Property Expo
×

 ၁၉၉၅ ေမာ္ဒယ္ေအာက္ ခရီးသည္တင္ယာဥ္မ်ားကို ယာဥ္ အိုယာဥ္ေဟာင္းအျဖစ္ အပ္ႏွံပါ က လူစီးယာဥ္စလစ္ထုတ္ေပး မည့္အစီအစဥ္ကို ႏိုဝင္ဘာပထမ ပတ္အတြင္း     စတင္မည္ျဖစ္ ေၾကာင္း အမ်ားျပည္သူ သယ္ယူ ပို႔ေဆာင္ေရး အာဏာပိုင္အဖြဲ႕ကထုတ္ျပန္သည္။

ရန္ကုန္တုိင္းေဒသႀကီး အစိုးရအဖြဲ႕၏ အႀကံျပဳကမ္းလွမ္းခ်က္ မ်ားအရ   ေမာ္ေတာ္ယာဥ္တင္ သြင္းမႈဆုိင္ရာ  ႀကီးၾကပ္မႈေကာ္ မတီက အဆုိပါအစီအစဥ္ကို လုပ္ ေဆာင္ႏုိင္ရန္ ကညနႏွင့္ ညႇိႏိႈင္းမႈၿပီးစီးၿပီျဖစ္၍ အပ္ႏွံမႈကို ႏိုဝင္ ဘာပထမပတ္တြင္    စတင္မည္ ျဖစ္သည္။

စတင္အပ္ႏွံခြင့္ျပဳပါက ေမာ္ဒယ္အလိုက္ ခြဲျခား၍ စီနီယာအ လိုက္ လက္ခံမည္ျဖစ္ၿပီး ပထမ ဆံုးအသုတ္တြင္ ဘီအမ္ႏွင့္ ဒိုင္ နာကားအမ်ားစု ပါဝင္ႏုိင္ေၾကာင္းသိရသည္။


ရန္ကုန္ၿမိဳ႕တြင္ ခရီးသည္ တင္ ယာဥ္စီးေရ ၇,၀၀၀ ေက်ာ္ရွိ သည့္အနက္ ၁၉၉၅ ေမာ္ဒယ္ ေအာက္ ယာဥ္စီးေရမွာ ၁,၄၀၀ ေက်ာ္ရွိသည္ဟု သိရသည္။

‘‘ဦးစားေပးအေနနဲ႔ အသုတ္ လိုက္ခြဲၿပီး ေရွ႕လမွာ စမယ္။ မထသဆီကေန စာရင္းအတိအ က် ရထားပါၿပီ’’ဟု ေနျပည္ေတာ္ ကညနမွ ဒုတိယၫႊန္ၾကားေရးမွဴး က ေျပာသည္။

လက္ရွိ ရန္ကုန္ၿမိဳ႕တြင္ ေျပးဆြဲေနေသာ ဘတ္စ္ကားမ်ား၏ သက္တမ္းၾကာျမင့္ေနျခင္းေၾကာင့္အဆုိပါ အစီအစဥ္ကို လုပ္ေဆာင္ ရျခင္းျဖစ္သည္ဟု ဆုိသည္။

သက္တမ္းလြန္ ဘတ္စ္ကား မ်ားကို လူစီးယာဥ္စလစ္ထုတ္ ေပးလိုက္ေသာေၾကာင့္ လက္ရွိ ျပည္တြင္းေဈးကြက္တြင္ ေဈးႏႈန္း ျမင့္တက္ၿပီး ရွားပါးေနသည့္ စလစ္ေဈး အနည္းငယ္က်ဆင္း ႏုိင္ေၾကာင္း ေမာ္ေတာ္ယာဥ္ အေရာင္းအဝယ္ ျပဳလုပ္သူမ်ားက သံုးသပ္ေျပာၾကားသည္။

‘‘ေဈးက အမ်ားႀကီးေတာ့ မက်ႏုိင္ဘူး။ အလြန္ဆံုးက်လည္း ေလးငါးသိန္းပဲ’’ဟု စလစ္ေဈးက် ဆင္းမည့္အေျခအေနကို သီရိမဂၤ လာယာဥ္ေရာင္းဝယ္ေရးစခန္းမွ ကားဝယ္ေရာင္း ဦးမင္းမင္းက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily
Unicode Version

 ၁၉၉၅ မော်ဒယ်အောက် ခရီးသည်တင်ယာဉ်များကို ယာဉ် အိုယာဉ်ဟောင်းအဖြစ် အပ်နှံပါ က လူစီးယာဉ်စလစ်ထုတ်ပေး မည့်အစီအစဉ်ကို နိုဝင်ဘာပထမ ပတ်အတွင်း     စတင်မည်ဖြစ် ကြောင်း အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အကြံပြုကမ်းလှမ်းချက် များအရ   မော်တော်ယာဉ်တင် သွင်းမှုဆိုင်ရာ  ကြီးကြပ်မှုကော် မတီက အဆိုပါအစီအစဉ်ကို လုပ် ဆောင်နိုင်ရန် ကညနနှင့် ညှိနှိုင်းမှုပြီးစီးပြီဖြစ်၍ အပ်နှံမှုကို နိုဝင် ဘာပထမပတ်တွင်    စတင်မည် ဖြစ်သည်။

စတင်အပ်နှံခွင့်ပြုပါက မော်ဒယ်အလိုက် ခွဲခြား၍ စီနီယာအ လိုက် လက်ခံမည်ဖြစ်ပြီး ပထမ ဆုံးအသုတ်တွင် ဘီအမ်နှင့် ဒိုင် နာကားအများစု ပါဝင်နိုင်ကြောင်းသိရသည်။


ရန်ကုန်မြို့တွင် ခရီးသည် တင် ယာဉ်စီးရေ ၇,၀၀၀ ကျော်ရှိ သည့်အနက် ၁၉၉၅ မော်ဒယ် အောက် ယာဉ်စီးရေမှာ ၁,၄၀၀ ကျော်ရှိသည်ဟု သိရသည်။

‘‘ဦးစားပေးအနေနဲ့ အသုတ် လိုက်ခွဲပြီး ရှေ့လမှာ စမယ်။ မထသဆီကနေ စာရင်းအတိအ ကျ ရထားပါပြီ’’ဟု နေပြည်တော် ကညနမှ ဒုတိယညွှန်ကြားရေးမှူး က ပြောသည်။

လက်ရှိ ရန်ကုန်မြို့တွင် ပြေးဆွဲနေသော ဘတ်စ်ကားများ၏ သက်တမ်းကြာမြင့်နေခြင်းကြောင့်အဆိုပါ အစီအစဉ်ကို လုပ်ဆောင် ရခြင်းဖြစ်သည်ဟု ဆိုသည်။

သက်တမ်းလွန် ဘတ်စ်ကား များကို လူစီးယာဉ်စလစ်ထုတ် ပေးလိုက်သောကြောင့် လက်ရှိ ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်း မြင့်တက်ပြီး ရှားပါးနေသည့် စလစ်ဈေး အနည်းငယ်ကျဆင်း နိုင်ကြောင်း မော်တော်ယာဉ် အရောင်းအဝယ် ပြုလုပ်သူများက သုံးသပ်ပြောကြားသည်။

‘‘ဈေးက အများကြီးတော့ မကျနိုင်ဘူး။ အလွန်ဆုံးကျလည်း လေးငါးသိန်းပဲ’’ဟု စလစ်ဈေးကျ ဆင်းမည့်အခြေအနေကို သီရိမင်္ဂ လာယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်း ဦးမင်းမင်းက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top