Property Expo
×

“အိမ္ေထာင္မူ႔ ဘုရားတည္၊ ေဆးမင္ရည္ စုတ္ထုိး၊ ေက်ာင္းထုိင္ပင့္ ျမတ္သံဃာ၊ စာခ်ဳပ္ရန္ ခက္သည့္အမ်ိဳး။”အိမ္ေထာင္မ်ား အဘယ္ေၾကာင့္ပ်က္ရသနည္း? ဒီေမးခြန္းရဲ႔ အေျဖကုိေတာ့ လူတုိင္းသိခ်င္ၾကမွာပါ။

(အထူးအားျဖင့္ အိမ္ေထာင္ရွင္မ်ား) တကယ္တမ္းေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ခ်စ္လို႔ အိမ္ ေထာင္က်ခဲ့ျပီးျပီးပဲ၊ ဘာလို့မ်ားအိမ္ေထာင္တစ္ခုကုိလြယ္လြယ္ေလးနဲ့ ဖ်က္စီးတတ္ၾကသလဲေတာ့မေျပာတတ္ပါဘူး။သူ႔အေၾကာင္းနဲ့သူေတာ့ရွိၾကမွာပါပဲ။

ဒီေနရာေလးမွာ တစ္ေယာက္နဲ့တစ္ေယာက္ခ်စ္တယ္ဆုိရာ၀ယ္ ေရွးဘ၀ကအတူတကြေနထုိင္ေပါင္းသင္း သီတင္းသီလတူမွ်စြာ ျပဳခဲ့ဖူးျခင္း၊ မ်က္နွာျမင္ခ်စ္ခင္ပါေစဟု သူ၏ေကာင္းမူတစ္ခုခု၌ ဆုေတာင္းျပဳခဲ့ျခင္း၊ယခုမ်က္ေမွာက္ဘ၀၌ သူ၏အက်ိဳးစီးပြား လုိလားေဆာင္ရြက္ေပးမူျပဳျခင္းဟူေသာအေၾကာင္းေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ေတြ႔ဆုံ၍ ခ်စ္ခဲ့ရတာပါ။

ခ်စ္ျခငး္ရဲ့လမ္းမေပၚေရာက္ဖုိ႔ ဒီလမ္းေၾကာင္းသုံးသြယ္က ထြန္းျပေပးခဲ့တာေပါ့။ ဒီအဆင့္ကုိေက်ာ္ျဖတ္ျပီးမွ အိမ္ေထာင္သည္ဘ၀သုိ႔ေရာက္ရတာပါ။

တစ္ခ်ိဳ႔ေတြလည္း အိမ္ေထာင္သည္ဘ၀မေရာက္ခင္ ခ်စ္သူ႔ဘ၀နဲ႔ပဲ လမ္းခြဲသြားရတယ္၊ တစ္ခ်ိဳ႔ၾကေတာ့လည္း ခ်စ္သူသမီးရည္းစားျဖစ္ကတည္းကအိမ္ေထာင္ဘက္အျဖစ္ထိေရြးခ်ယ္သြားၾကတာေတြလည္းရွိပါတယ္။
စာဖတ္သူကေတာ့ ထင္ေကာင္းထင္ပါလိမ့္မယ္၊

စာေရးသူကအခ်စ္ေၾကာင္းေတြသိေနပါလာေပါ့၊ စာေရးသူလည္းအခ်စ္ရွိပါတယ္၊ ခ်စ္တာျခင္းေတာ့တူခ်င္မွတူမွာပါ။ အခ်စ္ကလည္းသုံးမ်ိဳးေတာင္
ရွိတာ၊ ၁။ ခ်စ္သူအခ်စ္(တဏွာေပမ) မိသားစုအခ်စ္(ေဂဟသိတေပမ)ပါရမီအခ်စ္(ေမတၱာေပမ)ဆုိျပီး သုံးမ်ိဳးရွိပါတယ္။ လူသားတုိင္းအခ်စ္
နဲ့မကင္းၾကပါဘူး၊ ဒါေပမယ့္ခ်စ္ပုံခ်စ္နည္းေလးေတြေတာ့ကြာသြားတတ္ၾကပါတယ္။

ခ်စ္သူအခ်စ္ဆုိတာက ခ်စ္သူအခ်င္းခ်င္းခ်စ္တာ၊ ဇနီးေမာင္နွံအခ်င္းခ်င္းခ်စ္တာ အဲဒီလုိအခ်စ္မ်ိဳးကုိခ်စ္သူအခ်စ္လို႔ေခၚတာပါ။ မိသားစု
အခ်စ္ဆုိတာက ကုိယ့္ရ့ဲမိသားစုအခ်င္းအခ်င္း၊ ေဆြမ်ိဳးသားျခင္းခ်စ္တာကုိ မိသားစုအခ်စ္လို႔ေခၚပါတယ္။

ပါရမီအခ်စ္ဆုိတာက ကုိယ္ကေနသူ႔ကုိ ကုသုိလ္ရေအာင္လုပ္ေပးတာမ်ိဳး၊သူကလည္း ကုိယ့္ကုိ ကုသိုလ္ရေအာင္လုပ္ေပးတာမ်ိဳးကုိပါရမီအခ်စ္လို႔ေခၚ
ပါတယ္။ ေျပာခ်င္တာကေတာ့ ကုိယ္ကုသုိလ္ျဖစ္ေအာင္သူကဖန္တီးေပးတယ္၊

ကုိယ္ကလည္းတစ္ဖန္းသူကုသုိလ္ျဖစ္ေအာင္ဖန္တီးေပးတယ္၊ တစ္ေယာက္နွင့္တစ္ေယာက္အျပန္လွန္ေက်းဇူးျပဳေနတဲ့အခ်စ္မ်ိဳးကုိပါရမီ
အခ်စ္လို႔ေခၚပါတယ္။ စာေရးသူမွာဘာအခ်စ္ရွိသလဲလို့ ကုိကုိယ့္ကုိ ေမးၾကည့္လုိက္ပါတယ္။

အခ်စ္အေၾကာင္းအစပ်ိဳးေနတာနဲ့ ေျပာခ်င္တဲ့ဆီမေရာက္ဘဲေနလိမ့္မယ္။ အခ်စ္ကုိအထင္မေသးပါနဲ႔၊ အခ်စ္က နိဗၺာန္အထိအက်ိဳးေပးနုိင္ပါတယ္၊

ပ႒ာန္းပစၥည္းနဲ့တြက္ၾကည့္မယ္ဆုိရင္ အခ်စ္ကုိအေၾကာင္းျပဳ၍ ဒါနေတြျပဳမယ္၊ သီလေတြေဆာက္တည္မယ္ဆုိရင္နိဗၺာန္အထိေရာက္နုိင္
ပါတယ္။

မိမိက အိမ္ေထာင္သည္ဘ၀ေရာက္ေနသူျဖစ္လွ်င္ နကုလပိတာနကုလမာတာတုိ႔၏နည္းကုိ အျမဲတမ္းရင္ထဲမွာထည့္ထားဖုိ့လိုပါတယ္။ သူတုိ႔နည္း
လမ္းေလးက-၁။ တူမွ်ေသာ သဒၶါတရားရွိရမယ္၊ ၂။ တူမွ်ေသာ သီလတရားရွိရမယ္၊ ၃။တူမွ်ေသာ စာဂတရားရွိရမယ္၊၄။တူမွ်ေသာ ပညာတရားရွိရမယ္။ တကယ္တမ္းေတာ့ အၾကင္ဇနီး
မယားအဆင့္အထိေတာင္ေရာက္လာျပီးျပီး ၊တစ္ေယာက္နဲ့တစ္ေယာက္က မ်ားေသာအားျဖင့္အက်င့္စရုိက္ျခင္းတူတာေတာ့မ်ားမွာပါ။ ေနာက္တစ္ခုက သိဂၤါေလာ၀ါဒသုတ္မွာ
လည္း မယားက်င့္၀တ္၊လင့္က်င့္၀တ္စသည့္ျဖင့္ ရွိပါေသးတယ္။

ဒါေလးေတြကဗုဒၶဘာသာရူေထာင့္ဘက္ကေန တင္ျပေပးထားတာပါ။မိမိကဗုဒၶဘာသာပဲ နည္းလမ္းေတြကုိသိေနတာပဲ သိသည့္အေလွ်ာက္က်င့္
သြားမယ္ဆုိရင္ မိမိရဲ့မိသားစုဘ၀ေလးကေပ်ာ္ရႊင္စရာေကာင္းသြားမွာပါ။ ဒီလိုဆုိရင္ တစ္ေယာက္နဲ့တစ္ေယာက္ကြဲနုိင္စရာ သုိ႔မဟုတ္ ျပိဳကြဲနုိင္စရာမရွိေတာ့ပါဘူး။ မိတၱဗလဋီကာ-မွာ အၾကင္ လင္နွင့္မယားတုိ႔ ကုိယ္စိတ္နွစ္ျဖာခ်မ္းသာေစနုိင္ နည္း (၇) နည္းကုိလည္းတင္ျပပါဦးမယ္။

၁။နားပူနားဆာ မလုပ္နွင့္။

၂။အၾကင္လင္မယားတုိ႔သည္ တစ္ဦးကုိတစ္ဦး ျငီးေငြ႔ေအာင္ မလုပ္သင့္။

၃။ဆူပူၾကိမ္းေမာင္းျခင္း မျပဳနွင့္။

၄။ေစတနာျဖင့္ ခ်ီးက်ဴးရန္ မေမ့နွင့္။

၅။တစ္ဖက္သားကုိ ၾကင္နာယုယပါ။

၆။ရုိေသ ေလးစားပါ။

၇။အိမ္ေထာင္သည္တုိ႔၏ ရာဂစိတ္ေျပျငိမ္းေၾကာင္း စာအုပ္ေကာင္းကုိ ဖတ္ပါ။

ဒီ (၇)နည္းအတုိင္းက်င့္သြားမယ္ဆုိရင္လည္း မိမိအိမ္ေထာင္ေရး ျပိဳမကြဲနုိင္ပါဘူး။ အကယ္၍သာ ဒီလိုမလုပ္သြားရင္ေတာ့ တစ္ေယာက္နဲ့
တစ္ေယာက္ေရရွည္လက္တြဲဖုိ့ဆုိတာ မျဖစ္နုိင္ပါဘူး။

လင္နွင့္မယား (မိန္းမကုိစိတ္ၾကည္ၾကည္လင္လင္ထားတတ္လို႔ လင္လို႔ေခၚျပီး၊ ေယာက်္ားကုိ မယားေအာင္ထားတတ္လို႔ မယား သုိ့မဟုတ္
မိန္းမက ေယာက်္ားကုိ မာယာသုံးျပီး ခ်စ္တတ္လို႔ မယားလို႔ ေခၚသတဲ့)လ်ာနွင့္သြားဆုိသလုိေပါ့ မိမိတုိ့ကပုထုဇဥ္ေတြပဲ တစ္ခါတေလးမွား
တာေတာ့ မွားနုိင္ပါတယ္၊ အမွားၾကီးမမွားမိဖုိ႔ေတာ့လုိတာေပါ့။ ေျပာခ်င္တာက အိမ္ေထာင္ေရးျပိဳကြဲသြားေလာက္တ့ဲအထိမမွားမိဖုိ႔ပါ။

(မိတၱဗလဋီကာ-ဦးနု)ေအာက္ပါေမးခြန္းမ်ားကုိ သင္ကုိယ္တုိင္ေျဖနုိင္လွ်င္အက်ိဳးရွိေပလိမ့္မယ္။ “ဟုတ္ကဲ့” ဟုေျဖနုိင္ေသာ အေျဖတုိင္းကုိ အမွတ္
(၁၀)ေပးပါ။ အားလုံးကုိ ေျဖျပီးလွ်င္ သင္သည္ အမွတ္မည္မွ် ရသည္ကုိတြက္ၾကည့္ပါ။

အိမ္ေထာင္သည္ ေယာက်္ားတုိင္း မိန္းမတုိင္း ေအာက္ပါေမးခြႏ္းမ်ားအနက္ မိမိတုိ႔နွင့္ဆုိင္ရာ ေမးခြန္းမ်ားကုိ ေျဖျပီးလွ်င္ အမွတ္(၁၀၀)မရေသးခ်င္း
မေလ်ာ့ေသာ လုံ႔လျဖင့္ အမွတ္(၁၀၀)ရနုိင္ေအာင္ၾကိဳးစားနုိင္ၾကပါေစ…….

[ေယာက်ာ္းမ်ားအတြက္]

၁။သင္သည္ သင္၏ မိန္းမကုိ မညားမီအခါက ဂရုစုိက္ခဲ့သကဲ့သုိ႔ ယခုတုိင္ ပန္းကေလးအစ လက္ေဆာင္ကေလးအစ ေပးလွ်က္ရွိပါေသးသလား။ မညားမီကကဲ့သုိ႔ သင္၏မိန္းမအေပၚတြင္ ၾကင္ၾကင္နာနာနွင့္
ယုယပုိက္ေထြးျခင္း ရွိပါေသးရဲ့လား။

၂။အျခားလူမ်ားေရွ႔တြင္ သင့္မိန္းမကုိ ျပစ္တင္ဆူပူၾကိမ္းေမာင္းျခင္းမ်ိဳးမွ အထူးဂရုစုိက္ကာ ေရွာင္ရွားပါရဲ့လား။

၃။သူ သေဘာက်သလို သုံးစြဲနုိင္ရန္ သင့္မိန္းမကုိ အိမ္စရိတ္အျပင္ ေငြပုိမ်ား ေပးပါရဲ့လား။

၄။သင့္မိန္းမ၏အလုိဆႏၵတုိ့ကုိ ေကာင္းစြာ သိရွိေအာင္ သင္ၾကိဳးစားပါရဲ့
လား။ သင့္မိန္းမသည္ ပင္ပန္းႏြမ္းနယ္လွ်က္ရွိေသာအခါ၌လည္းေကာင္း၊ စိတ္မအီမသာျဖစ္ေနသည့္အခါ၌လည္းေကာင္း သင္သည္ သင့္မိန္းမကုိ
အကူအညီေပးပါရဲ့လား။

၅။သင္သည္ သင္ရေသာ အားလပ္ခ်ိန္ကုိ တစ္၀က္ခြဲ၍ သင့္မိန္းမနွင့္အတူတူၾကည္ျဖဴစြာ ေနထုိင္ပါရဲ့လား။

၆။သင့္မိန္းမ၏ အခ်က္အျပဳတ္နွင့္ အိမ္ေထာင္ထိန္းသိမ္းမူသည္သင့္မိခင္သုိ့မဟုတ္ ကုိျဖဴ႔မိန္းမ၏ အခ်က္အျပဳတ္အိမ္ေထာင္ထိန္းသိမ္းမူထက္ ည့ံသည္ဟု မေျပာဘဲ ပုိ၍ေကာင္းသည္ဟု အလိမၼာဖက္ကာ
ယွဥ္ျပပါရဲ့လား။

၇။သင့္မိန္းမ ဖတ္ၾကားေသာ စာအုပ္မ်ား၊သင့္မိန္းမ၏အေပါင္းအေဖာ္မ်ား၊ျမိဳ႔ရြာအေရးနွင့္စပ္လ်ဥ္း၍ သင့္မိန္းမ၏ ယူဆဆခ်က္မ်ားအေပၚ
တြင္ သင္သည္ အေသအခ်ာ စိတ္၀င္စားပါရဲ့လား။

၈။သင္သည္ သ၀န္ေၾကာင္ေသာ စကားမ်ိဳးကုိ မသုံးဘဲနွင့္ သင့္မိန္းမအားအျခား ေယာက်္ားမ်ားနွင့္အတူ စကားေျပာဆုိသည္ကုိလည္း
ေကာင္း၊ မိတ္ေဆြတုိ႔ဘာ၀ ဂရုတစုိက္ျပဳစုသည္ကုိလည္းေကာင္းခြင့္ျပဳနိုင္ပါရဲ့လား။

၉။အခြင့္အလမ္းမ်ား ေပၚတုိင္း သင့္မိန္းမကုိ ခ်ီးက်ဴးရန္နွင့္ေျမွာက္စားရန္အတြက္ သင့္မွာ အသင့္ရွိပါရဲ့လား။

၁၀။သင့္အက်ၤီ ၾကယ္သီးျပဳတ္ေနသည္ကုိ ျပန္တပ္ေပးျခင္း၊ သင့္ေျခအိတ္ေပါက္ေနသည္ ဖာေပးျခင္း၊သင့္ အ၀တ္အစားမ်ားကုိ ဖြပ္ေလွ်ာ္ေပးျခင္း
စေသာ အလုပ္ကေလးမ်ားအတြက္ သင္သည္ သင့္မိန္းမကုိ ေက်းဇူးတင္စကားမ်ား ေျပာၾကားပါရဲ့လား။

[မိန္းမမ်ားအတြက္]

၁။သင့္ေယာက်္ား၏ အလုပ္တြင္ ၀င္မစြက္ဘဲ သီးသန့္ေနပါရဲ့လား။ သူ႔အေပါင္းအသင္းမ်ားကုိ ဘယ္သူနဲ့ မေပါင္းနဲ့၊ ဘယ္သူဟာလူရူပ္ပဲ အစရွိသည္ျဖင့္
အျပစ္ေျပာျခင္း၊ သူ႔အလုပ္လက္ေထာက္ကုိခန့္ထားရာ၌ ၀င္ေရာက္ေျပာဆုိျခင္း၊သူသြားလာလည္ပတ္ရာ၌ ဆူပူျခင္းမ်ားမွ ကင္းလြတ္ပါရဲ့လား။

၂။သင့္ေနအိမ္နွင့္တကြ သင့္အေပၚတြင္ သင့္ေယာက်္ားသည္ စိတ္၀င္စားေနေအာင္ သင္သည္ အစြမ္းကုန္ ၾကိဳးစားပါရဲ့လား။

၃။”ယေန႔ေတာ့ ဟုိဟင္းၾကီးကုိ စားရဦးေတာ့မွာပဲ” ဟူ၍ စိတ္ထဲမွာ မေတြးေတာနုိင္ေအာင္ စားဖြယ္ေသာက္ဖြယ္အမ်ိဳးမ်ိဳးတုိ႔ကုိ သင္ကုိယ္တုိင္ စီမံ၍
သင့္ေယာက်္ားအား ခ်က္ျပဳတ္ေကြ်းေမြးပါရဲ့လား။

၄။သင့္ေယာက်ာ္းသည္ သူ႔အလုပ္အတြက္ သင့္ထံမွ အကူအညီလိုခ်င္ခဲ့ပါလွ်င္အကူအညီေပးနုိင္ေအာင္ သင့္ေယာက်္ား၏ အလုပ္အေၾကာင္းကုိ
သင္သည္ ေလ့လာပါရဲ့လား။

၅။စီးပြားပ်က္ေသာအခါ “ဘယ္သူေတြလုပ္လုိက္တာ ဘယ္လုိခ်မ္းသာသြားတာပဲ၊ သူလုပ္ပုံကုိက ဒီလိုျဖစ္မွာေပါ့ “အစရွိသည္ျဖင့္ သင့္ေယာက်္ားကုိ
ဆူပူျခင္း မလုပ္ဘဲေအးအတူ ပူအမွ် ခံနုိင္ေသာသတၱိသင့္မွာ ရွိပါရဲ့လား။

၆။သင့္ေယာက်္ား၏ မိခင္နွင့္ေသာ္လည္းေကာင္း၊ ေဆြမ်ိဳးဥာတိမ်ားနွင့္ေသာ္လည္းေကာင္း သင့္တင့္ညီညြတ္စြာ ေပါင္းသင္းဆက္ဆံနုိင္ရန္
ၾကိဳးစားပါရဲံလား။

၇။အ၀တ္အစား၀တ္ရာ၌လည္း သင့္ေယာက်္ားမၾကိဳက္ေသာ အဆင္နွင့္အ၀တ္အစားမ်ားကုိ ေရွာင္ရွားျပီးလွ်င္ သင့္ေယာက်္ားၾကိဳက္ေသာ
အဆင္နွင့္ အ၀တ္အစားမ်ားကုိ ၀တ္ဆင္ပါရဲ့လား။

၈။လင္မယားခ်င္း သင့္ျမတ္စြာ ေပါင္းသင္း ဆက္ဆံနုိင္ရန္အတြက္ အနည္းငယ္ သေဘာကြဲလြဲခ်က္မ်ားကုိ သင္သည္ ေလွ်ာ့ေပးပါရဲ့လား။

၉။သင့္ေယာက်္ားနွင့္ အားလပ္ခ်ိန္မ်ားတြင္ အတူေနနုိင္ရန္ သင့္ေယာက်္ား၀ါသနာပါေသာ အားကစားမ်ားကုိ သင္ကုိယ္တုိင္ သင္ၾကာထားပါရဲ့လား။

၁၀။သင့္ေယာက်္ား၏ ပညာပါရမီကုိ ကူညီေသာအားျဖင့္ ေန႔စဥ္သတင္းထူးမ်ား၊ စာအုပ္သစ္မ်ား အၾကံအစည္သစ္မ်ားကုိ သင္ကုိယ္တုိင္
စုေဆာင္းေပးပါရဲ့လား။

စာဖတ္သူေရ….အိမ္ေထာင္မ်ား အဘယ္ေၾကာင့္ပ်က္ရသနည္းဟူသည္ မိမိက ဒီလိုအရည္းအခ်င္းေတြမရွိေသးလို႔ျဖစ္ပါလိမ့္မယ္၊

အခုေဆာင္းပါးသည္ အိ္မ္ေထာင္သည္ကိုၾကည့္ရည္ရြယ္သည္မဟုတ္ မိမိက လူလြတ္ဆုိလည္း ငါအိမ္ေထာင္က်ရင္ ဒီလိုအရည္အခ်င္းေတြရွိ
ေအာင္ၾကိဳးစားမယ္ဆုိတဲ့စိတ္ကေလးကုိ မိမိရင္ထဲမွာထည့္ထားလုိက္ပါ။

ဒါဆုိရင္ သင့္ရဲ့အိမ္ေထာင္ေရ ဘယ္ေတာ့မွပ်က္စီးနုိင္ေတာ့မွာမဟုတ္ပါဘူး။ဒီေဆာင္းပါးေလးကုိ ဖတ္ျပီး အသိေလးေတြရရွိနုိင္ၾကပါေစ..ရရွိသည့္
အားေလ်ာ္စြာ က်င့္နုိင္ၾကပါေစ….

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မိတၱဗလဋီကာ (ဦးနု)

#Unicode Version
“အိမ်ထောင်မူ့ ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး၊ ကျောင်းထိုင်ပင့် မြတ်သံဃာ၊ စာချုပ်ရန် ခက်သည့်အမျိုး။”အိမ်ထောင်များ အဘယ်ကြောင့်ပျက်ရသနည်း? ဒီမေးခွန်းရဲ့ အဖြေကိုတော့ လူတိုင်းသိချင်ကြမှာပါ။

(အထူးအားဖြင့် အိမ်ထောင်ရှင်များ) တကယ်တမ်းတော့ တစ်ယောက်နဲ့ တစ်ယောက်ချစ်လို့ အိမ်ထောင်ကျခဲ့ပြီးပြီးပဲ၊ ဘာလို့များအိမ်ထောင်တစ်ခုကိုလွယ်လွယ်လေးနဲ့ ဖျက်စီးတတ်ကြသလဲတော့မပြောတတ်ပါဘူး။သူ့အကြောင်းနဲ့သူတော့ရှိကြမှာပါပဲ။

ဒီနေရာလေးမှာ တစ်ယောက်နဲ့တစ်ယောက်ချစ်တယ်ဆိုရာဝယ် ရှေးဘဝကအတူတကွနေထိုင်ပေါင်းသင်း သီတင်းသီလတူမျှစွာ ပြုခဲ့ဖူးခြင်း၊ မျက်နှာမြင်ချစ်ခင်ပါစေဟု သူ၏ကောင်းမူတစ်ခုခု၌ ဆုတောင်းပြုခဲ့ခြင်း၊ယခုမျက်မှောက်ဘဝ၌ သူ၏အကျိုးစီးပွား လိုလားဆောင်ရွက်ပေးမူပြုခြင်းဟူသောအကြောင်းကြောင့် တစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံ၍ ချစ်ခဲ့ရတာပါ။

ချစ်ခြင်းရဲ့လမ်းမပေါ်ရောက်ဖို့ ဒီလမ်းကြောင်းသုံးသွယ်က ထွန်းပြပေးခဲ့တာပေါ့။ ဒီအဆင့်ကိုကျော်ဖြတ်ပြီးမှ အိမ်ထောင်သည်ဘဝသို့ရောက်ရတာပါ။

တစ်ချို့တွေလည်း အိမ်ထောင်သည်ဘဝမရောက်ခင် ချစ်သူ့ဘဝနဲ့ပဲ လမ်းခွဲသွားရတယ်၊ တစ်ချို့ကြတော့လည်း ချစ်သူသမီးရည်းစားဖြစ်ကတည်းကအိမ်ထောင်ဘက်အဖြစ်ထိရွေးချယ်သွားကြတာတွေလည်းရှိပါတယ်။
စာဖတ်သူကတော့ ထင်ကောင်းထင်ပါလိမ့်မယ်၊

စာရေးသူကအချစ်ကြောင်းတွေသိနေပါလာပေါ့၊ စာရေးသူလည်းအချစ်ရှိပါတယ်၊ ချစ်တာခြင်းတော့တူချင်မှတူမှာပါ။ အချစ်ကလည်းသုံးမျိုးတောင်
ရှိတာ၊ ၁။ ချစ်သူအချစ်(တဏှာပေမ) မိသားစုအချစ်(ဂေဟသိတပေမ)ပါရမီအချစ်(မေတ္တာပေမ)ဆိုပြီး သုံးမျိုးရှိပါတယ်။ လူသားတိုင်းအချစ်
နဲ့မကင်းကြပါဘူး၊ ဒါပေမယ့်ချစ်ပုံချစ်နည်းလေးတွေတော့ကွာသွားတတ်ကြပါတယ်။

ချစ်သူအချစ်ဆိုတာက ချစ်သူအချင်းချင်းချစ်တာ၊ ဇနီးမောင်နှံအချင်းချင်းချစ်တာ အဲဒီလိုအချစ်မျိုးကိုချစ်သူအချစ်လို့ခေါ်တာပါ။ မိသားစု
အချစ်ဆိုတာက ကိုယ့်ရဲ့မိသားစုအချင်းအချင်း၊ ဆွေမျိုးသားခြင်းချစ်တာကို မိသားစုအချစ်လို့ခေါ်ပါတယ်။

ပါရမီအချစ်ဆိုတာက ကိုယ်ကနေသူ့ကို ကုသိုလ်ရအောင်လုပ်ပေးတာမျိုး၊သူကလည်း ကိုယ့်ကို ကုသိုလ်ရအောင်လုပ်ပေးတာမျိုးကိုပါရမီအချစ်လို့ခေါ်
ပါတယ်။ ပြောချင်တာကတော့ ကိုယ်ကုသိုလ်ဖြစ်အောင်သူကဖန်တီးပေးတယ်၊

ကိုယ်ကလည်းတစ်ဖန်းသူကုသိုလ်ဖြစ်အောင်ဖန်တီးပေးတယ်၊ တစ်ယောက်နှင့်တစ်ယောက်အပြန်လှန်ကျေးဇူးပြုနေတဲ့အချစ်မျိုးကိုပါရမီ
အချစ်လို့ခေါ်ပါတယ်။ စာရေးသူမှာဘာအချစ်ရှိသလဲလို့ ကိုကိုယ့်ကို မေးကြည့်လိုက်ပါတယ်။

အချစ်အကြောင်းအစပျိုးနေတာနဲ့ ပြောချင်တဲ့ဆီမရောက်ဘဲနေလိမ့်မယ်။ အချစ်ကိုအထင်မသေးပါနဲ့၊ အချစ်က နိဗ္ဗာန်အထိအကျိုးပေးနိုင်ပါတယ်၊

ပဋ္ဌာန်းပစ္စည်းနဲ့တွက်ကြည့်မယ်ဆိုရင် အချစ်ကိုအကြောင်းပြု၍ ဒါနတွေပြုမယ်၊ သီလတွေဆောက်တည်မယ်ဆိုရင်နိဗ္ဗာန်အထိရောက်နိုင်
ပါတယ်။

မိမိက အိမ်ထောင်သည်ဘဝရောက်နေသူဖြစ်လျှင် နကုလပိတာနကုလမာတာတို့၏နည်းကို အမြဲတမ်းရင်ထဲမှာထည့်ထားဖို့လိုပါတယ်။ သူတို့နည်း
လမ်းလေးက-၁။ တူမျှသော သဒ္ဓါတရားရှိရမယ်၊ ၂။ တူမျှသော သီလတရားရှိရမယ်၊ ၃။တူမျှသော စာဂတရားရှိရမယ်၊၄။တူမျှသော ပညာတရားရှိရမယ်။ တကယ်တမ်းတော့ အကြင်ဇနီး
မယားအဆင့်အထိတောင်ရောက်လာပြီးပြီး ၊တစ်ယောက်နဲ့တစ်ယောက်က များသောအားဖြင့်အကျင့်စရိုက်ခြင်းတူတာတော့များမှာပါ။ နောက်တစ်ခုက သိင်္ဂါလောဝါဒသုတ်မှာ
လည်း မယားကျင့်ဝတ်၊လင့်ကျင့်ဝတ်စသည့်ဖြင့် ရှိပါသေးတယ်။

ဒါလေးတွေကဗုဒ္ဓဘာသာရူထောင့်ဘက်ကနေ တင်ပြပေးထားတာပါ။မိမိကဗုဒ္ဓဘာသာပဲ နည်းလမ်းတွေကိုသိနေတာပဲ သိသည့်အလျှောက်ကျင့်
သွားမယ်ဆိုရင် မိမိရဲ့မိသားစုဘဝလေးကပျော်ရွှင်စရာကောင်းသွားမှာပါ။ ဒီလိုဆိုရင် တစ်ယောက်နဲ့တစ်ယောက်ကွဲနိုင်စရာ သို့မဟုတ် ပြိုကွဲနိုင်စရာမရှိတော့ပါဘူး။ မိတ္တဗလဋီကာ-မှာ အကြင် လင်နှင့်မယားတို့ ကိုယ်စိတ်နှစ်ဖြာချမ်းသာစေနိုင် နည်း (၇) နည်းကိုလည်းတင်ပြပါဦးမယ်။

၁။နားပူနားဆာ မလုပ်နှင့်။

၂။အကြင်လင်မယားတို့သည် တစ်ဦးကိုတစ်ဦး ငြီးငွေ့အောင် မလုပ်သင့်။

၃။ဆူပူကြိမ်းမောင်းခြင်း မပြုနှင့်။

၄။စေတနာဖြင့် ချီးကျူးရန် မမေ့နှင့်။

၅။တစ်ဖက်သားကို ကြင်နာယုယပါ။

၆။ရိုသေ လေးစားပါ။

၇။အိမ်ထောင်သည်တို့၏ ရာဂစိတ်ပြေငြိမ်းကြောင်း စာအုပ်ကောင်းကို ဖတ်ပါ။

ဒီ (၇)နည်းအတိုင်းကျင့်သွားမယ်ဆိုရင်လည်း မိမိအိမ်ထောင်ရေး ပြိုမကွဲနိုင်ပါဘူး။ အကယ်၍သာ ဒီလိုမလုပ်သွားရင်တော့ တစ်ယောက်နဲ့
တစ်ယောက်ရေရှည်လက်တွဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

လင်နှင့်မယား (မိန်းမကိုစိတ်ကြည်ကြည်လင်လင်ထားတတ်လို့ လင်လို့ခေါ်ပြီး၊ ယောကျ်ားကို မယားအောင်ထားတတ်လို့ မယား သို့မဟုတ်
မိန်းမက ယောကျ်ားကို မာယာသုံးပြီး ချစ်တတ်လို့ မယားလို့ ခေါ်သတဲ့)လျာနှင့်သွားဆိုသလိုပေါ့ မိမိတို့ကပုထုဇဉ်တွေပဲ တစ်ခါတလေးမှား
တာတော့ မှားနိုင်ပါတယ်၊ အမှားကြီးမမှားမိဖို့တော့လိုတာပေါ့။ ပြောချင်တာက အိမ်ထောင်ရေးပြိုကွဲသွားလောက်တဲ့အထိမမှားမိဖို့ပါ။

(မိတ္တဗလဋီကာ-ဦးနု)အောက်ပါမေးခွန်းများကို သင်ကိုယ်တိုင်ဖြေနိုင်လျှင်အကျိုးရှိပေလိမ့်မယ်။ “ဟုတ်ကဲ့” ဟုဖြေနိုင်သော အဖြေတိုင်းကို အမှတ်
(၁၀)ပေးပါ။ အားလုံးကို ဖြေပြီးလျှင် သင်သည် အမှတ်မည်မျှ ရသည်ကိုတွက်ကြည့်ပါ။

အိမ်ထောင်သည် ယောကျ်ားတိုင်း မိန်းမတိုင်း အောက်ပါမေးခွန်းများအနက် မိမိတို့နှင့်ဆိုင်ရာ မေးခွန်းများကို ဖြေပြီးလျှင် အမှတ်(၁၀၀)မရသေးချင်း
မလျော့သော လုံ့လဖြင့် အမှတ်(၁၀၀)ရနိုင်အောင်ကြိုးစားနိုင်ကြပါစေ…….

[ယောကျာ်းများအတွက်]

၁။သင်သည် သင်၏ မိန်းမကို မညားမီအခါက ဂရုစိုက်ခဲ့သကဲ့သို့ ယခုတိုင် ပန်းကလေးအစ လက်ဆောင်ကလေးအစ ပေးလျှက်ရှိပါသေးသလား။ မညားမီကကဲ့သို့ သင်၏မိန်းမအပေါ်တွင် ကြင်ကြင်နာနာနှင့်
ယုယပိုက်ထွေးခြင်း ရှိပါသေးရဲ့လား။

၂။အခြားလူများရှေ့တွင် သင့်မိန်းမကို ပြစ်တင်ဆူပူကြိမ်းမောင်းခြင်းမျိုးမှ အထူးဂရုစိုက်ကာ ရှောင်ရှားပါရဲ့လား။

၃။သူ သဘောကျသလို သုံးစွဲနိုင်ရန် သင့်မိန်းမကို အိမ်စရိတ်အပြင် ငွေပိုများ ပေးပါရဲ့လား။

၄။သင့်မိန်းမ၏အလိုဆန္ဒတို့ကို ကောင်းစွာ သိရှိအောင် သင်ကြိုးစားပါရဲ့
လား။ သင့်မိန်းမသည် ပင်ပန်းနွမ်းနယ်လျှက်ရှိသောအခါ၌လည်းကောင်း၊ စိတ်မအီမသာဖြစ်နေသည့်အခါ၌လည်းကောင်း သင်သည် သင့်မိန်းမကို
အကူအညီပေးပါရဲ့လား။

၅။သင်သည် သင်ရသော အားလပ်ချိန်ကို တစ်ဝက်ခွဲ၍ သင့်မိန်းမနှင့်အတူတူကြည်ဖြူစွာ နေထိုင်ပါရဲ့လား။

၆။သင့်မိန်းမ၏ အချက်အပြုတ်နှင့် အိမ်ထောင်ထိန်းသိမ်းမူသည်သင့်မိခင်သို့မဟုတ် ကိုဖြူ့မိန်းမ၏ အချက်အပြုတ်အိမ်ထောင်ထိန်းသိမ်းမူထက် ညံ့သည်ဟု မပြောဘဲ ပို၍ကောင်းသည်ဟု အလိမ္မာဖက်ကာ
ယှဉ်ပြပါရဲ့လား။

၇။သင့်မိန်းမ ဖတ်ကြားသော စာအုပ်များ၊သင့်မိန်းမ၏အပေါင်းအဖော်များ၊မြို့ရွာအရေးနှင့်စပ်လျဉ်း၍ သင့်မိန်းမ၏ ယူဆဆချက်များအပေါ်
တွင် သင်သည် အသေအချာ စိတ်ဝင်စားပါရဲ့လား။

၈။သင်သည် သဝန်ကြောင်သော စကားမျိုးကို မသုံးဘဲနှင့် သင့်မိန်းမအားအခြား ယောကျ်ားများနှင့်အတူ စကားပြောဆိုသည်ကိုလည်း
ကောင်း၊ မိတ်ဆွေတို့ဘာ၀ ဂရုတစိုက်ပြုစုသည်ကိုလည်းကောင်းခွင့်ပြုနိုင်ပါရဲ့လား။

၉။အခွင့်အလမ်းများ ပေါ်တိုင်း သင့်မိန်းမကို ချီးကျူးရန်နှင့်မြှောက်စားရန်အတွက် သင့်မှာ အသင့်ရှိပါရဲ့လား။

၁၀။သင့်အကျၤီ ကြယ်သီးပြုတ်နေသည်ကို ပြန်တပ်ပေးခြင်း၊ သင့်ခြေအိတ်ပေါက်နေသည် ဖာပေးခြင်း၊သင့် အဝတ်အစားများကို ဖွပ်လျှော်ပေးခြင်း
စသော အလုပ်ကလေးများအတွက် သင်သည် သင့်မိန်းမကို ကျေးဇူးတင်စကားများ ပြောကြားပါရဲ့လား။

[မိန်းမများအတွက်]

၁။သင့်ယောကျ်ား၏ အလုပ်တွင် ဝင်မစွက်ဘဲ သီးသန့်နေပါရဲ့လား။ သူ့အပေါင်းအသင်းများကို ဘယ်သူနဲ့ မပေါင်းနဲ့၊ ဘယ်သူဟာလူရူပ်ပဲ အစရှိသည်ဖြင့်
အပြစ်ပြောခြင်း၊ သူ့အလုပ်လက်ထောက်ကိုခန့်ထားရာ၌ ဝင်ရောက်ပြောဆိုခြင်း၊သူသွားလာလည်ပတ်ရာ၌ ဆူပူခြင်းများမှ ကင်းလွတ်ပါရဲ့လား။

၂။သင့်နေအိမ်နှင့်တကွ သင့်အပေါ်တွင် သင့်ယောကျ်ားသည် စိတ်ဝင်စားနေအောင် သင်သည် အစွမ်းကုန် ကြိုးစားပါရဲ့လား။

၃။”ယနေ့တော့ ဟိုဟင်းကြီးကို စားရဦးတော့မှာပဲ” ဟူ၍ စိတ်ထဲမှာ မတွေးတောနိုင်အောင် စားဖွယ်သောက်ဖွယ်အမျိုးမျိုးတို့ကို သင်ကိုယ်တိုင် စီမံ၍
သင့်ယောကျ်ားအား ချက်ပြုတ်ကျွေးမွေးပါရဲ့လား။

၄။သင့်ယောကျာ်းသည် သူ့အလုပ်အတွက် သင့်ထံမှ အကူအညီလိုချင်ခဲ့ပါလျှင်အကူအညီပေးနိုင်အောင် သင့်ယောကျ်ား၏ အလုပ်အကြောင်းကို
သင်သည် လေ့လာပါရဲ့လား။

၅။စီးပွားပျက်သောအခါ “ဘယ်သူတွေလုပ်လိုက်တာ ဘယ်လိုချမ်းသာသွားတာပဲ၊ သူလုပ်ပုံကိုက ဒီလိုဖြစ်မှာပေါ့ “အစရှိသည်ဖြင့် သင့်ယောကျ်ားကို
ဆူပူခြင်း မလုပ်ဘဲအေးအတူ ပူအမျှ ခံနိုင်သောသတ္တိသင့်မှာ ရှိပါရဲ့လား။

၆။သင့်ယောကျ်ား၏ မိခင်နှင့်သော်လည်းကောင်း၊ ဆွေမျိုးဉာတိများနှင့်သော်လည်းကောင်း သင့်တင့်ညီညွတ်စွာ ပေါင်းသင်းဆက်ဆံနိုင်ရန်
ကြိုးစားပါရဲံလား။

၇။အဝတ်အစားဝတ်ရာ၌လည်း သင့်ယောကျ်ားမကြိုက်သော အဆင်နှင့်အဝတ်အစားများကို ရှောင်ရှားပြီးလျှင် သင့်ယောကျ်ားကြိုက်သော
အဆင်နှင့် အဝတ်အစားများကို ဝတ်ဆင်ပါရဲ့လား။

၈။လင်မယားချင်း သင့်မြတ်စွာ ပေါင်းသင်း ဆက်ဆံနိုင်ရန်အတွက် အနည်းငယ် သဘောကွဲလွဲချက်များကို သင်သည် လျှော့ပေးပါရဲ့လား။

၉။သင့်ယောကျ်ားနှင့် အားလပ်ချိန်များတွင် အတူနေနိုင်ရန် သင့်ယောကျ်ားဝါသနာပါသော အားကစားများကို သင်ကိုယ်တိုင် သင်ကြာထားပါရဲ့လား။

၁၀။သင့်ယောကျ်ား၏ ပညာပါရမီကို ကူညီသောအားဖြင့် နေ့စဉ်သတင်းထူးများ၊ စာအုပ်သစ်များ အကြံအစည်သစ်များကို သင်ကိုယ်တိုင်
စုဆောင်းပေးပါရဲ့လား။

စာဖတ်သူရေ….အိမ်ထောင်များ အဘယ်ကြောင့်ပျက်ရသနည်းဟူသည် မိမိက ဒီလိုအရည်းအချင်းတွေမရှိသေးလို့ဖြစ်ပါလိမ့်မယ်၊

အခုဆောင်းပါးသည် အိမ်ထောင်သည်ကိုကြည့်ရည်ရွယ်သည်မဟုတ် မိမိက လူလွတ်ဆိုလည်း ငါအိမ်ထောင်ကျရင် ဒီလိုအရည်အချင်းတွေရှိ
အောင်ကြိုးစားမယ်ဆိုတဲ့စိတ်ကလေးကို မိမိရင်ထဲမှာထည့်ထားလိုက်ပါ။

ဒါဆိုရင် သင့်ရဲ့အိမ်ထောင်ရေ ဘယ်တော့မှပျက်စီးနိုင်တော့မှာမဟုတ်ပါဘူး။ဒီဆောင်းပါးလေးကို ဖတ်ပြီး အသိလေးတွေရရှိနိုင်ကြပါစေ..ရရှိသည့်
အားလျော်စွာ ကျင့်နိုင်ကြပါစေ….


ဖိုးသူတော် (www.phothutaw.com)
Credit:မိတ္တဗလဋီကာ (ဦးနု)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top