Kantharyar Centre
×

ပတ္ဝန္းက်င္မွာ သင္ဘယ္လုိေနထုိင္သြားလာပါသလဲ။ သင့္ရဲ႕လႈပ္ ရွားျပဳမူတုိင္းကုိ လူတုိင္းက သတိထားၾကည့္မိၿပီး စိတ္ဝင္တစားနဲ႔ ခ်စ္ခင္ေစဖုိ႔ကလည္း လြယ္ကူသလုိ၊ လူတုိင္းက သင့္ကုိၾကည့္တာ နဲ႔ စိတ္ပ်က္ၿပီး မ်က္ႏွာလႊဲသြားေစႏုိင္ဖုိ႔ကလည္း အရမ္းကုိအလြယ္ တကူပဲ ျဖစ္ေစႏုိင္ပါတယ္။ တစ္ခါတစ္ေလမွာေတာင္ ကုိယ္တုိင္သ တိမထားမိလုိက္တဲ့ အျပဳအမူေတြေၾကာင့္ ပတ္ဝန္းက်င္က လူေတြ ရဲ႕ အထင္ေသးၿပီးႏွာေခါင္းရႈံ႕ျခင္းကုိ ခံရတတ္ပါတယ္။ ဒါ့ေၾကာင့္မုိ႔ လုိ႔ ပတ္ဝန္းက်င္မွာ လူအထင္ေသး၊ စိတ္ပ်က္ျခင္းကုိမခံရဖုိ႔အ တြက္ေရွာင္ရွားသင့္တဲ့ အျပဳအမူေလးေတြကုိ သတိထားဆင္ျခင္ဖုိ႔ ေဖာ္ျပေပးပါတယ္။

၁။ မုိဘုိင္းဖုန္းနဲ႔ နည္းပညာပစၥည္းေတြ အသံုးမ်ားလာတဲ့ ေခတ္မွာ လူအခ်င္းခ်င္း ေလးစားသမႈေတြ ေပ်ာက္သြားေစတဲ့ အဆိုးရြားဆံုး အရာေတြကေတာ့ ဒီဖုန္းနဲ႔ နည္းပညာပစၥည္းေတြပါပဲ။ တစ္ဖက္လူ ရဲ႕ စကားအေျပာအဆုိေတြကုိ စိတ္ပါဝင္စားျခင္းမရွိပဲ ဖုန္းပစၥည္း ေပၚေတြကုိပဲ အာရံုေရာက္ေနမယ္ဆုိရင္ တစ္ဖက္လူအေပၚ စိတ္ ပ်က္ေစၿပီး ေလးစားမႈမရွိရာေရာက္ေစပါတယ္။ ဒါ့ေၾကာင့္မုိ႔လုိ႔ အေပါင္းအသင္း၊ မိတ္ေဆြ၊ မိသားစုေတြနဲ႔ အတူရွိခုိက္၊ အတူစံု ခုိက္အခ်ိန္မွာ ဖုန္းေတြေပၚ အာရံုေရာက္ျခင္းကုိ ေရွာင္ပါ။

၂။ အမ်ားျပည္သူသံုး ေနရာေတြ၊ ဘတ္စ္ကားေပၚေတြ၊ ယာဥ္ေပၚ ေတြမွာ စကားက်ယ္ေလာင္ေျပာဆုိျခင္းေတြကုိ ေရွာင္ရွားပါ။ မိမိ တစ္ဦးတည္း ရွိေနတာမဟုတ္လုိ႔ ပတ္ဝန္းက်င္ လူမ်ားစြာရွိေနႏုိင္ တယ္ဆုိတာ သတိထားပါ။ မိမိရဲ႕တစ္ကုိယ္ရည္ အေၾကာင္းအရင္း ေၾကာင့္ ဆူညံမႈေတြျပဳလုပ္မယ္ဆုိရင္ ပတ္ဝန္းက်င္က လူေတြကုိ အေႏွာင့္အယွက္ျဖစ္ေစၿပီး မိမိကုိ အထင္ေသးရာလည္း ေရာက္ပါ တယ္။

၃။ အမ်ားျပည္သူအသံုးျပဳတဲ့ ေနရာေတြမွာ တစ္ကုိယ္ရည္အသံုး ျပဳမယ့္ ေနရာအတြက္ ေနရာက်ယ္က်ယ္ယူထားၿပီး တစ္ကုိယ္ ေကာင္းဆန္တဲ့ အျပဳအမူေတြကို ေရွာင္ရွားပါ။ မိမိ တစ္ကုိယ္ ေကာင္းစားဖုိ႔အတြက္ တျခားသူေတြကုိ မငဲ့ၾကည့္ ဒုကၡေရာက္ေစ တဲ့လူက ပတ္ဝန္းက်င္အတြက္ လူေကာင္းတစ္ေယာက္ မျဖစ္ႏုိင္ ေတာ့ပါဘူး။ ကုိယ္ခ်င္းစာတရားနဲ႔ တစ္ပါးသူေတြကုိ ငဲ့ညာၾကည့္ တတ္တဲ့ စိတ္ထားမ်ိဳးကုိ ထားသင့္ပါတယ္။

၄။ အစားအေသာက္စားတဲ့အခါ ဆူညံသံေတြ ထြက္လာတာမ်ိဳးေတြ ကုိ သတိထားဆင္ျခင္ပါ။ ဇြန္းသံ၊ ပန္းကန္သံ၊ အစားအေသာက္ ဝါး တဲ့အသံေတြက တကယ္ပဲ ပတ္ဝန္းက်င္ကုိ အေႏွာင့္အယွက္ေျဖေစ ပါတယ္။ အငမ္းမရနဲ႔ ပလုပ္ပေလာင္း စားေသာက္ျခင္းက အျခားသူ ေတြအတြက္ စိတ္ပ်က္ေစရတဲ့ အမူအရာေတြပါပဲ။

၅။ မိမိေျပာဆုိခဲ့တဲ့ စကားနဲ႔အေၾကာင္းအရာအေပၚ အာရံုစိုက္မွတ္ ထားပါ။ လက္လြတ္စပယ္ေျပာလုိက္တဲ့ စကားေတြ၊ အာရံုမရွိပဲ ေျပာ လုိက္တဲ့ စကားေတြေၾကာင့္ တစ္ဖက္လူအေပၚ စိတ္အေႏွာင့္အ ယွက္ျဖစ္သြားေစႏုိင္တယ္ဆုိတာ သတိထားပါ။ ေျပာလုိက္တဲ့စကား တုိင္းရဲ႕အေၾကာင္းအရာ ကုိယ္တုိင္ေလးနက္စြာသိရွိၿပီးမွ ေျပာတာ ေကာင္းပါတယ္။ တစ္ဖက္သား ထိခုိက္နစ္နာမယ့္ စကားမ်ိဳးေတြကုိ  လည္း လံုးဝေရွာင္ရွားသင့္ပါတယ္။

၆။ ပီေကမႈတ္ျခင္း၊ အသံျမည္ေအာင္ လုပ္ျခင္းေတြက တကယ့္ကုိ စိတ္ပ်က္ၿပီး အထင္ေသးစရာေကာင္းတဲ့ အမူအက်င့္ေတြပါပဲ။ ပတ္ ဝန္းက်င္က မိမိအေပၚေလးစားတဲ့စိတ္ေတြေလ်ာ့က်သြားၿပီး အထင္ ေသး၊ အျမင္ေသးႏုိင္တဲ့ အျမင္ေတြနဲ႔ ၾကည့္တာကုိ ခံရႏိုင္ပါတယ္။ ပါးစပ္ကေန တေဖ်ာက္ေဖ်ာက္ ျမည္ေအာင္ ပီေကဝါးျခင္းက ဂ်စ္ပစီ တစ္ေယာက္ရဲ႕ အမူအက်င့္ေတြလုိ႔ လူတုိင္းက သတ္မွတ္ထားၾက တာေၾကာင့္လည္း ျဖစ္ပါတယ္။

၇။ လက္သည္းကုိက္ျခင္း၊ လက္ေဖ်ာက္ခ်ိဳးျခင္းကလည္း လူေတြ ၾကားထဲမွာဆုိးရြားတဲ့ အျပဳအမူေတြ ျဖစ္ေစပါတယ္။ လက္ေခ်ာင္း လက္သည္းကုိ သြားနဲ႔ကိုက္ေနတာကုိ တကယ့္ကုိစိတ္ပ်က္ၿပီး ရံြစ ရာေကာင္းတဲ့ အျပဳအမူပါပဲ။ လူၾကားထဲ လက္ေခ်ာင္းေတြကုိ တစ္ ေဖ်ာက္ေဖ်ာက္နဲ႔ ခ်ိဳးေနတာက တကယ့္ကုိ စိတ္ပ်က္စရာေကာင္းပါ တယ္။ မၾကာခဏလက္ခ်ိဳးတဲ့ အသံေတြေၾကာင့္ ေဘးပတ္ဝန္း က်င္က လူေတြကုိ အေႏွာင့္အယွက္ျဖစ္ေစပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

#Unicode Version

ပတ်ဝန်းကျင်မှာ သင်ဘယ်လိုနေထိုင်သွားလာပါသလဲ။ သင့်ရဲ့လှုပ် ရှားပြုမူတိုင်းကို လူတိုင်းက သတိထားကြည့်မိပြီး စိတ်ဝင်တစားနဲ့ ချစ်ခင်စေဖို့ကလည်း လွယ်ကူသလို၊ လူတိုင်းက သင့်ကိုကြည့်တာ နဲ့ စိတ်ပျက်ပြီး မျက်နှာလွှဲသွားစေနိုင်ဖို့ကလည်း အရမ်းကိုအလွယ် တကူပဲ ဖြစ်စေနိုင်ပါတယ်။ တစ်ခါတစ်လေမှာတောင် ကိုယ်တိုင်သ တိမထားမိလိုက်တဲ့ အပြုအမူတွေကြောင့် ပတ်ဝန်းကျင်က လူတွေ ရဲ့ အထင်သေးပြီးနှာခေါင်းရှုံ့ခြင်းကို ခံရတတ်ပါတယ်။ ဒါ့ကြောင့်မို့ လို့ ပတ်ဝန်းကျင်မှာ လူအထင်သေး၊ စိတ်ပျက်ခြင်းကိုမခံရဖို့အ တွက်ရှောင်ရှားသင့်တဲ့ အပြုအမူလေးတွေကို သတိထားဆင်ခြင်ဖို့ ဖော်ပြပေးပါတယ်။

၁။ မိုဘိုင်းဖုန်းနဲ့ နည်းပညာပစ္စည်းတွေ အသုံးများလာတဲ့ ခေတ်မှာ လူအချင်းချင်း လေးစားသမှုတွေ ပျောက်သွားစေတဲ့ အဆိုးရွားဆုံး အရာတွေကတော့ ဒီဖုန်းနဲ့ နည်းပညာပစ္စည်းတွေပါပဲ။ တစ်ဖက်လူ ရဲ့ စကားအပြောအဆိုတွေကို စိတ်ပါဝင်စားခြင်းမရှိပဲ ဖုန်းပစ္စည်း ပေါ်တွေကိုပဲ အာရုံရောက်နေမယ်ဆိုရင် တစ်ဖက်လူအပေါ် စိတ် ပျက်စေပြီး လေးစားမှုမရှိရာရောက်စေပါတယ်။ ဒါ့ကြောင့်မို့လို့ အပေါင်းအသင်း၊ မိတ်ဆွေ၊ မိသားစုတွေနဲ့ အတူရှိခိုက်၊ အတူစုံ ခိုက်အချိန်မှာ ဖုန်းတွေပေါ် အာရုံရောက်ခြင်းကို ရှောင်ပါ။

၂။ အများပြည်သူသုံး နေရာတွေ၊ ဘတ်စ်ကားပေါ်တွေ၊ ယာဉ်ပေါ် တွေမှာ စကားကျယ်လောင်ပြောဆိုခြင်းတွေကို ရှောင်ရှားပါ။ မိမိ တစ်ဦးတည်း ရှိနေတာမဟုတ်လို့ ပတ်ဝန်းကျင် လူများစွာရှိနေနိုင် တယ်ဆိုတာ သတိထားပါ။ မိမိရဲ့တစ်ကိုယ်ရည် အကြောင်းအရင်း ကြောင့် ဆူညံမှုတွေပြုလုပ်မယ်ဆိုရင် ပတ်ဝန်းကျင်က လူတွေကို အနှောင့်အယှက်ဖြစ်စေပြီး မိမိကို အထင်သေးရာလည်း ရောက်ပါ တယ်။

၃။ အများပြည်သူအသုံးပြုတဲ့ နေရာတွေမှာ တစ်ကိုယ်ရည်အသုံး ပြုမယ့် နေရာအတွက် နေရာကျယ်ကျယ်ယူထားပြီး တစ်ကိုယ် ကောင်းဆန်တဲ့ အပြုအမူတွေကို ရှောင်ရှားပါ။ မိမိ တစ်ကိုယ် ကောင်းစားဖို့အတွက် တခြားသူတွေကို မငဲ့ကြည့် ဒုက္ခရောက်စေ တဲ့လူက ပတ်ဝန်းကျင်အတွက် လူကောင်းတစ်ယောက် မဖြစ်နိုင် တော့ပါဘူး။ ကိုယ်ချင်းစာတရားနဲ့ တစ်ပါးသူတွေကို ငဲ့ညာကြည့် တတ်တဲ့ စိတ်ထားမျိုးကို ထားသင့်ပါတယ်။

၄။ အစားအသောက်စားတဲ့အခါ ဆူညံသံတွေ ထွက်လာတာမျိုးတွေ ကို သတိထားဆင်ခြင်ပါ။ ဇွန်းသံ၊ ပန်းကန်သံ၊ အစားအသောက် ဝါး တဲ့အသံတွေက တကယ်ပဲ ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြေစေ ပါတယ်။ အငမ်းမရနဲ့ ပလုပ်ပလောင်း စားသောက်ခြင်းက အခြားသူ တွေအတွက် စိတ်ပျက်စေရတဲ့ အမူအရာတွေပါပဲ။

၅။ မိမိပြောဆိုခဲ့တဲ့ စကားနဲ့အကြောင်းအရာအပေါ် အာရုံစိုက်မှတ် ထားပါ။ လက်လွတ်စပယ်ပြောလိုက်တဲ့ စကားတွေ၊ အာရုံမရှိပဲ ပြော လိုက်တဲ့ စကားတွေကြောင့် တစ်ဖက်လူအပေါ် စိတ်အနှောင့်အ ယှက်ဖြစ်သွားစေနိုင်တယ်ဆိုတာ သတိထားပါ။ ပြောလိုက်တဲ့စကား တိုင်းရဲ့အကြောင်းအရာ ကိုယ်တိုင်လေးနက်စွာသိရှိပြီးမှ ပြောတာ ကောင်းပါတယ်။ တစ်ဖက်သား ထိခိုက်နစ်နာမယ့် စကားမျိုးတွေကို  လည်း လုံးဝရှောင်ရှားသင့်ပါတယ်။

၆။ ပီကေမှုတ်ခြင်း၊ အသံမြည်အောင် လုပ်ခြင်းတွေက တကယ့်ကို စိတ်ပျက်ပြီး အထင်သေးစရာကောင်းတဲ့ အမူအကျင့်တွေပါပဲ။ ပတ် ဝန်းကျင်က မိမိအပေါ်လေးစားတဲ့စိတ်တွေလျော့ကျသွားပြီး အထင် သေး၊ အမြင်သေးနိုင်တဲ့ အမြင်တွေနဲ့ ကြည့်တာကို ခံရနိုင်ပါတယ်။ ပါးစပ်ကနေ တဖျောက်ဖျောက် မြည်အောင် ပီကေဝါးခြင်းက ဂျစ်ပစီ တစ်ယောက်ရဲ့ အမူအကျင့်တွေလို့ လူတိုင်းက သတ်မှတ်ထားကြ တာကြောင့်လည်း ဖြစ်ပါတယ်။

၇။ လက်သည်းကိုက်ခြင်း၊ လက်ဖျောက်ချိုးခြင်းကလည်း လူတွေ ကြားထဲမှာဆိုးရွားတဲ့ အပြုအမူတွေ ဖြစ်စေပါတယ်။ လက်ချောင်း လက်သည်းကို သွားနဲ့ကိုက်နေတာကို တကယ့်ကိုစိတ်ပျက်ပြီး ရွံစ ရာကောင်းတဲ့ အပြုအမူပါပဲ။ လူကြားထဲ လက်ချောင်းတွေကို တစ် ဖျောက်ဖျောက်နဲ့ ချိုးနေတာက တကယ့်ကို စိတ်ပျက်စရာကောင်းပါ တယ်။ မကြာခဏလက်ချိုးတဲ့ အသံတွေကြောင့် ဘေးပတ်ဝန်း ကျင်က လူတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top