Kantharyar Centre
×

စစ္ကိုင္းတုိင္းအစုိးရအဖြဲရုံးစုိက္ရာ မုံရြာျမိဳ႕၊ၿမိဳ႕မရဲစခန္း ရဲလုိင္းခန္းတြင္ ရဲအုပ္ကေတာ္အခ်င္းခ်င္း စကားမ်ား၍ ဓားခုတ္မႈတစ္ခု ေအာက္တိုဘာ ၃ ရက္ေန႔ ညေနပိုင္းက ျဖစ္ခဲ့ေၾကာင္း သတင္းရရွိသည္။

အခ်င္းမ်ားသူ နွစ္ဦးသည္ တုိင္းရဲတပ္ဖြဲ႕ရုံးတြင္ တာ၀န္ထမ္းေဆာင္ေနသည့္ ရဲအုပ္ႏွစ္ဦး၏ ဇနီးမ်ားျဖစ္ၾကၿပီး ျမိဳ႕မရဲစခန္း၀န္ထမ္းလုိင္းခန္းတြင္ လာေရာက္ေနထုိင္သူမ်ားျဖစ္ေၾကာင္း သိရသည္။

ဓားျဖင့္ခုတ္ခံရသူမွာ ရဲအုပ္ေက်ာ္လင္း၏ဇနီး မစႏၵာဦး ျဖစ္ျပီး ဓားျဖင္႔ခုတ္သူမွာ ရဲအုပ္ေသာင္းထိုက္ေအာင္၏ ဇနီးစုစုလႈိင္ျဖစ္ေၾကာင္း အခုတ္ခံရသူ မစႏၵာဦး၏ တုိင္ၾကားစာအရ သိရသည္။

ျဖစ္စဥ္မွာ တရားလုိမစႏၵာဦးသည္ သားျဖစ္သူကို ေအာ္ဟစ္ဆုံးမေနစဥ္ အခန္းခ်င္းကပ္လ်က္ရွိေသာ မစုစုလႈိင္မွ ၄င္းကုိ ေစာင္းေျမာင္းေျပာသည္ဟူ၍ ႏွစ္ေတာင္အရွည္ရွိေသာ ဓားရွည္ တစ္ေခ်ာင္းျဖင့္ အိမ္ေရွ႕ေရာက္လာကာ "သတၱိရွိရင္ ထြက္ခဲ့"ဟု စိန္ေခၚခဲ႔ေၾကာင္း ျပန္လည္ ရွင္းျပသည္ကုိ လက္မခံပဲ လက္ထဲတြင္ အသင့္ပါလာေသာ ဓားျဖင္႔ခုတ္ရာ မစႏၵာဦး၏ လက္၀ဲ လက္သန္း ျပတ္ရွဒဏ္ရာရရွိခဲ႔ေၾကာင္း သတင္းရရွိသည္။

ေနာက္ဆုံး႐ရွိသည့္သတင္းအရ ဓားခုတ္မႈျဖစ္စဥ္္ကုိ ေအာက္တုိဘာ ၄ရက္ေန့၌ ျမိဳ႕မရဲစခန္းတြင္ ႏွစ္ဖက္စလုံးအျပန္အလွန္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin

#Unicode Version

စစ်ကိုင်းတိုင်းအစိုးရအဖွဲရုံးစိုက်ရာ မုံရွာမြို့၊မြို့မရဲစခန်း ရဲလိုင်းခန်းတွင် ရဲအုပ်ကတော်အချင်းချင်း စကားများ၍ ဓားခုတ်မှုတစ်ခု အောက်တိုဘာ ၃ ရက်နေ့ ညနေပိုင်းက ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

အချင်းများသူ နှစ်ဦးသည် တိုင်းရဲတပ်ဖွဲ့ရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ရဲအုပ်နှစ်ဦး၏ ဇနီးများဖြစ်ကြပြီး မြို့မရဲစခန်းဝန်ထမ်းလိုင်းခန်းတွင် လာရောက်နေထိုင်သူများဖြစ်ကြောင်း သိရသည်။

ဓားဖြင့်ခုတ်ခံရသူမှာ ရဲအုပ်ကျော်လင်း၏ဇနီး မစန္ဒာဦး ဖြစ်ပြီး ဓားဖြင့်ခုတ်သူမှာ ရဲအုပ်သောင်းထိုက်အောင်၏ ဇနီးစုစုလှိုင်ဖြစ်ကြောင်း အခုတ်ခံရသူ မစန္ဒာဦး၏ တိုင်ကြားစာအရ သိရသည်။

ဖြစ်စဉ်မှာ တရားလိုမစန္ဒာဦးသည် သားဖြစ်သူကို အော်ဟစ်ဆုံးမနေစဉ် အခန်းချင်းကပ်လျက်ရှိသော မစုစုလှိုင်မှ ၎င်းကို စောင်းမြောင်းပြောသည်ဟူ၍ နှစ်တောင်အရှည်ရှိသော ဓားရှည် တစ်ချောင်းဖြင့် အိမ်ရှေ့ရောက်လာကာ "သတ္တိရှိရင် ထွက်ခဲ့"ဟု စိန်ခေါ်ခဲ့ကြောင်း ပြန်လည် ရှင်းပြသည်ကို လက်မခံပဲ လက်ထဲတွင် အသင့်ပါလာသော ဓားဖြင့်ခုတ်ရာ မစန္ဒာဦး၏ လက်ဝဲ လက်သန်း ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရရှိသည့်သတင်းအရ ဓားခုတ်မှုဖြစ်စဉ်ကို အောက်တိုဘာ ၄ရက်နေ့၌ မြို့မရဲစခန်းတွင် နှစ်ဖက်စလုံးအပြန်အလှန် အမှုဖွင့်ထားကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top