Property Expo
×

ေကာင္ေလးနဲ႔ေကာင္မေလးက ငယ္ငယ္ေလးတည္းက အတူႀကီးျပင္းလာၾကသူေတြျဖစ္တယ္။
ေကာင္ေလးက ေကာင္မေလးကို အၿမဲအေဖာ္ေခၚၿပီး ရြာျပင္ဖက္ကေခ်ာင္းစပ္မွာ ငါးသြားဖမ္းေလ့ရွိတယ္။
ငါးဖမ္းျပန္တိုင္း ေကာင္ေလးရဲ႕ပလိုင္းထဲမွာ ငါးေတြကအျပည့္… ေကာင္မေလးမွာေတာ့ လက္ဗလာနဲ႔ ျပန္ခဲ့ရတာခ်ည္းပဲ။
ငါးမရခဲ့တဲ့ ေကာင္မေလးက မ်က္ရည္အဝဲသားနဲ႔ အိမ္ ျပန္ေရာက္တဲ့အထိ မေပ်ာ္ရႊင္ခဲ့ဘူး။

ညစာစားခါနီး အိမ္ေရွ႕တံခါးေခါက္သံၾကားေတာ့ ေကာင္မေလးက တံခါးဖြင့္ၾကည့္တယ္။
တံခါးေရွ႕မွာရပ္ေနတဲ့ ေကာင္ေလးကိုေတြ႔ေတာ့ ႏႈတ္ခမ္းစူၿပီး လွည့္ထြက္မယ္လုပ္ေတာ့
ေကာင္ေလးက ကပ်ာကယာေရွ႕တက္ၿပီး “နင့္ငါးေတြ ငါဖမ္းပစ္လိုက္တာ ေဆာရီးေနာ္. ေရာ့ ဒါနင့္အတြက္”လို႔
ေတာင္းပန္ၿပီး ငါးေတြထည့္ထားတဲ့ ဖန္ငါးကန္ေလးကို ေကာင္မေလးဆီလွမ္းေပးတယ္။
စူေနတဲ့ေကာင္မေလးရဲ႕ ႏႈတ္ခမ္းေလးေျပေလ်ာ့သြားၿပီး အၿပံဳးပန္းတစ္ပြင့္ ဖူးပြင့္လာတယ္။
ရိုးသားျဖဴစင္တဲ့ ကေလးဘဝကို အဲဒီလို အျပစ္ကင္းကင္း သူတို႔ျဖတ္သန္းရင္း တေျဖးေျဖး ႀကီးျပင္းလာခဲ့ၾကတယ္။

★ အဲဒီ “ေဆာရီး” က ရိုးသားျဖဴစင္တဲ့ေဆာရီးျဖစ္ပါတယ္။ ★

ေကာင္ေလးက ေကာင္မေလးကို အၿမဲစေနာက္တတ္တယ္။
ေကာင္မေလးငိုတဲ့အထိ သူအစသန္ခဲ့သလို ေကာင္မေလးရယ္တဲ့အထိ သူေခ်ာ့တတ္ခဲ့တယ္။
ေကာင္ေလးက ေကာင္မေလးရဲ႕စက္ဘီးကို အၿမဲေလခိုးေလွ်ာ့ၿပီး တစ္ေနရာမွာပုန္းေနတတ္တယ္။
ေျခမကိုင္မီ၊ လက္မကိုင္မီျဖစ္ေနတဲ့ ေကာင္မေလးကို ေခ်ာင္းၾကည့္ရင္း သူ႔ဆီဆက္လာမယ့္
ေကာင္မေလးရဲ႕ဖုန္းကို သူေစာင့္ေနတတ္တယ္။ ၿပီးေတာ့ ေကာင္မေလးဆီက ေလခိုးေလွ်ာ့တဲ့သူခိုးကို
ဆူပူႀကိမ္းေမာင္းသံေတြ နားေထာင္ၿပီး သူသေဘာက်ေနတတ္တယ္။
ဘာေၾကာင့္မွန္းမသိ ေကာင္မေလးရဲ႕ အဲဒီလိုအျပဳအမူကို သူအရမ္းႏွစ္ၿခိဳက္ခဲ့တယ္။

ေခ်ာင္းၾကည့္ရာကေန ေကာင္ေလးထြက္လာၿပီး အေဝးကေန အခုမွေရာက္လာဟန္နဲ႔
ေလမရွိတဲ့စက္ဘီးကို ကူတြန္းေပးတတ္တယ္။ ေဘးက ပြစိပြစိေရရြတ္ေနတဲ့ ေကာင္မေလးကိုၾကည့္ၿပီး
သူ ခိုးရယ္တတ္တယ္။ ၿပီးမွ စိတ္မေကာင္းဟန္နဲ႔ “ေဆာရီး…. ငါမွားသြားတယ္”လို႔ ေတာင္းပန္တတ္တယ္။
က်ိန္ဆဲေနတဲ့ ေကာင္မေလးႏႈတ္ခမ္းေတြ ေပ်ာ့ေပ်ာင္းသြားၿပီ ေနာက္တစ္ႀကိမ္ဒီလိုမလုပ္ဖို႔
ေကာင္ေလးကို ဆံုးမတတ္တယ္။ ေကာင္မေလးရဲ႕ အဆံုးအမေအာက္မွာ ေကာင္ေလးက ေခါင္းငံု႔လို႔…..
ေန႔ရက္ေတြကို ရယ္ေမာျခင္းနဲ႔ သူတို႔အဆံုးသတ္ခဲ့ၾကတယ္။

★ အဲဒီ “ေဆာရီး” က ေပ်ာ္ရႊင္တဲ့ေဆာရီးျဖစ္ပါတယ္။ ★

ဒီလိုနဲ႔ ေက်ာင္းၿပီးေတာ့ ေကာင္ေလးနဲ႔ေကာင္မေလး ကိုယ္စီအလုပ္ဝင္ၾကတယ္။
ေကာင္ေလးကအလုပ္မ်ားၿပီး နားရက္ေတြ သိပ္မရွိခဲ့ဘူး။ ေကာင္မေလးက သူ႔ကိုဂရုမစိုက္ဘူးဆိုၿပီး
ေကာင္ေလးကို အျပစ္တင္တယ္။ ေနာက္ေတာ့ ပထမဆံုးအႀကိမ္ သူတို႔ရန္ျဖစ္ခဲ့ၾကတယ္။
ေကာင္မေလးငိုေတာ့ ေကာင္ေလးက “ဒါ ငါ့အလုပ္အတြက္” လို႔ ေျဖရွင္းတယ္။

ဒီလိုေသြးေအးစစ္ပဲြက ရက္ေတာ္ေတာ္ၾကာသြားတယ္။
ေနာက္ေတာ့လည္း ေကာင္မေလးက မေနႏိုင္ပါဘူး။
ေကာင္ေလးကို ျပန္ေခၚၿပီး စစ္ေျပၿငိမ္းေၾကာင္း လက္နက္ခ်တယ္။
ေနာက္ပိုင္းမွာ သူတို႔မၾကာခဏ ရန္ျဖစ္လိုက္ ျပန္ေခၚလိုက္ လုပ္ခဲ့ၾကတယ္။
ရန္ျဖစ္တိုင္းလည္း ေကာင္မေလးဘက္ကစၿပီး ေျပၿငိမ္းတာခ်ည္းပဲ။

အဲဒီႏွစ္က ေကာင္မေလးရဲ႕ေမြးေန႔မွာ ရိုမန္တစ္ဆန္ဆန္ ေမြးေန႔ပဲြလုပ္ေပးမယ္လို႔
ေကာင္ေလးက ေကာင္မေလးကို ကတိေပးတယ္။ ေမြးေန႔မွာ ေကာင္ေလးအလာကို
ေကာင္မေလးေစာင့္ေနခဲ့တယ္။ ညဥ့္နက္သန္းေခါင္အထိ၊ မိုးလင္းတဲ့အထိ ေစာင့္ေနခဲ့တယ္။
မနက္ႏိုးလာတဲ့ ေကာင္မေလးရဲ႕ပါးျပင္ေပၚမွာ မ်က္ရည္စီးေၾကာင္းရာေတြ စြန္းထင္းလို႔….
ေကာင္ေလးေရာက္လာေတာ့ ေကာင္မေလးရဲ႕ မ်က္ရည္ေတြကို သုတ္ေပးရင္း
“ေဆာရီးေနာ္… နင့္ကို ငါလက္ထပ္ပါရေစ” ဆိုၿပီး လက္စြပ္တစ္ကြင္းထုတ္ေပးတယ္။

★ အဲဒီ “ေဆာရီး” က တစ္ဘဝစာကို တာဝန္ယူရဲတဲ့ေဆာရီးျဖစ္ပါတယ္။ ★

မဂၤလာေဆာင္ အတူေနၿပီးတဲ့ေနာက္ ေကာင္ေလးရဲ႕အလုပ္အကိုင္ေတြ ပိုတိုးတက္ေအာင္ျမင္ခဲ့တယ္။
ေကာင္မေလးက ေကာင္ေလးအတြက္ ေန႔တိုင္းခ်က္ျပဳတ္၊ ေလွ်ာ္ဖြပ္နဲ႔ ကြၽမ္းက်င္တဲ့ အိမ္ေထာင္ရွင္မတစ္ဦးျဖစ္ခဲ့တယ္။
ေကာင္မေလးက ေစ်းသြားတိုင္း ငါးေလးေတြဝယ္လာၿပီး ကန္ေလးထဲမွာ ေမြးထားတတ္တယ္။
“ဘာေၾကာင့္လဲ” လို႔ ေကာင္ေလးေမးခဲ့ရင္ ဘာမွျပန္မေျဖဘဲ သူၿပံဳးေနခဲ့တတ္တယ္။

တေျဖးေျဖး ေကာင္ေလးအိမ္ျပန္ေနာက္က်လာတယ္။
ျပန္လာတိုင္းလည္း ေရေမႊးနံ႔တစ္မ်ဳိးမ်ဳိးက ေကာင္ေလးကိုယ္မွာ ကပ္ၿငိလာတတ္တယ္။
ဒါကို ေကာင္မေလးမေမးခင္ အေၾကာင္းအမ်ဳိးမ်ဳိးျပၿပီး ေကာင္ေလးေျဖရွင္းတတ္တယ္။
အဲဒီကစ ေကာင္မေလး စကားသိပ္မေျပာေတာ့ဘူး။ အရင္ကလိုလည္း မသြက္လက္ေတာ့ဘူး။
ဘယ္မွလည္း သိပ္မသြားေတာ့ဘဲ မရႊင္မပ်နဲ႔ အိမ္ထဲမွာပဲ ေအာင္းေနခဲ့ေတာ့တယ္။
ခံစားခ်က္မ်ားတဲ့ ကိုရီးယားကားေတြၾကည့္ၿပီး ေကာင္မေလးငိုေနတတ္တယ္။
ေနာက္ပိုင္း ေကာင္ေလးေနာက္က်ျပန္လာတိုင္း သူ႔ကိုယ္ေပၚမွာ ေရေမႊးနံ႔တစ္မ်ဳိးပဲ ရတတ္ေတာ့တယ္။
ေကာင္မေလးဘာမွ မေမးခဲ့ပါဘူး။ ဒါကိုေကာင္ေလးက မလံုသလိုနဲ႔ “ေဆာရီး…
ဒီေန႔ အလုပ္မွာ စားပဲြေသာက္ပဲြရွိျပန္တယ္” လို႔ ေျပာတတ္တယ္။

★ အဲဒီ “ေဆာရီး” က လိမ္ညာျခင္းအစရဲ႕ေဆာရီးျဖစ္ပါတယ္။ ★

တေျဖးေျဖး အလုပ္အေၾကာင္းျပၿပီး ေကာင္ေလး အိမ္မျပန္လာခဲ့ေတာ့ဘူး။
အလုပ္အကိုင္ေကာင္းေလ၊ ေဘးက ေျမႇာက္ပင့္တဲ့လူမ်ားေလနဲ႔ ေကာင္ေလးရဲ႕
ေန႔ရက္ေတြက ေျမႇာက္ပင့္သံေတြၾကားထဲမွာ ဂုဏ္ယူဝင့္ၾကြားစြာနဲ႔ ကုန္ဆံုးခဲ့တယ္။
ေကာင္မေလးကေတာ့ အိမ္ထဲအိမ္ျပင္ေတာင္ အထြက္နည္းခဲ့တယ္။
ကိုယ့္ကိုယ္ကို အိမ္ထဲမွာ ပိတ္ေလွာင္ၿပီးေနခဲ့တယ္။
အရင္တုန္းက ေကာင္ေလးနဲ႔ေျပာမကုန္ႏိုင္တဲ့ တီတီတာတာစကားေလးေတြ ရွိခဲ့ေပမယ့္
အခုခ်ိန္မွာေတာ့ ေကာင္မေလးက တစ္ေယာက္တည္းအေဖာ္မဲ့လို႔ အထီးက်န္ေနခဲ့ရတယ္။

ေကာင္ေလးကို “ဘယ္အခ်ိန္ ျပန္လာမလဲ?” လို႔ေမးတိုင္း ေကာင္ေလးက
အစာနင္သြားတဲ့အသံနဲ႔ “ေဆာရီး… ငါအလုပ္မ်ားေနတယ္” လို႔ ျပန္ေျဖတတ္တယ္။
ဖုန္းခြက္ကို မသာမယာခ်ရင္း ေကာင္မေလး စိတ္မေကာင္းျဖစ္ခဲ့တယ္။
အဲဒီေနာက္မွာေတာ့ ေကာင္ေလးဘယ္အခ်ိန္ အိမ္ျပန္လာမလဲဆိုတာကို သူမေမးခဲ့ေတာ့ဘူး။

★ အဲဒီ “ေဆာရီး”က ဝတ္ေက်တမ္းေက်ေျပာတဲ့ ေဆာရီးျဖစ္ပါတယ္။ ★

ရုပ္ရွင္ေတြထဲကလုိမ်ဳိး ေကာင္မေလးက သူ႔ကိုယ္သူ အလွစျပင္ခဲ့တယ္။
ေကာင္ေလးအိမ္မျပန္တာဟာ တစ္ေန႔တစ္ေန႔ အိုစာသြားတဲ့ သူ႔ရုပ္ရည္ေၾကာင့္ျဖစ္မယ္ဆိုၿပီ
အလွေတြသူစျပင္ခဲ့တယ္။ ကိုယ္ရဲ႕ေပ်ာ္ရႊင္ျခင္းကို ကိုယ္ကိုယ္တိုင္ လုပ္ေဆာင္မွရႏိုင္မယ္၊
တြန္႔ဆုတ္ေနလို႔မျဖစ္မွန္း သူသိလိုက္တယ္။

အဲဒီေန႔က ေကာင္မေလးအလွေတြျပင္ၿပီး ေကာင္ေလးဆီကို သြားခဲ့တယ္။
ဒါဟာ ေကာင္ေလးရဲ႕အလုပ္ဆီ ပထမဆံုးအႀကိမ္ သူသြားခဲ့တာျဖစ္သလို
ေနာက္ဆံုးအႀကိမ္လည္းဟုတ္ခဲ့တယ္။ ဓာတ္ေလွကားခလုတ္ကိုႏွိပ္ၿပီး
ေကာင္ေလးအၿမဲေျပာတဲ့ “အလုပ္မ်ားတယ္” ဆိုတဲ့ေနရာကို သူေရာက္လာခဲ့တယ္။
ခမ္းခမ္းနားနားျပင္ထားတဲ့ ကုမၸဏီေထာင့္တိုင္းကို သူလိုက္ၾကည့္ခဲ့တယ္။
ေနရာတိုင္းက လွပလို႔ေနတယ္။ ဝရန္တာကိုျဖတ္ၿပီး ေကာင္ေလးရဲ႕ရံုးခန္းဆီ သူေရာက္လာခဲ့တယ္။
ရံုးခန္းတံခါးကို သူသာသာေလး တြန္းဖြင့္ၾကည့္လိုက္တ့ဲ တခဏ သူအံ့ၾသမင္သက္သြားမိတယ္။

သူ႔မ်က္စိေရွ႕မွာ ေတြ႔ရတဲ့သူက သူ႔ခင္ပြန္းမဟုတ္ခဲ့ဘူး…
သူ႔စက္ဘီးကို ေလအၿမဲခိုးေလ်ာ့တဲ့ ေနာက္ေတာက္ေတာက္ေကာင္ေလး မဟုတ္ခဲ့ဘူး…
ငါးေတြဖမ္းၿပီး ကန္ထဲထည့္ခဲ့တဲ့ ေကာင္ေလးလည္း မဟုတ္ခဲ့ဘူး….
တျခားမိန္းမတစ္ေယာက္နဲ႔ အၾကည္ဆိုက္ေနတဲ့ ေယာက္်ား၊
ေသြးသားေတြ ဆာေလာင္ေနတဲ့ အရိုင္းတိရစာၦန္ျဖစ္ေနခဲ့တယ္။

ေကာင္မေလးကိုေတြ႔ေတာ့ ေကာင္ေလးက ကပ်ာကယာ ေျဖရွင္းဖို႔လုပ္တယ္။
ေနရာကေန ေကာင္မေလး ခ်က္ခ်င္းလွည့္ထြက္ေတာ့ ေနာက္ကေန ေကာင္ေလးအေျပးလိုက္တယ္။
အဲဒီညက မိုးေတြသည္းသည္းမည္းမည္း ရြာလို႔………

ေကာင္ေလးရဲ႕ေအာ္သံေတြကို ေကာင္မေလး ဂရုမစိုက္ခဲ့ေတာ့ဘူး။
“ေဆာရီးပဲ…. နင့္ကိုပဲ ငါခ်စ္ပါတယ္ကြာ… နင့္ကိုပဲ ငါတကယ္ခ်စ္တာပါ” တဲ့။
ေကာင္ေလးရဲ႕ေအာ္သံေတြ မိုးသံနဲ႔အတူ ေရာေထြးလို႔ ေကာင္မေလးမၾကားခဲ့ပါဘူး။

★ အဲဒီ “ေဆာရီး” က လူကိုထိခိုက္နာက်င္ေစတဲ့ေဆာရီး ျဖစ္ပါတယ္။ ★

ေကာင္မေလးကို ေကာင္ေလးရွာမေတြ႔ခဲ့ေတာ့ဘူး။
ေကာင္မေလးေပ်ာက္ေနခဲ့တယ္။ ေကာင္မေလးမရွိေတာ့
ေကာင္ေလးရဲ႕ကမာၻက ေမွာင္မည္းလို႔… အလုပ္လုပ္ခ်င္စိတ္လဲ မရွိေတာ့ဘူး။
ေန႔ရက္ေတြကို အရက္နဲ႔ျဖတ္သန္းခဲ့တယ္။ ေကာင္မေလးကို လိုက္ရွာခ်င္ေပမယ့္
သူငယ္ခ်င္းမရွိတဲ့ ေကာင္မေလးကို ဘယ္သြားရွာရမွန္း မသိခဲ့ဘူး။
ေကာင္မေလးရဲ႕တစ္ဦးတည္းေသာသူငယ္ခ်င္းက သူပဲရွိခဲ့တာမို႔ ဖုန္းအလာကို ေစာင့္ေနဖို႔ပဲ
ေကာင္ေလးတတ္ႏိုင္ခဲ့တယ္။ ေကာင္မေလးရဲ႕ ဖုန္းေတြလြတ္သြားမွာစိုးလို႔ ဖုန္းကို
(၂၄)နာရီလံုး ဖြင့္ၿပီး သူေစာင့္ေနခဲ့တယ္။

ေကာင္ေလးရဲ႕ ဒီလိုေစာင့္ေမွ်ာ္ျခင္းက ႏွစ္ဝက္အထိၾကာသြားခဲ့တယ္။
တစ္ေန႔မွာ စာတိုက္ကေန ဗူးေလးတစ္လံုး ေရာက္လာခဲ့တယ္။
ဗူးထဲမွာ ေခ်ာင္းငါးေလးေတြရဲ႕ နမူနာရုပ္ၾကြေလးေတြပါတယ္။
ငါးတခ်ဳိ႕က သစ္ရြက္ေလးေဘးမွာ၊ တခ်ဳိ႕က ျမက္ေတြၾကားထဲမွာ ပံုစံအမ်ဳိးအမ်ဳိးနဲ႔ ရွိေနခဲ့တယ္။
ဗူးထဲမွာ စာတစ္ေစာင္လည္းပါၿပီး စာထဲမွာ ဒီလိုေရးထားပါတယ္။

“နင့္ကိုေတြ႔ဖို႔ ငါ့မွာ သတၱိမရွိခဲ့ဘူး။
ငါေပ်ာ့ညံ့လြန္းလို႔ျဖစ္မယ္ ဒါမွမဟုတ္ နင့္ကိုငါ လံုးဝမေတြ႔ခ်င္လို႔လည္းျဖစ္မယ္။
ငါ ေနေကာင္းတယ္။ နင့္ကိုခဲြၿပီး ဘယ္လိုရွင္သန္ရမယ္ဆိုတာကို ငါသိခဲ့တယ္။
ငါ့ကိုယ္ငါ ဂရုစိုက္ေကြၽးေမြးႏိုင္ခဲ့တယ္။ နင့္အျပန္ကို ငါေန႔တိုင္း ေစာင့္စရာမလိုေတာ့ဘူး။
ဟင္းေတြ ပူပူေႏြးေႏြးခ်က္ၿပီး ေအးစက္သြားတဲ့အထိ ငါေစာင့္စရာ မလိုခဲ့ေတာ့ဘူး။
ဖုန္းလည္း ငါမသံုးေတာ့ဘူး။ နင့္အတြက္နဲ႔ (၂၄)နာရီလံုး
ဖုန္းကို ငါဖြင့္ထားစရာလည္း မလိုေတာ့ဘူး။

ငါ့ကိုယ္ငါ ဘယ္လိုၾကင္နာရမယ္ဆိုတာကို ငါနားလည္သြားၿပီ။
လွပတဲ့ေန႔ရက္ေတြကို ဘယ္လိုတန္ဖိုးထားရမယ္ဆိုတာကို ငါသိသြားၿပီ။
နင့္ကို ဘယ္လိုခ်စ္ရမယ္ဆိုတာကို ငါေမ့လိုက္ႏိုင္ခဲ့ၿပီ။
ဘာျဖစ္လို႔လဲဆိုေတာ့ ငါ့အခ်စ္ေတြကို အနာတရျဖစ္ေအာင္ နင္ေဆာ့ကစားခဲ့လို႔ပါပဲ။
ကြာရွင္းစာခ်ဳပ္ကို ငါးကန္ေအာက္မွာ ငါဖိထားခဲ့တယ္။ နင္လက္မွတ္ထိုးၿပီးရင္
ဒီလိပ္စာအတိုင္း ငါ့ကိုပို႔ေပးခဲ့ပါ။

★ ေဆာရီးပဲ…. ငါစိတ္ေတြ ပင္ပန္းႏြမ္းနယ္သြားခ့ဲပါၿပီ” ★

လိပ္စာအတိုင္း ေကာင္မေလးကို ေကာင္ေလးသြားရွာခဲ့တယ္။
ရင္ထဲမွာ ေမွ်ာ္လင့္ခ်က္အျပည့္နဲ႔ ေကာင္မေလးဆီက ခြင့္လႊတ္ျခင္းေတြယူၿပီး
ေကာင္မေလးမရွိရင္ သူ႔ဘဝ မရွင္သန္ရဲတဲ့အေၾကာင္းေျပာဖို႔ ေကာင္ေလးလိုက္သြားခဲ့တယ္။
ဒါေပမယ့္ အိမ္တံခါးဖြင့္ေပးတဲ့သူက ေကာင္မေလးကိုယ္တိုင္ မဟုတ္ခဲ့ဘူး။
ေကာင္ေလးဆီက စာေရးၿပီးတဲ့ေနာက္ သူ႔ကိုယ္သူ အဆံုးစီရင္သြားပါတယ္လို႔
ေကာင္မေလးအေဖက စိတ္မေကာင္းစြာေျပာတယ္။
ေကာင္ေလးအသိေတြ ခ်ာခ်ာလည္ကုန္တယ္။
ေနာင္တေတြက တေပြ႔တပိုက္နဲ႔ သူ႔တစ္သက္စာေတာင္ ထမ္းပိုးလို႔ မႏိုင္ခဲ့ပါဘူး။

★ တခ်ဳိ႕ “ေဆာရီး” က အဲဒီလိုနည္းနဲ႔ အဆံုးသတ္ခဲ့ၾကတယ္။ ★

ဘဝတစ္ေလွ်ာက္မွာ ကိုယ့္ကို တစ္သက္တာ
တန္ဖိုးထားျမတ္ႏိုးသူတစ္ေယာက္ကိုေတာ့ လူတိုင္းႀကံဳၾကရမွာပဲ။
အဲဒီလို ကိုယ့္ကိုတန္ဖိုးထားသူကို ျမတ္ႏိုးတတ္ပါေစ။
“ေဆာရီး”ဆိုတဲ့ ေတာင္းပန္မႈတိုင္းက
“ကိစၥမရွိပါဘူး”ဆိုတဲ့စကားနဲ႔ လဲလွယ္လို႔မရႏိုင္ခဲ့ပါဘူး။
ကိုယ္ခ်စ္တဲ့သူကို မျမင္ႏိုင္တဲ့ အနာတရနဲ႔ဒဏ္ရာေတြ မေပးမိပါေစနဲ႔။
ဒါဟာ ႏွစ္ဦးႏွစ္ဖက္လံုးကို ထိခိုက္နာက်င္ေစပါတယ္။

ဒီပံုျပင္ကို ႀကိဳက္ႏွစ္သက္ခဲ့ရင္ သူငယ္ခ်င္းေတြကို မွ်ေဝေပးပါ။
“အခ်စ္”ဆိုတာကို ခံစားေစၿပီး “ေဆာရီး”ကို အလြယ္တကူ မေျပာမိဖို႔ သူတို႔နားလည္တတ္ပါေစ….။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:နုိင္းနုိင္းစေန

#Unicode Version
ကောင်လေးနဲ့ကောင်မလေးက ငယ်ငယ်လေးတည်းက အတူကြီးပြင်းလာကြသူတွေဖြစ်တယ်။
ကောင်လေးက ကောင်မလေးကို အမြဲအဖော်ခေါ်ပြီး ရွာပြင်ဖက်ကချောင်းစပ်မှာ ငါးသွားဖမ်းလေ့ရှိတယ်။
ငါးဖမ်းပြန်တိုင်း ကောင်လေးရဲ့ပလိုင်းထဲမှာ ငါးတွေကအပြည့်… ကောင်မလေးမှာတော့ လက်ဗလာနဲ့ ပြန်ခဲ့ရတာချည်းပဲ။
ငါးမရခဲ့တဲ့ ကောင်မလေးက မျက်ရည်အဝဲသားနဲ့ အိမ်ပြန်ရောက်တဲ့အထိ မပျော်ရွှင်ခဲ့ဘူး။

ညစာစားခါနီး အိမ်ရှေ့တံခါးခေါက်သံကြားတော့ ကောင်မလေးက တံခါးဖွင့်ကြည့်တယ်။
တံခါးရှေ့မှာရပ်နေတဲ့ ကောင်လေးကိုတွေ့တော့ နှုတ်ခမ်းစူပြီး လှည့်ထွက်မယ်လုပ်တော့
ကောင်လေးက ကပျာကယာရှေ့တက်ပြီး “နင့်ငါးတွေ ငါဖမ်းပစ်လိုက်တာ ဆောရီးနော်. ရော့ ဒါနင့်အတွက်”လို့
တောင်းပန်ပြီး ငါးတွေထည့်ထားတဲ့ ဖန်ငါးကန်လေးကို ကောင်မလေးဆီလှမ်းပေးတယ်။
စူနေတဲ့ကောင်မလေးရဲ့ နှုတ်ခမ်းလေးပြေလျော့သွားပြီး အပြုံးပန်းတစ်ပွင့် ဖူးပွင့်လာတယ်။
ရိုးသားဖြူစင်တဲ့ ကလေးဘဝကို အဲဒီလို အပြစ်ကင်းကင်း သူတို့ဖြတ်သန်းရင်း တဖြေးဖြေး ကြီးပြင်းလာခဲ့ကြတယ်။

★ အဲဒီ “ဆောရီး” က ရိုးသားဖြူစင်တဲ့ဆောရီးဖြစ်ပါတယ်။ ★

ကောင်လေးက ကောင်မလေးကို အမြဲစနောက်တတ်တယ်။
ကောင်မလေးငိုတဲ့အထိ သူအစသန်ခဲ့သလို ကောင်မလေးရယ်တဲ့အထိ သူချော့တတ်ခဲ့တယ်။
ကောင်လေးက ကောင်မလေးရဲ့စက်ဘီးကို အမြဲလေခိုးလျှော့ပြီး တစ်နေရာမှာပုန်းနေတတ်တယ်။
ခြေမကိုင်မီ၊ လက်မကိုင်မီဖြစ်နေတဲ့ ကောင်မလေးကို ချောင်းကြည့်ရင်း သူ့ဆီဆက်လာမယ့်
ကောင်မလေးရဲ့ဖုန်းကို သူစောင့်နေတတ်တယ်။ ပြီးတော့ ကောင်မလေးဆီက လေခိုးလျှော့တဲ့သူခိုးကို
ဆူပူကြိမ်းမောင်းသံတွေ နားထောင်ပြီး သူသဘောကျနေတတ်တယ်။
ဘာကြောင့်မှန်းမသိ ကောင်မလေးရဲ့ အဲဒီလိုအပြုအမူကို သူအရမ်းနှစ်ခြိုက်ခဲ့တယ်။

ချောင်းကြည့်ရာကနေ ကောင်လေးထွက်လာပြီး အဝေးကနေ အခုမှရောက်လာဟန်နဲ့
လေမရှိတဲ့စက်ဘီးကို ကူတွန်းပေးတတ်တယ်။ ဘေးက ပွစိပွစိရေရွတ်နေတဲ့ ကောင်မလေးကိုကြည့်ပြီး
သူ ခိုးရယ်တတ်တယ်။ ပြီးမှ စိတ်မကောင်းဟန်နဲ့ “ဆောရီး…. ငါမှားသွားတယ်”လို့ တောင်းပန်တတ်တယ်။
ကျိန်ဆဲနေတဲ့ ကောင်မလေးနှုတ်ခမ်းတွေ ပျော့ပျောင်းသွားပြီ နောက်တစ်ကြိမ်ဒီလိုမလုပ်ဖို့
ကောင်လေးကို ဆုံးမတတ်တယ်။ ကောင်မလေးရဲ့ အဆုံးအမအောက်မှာ ကောင်လေးက ခေါင်းငုံ့လို့…..
နေ့ရက်တွေကို ရယ်မောခြင်းနဲ့ သူတို့အဆုံးသတ်ခဲ့ကြတယ်။

★ အဲဒီ “ဆောရီး” က ပျော်ရွှင်တဲ့ဆောရီးဖြစ်ပါတယ်။ ★

ဒီလိုနဲ့ ကျောင်းပြီးတော့ ကောင်လေးနဲ့ကောင်မလေး ကိုယ်စီအလုပ်ဝင်ကြတယ်။
ကောင်လေးကအလုပ်များပြီး နားရက်တွေ သိပ်မရှိခဲ့ဘူး။ ကောင်မလေးက သူ့ကိုဂရုမစိုက်ဘူးဆိုပြီး
ကောင်လေးကို အပြစ်တင်တယ်။ နောက်တော့ ပထမဆုံးအကြိမ် သူတို့ရန်ဖြစ်ခဲ့ကြတယ်။
ကောင်မလေးငိုတော့ ကောင်လေးက “ဒါ ငါ့အလုပ်အတွက်” လို့ ဖြေရှင်းတယ်။

ဒီလိုသွေးအေးစစ်ပွဲက ရက်တော်တော်ကြာသွားတယ်။
နောက်တော့လည်း ကောင်မလေးက မနေနိုင်ပါဘူး။
ကောင်လေးကို ပြန်ခေါ်ပြီး စစ်ပြေငြိမ်းကြောင်း လက်နက်ချတယ်။
နောက်ပိုင်းမှာ သူတို့မကြာခဏ ရန်ဖြစ်လိုက် ပြန်ခေါ်လိုက် လုပ်ခဲ့ကြတယ်။
ရန်ဖြစ်တိုင်းလည်း ကောင်မလေးဘက်ကစပြီး ပြေငြိမ်းတာချည်းပဲ။

အဲဒီနှစ်က ကောင်မလေးရဲ့မွေးနေ့မှာ ရိုမန်တစ်ဆန်ဆန် မွေးနေ့ပွဲလုပ်ပေးမယ်လို့
ကောင်လေးက ကောင်မလေးကို ကတိပေးတယ်။ မွေးနေ့မှာ ကောင်လေးအလာကို
ကောင်မလေးစောင့်နေခဲ့တယ်။ ညဥ့်နက်သန်းခေါင်အထိ၊ မိုးလင်းတဲ့အထိ စောင့်နေခဲ့တယ်။
မနက်နိုးလာတဲ့ ကောင်မလေးရဲ့ပါးပြင်ပေါ်မှာ မျက်ရည်စီးကြောင်းရာတွေ စွန်းထင်းလို့….
ကောင်လေးရောက်လာတော့ ကောင်မလေးရဲ့ မျက်ရည်တွေကို သုတ်ပေးရင်း
“ဆောရီးနော်… နင့်ကို ငါလက်ထပ်ပါရစေ” ဆိုပြီး လက်စွပ်တစ်ကွင်းထုတ်ပေးတယ်။

★ အဲဒီ “ဆောရီး” က တစ်ဘဝစာကို တာဝန်ယူရဲတဲ့ဆောရီးဖြစ်ပါတယ်။ ★

မင်္ဂလာဆောင် အတူနေပြီးတဲ့နောက် ကောင်လေးရဲ့အလုပ်အကိုင်တွေ ပိုတိုးတက်အောင်မြင်ခဲ့တယ်။
ကောင်မလေးက ကောင်လေးအတွက် နေ့တိုင်းချက်ပြုတ်၊ လျှော်ဖွပ်နဲ့ ကျွမ်းကျင်တဲ့ အိမ်ထောင်ရှင်မတစ်ဦးဖြစ်ခဲ့တယ်။
ကောင်မလေးက ဈေးသွားတိုင်း ငါးလေးတွေဝယ်လာပြီး ကန်လေးထဲမှာ မွေးထားတတ်တယ်။
“ဘာကြောင့်လဲ” လို့ ကောင်လေးမေးခဲ့ရင် ဘာမှပြန်မဖြေဘဲ သူပြုံးနေခဲ့တတ်တယ်။

တဖြေးဖြေး ကောင်လေးအိမ်ပြန်နောက်ကျလာတယ်။
ပြန်လာတိုင်းလည်း ရေမွှေးနံ့တစ်မျိုးမျိုးက ကောင်လေးကိုယ်မှာ ကပ်ငြိလာတတ်တယ်။
ဒါကို ကောင်မလေးမမေးခင် အကြောင်းအမျိုးမျိုးပြပြီး ကောင်လေးဖြေရှင်းတတ်တယ်။
အဲဒီကစ ကောင်မလေး စကားသိပ်မပြောတော့ဘူး။ အရင်ကလိုလည်း မသွက်လက်တော့ဘူး။
ဘယ်မှလည်း သိပ်မသွားတော့ဘဲ မရွှင်မပျနဲ့ အိမ်ထဲမှာပဲ အောင်းနေခဲ့တော့တယ်။
ခံစားချက်များတဲ့ ကိုရီးယားကားတွေကြည့်ပြီး ကောင်မလေးငိုနေတတ်တယ်။
နောက်ပိုင်း ကောင်လေးနောက်ကျပြန်လာတိုင်း သူ့ကိုယ်ပေါ်မှာ ရေမွှေးနံ့တစ်မျိုးပဲ ရတတ်တော့တယ်။
ကောင်မလေးဘာမှ မမေးခဲ့ပါဘူး။ ဒါကိုကောင်လေးက မလုံသလိုနဲ့ “ဆောရီး…
ဒီနေ့ အလုပ်မှာ စားပွဲသောက်ပွဲရှိပြန်တယ်” လို့ ပြောတတ်တယ်။

★ အဲဒီ “ဆောရီး” က လိမ်ညာခြင်းအစရဲ့ဆောရီးဖြစ်ပါတယ်။ ★

တဖြေးဖြေး အလုပ်အကြောင်းပြပြီး ကောင်လေး အိမ်မပြန်လာခဲ့တော့ဘူး။
အလုပ်အကိုင်ကောင်းလေ၊ ဘေးက မြှောက်ပင့်တဲ့လူများလေနဲ့ ကောင်လေးရဲ့
နေ့ရက်တွေက မြှောက်ပင့်သံတွေကြားထဲမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ကုန်ဆုံးခဲ့တယ်။
ကောင်မလေးကတော့ အိမ်ထဲအိမ်ပြင်တောင် အထွက်နည်းခဲ့တယ်။
ကိုယ့်ကိုယ်ကို အိမ်ထဲမှာ ပိတ်လှောင်ပြီးနေခဲ့တယ်။
အရင်တုန်းက ကောင်လေးနဲ့ပြောမကုန်နိုင်တဲ့ တီတီတာတာစကားလေးတွေ ရှိခဲ့ပေမယ့်
အခုချိန်မှာတော့ ကောင်မလေးက တစ်ယောက်တည်းအဖော်မဲ့လို့ အထီးကျန်နေခဲ့ရတယ်။

ကောင်လေးကို “ဘယ်အချိန် ပြန်လာမလဲ?” လို့မေးတိုင်း ကောင်လေးက
အစာနင်သွားတဲ့အသံနဲ့ “ဆောရီး… ငါအလုပ်များနေတယ်” လို့ ပြန်ဖြေတတ်တယ်။
ဖုန်းခွက်ကို မသာမယာချရင်း ကောင်မလေး စိတ်မကောင်းဖြစ်ခဲ့တယ်။
အဲဒီနောက်မှာတော့ ကောင်လေးဘယ်အချိန် အိမ်ပြန်လာမလဲဆိုတာကို သူမမေးခဲ့တော့ဘူး။

★ အဲဒီ “ဆောရီး”က ဝတ်ကျေတမ်းကျေပြောတဲ့ ဆောရီးဖြစ်ပါတယ်။ ★

ရုပ်ရှင်တွေထဲကလိုမျိုး ကောင်မလေးက သူ့ကိုယ်သူ အလှစပြင်ခဲ့တယ်။
ကောင်လေးအိမ်မပြန်တာဟာ တစ်နေ့တစ်နေ့ အိုစာသွားတဲ့ သူ့ရုပ်ရည်ကြောင့်ဖြစ်မယ်ဆိုပြီ
အလှတွေသူစပြင်ခဲ့တယ်။ ကိုယ်ရဲ့ပျော်ရွှင်ခြင်းကို ကိုယ်ကိုယ်တိုင် လုပ်ဆောင်မှရနိုင်မယ်၊
တွန့်ဆုတ်နေလို့မဖြစ်မှန်း သူသိလိုက်တယ်။

အဲဒီနေ့က ကောင်မလေးအလှတွေပြင်ပြီး ကောင်လေးဆီကို သွားခဲ့တယ်။
ဒါဟာ ကောင်လေးရဲ့အလုပ်ဆီ ပထမဆုံးအကြိမ် သူသွားခဲ့တာဖြစ်သလို
နောက်ဆုံးအကြိမ်လည်းဟုတ်ခဲ့တယ်။ ဓာတ်လှေကားခလုတ်ကိုနှိပ်ပြီး
ကောင်လေးအမြဲပြောတဲ့ “အလုပ်များတယ်” ဆိုတဲ့နေရာကို သူရောက်လာခဲ့တယ်။
ခမ်းခမ်းနားနားပြင်ထားတဲ့ ကုမ္ပဏီထောင့်တိုင်းကို သူလိုက်ကြည့်ခဲ့တယ်။
နေရာတိုင်းက လှပလို့နေတယ်။ ဝရန်တာကိုဖြတ်ပြီး ကောင်လေးရဲ့ရုံးခန်းဆီ သူရောက်လာခဲ့တယ်။
ရုံးခန်းတံခါးကို သူသာသာလေး တွန်းဖွင့်ကြည့်လိုက်တဲ့ တခဏ သူအံ့သြမင်သက်သွားမိတယ်။

သူ့မျက်စိရှေ့မှာ တွေ့ရတဲ့သူက သူ့ခင်ပွန်းမဟုတ်ခဲ့ဘူး…
သူ့စက်ဘီးကို လေအမြဲခိုးလျော့တဲ့ နောက်တောက်တောက်ကောင်လေး မဟုတ်ခဲ့ဘူး…
ငါးတွေဖမ်းပြီး ကန်ထဲထည့်ခဲ့တဲ့ ကောင်လေးလည်း မဟုတ်ခဲ့ဘူး….
တခြားမိန်းမတစ်ယောက်နဲ့ အကြည်ဆိုက်နေတဲ့ ယောက်ျား၊
သွေးသားတွေ ဆာလောင်နေတဲ့ အရိုင်းတိရစ္ဆာန်ဖြစ်နေခဲ့တယ်။

ကောင်မလေးကိုတွေ့တော့ ကောင်လေးက ကပျာကယာ ဖြေရှင်းဖို့လုပ်တယ်။
နေရာကနေ ကောင်မလေး ချက်ချင်းလှည့်ထွက်တော့ နောက်ကနေ ကောင်လေးအပြေးလိုက်တယ်။
အဲဒီညက မိုးတွေသည်းသည်းမည်းမည်း ရွာလို့………

ကောင်လေးရဲ့အော်သံတွေကို ကောင်မလေး ဂရုမစိုက်ခဲ့တော့ဘူး။
“ဆောရီးပဲ…. နင့်ကိုပဲ ငါချစ်ပါတယ်ကွာ… နင့်ကိုပဲ ငါတကယ်ချစ်တာပါ” တဲ့။
ကောင်လေးရဲ့အော်သံတွေ မိုးသံနဲ့အတူ ရောထွေးလို့ ကောင်မလေးမကြားခဲ့ပါဘူး။

★ အဲဒီ “ဆောရီး” က လူကိုထိခိုက်နာကျင်စေတဲ့ဆောရီး ဖြစ်ပါတယ်။ ★

ကောင်မလေးကို ကောင်လေးရှာမတွေ့ခဲ့တော့ဘူး။
ကောင်မလေးပျောက်နေခဲ့တယ်။ ကောင်မလေးမရှိတော့
ကောင်လေးရဲ့ကမ္ဘာက မှောင်မည်းလို့… အလုပ်လုပ်ချင်စိတ်လဲ မရှိတော့ဘူး။
နေ့ရက်တွေကို အရက်နဲ့ဖြတ်သန်းခဲ့တယ်။ ကောင်မလေးကို လိုက်ရှာချင်ပေမယ့်
သူငယ်ချင်းမရှိတဲ့ ကောင်မလေးကို ဘယ်သွားရှာရမှန်း မသိခဲ့ဘူး။
ကောင်မလေးရဲ့တစ်ဦးတည်းသောသူငယ်ချင်းက သူပဲရှိခဲ့တာမို့ ဖုန်းအလာကို စောင့်နေဖို့ပဲ
ကောင်လေးတတ်နိုင်ခဲ့တယ်။ ကောင်မလေးရဲ့ ဖုန်းတွေလွတ်သွားမှာစိုးလို့ ဖုန်းကို
(၂၄)နာရီလုံး ဖွင့်ပြီး သူစောင့်နေခဲ့တယ်။

ကောင်လေးရဲ့ ဒီလိုစောင့်မျှော်ခြင်းက နှစ်ဝက်အထိကြာသွားခဲ့တယ်။
တစ်နေ့မှာ စာတိုက်ကနေ ဗူးလေးတစ်လုံး ရောက်လာခဲ့တယ်။
ဗူးထဲမှာ ချောင်းငါးလေးတွေရဲ့ နမူနာရုပ်ကြွလေးတွေပါတယ်။
ငါးတချို့က သစ်ရွက်လေးဘေးမှာ၊ တချို့က မြက်တွေကြားထဲမှာ ပုံစံအမျိုးအမျိုးနဲ့ ရှိနေခဲ့တယ်။
ဗူးထဲမှာ စာတစ်စောင်လည်းပါပြီး စာထဲမှာ ဒီလိုရေးထားပါတယ်။

“နင့်ကိုတွေ့ဖို့ ငါ့မှာ သတ္တိမရှိခဲ့ဘူး။
ငါပျော့ညံ့လွန်းလို့ဖြစ်မယ် ဒါမှမဟုတ် နင့်ကိုငါ လုံးဝမတွေ့ချင်လို့လည်းဖြစ်မယ်။
ငါ နေကောင်းတယ်။ နင့်ကိုခွဲပြီး ဘယ်လိုရှင်သန်ရမယ်ဆိုတာကို ငါသိခဲ့တယ်။
ငါ့ကိုယ်ငါ ဂရုစိုက်ကျွေးမွေးနိုင်ခဲ့တယ်။ နင့်အပြန်ကို ငါနေ့တိုင်း စောင့်စရာမလိုတော့ဘူး။
ဟင်းတွေ ပူပူနွေးနွေးချက်ပြီး အေးစက်သွားတဲ့အထိ ငါစောင့်စရာ မလိုခဲ့တော့ဘူး။
ဖုန်းလည်း ငါမသုံးတော့ဘူး။ နင့်အတွက်နဲ့ (၂၄)နာရီလုံး
ဖုန်းကို ငါဖွင့်ထားစရာလည်း မလိုတော့ဘူး။

ငါ့ကိုယ်ငါ ဘယ်လိုကြင်နာရမယ်ဆိုတာကို ငါနားလည်သွားပြီ။
လှပတဲ့နေ့ရက်တွေကို ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာကို ငါသိသွားပြီ။
နင့်ကို ဘယ်လိုချစ်ရမယ်ဆိုတာကို ငါမေ့လိုက်နိုင်ခဲ့ပြီ။
ဘာဖြစ်လို့လဲဆိုတော့ ငါ့အချစ်တွေကို အနာတရဖြစ်အောင် နင်ဆော့ကစားခဲ့လို့ပါပဲ။
ကွာရှင်းစာချုပ်ကို ငါးကန်အောက်မှာ ငါဖိထားခဲ့တယ်။ နင်လက်မှတ်ထိုးပြီးရင်
ဒီလိပ်စာအတိုင်း ငါ့ကိုပို့ပေးခဲ့ပါ။

★ ဆောရီးပဲ…. ငါစိတ်တွေ ပင်ပန်းနွမ်းနယ်သွားခဲ့ပါပြီ” ★

လိပ်စာအတိုင်း ကောင်မလေးကို ကောင်လေးသွားရှာခဲ့တယ်။
ရင်ထဲမှာ မျှော်လင့်ချက်အပြည့်နဲ့ ကောင်မလေးဆီက ခွင့်လွှတ်ခြင်းတွေယူပြီး
ကောင်မလေးမရှိရင် သူ့ဘဝ မရှင်သန်ရဲတဲ့အကြောင်းပြောဖို့ ကောင်လေးလိုက်သွားခဲ့တယ်။
ဒါပေမယ့် အိမ်တံခါးဖွင့်ပေးတဲ့သူက ကောင်မလေးကိုယ်တိုင် မဟုတ်ခဲ့ဘူး။
ကောင်လေးဆီက စာရေးပြီးတဲ့နောက် သူ့ကိုယ်သူ အဆုံးစီရင်သွားပါတယ်လို့
ကောင်မလေးအဖေက စိတ်မကောင်းစွာပြောတယ်။
ကောင်လေးအသိတွေ ချာချာလည်ကုန်တယ်။
နောင်တတွေက တပွေ့တပိုက်နဲ့ သူ့တစ်သက်စာတောင် ထမ်းပိုးလို့ မနိုင်ခဲ့ပါဘူး။

★ တချို့ “ဆောရီး” က အဲဒီလိုနည်းနဲ့ အဆုံးသတ်ခဲ့ကြတယ်။ ★

ဘဝတစ်လျှောက်မှာ ကိုယ့်ကို တစ်သက်တာ
တန်ဖိုးထားမြတ်နိုးသူတစ်ယောက်ကိုတော့ လူတိုင်းကြုံကြရမှာပဲ။
အဲဒီလို ကိုယ့်ကိုတန်ဖိုးထားသူကို မြတ်နိုးတတ်ပါစေ။
“ဆောရီး”ဆိုတဲ့ တောင်းပန်မှုတိုင်းက
“ကိစ္စမရှိပါဘူး”ဆိုတဲ့စကားနဲ့ လဲလှယ်လို့မရနိုင်ခဲ့ပါဘူး။
ကိုယ်ချစ်တဲ့သူကို မမြင်နိုင်တဲ့ အနာတရနဲ့ဒဏ်ရာတွေ မပေးမိပါစေနဲ့။
ဒါဟာ နှစ်ဦးနှစ်ဖက်လုံးကို ထိခိုက်နာကျင်စေပါတယ်။

ဒီပုံပြင်ကို ကြိုက်နှစ်သက်ခဲ့ရင် သူငယ်ချင်းတွေကို မျှဝေပေးပါ။
“အချစ်”ဆိုတာကို ခံစားစေပြီး “ဆောရီး”ကို အလွယ်တကူ မပြောမိဖို့ သူတို့နားလည်တတ်ပါစေ….။


ဖိုးသူတော် (www.phothutaw.com)
Credit:နိုင်းနိုင်းစနေ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top