iMyanmarHouse.com - Best Property Website for Myanmar
×

 အလုပ်ဆင်းရက်တွေမှာ မနက်အိပ်ရာထတိုင်း လုပ်ဆောင်ရမယ့် အချက်တစ်ခုက အလုပ်သွားတဲ့အခါ လန်းလန်းဆန်းဆန်းနဲ့ နိုးကြားတက်ကြွနေဖို့ပါပဲ။ ယောဂကျင့်စဉ်အကြောင်း နားလည်တတ်ကျွမ်းသူ Sunaina Rekhi မှ ထောက်ခံချက်ပေးထားတဲ့ ဒီကိုယ်ဟန်အနေအထားတွေက သင့်ကို တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေစေပါလိမ့်မယ်။ ဒီပုံမှန်အလေ့အကျင့်တွေရဲ့ အကောင်းဆုံးအချက်က သင့်အိပ်ရာထဲမှာတင် လုပ်နိုင်တယ်ဆိုတာပါပဲ။

၁။ နံရံကပ် ခြေထောက်မတ်ထောင်ခြင်း


တကယ်လို့ အိပ်ယာထဖို့ သိပ်ပျင်းနေတယ်ဆိုရင် ဒီကိုယ်ဟန်အနေအထားကို လုပ်ဆောင်ပါ။ တင်ပါးတွေ ချောင်ချိလာပြီး သွေးလည်ပတ်မှု တိုးတက်ကောင်းမှုစေပါလိမ့်မယ်။ ဒီအနေအထားတိုင်းနေပြီး အသက်ကို ၈ကြိမ်ကနေ - ၁၀ ကြိမ်ရှူရှိုက်ပါ။

၂။ ပေါင်းကူးတံတားပုံစံ အနေအထား


ပေါင်းကူးတံတားပုံစံ ကိုယ်ဟန်အနေအထားကဲ့သို့သော ကျောရိုးချိုးပေးလိုက်ခြင်းက အာရုံကြောနဲ့ သွေးထဲဟော်မုန်း ပို့လွှတ်မှုစနစ်ကို လှုံ့ဆော်နိုးဆွပေးတယ်၊ ဇီဝတွင်းဖြစ်ပျက်မှု ဖျတ်လတ်ပြီး အားအင် အမြန် ရရှိစေပါတယ်။ ဒီအနေအထားအတိုင်း ၂ - ၃ မိနစ်နေပြီး အသက်ပုံမှန်လေး ရှူရိုက်ပါ။

၃။ ဘိုးတံပုံစံ ကိုယ်နေဟန်ထား


ဒီကိုယ်ဟန်အနေအထားက နှလုံးဖွင့်စေပြီး အာရုံကြောစနစ် လှုံ့ဆော်ပေးကာ ပိုမိုနိုးကြားပြီး အားအင်မြှင့်တင်ပေးပါတယ်။ အနေအထားအတိုင်း  ထိန်းနိုင်သလောက်ထိန်းပြီး အသက်ဖြည်းဖြည်းချင်း ရှူရှိုက်ပေးရပါမယ်။

၎။ ကိုယ်လုံးရှေ့ညွတ်ထိုင်ခြင်း


ဒီအနေအထားက နောက်ကျောတင်းမာမှု လျော့ကျစေပြီး လန်းဆန်းတက်ကြွစေပါလိမ့်မယ်။ အဲဒီအနေအထားအတိုင်း ၅မိနစ်ကနေ - ၈ မိနစ်ထိထားပြီး အသက်ဖြည်းဖြည်းရှူပါ။

၅။ ကလေးကဲ့သို့ လေးဘက်ထောက်အနေအထား

ဒါလေးက အလွယ်ဆုံးနဲ့ အသက်သာဆုံး ယောဂကျင့်စဉ်တစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒီကိုယ်နေဟန်ထားက ခြေထောက်အောက်ပိုင်းနဲ့ လက်မောင်းတွေ အညောင်းဆန့်ပေးပါတယ်။ အသက်ပုံမှန်ရှူရင်း စက္ကန့် ၃၀ နေပေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top