Property Expo
×




Credit: 7 day daily

#Unicode Version

၂၀၁၄ လူဦးရေနဲ့ အိမ်အကြောင်း အရာသန်းခေါင်စာရင်းကို အခြေခံပြီး ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA)ထုတ်ပြန်ခဲ့တဲ့ မွေးဖွားနှုန်းနဲ့ လက်ထပ်ထိမ်းမြား တဲ့ကဏ္ဍ အစီရင်ခံစာအရ မြန်မာနိုင်ငံက အိမ်ထောင်မပြုတဲ့ အမျိုးသမီးအရေအတွက်က အရှေ့တောင်အာရှမှာ ဒုတိယအများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။

အစီရင်ခံစာအရ အသက်(၅၀)အရွယ်အထိ အိမ်ထောင်မပြုတဲ့ အမျိုးသမီးဦးရေက ၁၂ ရာခိုင်နှုန်းရှိနေပြီး အရှေ့တောင်အာရှမှာ စင်ကာပူက ၁၃ ရာခိုင်နှုန်းရှိနေကာ မြန်မာနိုင်ငံက ဒုတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၉ ရက်က ထုတ်ပြန်ခဲ့တဲ့ ဒီအစီရင်ခံစာအရ  မြန်မာအမျိုးသမီးတွေက ကလေးမွေးဖွားနှုန်းမြင့်နေပြီး အိမ်ထောင်မပြုတဲ့ အရေအတွက်များနေတာတွေဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာအမျိုးသမီးတွေ အိမ်ထောင်မပြုတဲ့ အရေအတွက်က အရှေ့တောင်အာရှဒေသတွင်း နိုင်ငံများဖြစ်တဲ့ လာအိုနိုင်ငံထက် လေးဆ၊ ကမ္ဘောဒီးယားနဲ့  ဗီယက်နမ်နိုင်ငံတို့ထက်  နှစ်ဆမျှ မြင့်မားနေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top