Kantharyar Centre
×

မြန္ျပည္နယ္ ေမာ္လၿမိဳင္ ၿမိဳ႕တြင္ ရခိုင္ျပည္နယ္ဘက္မွ တရားမ၀င္ ေရာက္လာသည့္ ဘဂၤါလီ ၁၂ ဦးကို ဖမ္းမိထား ေၾကာင္း ဒိုင္၀န္းကြင္းနယ္ေျမ ရဲ စခန္းမွ သတင္းရရွိသည္။

ယင္း ၁၂ ဦး ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ႏွင့္ေျမာက္ ဦးၿမိဳ႕နယ္တို႔မွ ဟာဘီဆုိ ဒါ (၁၅)ႏွစ္၊ ေတာ္ဇြန္းအားလႊာ (၁၄)ႏွစ္၊ ေနာ္ဂ်ဴးေမာင္ခမ္း (၁၅)ႏွစ္၊ ဆာ့ဒိန္း (၁၇)ႏွစ္၊ ေဖာ ရိတ္ (၂၂)ႏွစ္၊ ဘူညာ (၁၇)ႏွစ္၊ အစ္စမိုင္ (၂၄)ႏွစ္၊ ခန္းေမာင္ေခ် (၁၈) ႏွစ္၊ေနာစစ္ဟာမြန္ (၁၆) ႏွစ္၊ အားဒူးကုိယြမ္ဘား (၁၅)ႏွစ္၊ အာဒီႏူးယူး (၁၈)ႏွစ္၊ အာမင္ဟူစိန္ (၁၇)ႏွစ္တို႔ျဖစ္သည္။ ၎တို႔သည္ ဗမာစကားမေျပာတတ္သျဖင့္ ပတ္၀န္းက်င္၏ သတင္းေပးခ်က္အရ ဒိုင္၀န္းကြင္း  နယ္ေျမရဲစခန္းမွ ရဲအုပ္ေအာင္ေက်ာ္ေထြးႏွင့္ တပ္ဖဲြ႕၀င္မ်ား၊ သက္ေသမ်ားႏွင့္အတူ ေအာက္တိုဘာ ၁၇ ရက္က ေမာ္လၿမိဳင္ၿမိဳ႕ အေ၀းေျပးကား ကြင္းသုိ႔ သြားေရာက္စစ္ေဆးကာ ဖမ္းဆီးခဲ့ေၾကာင္း ဒုိင္၀န္းကြင္း နယ္ေျမရဲစခန္းမွ သိရသည္။

‘‘သူတုိ႔ေတြ ဘယ္ကုိသြား မယ္ဆုိတာ အတိအက်စစ္ေမးလုိ႔ မရဘူး။ ရဲအေရးပုိင္တဲ့ အမႈမ ဟုတ္လို႔ ဒီ ၁၂ ဦးကို လ၀က ကို လႊဲေျပာင္းေပးသြားမယ္’’ဟု ေမာ္ လၿမိဳင္ၿမိဳ႕ ဒိုင္၀န္းကြင္းနယ္ေျမ ရဲ စခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

‘‘ရဲက ကၽြန္ေတာ္တုိ႔ကို လႊဲ ထားၿပီးၿပီ။ လက္ရွိအေနအထား အရ ၿမိဳ႕နယ္တရား႐ံုးမွာ ဒီကိစၥကုိ ဦးတိုက္ေလွ်ာက္ထားတယ္။ သူ တုိ႔ကို လ၀က ဥပေဒနဲ႔ အေရးယူ မယ္’’ဟု မြန္ျပည္နယ္ လူ၀င္မႈႀကီး ၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ၀န္ ႀကီးဌာန၀န္ႀကီး ဦး၀ဏၰေက်ာ္က ေျပာသည္။

ဖမ္းဆီးထားသည့္ ဘဂၤါလီ ၁၂ ဦးကုိ ၁၉၄၉ ျပည္ေထာင္စု ျမန္မာႏုိင္ငံအတြင္း ေနထိုင္သူ မ်ား မွတ္ပံုတင္အက္ဥပေဒပုဒ္မ (၂)/၆ (၃) အရ ေမာ္လၿမိဳင္ၿမိဳ႕ နယ္ တရား႐ံုးတြင္ တရားစဲြဆုိ ထားေၾကာင္း ျပည္နယ္လူ၀င္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဦးစီးမွဴး႐ံုးမွ ျပည္နယ္ၫႊန္ၾကား ေရးမွဴး ဦးရွိန္၀င္းက ဆုိသည္။

ဘဂၤါလီမ်ားကို လ၀က အက္ဥပေဒျဖင့္ တရားစဲြဆုိပါက အမ်ားဆံုး ေထာင္ဒဏ္ ၂ ႏွစ္မွ အနည္းဆံုး ေငြဒဏ္ ခ်မွတ္ႏုိင္ ေၾကာင္း ဦးရွိန္၀င္းက ေျပာသည္။

က်ိဳက္ထိုၿမိဳ႕နယ္တြင္ တရား မ၀င္ေရာက္ရွိလာသည့္ ဘဂၤါလီ ကိုးဦး၊ သံျဖဴဇရပ္ၿမိဳ႕နယ္တြင္ ႏွစ္ဦးကုိ ဖမ္းဆီးအေရးယူထား ေၾကာင္း ျပည္နယ္လူ၀င္မႈႀကီး ၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဦးစီးမွဴး႐ံုးမွ သတင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily


#Unicode Version

မွန်ပြည်နယ် မော်လမြိုင် မြို့တွင် ရခိုင်ပြည်နယ်ဘက်မှ တရားမဝင် ရောက်လာသည့် ဘင်္ဂါလီ ၁၂ ဦးကို ဖမ်းမိထား ကြောင်း ဒိုင်ဝန်းကွင်းနယ်မြေ ရဲ စခန်းမှ သတင်းရရှိသည်။


ယင်း ၁၂ ဦး ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နှင့်မြောက် ဦးမြို့နယ်တို့မှ ဟာဘီဆို ဒါ (၁၅)နှစ်၊ တော်ဇွန်းအားလွှာ (၁၄)နှစ်၊ နော်ဂျူးမောင်ခမ်း (၁၅)နှစ်၊ ဆာ့ဒိန်း (၁၇)နှစ်၊ ဖော ရိတ် (၂၂)နှစ်၊ ဘူညာ (၁၇)နှစ်၊ အစ်စမိုင် (၂၄)နှစ်၊ ခန်းမောင်ချေ (၁၈) နှစ်၊နောစစ်ဟာမွန် (၁၆) နှစ်၊ အားဒူးကိုယွမ်ဘား (၁၅)နှစ်၊ အာဒီနူးယူး (၁၈)နှစ်၊ အာမင်ဟူစိန် (၁၇)နှစ်တို့ဖြစ်သည်။ ၎င်းတို့သည် ဗမာစကားမပြောတတ်သဖြင့် ပတ်ဝန်းကျင်၏ သတင်းပေးချက်အရ ဒိုင်ဝန်းကွင်း  နယ်မြေရဲစခန်းမှ ရဲအုပ်အောင်ကျော်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ အောက်တိုဘာ ၁၇ ရက်က မော်လမြိုင်မြို့ အဝေးပြေးကား ကွင်းသို့ သွားရောက်စစ်ဆေးကာ ဖမ်းဆီးခဲ့ကြောင်း ဒိုင်ဝန်းကွင်း နယ်မြေရဲစခန်းမှ သိရသည်။

‘‘သူတို့တွေ ဘယ်ကိုသွား မယ်ဆိုတာ အတိအကျစစ်မေးလို့ မရဘူး။ ရဲအရေးပိုင်တဲ့ အမှုမ ဟုတ်လို့ ဒီ ၁၂ ဦးကို လဝက ကို လွှဲပြောင်းပေးသွားမယ်’’ဟု မော် လမြိုင်မြို့ ဒိုင်ဝန်းကွင်းနယ်မြေ ရဲ စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ရဲက ကျွန်တော်တို့ကို လွှဲ ထားပြီးပြီ။ လက်ရှိအနေအထား အရ မြို့နယ်တရားရုံးမှာ ဒီကိစ္စကို ဦးတိုက်လျှောက်ထားတယ်။ သူ တို့ကို လဝက ဥပဒေနဲ့ အရေးယူ မယ်’’ဟု မွန်ပြည်နယ် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန် ကြီးဌာနဝန်ကြီး ဦးဝဏ္ဏကျော်က ပြောသည်။

ဖမ်းဆီးထားသည့် ဘင်္ဂါလီ ၁၂ ဦးကို ၁၉၄၉ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူ များ မှတ်ပုံတင်အက်ဥပဒေပုဒ်မ (၂)/၆ (၃) အရ မော်လမြိုင်မြို့ နယ် တရားရုံးတွင် တရားစွဲဆို ထားကြောင်း ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံးမှ ပြည်နယ်ညွှန်ကြား ရေးမှူး ဦးရှိန်ဝင်းက ဆိုသည်။

ဘင်္ဂါလီများကို လဝက အက်ဥပဒေဖြင့် တရားစွဲဆိုပါက အများဆုံး ထောင်ဒဏ် ၂ နှစ်မှ အနည်းဆုံး ငွေဒဏ် ချမှတ်နိုင် ကြောင်း ဦးရှိန်ဝင်းက ပြောသည်။

ကျိုက်ထိုမြို့နယ်တွင် တရား မဝင်ရောက်ရှိလာသည့် ဘင်္ဂါလီ ကိုးဦး၊ သံဖြူဇရပ်မြို့နယ်တွင် နှစ်ဦးကို ဖမ်းဆီးအရေးယူထား ကြောင်း ပြည်နယ်လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံးမှ သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top