Property Expo
×

ထိုင္းႏိုင္ငံ ဘန္ေကာက္မွာ အိမ္ယာမဲ့ ေလလြင့္သူ လူ ၃ ဦးကို သတ္ျဖတ္မႈနဲ႔ ဖမ္းဆီး ခံထားရသူဟာ ျမန္မာတဦးျဖစ္တယ္လို႔ ေဒလီနယူးစ္ ထိုင္းသတင္းမွာ ေဖာ္ျပပါတယ္။
သူကေတာ့ အသက္ ၂၀ ႏွစ္ရြယ္ ဂ်င္မီ ေခၚ ပန္႔ျဖစ္ၿပီး ျမန္မာႏိုင္ငံ ေမာ္လၿမိဳင္ကလို႔ ဆိုပါတယ္။
ဂ်င္မီက ရဲေတြျပတဲ့ စီစီကင္မရာထဲမွာေျပးေနတဲ့သူဟာ သူျဖစ္တယ္လို႔ ၀န္ခံေပမယ့္ လူသတ္တယ္ လို႔ေတာ့ ၀န္မခံပါဘူး။

ေျပးရတဲ့အေၾကာင္းရင္းကေတာ့ သူ႔မွာ ေနထိုင္ခြင့္လက္မွတ္မရွိတဲ့အတြက္ ရဲဖမ္းမွာစိုးလို႔ ေျပးရတာလို႔ ဆိုပါတယ္။

သူဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလပိုင္းကလည္း တၾကိမ္အဖမ္းခံခဲ့ရဖူးၿပီး ရဲေတြက သူ႔ကို နယ္စပ္ျပန္ပို႔ခဲ့ေၾကာင္း၊ ဒီတေခါက္ မဲေဆာက္ဘက္ကေန ျပန္၀င္လာတာ ၆ ရက္ပဲ ရွိေသးတယ္လို႔ ေျပာပါတယ္။
ေလာေလာဆယ္ အလုပ္ရွာလို႔မရေသးတဲ့အတြက္ အမႈိက္ေကာက္ၿပီး ၀မ္းစာေျဖရွင္းစဥ္ အခုလို အဖမ္းခံရတာလို႔ ေျပာပါတယ္။

သူ႔မွာ စက္ဘီးေဟာင္းတစီးရွိၿပီး ေျခက်င္ေလွ်ာက္ေနတဲ့သူ႔ကို သနားလို႔ လူတေယာက္က ေပးခဲ့တာလို႔ ဆိုပါတယ္။
ဒါေပမယ့္ အသက္ ၆ ႏွစ္ရြယ္ကေလးတေယာက္ကေတာ့ ဂ်င္မီဟာ လူတေယာက္ (ပထမဆံုး အသတ္ခံရသူ) ကို လက္ျပန္ႀကိဳး တုတ္ၿပီး ႐ုိက္ေနတာကို ေတြ႔ခဲ့တယ္လို႔ ထြက္ဆိုပါတယ္။

မိန္းမလ်ာတေယာက္ကလည္း ၆ ရက္ေန႔ မနက္ ၁၂ နာရီ ခ်ိန္က လူသတ္မႈျဖစ္ပြားတဲ့ေနရာမွာ ဂ်င္မီကို ေတြ႔ခဲ့ေၾကာင္း၊ ဂ်င္မီဟာ ေစ်းသည္တဦးရဲ႕ လက္တြန္းလွည္းထဲက ပစၥည္းေတြကို ပိုင္ရွင္မရွိခိုက္ ေမြေႏွာက္ ရွာေဖြခဲ့သလို သူ႔ကိုလည္း လိင္ဆက္ဆံဖို႔ ေျပာခဲ့ေသးတယ္လို႔ ဆိုပါတယ္။

သူဟာ လူသတ္တရားခံလို႔ ရဲေတြက ယံုၾကည္ၿပီး က်ဴးလြန္ရတဲ့ အေၾကာင္းမွာ (၁) ပစၥည္းလိုခ်င္လို႔ (၂) လိင္ဆႏၵအလိုျဖည့္လိုလို႔ (၃) စိတ္မမွန္လို႔ စတဲ့ အခ်က္ေတြေၾကာင့္ ျဖစ္မယ္လို႔ ဆိုပါတယ္။
သူ႔ကို ရဲေတြက ေအာက္တိုဘာ ၆ ရက္ေန႔ ညေနပိုင္းက က်တူးက်တ္နယ္ေျမ ကမ္ဖိုင္ဖစ္လမ္းေပၚမွာ ဖမ္းဆီးခဲ့ကာ ခုလက္ရွိ ပရဒူနမ့္ ရဲစခန္းမွာ ထိန္းသိမ္းထားတယ္လို႔ ရဲတပ္ဖြဲ႔က ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Daily News

#Unicode Version
ထိုင်းနိုင်ငံ ဘန်ကောက်မှာ အိမ်ယာမဲ့ လေလွင့်သူ လူ ၃ ဦးကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီး ခံထားရသူဟာ မြန်မာတဦးဖြစ်တယ်လို့ ဒေလီနယူးစ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
သူကတော့ အသက် ၂၀ နှစ်ရွယ် ဂျင်မီ ခေါ် ပန့်ဖြစ်ပြီး မြန်မာနိုင်ငံ မော်လမြိုင်ကလို့ ဆိုပါတယ်။
ဂျင်မီက ရဲတွေပြတဲ့ စီစီကင်မရာထဲမှာပြေးနေတဲ့သူဟာ သူဖြစ်တယ်လို့ ဝန်ခံပေမယ့် လူသတ်တယ် လို့တော့ ဝန်မခံပါဘူး။

ပြေးရတဲ့အကြောင်းရင်းကတော့ သူ့မှာ နေထိုင်ခွင့်လက်မှတ်မရှိတဲ့အတွက် ရဲဖမ်းမှာစိုးလို့ ပြေးရတာလို့ ဆိုပါတယ်။

သူဟာ ပြီးခဲ့တဲ့ စက်တင်ဘာလပိုင်းကလည်း တကြိမ်အဖမ်းခံခဲ့ရဖူးပြီး ရဲတွေက သူ့ကို နယ်စပ်ပြန်ပို့ခဲ့ကြောင်း၊ ဒီတခေါက် မဲဆောက်ဘက်ကနေ ပြန်ဝင်လာတာ ၆ ရက်ပဲ ရှိသေးတယ်လို့ ပြောပါတယ်။
လောလောဆယ် အလုပ်ရှာလို့မရသေးတဲ့အတွက် အမှိုက်ကောက်ပြီး ဝမ်းစာဖြေရှင်းစဉ် အခုလို အဖမ်းခံရတာလို့ ပြောပါတယ်။

သူ့မှာ စက်ဘီးဟောင်းတစီးရှိပြီး ခြေကျင်လျှောက်နေတဲ့သူ့ကို သနားလို့ လူတယောက်က ပေးခဲ့တာလို့ ဆိုပါတယ်။
ဒါပေမယ့် အသက် ၆ နှစ်ရွယ်ကလေးတယောက်ကတော့ ဂျင်မီဟာ လူတယောက် (ပထမဆုံး အသတ်ခံရသူ) ကို လက်ပြန်ကြိုး တုတ်ပြီး ရိုက်နေတာကို တွေ့ခဲ့တယ်လို့ ထွက်ဆိုပါတယ်။

မိန်းမလျာတယောက်ကလည်း ၆ ရက်နေ့ မနက် ၁၂ နာရီ ချိန်က လူသတ်မှုဖြစ်ပွားတဲ့နေရာမှာ ဂျင်မီကို တွေ့ခဲ့ကြောင်း၊ ဂျင်မီဟာ ဈေးသည်တဦးရဲ့ လက်တွန်းလှည်းထဲက ပစ္စည်းတွေကို ပိုင်ရှင်မရှိခိုက် မွေနှောက် ရှာဖွေခဲ့သလို သူ့ကိုလည်း လိင်ဆက်ဆံဖို့ ပြောခဲ့သေးတယ်လို့ ဆိုပါတယ်။

သူဟာ လူသတ်တရားခံလို့ ရဲတွေက ယုံကြည်ပြီး ကျူးလွန်ရတဲ့ အကြောင်းမှာ (၁) ပစ္စည်းလိုချင်လို့ (၂) လိင်ဆန္ဒအလိုဖြည့်လိုလို့ (၃) စိတ်မမှန်လို့ စတဲ့ အချက်တွေကြောင့် ဖြစ်မယ်လို့ ဆိုပါတယ်။
သူ့ကို ရဲတွေက အောက်တိုဘာ ၆ ရက်နေ့ ညနေပိုင်းက ကျတူးကျတ်နယ်မြေ ကမ်ဖိုင်ဖစ်လမ်းပေါ်မှာ ဖမ်းဆီးခဲ့ကာ ခုလက်ရှိ ပရဒူနမ့် ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Daily News
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top