Kantharyar Centre
×

ရခိုင္ျပည္နယ္အတြင္းျဖစ္ပြားခဲ့သည့္ အၾကမ္းဖက္စီးနင္း တိုက္ခိုက္မႈျဖစ္ စဥ္မ်ားေၾကာင့္ ေဒသတည္ၿငိမ္ ေအးခ်မ္းေရး အတြက္ တပ္မေတာ္ စစ္ေၾကာင္းမ်ားက နယ္ေျမရွင္းလင္း လ်က္ရွိရာ ယေန႔မြန္းလြဲ ၂ နာရီခြဲခန္႔ တြင္ ေမာင္ေတာၿမိဳ႕နယ္ ေျပာင္းပစ္ေက်း႐ြာ၏ အေရွ႕ဘက္ မီတာ ၅၀၀ ခန္႔ ေနရာသို႔ တပ္မေတာ္စစ္ေၾကာင္းမွ ရွင္းလင္းစဥ္ ေတာင္ကုန္းေပၚ၌ အသင့္ေနရာယူထားေသာ အၾကမ္းဖက္ စီးနင္းတိုက္ခိုက္သူ အင္အား ၃၀ ခန္႔က လက္နက္ငယ္မ်ား၊ စက္ေသနတ္မ်ား ျဖင့္ တိုက္ခိုက္သျဖင့္ တပ္မေတာ္စစ္ေၾကာင္းက ျပန္လည္ ပစ္ခတ္ တိုက္ခိုက္ခဲ့သည္။

ထိုသို႔ အျပန္အလွန္ပစ္ခတ္ေနစဥ္ တပ္မေတာ္စစ္ ေၾကာင္း ေနရာယူထားသည့္ ေနရာ၏ ေျမာက္ဘက္ႏွင့္ အေနာက္ဘက္တို႔မွ အၾကမ္းဖက္စီးနင္းတိုက္ ခိုက္သူ အင္အား ၃၀၀ ခန္႔က လက္နက္ငယ္မ်ား၊ ဓားႏွင့္တုတ္မ်ား ကိုင္ေဆာင္၍ ထပ္မံတိုက္ခိုက္လာသျဖင့္ ျပန္လည္ပစ္ခတ္ တိုက္ခိုက္ခဲ့ရာ အၾကမ္းဖက္စီးနင္းတိုက္ခိုက္သူမ်ား အေနာက္ ဘက္သို႔ ဆုတ္ခြာထြက္ေျပးသြားသည္။

ျဖစ္စဥ္တြင္ အၾကမ္းဖက္စီးနင္းတိုက္ခိုက္သူမ်ားထံမွ အေလာင္း တစ္ေလာင္း၊ ေသနတ္ ႏွစ္လက္ႏွင့္ က်ည္အိမ္ ႏွစ္ခုတို႔အား သိမ္းဆည္းရမိခဲ့ၿပီး တပ္မေတာ္မွ ေသနတ္ ႏွစ္လက္ ေပ်ာက္ဆုံးကာ စစ္သည္တစ္ဦး ဒဏ္ရာရရွိၿပီး စစ္သည္ေလးဦး ႏိုင္ငံေတာ္အတြက္ အသက္ေပးစြန္႔လႊတ္ ခဲ့ရသည္။

အဆိုပါျဖစ္စဥ္ ျဖစ္ပြားရာ အနီးတစ္ဝိုက္ႏွင့္ ပတ္ဝန္းက်င္ေက်း႐ြာမ်ားအား တပ္မေတာ္စစ္ေၾကာင္းမ်ားက ဆက္လက္နယ္ေျမရွင္းလင္းလ်က္ရွိေၾကာင္း သတင္း ရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ျမ၀တီ

#Unicode Version
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ် စဉ်များကြောင့် ဒေသတည်ငြိမ် အေးချမ်းရေး အတွက် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း လျက်ရှိရာ ယနေ့မွန်းလွဲ ၂ နာရီခွဲခန့် တွင် မောင်တောမြို့နယ် ပြောင်းပစ်ကျေးရွာ၏ အရှေ့ဘက် မီတာ ၅၀၀ ခန့် နေရာသို့ တပ်မတော်စစ်ကြောင်းမှ ရှင်းလင်းစဉ် တောင်ကုန်းပေါ်၌ အသင့်နေရာယူထားသော အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ အင်အား ၃၀ ခန့်က လက်နက်ငယ်များ၊ စက်သေနတ်များ ဖြင့် တိုက်ခိုက်သဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ထိုသို့ အပြန်အလှန်ပစ်ခတ်နေစဉ် တပ်မတော်စစ် ကြောင်း နေရာယူထားသည့် နေရာ၏ မြောက်ဘက်နှင့် အနောက်ဘက်တို့မှ အကြမ်းဖက်စီးနင်းတိုက် ခိုက်သူ အင်အား ၃၀၀ ခန့်က လက်နက်ငယ်များ၊ ဓားနှင့်တုတ်များ ကိုင်ဆောင်၍ ထပ်မံတိုက်ခိုက်လာသဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများ အနောက် ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားသည်။

ဖြစ်စဉ်တွင် အကြမ်းဖက်စီးနင်းတိုက်ခိုက်သူများထံမှ အလောင်း တစ်လောင်း၊ သေနတ် နှစ်လက်နှင့် ကျည်အိမ် နှစ်ခုတို့အား သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်မှ သေနတ် နှစ်လက် ပျောက်ဆုံးကာ စစ်သည်တစ်ဦး ဒဏ်ရာရရှိပြီး စစ်သည်လေးဦး နိုင်ငံတော်အတွက် အသက်ပေးစွန့်လွှတ် ခဲ့ရသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားရာ အနီးတစ်ဝိုက်နှင့် ပတ်ဝန်းကျင်ကျေးရွာများအား တပ်မတော်စစ်ကြောင်းများက ဆက်လက်နယ်မြေရှင်းလင်းလျက်ရှိကြောင်း သတင်း ရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:မြဝတီ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top