Property Expo
×

အလွကုန္ေၾကာ္ျငာ႐ိုက္ကူးေနစဥ္မွာ ေဖာ္ခၽြတ္အစၥေရးေမာ္ဒယ္တစ္ဦးရဲ႕ ရင္သားအတုကိုကိုက္မိလုိက္တဲ့ ေျမြတစ္ေကာင္ဟာ အဆိပ္မိၿပီးေသဆံုးသြားခဲ့ရပါတယ္။ ေနာက္ပိုင္းစစ္ေဆးခ်က္အရ ေမာ္ဒယ္ရဲ႕ ရင္သားကို ကိုက္မိခဲ့တဲ့ေျမြဟာ ဆီလီကြန္အဆိပ္တက္ၿပီး ေသဆံုးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ဒီျဖစ္ရပ္ကို ႐ိုက္ကူးထားတဲ့ ဗီဒီယုိုဖိုင္ဟာလည္း လူမႈကြန္ယက္မွာနာမည္ႀကီးလာပါတယ္။ အလွကုန္ကုမၸဏီတစ္ခုက အစၥေရးေမာ္ဒယ္ အိုရစ္ေဖာက္စ္နဲ႔ ေၾကာ္ျငာ႐ိုက္ကူးရာမွာ ေျမြတစ္ေကာင္ကို ထည့္သြင္းအသံုးျပဳခဲ့တာျဖစ္ပါတယ္။ ဗီဒီယုိ႐ုိက္ကူးေနစဥ္မွာ ေျမြဟာ အလွမယ္ရဲ႕ ပါးစပ္နားကေန ရင္ဘတ္နားကို ဆင္သြားၿပီး ရင္သားကို မလႊတ္တမ္းကိုက္မိလိုက္တာပါ။

ေျမြကိုက္ခံလိုက္ရတဲ့ေမာ္ဒယ္ဟာ အလန္႔တၾကားျဖစ္သြားၿပီးအနားကလူေတြ ကူညီေပးခဲ့ရပါတယ္။ ေနာက္ပိုင္းမွာ ေျမြကိုက္ခံရတဲ့ ေမာ္ဒယ္ကို အဆိပ္ေျဖေဆးနဲ႔ ပိုးသတ္ေဆးေတြထိုးၿပီး ကုသခဲ့ရပါတယ္။ ေျမြကေတာ့ ေမာ္ဒယ္ရဲ႕ ရင္သားတုကို ကိုက္မိတာေၾကာင့္ ဆီလီကြန္ အဆိပ္တက္ၿပီးေသဆံုးသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အလှကုန်ကြော်ငြာရိုက်ကူးနေစဉ်မှာ ဖော်ချွတ်အစ္စရေးမော်ဒယ်တစ်ဦးရဲ့ ရင်သားအတုကိုကိုက်မိလိုက်တဲ့ မြွေတစ်ကောင်ဟာ အဆိပ်မိပြီးသေဆုံးသွားခဲ့ရပါတယ်။ နောက်ပိုင်းစစ်ဆေးချက်အရ မော်ဒယ်ရဲ့ ရင်သားကို ကိုက်မိခဲ့တဲ့မြွေဟာ ဆီလီကွန်အဆိပ်တက်ပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဟာလည်း လူမှုကွန်ယက်မှာနာမည်ကြီးလာပါတယ်။ အလှကုန်ကုမ္ပဏီတစ်ခုက အစ္စရေးမော်ဒယ် အိုရစ်ဖောက်စ်နဲ့ ကြော်ငြာရိုက်ကူးရာမှာ မြွေတစ်ကောင်ကို ထည့်သွင်းအသုံးပြုခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးနေစဉ်မှာ မြွေဟာ အလှမယ်ရဲ့ ပါးစပ်နားကနေ ရင်ဘတ်နားကို ဆင်သွားပြီး ရင်သားကို မလွှတ်တမ်းကိုက်မိလိုက်တာပါ။

မြွေကိုက်ခံလိုက်ရတဲ့မော်ဒယ်ဟာ အလန့်တကြားဖြစ်သွားပြီးအနားကလူတွေ ကူညီပေးခဲ့ရပါတယ်။ နောက်ပိုင်းမှာ မြွေကိုက်ခံရတဲ့ မော်ဒယ်ကို အဆိပ်ဖြေဆေးနဲ့ ပိုးသတ်ဆေးတွေထိုးပြီး ကုသခဲ့ရပါတယ်။ မြွေကတော့ မော်ဒယ်ရဲ့ ရင်သားတုကို ကိုက်မိတာကြောင့် ဆီလီကွန် အဆိပ်တက်ပြီးသေဆုံးသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top