟ ေဘာလံုးကြင္းထဲမွာ စူပါစတား တစ္ေယာက္ျဖစ္ေပမယ့္ သားျဖစ္သူနဲ႔ ပတ္သတ္လာရင္ေတာ့ အျခားဖခင္ေတြလိုပဲ ဆိုတာ သက္ေသျပလိုက္ပါၿပီ။

သူ႔ရဲ႕ သားျဖစ္သူ ဂ်ဴနီယာေရာ္နယ္ဒိုရဲ႕ ကေလးေဘာလံုးပြဲကို ေရာ္နယ္ဒိုက လိုက္လံအားေပးၿပီး ကြင္းေဘးမွာ ေဘာေကာက္လုပ္ေပးခဲ့တ ျဖစ္ပါတယ္။ ကေလးငယ္ေတြ ယွဥ္ၿပိဳင္ကစားၾကတဲ့ ေဘာလံုးပြဲေဘးမွာ ေရာ္နယ္ဒိုက ကြင္းေဘးမွာ ရပ္ေနၿပီး ကြင္းအျပင္ထြက္လာတဲ့ ေဘာလံုးတစ္ခ်ိဳ႕ကို လိုက္လံေကာက္ယူေပးခဲ့တာပါ။ ေရာ္နယ္ဒိုရဲ႕ သားျဖစ္သူဟာ ေျခာက္ႏွစ္အ႐ြယ္ရွိၿပီျဖစ္ပါတယ္။ ေဘာလံုးကြင္းေဘးမွာ ေဘာေကာက္လုပ္ေနတဲ့ ေရာ္နယ္ဒိုအေၾကာင္းကို စပိန္မီဒီယာ ASTV ကေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒိုက သူ႔ရဲ႕သားျဖစ္သူဟာေဘာလံုးကစားရတာ ႀကိဳက္တယ္လို႔  ထင္မိေပမယ့္ ေဘာလံုးသမားလုပ္ဖို႔ေတာ့ တုိက္တြန္းဖိအားေပးမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။ ဗီဇက ဝါသနာပါလာတာကိုပဲ သားျဖစ္သူကို ေ႐ြးခ်ယ္ခြင့္ေပးမယ္လို႔ ေရာ္နယ္ဒိုက ေျပာထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ပေါ်တူဂီဘောလုံးကြယ်ပွင့် ရော်နယ်ဒိုဟ ဘောလုံးကွင်းထဲမှာ စူပါစတား တစ်ယောက်ဖြစ်ပေမယ့် သားဖြစ်သူနဲ့ ပတ်သတ်လာရင်တော့ အခြားဖခင်တွေလိုပဲ ဆိုတာ သက်သေပြလိုက်ပါပြီ။

သူ့ရဲ့ သားဖြစ်သူ ဂျူနီယာရော်နယ်ဒိုရဲ့ ကလေးဘောလုံးပွဲကို ရော်နယ်ဒိုက လိုက်လံအားပေးပြီး ကွင်းဘေးမှာ ဘောကောက်လုပ်ပေးခဲ့တ ဖြစ်ပါတယ်။ ကလေးငယ်တွေ ယှဉ်ပြိုင်ကစားကြတဲ့ ဘောလုံးပွဲဘေးမှာ ရော်နယ်ဒိုက ကွင်းဘေးမှာ ရပ်နေပြီး ကွင်းအပြင်ထွက်လာတဲ့ ဘောလုံးတစ်ချို့ကို လိုက်လံကောက်ယူပေးခဲ့တာပါ။ ရော်နယ်ဒိုရဲ့ သားဖြစ်သူဟာ ခြောက်နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ ဘောလုံးကွင်းဘေးမှာ ဘောကောက်လုပ်နေတဲ့ ရော်နယ်ဒိုအကြောင်းကို စပိန်မီဒီယာ ASTV ကဖော်ပြခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုက သူ့ရဲ့သားဖြစ်သူဟာဘောလုံးကစားရတာ ကြိုက်တယ်လို့  ထင်မိပေမယ့် ဘောလုံးသမားလုပ်ဖို့တော့ တိုက်တွန်းဖိအားပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဗီဇက ဝါသနာပါလာတာကိုပဲ သားဖြစ်သူကို ရွေးချယ်ခွင့်ပေးမယ်လို့ ရော်နယ်ဒိုက ပြောထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top