Kantharyar Centre
×

ရန္ကုန္ၿမိဳ႕ထဲမွာ ယာဥ္ေၾကာက်ပ္တည္းတာေတြကုိ ေျဖေလွ်ာ့မယ့္အစီအစဥ္အရ တကၠစီယာဥ္ေတြအားလံုးကို ထိန္းခ်ဳပ္ေဆာင္ရြက္ဖို႔ စီစဥ္သြားမယ္လုိ႔  ရန္ကုန္တိုင္းေဒသႀကီးလံုၿခံဳေရးနဲ႔ နယ္စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီးတင္ေအာင္ထြန္းက က်င္းပေနတဲ့ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေ၀းမွာ ေျပာလိုက္ပါတယ္။

ယာဥ္ေၾကာက်ပ္တည္းမႈကို ေျဖေလွ်ာ့ေရးအစီအစဥ္အရ မထသယာဥ္လိုင္းေတြကို အရင္ဆံုးဖ်က္သိမ္းၿပီး အမ်ားပိုင္စနစ္အျဖစ္ ေျပာင္းဖို႔လုပ္ေနကာ ဒုတိယအေနနဲ႔ ကြန္တိန္နာယာဥ္ေတြကုိ အခ်ိန္သတ္မွတ္ေျပး ဆြဲတာေတြလုပ္ခိုင္းမွာျဖစ္ၿပီး ေနာက္ပိုင္းမွာ တကၠစီယာဥ္မ်ားထိန္းခ်ဳပ္ေရးကုိပါ ေဆာင္ရြက္သြားမယ္လို႔ ဆိုပါတယ္။

"လမ္းေပၚမွာ ကားဆယ္စီးသြားရင္ တကၠစီယာဥ္ေတြက ေျခာက္စီးေက်ာ္ေက်ာ္ေလာက္ရွိပါတယ္။ ဒီတကၠစီ ယာဥ္မ်ားရဲ႕ စည္းကမ္းမဲ့ေမာင္းႏွင္သြားလာ မႈေတြကလည္းပဲ အားလံုးသိၿပီးသားျဖစ္ပါတယ္။ ဒါေၾကာင့္ တကၠစီယာဥ္ေတြကိုမွတ္ပံုတင္ၿပီးေတာ့ တကၠစီယာဥ္အားလံုးကို ထိန္းခ်ဳပ္ေဆာင္ရြက္သြားဖို႔ရွိပါတယ္"လို႔ ဗိုလ္မွဴးႀကီး တင္ေအာင္ထြန္းက ေျပာပါတယ္။

ဒါ့အျပင္ ယာဥ္ေၾကာပိတ္ဆို႔မႈကို ျဖစ္ေပၚေစတဲ့  ကြန္တိန္နာယာဥ္ေတြကုိလည္း ႏို၀င္ဘာလ ၁ ရက္ကစၿပီး ည ၈ နာရီကေန မနက္ ၅ နာရီအထိပဲ  ေမာင္းႏွင္ဖို႔ စီမံထားတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

Unicode Version

ရန်ကုန်မြို့ထဲမှာ ယာဉ်ကြောကျပ်တည်းတာတွေကို ဖြေလျှော့မယ့်အစီအစဉ်အရ တက္ကစီယာဉ်တွေအားလုံးကို ထိန်းချုပ်ဆောင်ရွက်ဖို့ စီစဉ်သွားမယ်လို့  ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ကျင်းပနေတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

ယာဉ်ကြောကျပ်တည်းမှုကို ဖြေလျှော့ရေးအစီအစဉ်အရ မထသယာဉ်လိုင်းတွေကို အရင်ဆုံးဖျက်သိမ်းပြီး အများပိုင်စနစ်အဖြစ် ပြောင်းဖို့လုပ်နေကာ ဒုတိယအနေနဲ့ ကွန်တိန်နာယာဉ်တွေကို အချိန်သတ်မှတ်ပြေး ဆွဲတာတွေလုပ်ခိုင်းမှာဖြစ်ပြီး နောက်ပိုင်းမှာ တက္ကစီယာဉ်များထိန်းချုပ်ရေးကိုပါ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

"လမ်းပေါ်မှာ ကားဆယ်စီးသွားရင် တက္ကစီယာဉ်တွေက ခြောက်စီးကျော်ကျော်လောက်ရှိပါတယ်။ ဒီတက္ကစီ ယာဉ်များရဲ့ စည်းကမ်းမဲ့မောင်းနှင်သွားလာ မှုတွေကလည်းပဲ အားလုံးသိပြီးသားဖြစ်ပါတယ်။ ဒါကြောင့် တက္ကစီယာဉ်တွေကိုမှတ်ပုံတင်ပြီးတော့ တက္ကစီယာဉ်အားလုံးကို ထိန်းချုပ်ဆောင်ရွက်သွားဖို့ရှိပါတယ်"လို့ ဗိုလ်မှူးကြီး တင်အောင်ထွန်းက ပြောပါတယ်။

ဒါ့အပြင် ယာဉ်ကြောပိတ်ဆို့မှုကို ဖြစ်ပေါ်စေတဲ့  ကွန်တိန်နာယာဉ်တွေကိုလည်း နိုဝင်ဘာလ ၁ ရက်ကစပြီး ည ၈ နာရီကနေ မနက် ၅ နာရီအထိပဲ  မောင်းနှင်ဖို့ စီမံထားတယ်လို့ သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top