Kantharyar Centre
×

ကၽြန္ေတာ္ကေတာ့ ဗုဒၶဘာသာကို သက္ဝင္ယံုၾကည္သူ တေယာက္အေနနဲ႔ ၃၁ဘံုရွိတာကိုယံုရင္ မျမင္ရတဲ့ နာနာဘာဝ တေစၦသရဲဆိုတာ ရွိတယ္လို႔ ယံုၾကည္ပါတယ္..။ ဆရာေတာ္ၾကီးတပါးေျပာဘူးတာေတာ့ အနိမ့္စား ဘုမၼစိုးေတြတဲ့.. ထားပါေတာ့ ေရးခ်င္တာေတာ့ ကၽြန္ေတာ္ငယ္ငယ္က မ်က္ျမင္ၾကံဳခဲ့ရတဲ့ အျဖစ္အပ်က္ေလးတခုနဲ႔ လြန္ခဲ့တဲ့ ၅ႏွစ္က ဂ်ပန္ႏိုင္ငံ နယ္ျမိဳ႔ေလးတျမိဳ႔မွာ အလုပ္လုပ္ရင္းၾကံဳခဲ့ရတဲ့ ျဖစ္ရပ္ဆန္းတခုကို ေျပာျပခ်င္ပါတယ္..

မွတ္မွတ္ရရ ကၽြန္ေတာ္ ေလးတန္းေက်ာင္းသားေလာက္က ထင္ပါတယ္..။ တရက္ အေဒၚႏွစ္ေယာက္ ေနအိမ္ကေန အေနာက္ဘက္လမ္းကို ကိစၥတခုနဲ႔ သြားၾကတယ္..။ ေၾသာ္ ေျပာရဦးမယ္… ကၽြန္ေတာ္ေနတာက ရန္ကုန္ျမိဳ႕လယ္ေကာင္ မက်တက်လုိ႔ေျပာမလား လမ္းေရွ႔မွာေတာ့ ရထားလမ္းေပါ့ အျမန္၊ အေႏွး၊ ျမိဳ႕ပတ္အစံုေပါ့ လမ္းအဆုံးလို႔ ဆိုမယ့္ေနရာမွာေတာ့ ဆိပ္ကမ္းကို ကုန္တင္ဖို႔ေျပးတဲ့ ရထားလမ္းေလး တခုရွိပါတယ္..။
ရပ္ကြက္က ရထားလမ္း ၾတိဂံ ၂ခုၾကားက ေအးခ်မ္းတဲ့ ျမန္မာရပ္ကြက္ပါ..။ အခ်ိန္က မဆလေခတ္ေလ သိတဲ့အတိုင္း အ့ဒီအခ်ိန္က အိမ္တိုင္းမွာ ေရဒီယိုပဲ ရွိၾကေတာ့ ေရဒီယိုျပီးခ်ိန္ ည၉နာရီဆို အားလံုးအိပ္ၾကျပီေပါ့..။

အဲ့ဒီညက အဘြားျဖစ္သူက အေဒၚကို လွမ္းျပီး..

” ျဖိဳးျဖိဳးေရ အေမ မနက္ဖန္ မနက္ဟင္းခ်က္ဖို႔ အခ်ိဳမွဳန္႔ကုန္ေနလို႔ အေနာက္လမ္းက မေဝဆိုင္မွာ အခ်ိဳမႈန္႔ေလးဝယ္ေပးပါဦး”

“ေမဦးလည္း ေခၚသြားဦးေနာ္ တေယာက္တည္း မသြားန႔ဲလို႔ ေအာ္ေျပာေနေလရဲ႕”

ကၽြန္ေတာ္တို႔ အိမ္အေနာက္ဘက္ ရထားလမ္းနဲ႔ ကပ္ရက္မွာ ကရင္မ မေဝနဲ႔ ယူထားတဲ့ တရုတ္အဘိုးၾကီး အတိတ္ဆိုင္ဆိုတာရွိတယ္..
တရုတ္အဘိုးၾကီး နာမည္ေပ်ာက္ျပီး မေဝဆိုင္လို႔ပဲ အမ်ားကေခၚၾကတယ္.. ေဘးနားမွာေတာ့ ဆိပ္ကမ္းကိုသြားတဲ့ ရထားလမ္းေလးကို ပုဏၰရိပ္ပင္ေတြနဲ႔ ကာဆီးထားပါတယ္..။ ေဘးမွာေတာ့ ေမွာင္ေမွာင္မည္းမည္း ရထားလမ္းနဲ႔ ၾကီးမားတဲ့ ႏွစ္ခ်ိဳ႕ဗာဒံပင္တန္းေပါ့.. ေန႔လည္ေန႔ခင္းဆို အဘြားက ကၽြန္ေတာ္တို႔
ခေလးေတြကို သြားဝယ္ခိုင္းတတ္ေပမယ့္ ညဘက္ဆိုေတာ့ အေဒၚႏွစ္ေယာက္ကို ခိုင္းတာပါ.. လင္းလင္္းထင္းထင္း ကတၱရာလမ္းကို ပတ္သြားရင္ရေပမယ့္…
လြယ္လြယ္ကူကူ နီးတဲ့ ရထားလမ္းကပဲ သြားၾကတာပါ…။ အဲ့ေခတ္က အခ်ိဳ႔မွဳန္႔ တမတ္ဘိုးဆိုရင္ စကၠဴ ေခါက္ကေလးနဲ႔ ထည္႔ျပီးေရာင္းပါတယ္..

ေရဒီယို ဇာတ္လမ္းျပီးလို႔ ကၽြန္ေတာ့္ အေဒၚညီအမႏွစ္ေယာက္ အေနာက္ဘက္လမ္းကို ကုန္ရထားေျပးတဲ့ ရထားလမ္းေလးအတိုင္း သြားက်ေလရဲ႕..။ သိတဲ့အတိုင္း မဆလေခတ္က လမ္းမီးတိုင္ဆိုတာ မီးေခ်ာင္းေတြ မဟုတ္ပါဘူး။ ပိုးစုန္းၾကဴးသာသာ မီးလံုးေလးေတြပါ..။ ေနာက္ပိုင္းမွ ကိုယ္ထူကိုယ္ထ မီးေခ်ာင္းေတြ ျဖစ္လာျပီး လမ္းမီးတိုင္ကုိ အိမ္ေတြကသြယ္ျပီး မီးေပးေနရတာ ခုထိပါပဲ ဓာတ္မီးတိုင္လည္း လွဴရေသး.. ေျပာရင္းေဘးေရာက္သြားတာ ေဆာရီးဗ်ာ..။ အဲ့မွာ ျဖစ္ခ်င္ေတာ့ အေနာက္ဘက္လမ္းဆိုတာ နီးနီးေလးပါ.. ဒါေပမယ့္ အဲ့ဒီေခတ္က ရထားလမ္းမွာ မီးမရွိဘာမရွိ ပတ္ဝန္းက်င္မွာလည္း ဗာဒံပင္ေတြက အျမင့္ၾကီး ညဘက္အေမွာင္ထဲမွာ ျမင္ရတာ စိတ္ေခ်ာက္ျခားစရာေလ။ အသြားကေတာ့ အေကာင္းေပါ့။

ကၽြန္ေတာ္တို႔ ကေလးေတြလည္း ေရဒီယိုဇာတ္လမ္းျပီးလို႔ ေျခလက္ေဆး၊ျခင္ေထာင္ေတြ ေထာင္ျပီး အိပ္ယာဝင္မယ္လုပ္ေတာ့ အေပၚထပ္တက္လာတဲ့ အေဒၚႏွစ္ေယာက္ ေျခသံကို အတိုင္းသား ၾကားလိုက္ရတယ္..။ ခဏေနေတာ့ အေဒၚငယ္ အန္တီျဖိဳးက အရင္ဆံုးတက္လာျပီး အေဒၚအၾကီးျဖစ္တဲ့ အန္တီေမဦးက ေနာက္ကတက္လာပါတယ္..။ အေပၚေရာက္ျပီး ခဏေနေတာ့ ကၽြန္ေတာ္တို႔ ကေလးေတြက အိပ္ဖို႔ျပင္ေနတဲ့ အခ်ိန္မွာ စူးစူးဝါးဝါး ငိုသံၾကီးတခု ၾကားလိုက္ရတယ္..။

ေမေမေရလာပါဦး မမၾကီး ဘာျဖစ္တာလဲမသိ…
ဟဲ့ဟဲ့ ဘာျဖစ္က်တာလဲ…
ဟဲ့ေမဦး ..
ဟဲ့ အရီးေလးေရ လာပါဦး သမီးၾကီးဘာျဖစ္လဲမသိ ဆိုျပီး အဘြားက အဘိုးညီမျဖစ္တဲ့ ဘြားေလးကိုေခၚပါေလေရာ..ဘြားေလးက ေဗဒင္၊ နကၡတ္ေတြ ေဟာသူေလ..
ကၽြန္ေတာ္တို႔ ကေလးေတြလည္း သိတဲ့ အတိုင္း ဝရုန္းသုန္းကားထေပါ့..

အိမ္ေရွ႕ဝရန္တာ ဘုရားစင္ေရွ႕မွာ ခုန အေနာက္လမ္းကို သြားတဲ့ အေဒၚ ၂ဦး နဲ႔ အဘြားနဲ႔ ဘြားေလး၊ ေနာက္ဦးေလးေတြပါ ေရာက္ေနၾကျပီ..
ထိတ္ခနဲ ျဖစ္လိုက္ရတဲ့ ျမင္ကြင္းကေတာ့ ဆံပင္ဖားယားခ်ျပီး ေျခေထာက္ႏွစ္ေခ်ာင္း ဆန္႔ထိုင္ေနျပီး ငိုလိုက္၊ ရီလိုက္ ျဖစ္ေနတဲ့ ေဒၚေလးေမဦးပါ..အဘြားေလးက အေတြ႕အၾကံဳ အေတာ္အတန္ရွိေတာ့ အတူသြားတဲ့ အေဒၚငယ္ ျဖိဳးျဖိဳးကိုဟဲ့သမီးျဖိဳးျဖိဳးေျပာစမ္း လမ္းမွာ ဘာျဖစ္လာတာလဲ..

႔ေၾကာက္ေၾကာက္ လန္႔လန႔္နဲ႔ ဟုတ္..ဟုတ္ အရီးေလး သမီးတို႔ အခ်ိဳမွဳန္႔ဝယ္ျပီး ျပန္လာေတာ့ ရထားလမ္းေပၚကေန ဆင္းတဲ့ ကုန္းဆင္းေလးမွာ မမဦး ေျခေခါက္လဲသြားလို႔ျပန္ထူျပီး ျပန္ပါလာကတည္းက ဘာစကားမွ မေျပာေတာ့ပဲ အတူတူျပန္လာတာ… ခုေလွကားတက္ခါနီး အေပၚေရာက္ေတာ့ ငိုေတာ့တာပါပဲ..လို႔ ေျပာျပီး ေၾကာက္ေၾကာက္နဲ႔ ငိုပါေလေရာ…။ ဒီလိုေျပာေနခ်ိန္မွာေတာ့ ေဒၚေလေမဦး ကငိုလိုက္ရယ္လိုက္နဲ႔ ပါးစပ္က ကရားေရလႊတ္ ေျပာေနတာကေတာ့.. ကၽြန္ေတာ္တို႔ တလံုးတပါဒမွ နားမလည္တဲ့ ကုလားစကားေတြကို ထူဆန္းစြာ ေျပာလိုက္ ငိုလိုက္ လုပ္ေနေတာ့တာပါပဲ…ငိုသံကေတာ့ ခ်က္ျခင္းလက္ငင္းၾကီး ေယာက်ၤားၾကီး အသံနဲ႔ ငိုသံေၾကာင့္ ကၽြန္ေတာ္တို႔ ကေလးေတြ ေခ်ာင္တေၾကာင္မွာ ကပ္ျပီးေနရေလာက္ေအာင္ ေၾကာက္လန္႔ဖြယ္အသံနဲ႔ပါပဲ..

ဘြားေလးျဖစ္သူက ပရိတ္တိုက္မယ္ လုပ္ေလ ငိုေလပါပဲ.. ခဏေနေတာ့ အိမ္နီးျခင္း အခ်ိဳ႕ေရာက္လာၾကေတာ့တာပါပဲ..။အဘြားျဖစ္သူလဲ သမီးအတြက္ ရြတ္ဖတ္လိုက္ရတာ အေမာ… ေဒၚေလးေမဦး တခါတရံၾကည္႔တဲ့ အၾကည္႔က ေတာင္းလွ်ိဳးပန္လွ်ိဳး .. ေျပာလိုက္ရတဲ့ ကုလားစကားက ျမန္မွျမန္… အေဒၚခင္မ်ာလည္း ပင္လည္းပင္ပန္းလွျပီ။

ဒီမွာတင္ အဘြားျဖစ္သူက ဟဲ့ေမာင္ေမာင္ ဦးေမာင္ညႊန္႔ကို အျမန္ေခၚခဲစမ္းဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိခ်ိန္မွာ ကုလားစကားတတ္သူကို ဘာသာျပန္ခိုင္းဖို႔ အရင္ကေတာ့ အိမ္ေဘးမွာ ေနတဲ့ သံုးဘီးကားေမာင္းတဲ့ ဟိႏၵဴကုလားၾကီးဦးညႊန္႔ကလည္းက်ဴးေက်ာ္ရပ္ကြက္ကို အိမ္ေျပာင္းသြားျပီဆိုေတာ့ ညၾကီးမင္းၾကီး ဦးေလးေတြ လိုက္ရွာျပီးေခၚဖို႔ လုပ္ရေတာ့တာေပါ့…အိမ္ေျပာင္းသြားတာ ၾကာျပီေလေမေမ..အျမန္စံုစမ္းျပီး ရေအာင္ေခၚခဲ့စမ္း လွ်ာရွည္မေနနဲ႔
အဘြားေလးက အင္းေစာင့္နတ္ေခၚျပီး အင္းကို မီးရွဳိ႕ျပီးတိုက္ဖို႔ ျပင္ေနပါျပီ..သမီးအတြက္ ရတက္မေအးတဲ့ အဘြားျဖစ္သူရဲ႕ ပူပင္ေသာကေပ့ါ..

တခ်က္တခ်က္ ေဒၚေလးေမဦးရဲ႕ ငိုသံနဲ႔ ကုလားလို ကရားေရလႊတ္ ေျပာလိုက္သံေတြဟာ ေၾကာက္မက္ဖြယ္ပါ…အဘြားေလး ဒီလုိလုပ္မယ္ဆိုတာသိေလ ေဒၚေလးရဲ႕ ေယာက်ၤားသံၾကီးနဲ႔ ငိုသံက ညအေမွာင္မွာ ပိုက်ယ္ေလာင္လာေလ.. ကုလားစကားေတြ ပိုေျပာလာေလပါပဲ..အဘြားက သမီးေဇာနဲ႔ ေယာင္းမျဖစ္သူကို မမေလးရယ္ ခဏထားစမ္းပါဦး ေမာင္ညႊန္႔လာရင္ အေျဖေပၚမွာပါ…ကၽြန္ေတာ္တို႔ ကေလးေတြလည္း ပြဲၾကည္႔ပရိသတ္ေပါ့ ..။ ေျပာလိုက္တဲ့ ကုလားစကားကလည္း ေတာက္ေလွ်ာက္ ေျပာလိုက္၊ င္ုလိုက္ေပါ့…နာရီဝက္ေလာက္ၾကာေတာ့ သံုးဘီးကားသံနဲ႔ အတူ ဦးေလးျပန္လာသံကို ၾကားလိုက္ရတယ္..

ေမေမေရ ဦးညႊန္႔ပါလာျပီလို႔ ဝမ္းသာအားရ..အဘြားလည္း အေျပးတပိုင္း.. ေမာင္ညႊန္႔ေရျမန္ျမန္လာပါဦး.. ဒီမွာေမဦးဘာေျပာမွန္းမသိ အန္တီလည္း စိတ္ပူလွျပီေျပာျပီး ငိုပါေလေရာ..ဦးညႊန္႔ေရာက္လာတဲ့ အခ်ိန္မွာ ေဒၚေလးေမဦး ငိုလုိက္၊ ရယ္လိုက္နဲ႔ ဦးညႊန္႔ကို ကုလားလို ေျပာေတာ့တာပဲ..ဟဲ့ေမာင္ညႊန္႔ ဘာေျပာတာလဲ ဘာသာျပန္ပါဦး..ဟုတ္ကဲ့အန္တီျမ ခဏ.. ေဒၚေလးေမဦးက ဦးညႊန္႔ကို ေျပာလိုက္ အဘြားကို ၾကည္႔လိုက္ေပါ့…

အန္တီျမေရ သူ႔နာမည္က ဘာဘူတဲ့ သူဒီေရွ႕က ရထားလမ္းမွာ ဇလီဖာတုံးခင္းတဲ့ ဝန္ထမ္းတဲ့..တရက္ လုပ္ငန္းခြင္မွာ အလုပ္လုပ္ရင္း တခ်က္သတီလစ္သြားတဲ့ အခ်ိန္မွာ ရထားတိုက္ျပီး ေသခဲ့ရတယ္တဲ့..ဦးညႊန္႔အဲ့လို ရွင္းျပခ်ိန္မွာေတာ့ ေဒၚေလးေမဦး ငိုလိုက္တာ သနားစရာပါပဲ…ေနာက္ဆံုး အစိမ္းေသ ေသသြားခဲ့ရေပမယ့္ သူမွာ ေနစရာထိုင္စရာမရွိနဲ႔ ေနာက္ဆံုး ဒီရထားလမ္းေဘးကဗာဒံပင္တန္းမွာ ေနေနရတာပါတဲ့.. သူအစားမစားရတာလည္း ႏွစ္နဲ႔ခ်ီေနပါျပီတဲ့..

ကၽြန္ေတာ္တို႔ ဒီမွာေနခဲ့တာ ၾကာေနျပီျဖစ္ေနေပမယ့္ လူၾကီးမိဘေတြ ရထားလမ္းမွာ ရထားတိုက္ခံရတဲ့ သတင္း ကၽြန္ေတာ္တို႔ လူမွန္းသိတတ္စအရြယ္မွာတခါမွ မၾကားမိပါဘူး။ဘယ္ေလာက္မ်ား ႏွစ္ခ်ီခံစားေနပါလိမ့္ေပါ့..ခုလည္း အစားမစားရတာ ႏွစ္နဲ႔ခ်ီၾကာေနတဲ့ အတြက္ အေဒၚ၂ေယာက္ ျပန္လာခ်ိန္မွာ တဦးကို အေနာက္ကတြန္းလိုက္ျပီး (ကံနိမ့္ေနတဲ့ အတြက္ေၾကာင့္ထင္ပါတယ္) သူလိုက္ပါခဲ့ရတာပါတဲ့..

သူကို အစာေၾကြးဖို႔ ငိုျပီးေျပာရွာပါတယ္.. ေနာက္သူဟာ ဟိႏၵဴဘာသာဝင္ျဖစ္တဲ့ အတြက္ ဆိုင္းဘာဘာပံုကိုလည္း အိမ္မွာထားေပးပါလို႔ ထူးထူးျခားျခားေတာင္းဆိုပါတယ္.။ငိုျပီးေျပာရလြန္းလို႔ သူလည္းေတာ္ေတာ္ပင္ပန္းေနပါျပီ.. အဲ့မွာ ဦးညႊန္႔က မင္းလိုခ်င္တာ ငါတို႔လုပ္ေဆာင္ေပးမယ္.. ေနာက္မေႏွာင့္ယွက္ဖို႔ ေျပာရပါေတာ့တယ္..သူ႔အတြက္ အေဒၚခလုပ္တိုက္ လဲတဲ့ေနရာမွာ ဟင္းနဲ႔ထမင္းပံုေပးဖို႔နဲ႔ ဆိုင္းဘာဘာပံု အိမ္မွာထားေပးဖို႔ ေနာင္မေႏွာင့္ယွက္ပါဘူးဆိုျပီး ကုလားလို ကတိေပးပါတယ္..။ ေနာက္အဘြားေလးတုိက္ဖို႔ အသင့္ျပင္ထားတဲ့ အင္းကြက္ေရကို မေသာက္ပဲ သူ႔ကို ေရတိုက္ဖို႔ ေျပာျပီး ငိုယိုျပီး ထြက္သြားပါေတာ့တယ္.. ေဒၚေလးေမဦးလည္း ပင္ပန္းလြန္းလို႔ ထင္ပါတယ္…။ အရုပ္ၾကိဳးျပတ္ အိပ္ေပ်ာ္သြားရွာပါတယ္…။

အဘြားတို႔လည္း ညတြင္းခ်င္း အိမ္မွာရွိတဲ့ ထမင္းက်န္ ဟင္းက်န္ေတြကို အင္ဖက္နဲ႔ ေသခ်ာထုတ္ျပီး ေဒၚေလးျဖိဳး၊ ဦးေမာင္ညႊန္႔နဲ႔ အိမ္နီးနားခ်င္းေတြ ေခၚျပီး
ေဒၚေလးေမဦး ခလုပ္တိုက္လဲက်တဲ့ေနရာကို လက္ႏွိပ္ဓာတ္မီးနဲ႔ သြားၾကေလရဲ႕ ကၽြန္ေတာ္တို႔ ကေလးေတြကေတာ့ အိမ္မွာက်န္ရစ္ခဲ့ရတာေပါ့…။
တေအာင့္ေနျပန္လာလို႔ ဦးေလးျဖစ္သူ ျပန္ေျပာျပတာေတာ့ ဦးညႊန္႔ကုလားလို ေခၚေကၽြးျပီး ျပန္မဲ့ အခ်ိန္မွာ ဗာဒံပင္ေပၚက ဗာဒံရြက္ေတြ ေလမတိုက္ပဲ လွဳပ္ခတ္သြားတာ
အားလံုးသတိထားမိလိုက္ၾကပါတယ္တဲ့…။ ေနာက္ေန႔ အိမ္က ဘုရားစင္ေအာက္မွာ ဆိုင္းဘာဘာပံုၾကီးခ်ိတ္ဆြဲထားတာ ကၽြန္ေတာ္ အလယ္တန္းေရာက္တဲ့ အထိပါပဲ။
ထူးျခားတာကေတာ့ ေဒၚေလးေမဦး အဲ့ဒီေန႔က အျဖစ္အပ်က္ကို ဘာဆိုဘာမွ မသိေတာ့တာပါပဲ။ ကုလားစကားေျပာတယ္ဆိုတာ သိပံုေတာင္မရ..။

ကၽြန္ေတာ္ လူပိ်ဳေပါက္ ေရာက္တဲ့ အထိ ညဘက္ လဘက္ရည္ဆိုင္ကျပန္လာရင္ အဲ့ဒီဗာဒံပင္တန္းကို ေမာ့ၾကည့္ရတာ အေမာ…။ လူၾကီးေတြကေတာ့ အမွ်ေပးလိုက္လို႔ ကၽြတ္လြတ္သြားျပီတဲ့…။ ဘာပဲျဖစ္ျဖစ္ အိမ္ဦးခန္းမွာ ဆိုင္းဘာဘာေရာက္လာတာ ကၽြန္ေတာ္ ျပည္ပထြက္တဲ့ အထိပါပဲ… အခုေတာ့ မထားေတာ့ဘူးတဲ့…။ ကၽြန္ေတာ္တို႔လူပ်ိဳေပါက္ေရာက္တဲ့ အထိ ေရွးရိုးစြဲ အဘြားေတြက အိမ္ေပၚထက္ခါနီး တံေတြးေထြးျပီး ဖိနပ္နဲ႔ ဖတ္ဖတ္ ဖီဖီဆိုျပီး အဘြားတို႔က အိမ္ျပန္လာရင္ လုပ္ခိုင္းေတာ့တာပါပဲ..


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Pyustate

#Unicode Version
ကျွန်တော်ကတော့ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ တယောက်အနေနဲ့ ၃၁ဘုံရှိတာကိုယုံရင် မမြင်ရတဲ့ နာနာဘာဝ တစ္ဆေသရဲဆိုတာ ရှိတယ်လို့ ယုံကြည်ပါတယ်..။ ဆရာတော်ကြီးတပါးပြောဘူးတာတော့ အနိမ့်စား ဘုမ္မစိုးတွေတဲ့.. ထားပါတော့ ရေးချင်တာတော့ ကျွန်တော်ငယ်ငယ်က မျက်မြင်ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတခုနဲ့ လွန်ခဲ့တဲ့ ၅နှစ်က ဂျပန်နိုင်ငံ နယ်မြို့လေးတမြို့မှာ အလုပ်လုပ်ရင်းကြုံခဲ့ရတဲ့ ဖြစ်ရပ်ဆန်းတခုကို ပြောပြချင်ပါတယ်..

မှတ်မှတ်ရရ ကျွန်တော် လေးတန်းကျောင်းသားလောက်က ထင်ပါတယ်..။ တရက် အဒေါ်နှစ်ယောက် နေအိမ်ကနေ အနောက်ဘက်လမ်းကို ကိစ္စတခုနဲ့ သွားကြတယ်..။ သြော် ပြောရဦးမယ်… ကျွန်တော်နေတာက ရန်ကုန်မြို့လယ်ကောင် မကျတကျလို့ပြောမလား လမ်းရှေ့မှာတော့ ရထားလမ်းပေါ့ အမြန်၊ အနှေး၊ မြို့ပတ်အစုံပေါ့ လမ်းအဆုံးလို့ ဆိုမယ့်နေရာမှာတော့ ဆိပ်ကမ်းကို ကုန်တင်ဖို့ပြေးတဲ့ ရထားလမ်းလေး တခုရှိပါတယ်..။
ရပ်ကွက်က ရထားလမ်း တြိဂံ ၂ခုကြားက အေးချမ်းတဲ့ မြန်မာရပ်ကွက်ပါ..။ အချိန်က မဆလခေတ်လေ သိတဲ့အတိုင်း အ့ဒီအချိန်က အိမ်တိုင်းမှာ ရေဒီယိုပဲ ရှိကြတော့ ရေဒီယိုပြီးချိန် ည၉နာရီဆို အားလုံးအိပ်ကြပြီပေါ့..။

အဲ့ဒီညက အဘွားဖြစ်သူက အဒေါ်ကို လှမ်းပြီး..

” ဖြိုးဖြိုးရေ အမေ မနက်ဖန် မနက်ဟင်းချက်ဖို့ အချိုမှုန့်ကုန်နေလို့ အနောက်လမ်းက မဝေဆိုင်မှာ အချိုမှုန့်လေးဝယ်ပေးပါဦး”

“မေဦးလည်း ခေါ်သွားဦးနော် တယောက်တည်း မသွားနဲ့လို့ အော်ပြောနေလေရဲ့”

ကျွန်တော်တို့ အိမ်အနောက်ဘက် ရထားလမ်းနဲ့ ကပ်ရက်မှာ ကရင်မ မဝေနဲ့ ယူထားတဲ့ တရုတ်အဘိုးကြီး အတိတ်ဆိုင်ဆိုတာရှိတယ်..
တရုတ်အဘိုးကြီး နာမည်ပျောက်ပြီး မဝေဆိုင်လို့ပဲ အများကခေါ်ကြတယ်.. ဘေးနားမှာတော့ ဆိပ်ကမ်းကိုသွားတဲ့ ရထားလမ်းလေးကို ပုဏ္ဏရိပ်ပင်တွေနဲ့ ကာဆီးထားပါတယ်..။ ဘေးမှာတော့ မှောင်မှောင်မည်းမည်း ရထားလမ်းနဲ့ ကြီးမားတဲ့ နှစ်ချို့ဗာဒံပင်တန်းပေါ့.. နေ့လည်နေ့ခင်းဆို အဘွားက ကျွန်တော်တို့
ခလေးတွေကို သွားဝယ်ခိုင်းတတ်ပေမယ့် ညဘက်ဆိုတော့ အဒေါ်နှစ်ယောက်ကို ခိုင်းတာပါ.. လင်းလင်းထင်းထင်း ကတ္တရာလမ်းကို ပတ်သွားရင်ရပေမယ့်…
လွယ်လွယ်ကူကူ နီးတဲ့ ရထားလမ်းကပဲ သွားကြတာပါ…။ အဲ့ခေတ်က အချို့မှုန့် တမတ်ဘိုးဆိုရင် စက္ကူ ခေါက်ကလေးနဲ့ ထည့်ပြီးရောင်းပါတယ်..

ရေဒီယို ဇာတ်လမ်းပြီးလို့ ကျွန်တော့် အဒေါ်ညီအမနှစ်ယောက် အနောက်ဘက်လမ်းကို ကုန်ရထားပြေးတဲ့ ရထားလမ်းလေးအတိုင်း သွားကျလေရဲ့..။ သိတဲ့အတိုင်း မဆလခေတ်က လမ်းမီးတိုင်ဆိုတာ မီးချောင်းတွေ မဟုတ်ပါဘူး။ ပိုးစုန်းကြူးသာသာ မီးလုံးလေးတွေပါ..။ နောက်ပိုင်းမှ ကိုယ်ထူကိုယ်ထ မီးချောင်းတွေ ဖြစ်လာပြီး လမ်းမီးတိုင်ကို အိမ်တွေကသွယ်ပြီး မီးပေးနေရတာ ခုထိပါပဲ ဓာတ်မီးတိုင်လည်း လှူရသေး.. ပြောရင်းဘေးရောက်သွားတာ ဆောရီးဗျာ..။ အဲ့မှာ ဖြစ်ချင်တော့ အနောက်ဘက်လမ်းဆိုတာ နီးနီးလေးပါ.. ဒါပေမယ့် အဲ့ဒီခေတ်က ရထားလမ်းမှာ မီးမရှိဘာမရှိ ပတ်ဝန်းကျင်မှာလည်း ဗာဒံပင်တွေက အမြင့်ကြီး ညဘက်အမှောင်ထဲမှာ မြင်ရတာ စိတ်ချောက်ခြားစရာလေ။ အသွားကတော့ အကောင်းပေါ့။

ကျွန်တော်တို့ ကလေးတွေလည်း ရေဒီယိုဇာတ်လမ်းပြီးလို့ ခြေလက်ဆေး၊ခြင်ထောင်တွေ ထောင်ပြီး အိပ်ယာဝင်မယ်လုပ်တော့ အပေါ်ထပ်တက်လာတဲ့ အဒေါ်နှစ်ယောက် ခြေသံကို အတိုင်းသား ကြားလိုက်ရတယ်..။ ခဏနေတော့ အဒေါ်ငယ် အန်တီဖြိုးက အရင်ဆုံးတက်လာပြီး အဒေါ်အကြီးဖြစ်တဲ့ အန်တီမေဦးက နောက်ကတက်လာပါတယ်..။ အပေါ်ရောက်ပြီး ခဏနေတော့ ကျွန်တော်တို့ ကလေးတွေက အိပ်ဖို့ပြင်နေတဲ့ အချိန်မှာ စူးစူးဝါးဝါး ငိုသံကြီးတခု ကြားလိုက်ရတယ်..။

မေမေရေလာပါဦး မမကြီး ဘာဖြစ်တာလဲမသိ…
ဟဲ့ဟဲ့ ဘာဖြစ်ကျတာလဲ…
ဟဲ့မေဦး ..
ဟဲ့ အရီးလေးရေ လာပါဦး သမီးကြီးဘာဖြစ်လဲမသိ ဆိုပြီး အဘွားက အဘိုးညီမဖြစ်တဲ့ ဘွားလေးကိုခေါ်ပါလေရော..ဘွားလေးက ဗေဒင်၊ နက္ခတ်တွေ ဟောသူလေ..
ကျွန်တော်တို့ ကလေးတွေလည်း သိတဲ့ အတိုင်း ဝရုန်းသုန်းကားထပေါ့..

အိမ်ရှေ့ဝရန်တာ ဘုရားစင်ရှေ့မှာ ခုန အနောက်လမ်းကို သွားတဲ့ အဒေါ် ၂ဦး နဲ့ အဘွားနဲ့ ဘွားလေး၊ နောက်ဦးလေးတွေပါ ရောက်နေကြပြီ..
ထိတ်ခနဲ ဖြစ်လိုက်ရတဲ့ မြင်ကွင်းကတော့ ဆံပင်ဖားယားချပြီး ခြေထောက်နှစ်ချောင်း ဆန့်ထိုင်နေပြီး ငိုလိုက်၊ ရီလိုက် ဖြစ်နေတဲ့ ဒေါ်လေးမေဦးပါ..အဘွားလေးက အတွေ့အကြုံ အတော်အတန်ရှိတော့ အတူသွားတဲ့ အဒေါ်ငယ် ဖြိုးဖြိုးကိုဟဲ့သမီးဖြိုးဖြိုးပြောစမ်း လမ်းမှာ ဘာဖြစ်လာတာလဲ..

့ကြောက်ကြောက် လန့်လန့်နဲ့ ဟုတ်..ဟုတ် အရီးလေး သမီးတို့ အချိုမှုန့်ဝယ်ပြီး ပြန်လာတော့ ရထားလမ်းပေါ်ကနေ ဆင်းတဲ့ ကုန်းဆင်းလေးမှာ မမဦး ခြေခေါက်လဲသွားလို့ပြန်ထူပြီး ပြန်ပါလာကတည်းက ဘာစကားမှ မပြောတော့ပဲ အတူတူပြန်လာတာ… ခုလှေကားတက်ခါနီး အပေါ်ရောက်တော့ ငိုတော့တာပါပဲ..လို့ ပြောပြီး ကြောက်ကြောက်နဲ့ ငိုပါလေရော…။ ဒီလိုပြောနေချိန်မှာတော့ ဒေါ်လေမေဦး ကငိုလိုက်ရယ်လိုက်နဲ့ ပါးစပ်က ကရားရေလွှတ် ပြောနေတာကတော့.. ကျွန်တော်တို့ တလုံးတပါဒမှ နားမလည်တဲ့ ကုလားစကားတွေကို ထူဆန်းစွာ ပြောလိုက် ငိုလိုက် လုပ်နေတော့တာပါပဲ…ငိုသံကတော့ ချက်ခြင်းလက်ငင်းကြီး ယောကျၤားကြီး အသံနဲ့ ငိုသံကြောင့် ကျွန်တော်တို့ ကလေးတွေ ချောင်တကြောင်မှာ ကပ်ပြီးနေရလောက်အောင် ကြောက်လန့်ဖွယ်အသံနဲ့ပါပဲ..

ဘွားလေးဖြစ်သူက ပရိတ်တိုက်မယ် လုပ်လေ ငိုလေပါပဲ.. ခဏနေတော့ အိမ်နီးခြင်း အချို့ရောက်လာကြတော့တာပါပဲ..။အဘွားဖြစ်သူလဲ သမီးအတွက် ရွတ်ဖတ်လိုက်ရတာ အမော… ဒေါ်လေးမေဦး တခါတရံကြည့်တဲ့ အကြည့်က တောင်းလျှိုးပန်လျှိုး .. ပြောလိုက်ရတဲ့ ကုလားစကားက မြန်မှမြန်… အဒေါ်ခင်မျာလည်း ပင်လည်းပင်ပန်းလှပြီ။

ဒီမှာတင် အဘွားဖြစ်သူက ဟဲ့မောင်မောင် ဦးမောင်ညွှန့်ကို အမြန်ခေါ်ခဲစမ်းဘာလုပ်လို့ ဘာကိုင်ရမှန်းမသိချိန်မှာ ကုလားစကားတတ်သူကို ဘာသာပြန်ခိုင်းဖို့ အရင်ကတော့ အိမ်ဘေးမှာ နေတဲ့ သုံးဘီးကားမောင်းတဲ့ ဟိန္ဒူကုလားကြီးဦးညွှန့်ကလည်းကျူးကျော်ရပ်ကွက်ကို အိမ်ပြောင်းသွားပြီဆိုတော့ ညကြီးမင်းကြီး ဦးလေးတွေ လိုက်ရှာပြီးခေါ်ဖို့ လုပ်ရတော့တာပေါ့…အိမ်ပြောင်းသွားတာ ကြာပြီလေမေမေ..အမြန်စုံစမ်းပြီး ရအောင်ခေါ်ခဲ့စမ်း လျှာရှည်မနေနဲ့
အဘွားလေးက အင်းစောင့်နတ်ခေါ်ပြီး အင်းကို မီးရှို့ပြီးတိုက်ဖို့ ပြင်နေပါပြီ..သမီးအတွက် ရတက်မအေးတဲ့ အဘွားဖြစ်သူရဲ့ ပူပင်သောကပေ့ါ..

တချက်တချက် ဒေါ်လေးမေဦးရဲ့ ငိုသံနဲ့ ကုလားလို ကရားရေလွှတ် ပြောလိုက်သံတွေဟာ ကြောက်မက်ဖွယ်ပါ…အဘွားလေး ဒီလိုလုပ်မယ်ဆိုတာသိလေ ဒေါ်လေးရဲ့ ယောကျၤားသံကြီးနဲ့ ငိုသံက ညအမှောင်မှာ ပိုကျယ်လောင်လာလေ.. ကုလားစကားတွေ ပိုပြောလာလေပါပဲ..အဘွားက သမီးဇောနဲ့ ယောင်းမဖြစ်သူကို မမလေးရယ် ခဏထားစမ်းပါဦး မောင်ညွှန့်လာရင် အဖြေပေါ်မှာပါ…ကျွန်တော်တို့ ကလေးတွေလည်း ပွဲကြည့်ပရိသတ်ပေါ့ ..။ ပြောလိုက်တဲ့ ကုလားစကားကလည်း တောက်လျှောက် ပြောလိုက်၊ င်ုလိုက်ပေါ့…နာရီဝက်လောက်ကြာတော့ သုံးဘီးကားသံနဲ့ အတူ ဦးလေးပြန်လာသံကို ကြားလိုက်ရတယ်..

မေမေရေ ဦးညွှန့်ပါလာပြီလို့ ဝမ်းသာအားရ..အဘွားလည်း အပြေးတပိုင်း.. မောင်ညွှန့်ရေမြန်မြန်လာပါဦး.. ဒီမှာမေဦးဘာပြောမှန်းမသိ အန်တီလည်း စိတ်ပူလှပြီပြောပြီး ငိုပါလေရော..ဦးညွှန့်ရောက်လာတဲ့ အချိန်မှာ ဒေါ်လေးမေဦး ငိုလိုက်၊ ရယ်လိုက်နဲ့ ဦးညွှန့်ကို ကုလားလို ပြောတော့တာပဲ..ဟဲ့မောင်ညွှန့် ဘာပြောတာလဲ ဘာသာပြန်ပါဦး..ဟုတ်ကဲ့အန်တီမြ ခဏ.. ဒေါ်လေးမေဦးက ဦးညွှန့်ကို ပြောလိုက် အဘွားကို ကြည့်လိုက်ပေါ့…

အန်တီမြရေ သူ့နာမည်က ဘာဘူတဲ့ သူဒီရှေ့က ရထားလမ်းမှာ ဇလီဖာတုံးခင်းတဲ့ ဝန်ထမ်းတဲ့..တရက် လုပ်ငန်းခွင်မှာ အလုပ်လုပ်ရင်း တချက်သတီလစ်သွားတဲ့ အချိန်မှာ ရထားတိုက်ပြီး သေခဲ့ရတယ်တဲ့..ဦးညွှန့်အဲ့လို ရှင်းပြချိန်မှာတော့ ဒေါ်လေးမေဦး ငိုလိုက်တာ သနားစရာပါပဲ…နောက်ဆုံး အစိမ်းသေ သေသွားခဲ့ရပေမယ့် သူမှာ နေစရာထိုင်စရာမရှိနဲ့ နောက်ဆုံး ဒီရထားလမ်းဘေးကဗာဒံပင်တန်းမှာ နေနေရတာပါတဲ့.. သူအစားမစားရတာလည်း နှစ်နဲ့ချီနေပါပြီတဲ့..

ကျွန်တော်တို့ ဒီမှာနေခဲ့တာ ကြာနေပြီဖြစ်နေပေမယ့် လူကြီးမိဘတွေ ရထားလမ်းမှာ ရထားတိုက်ခံရတဲ့ သတင်း ကျွန်တော်တို့ လူမှန်းသိတတ်စအရွယ်မှာတခါမှ မကြားမိပါဘူး။ဘယ်လောက်များ နှစ်ချီခံစားနေပါလိမ့်ပေါ့..ခုလည်း အစားမစားရတာ နှစ်နဲ့ချီကြာနေတဲ့ အတွက် အဒေါ်၂ယောက် ပြန်လာချိန်မှာ တဦးကို အနောက်ကတွန်းလိုက်ပြီး (ကံနိမ့်နေတဲ့ အတွက်ကြောင့်ထင်ပါတယ်) သူလိုက်ပါခဲ့ရတာပါတဲ့..

သူကို အစာကြွေးဖို့ ငိုပြီးပြောရှာပါတယ်.. နောက်သူဟာ ဟိန္ဒူဘာသာဝင်ဖြစ်တဲ့ အတွက် ဆိုင်းဘာဘာပုံကိုလည်း အိမ်မှာထားပေးပါလို့ ထူးထူးခြားခြားတောင်းဆိုပါတယ်.။ငိုပြီးပြောရလွန်းလို့ သူလည်းတော်တော်ပင်ပန်းနေပါပြီ.. အဲ့မှာ ဦးညွှန့်က မင်းလိုချင်တာ ငါတို့လုပ်ဆောင်ပေးမယ်.. နောက်မနှောင့်ယှက်ဖို့ ပြောရပါတော့တယ်..သူ့အတွက် အဒေါ်ခလုပ်တိုက် လဲတဲ့နေရာမှာ ဟင်းနဲ့ထမင်းပုံပေးဖို့နဲ့ ဆိုင်းဘာဘာပုံ အိမ်မှာထားပေးဖို့ နောင်မနှောင့်ယှက်ပါဘူးဆိုပြီး ကုလားလို ကတိပေးပါတယ်..။ နောက်အဘွားလေးတိုက်ဖို့ အသင့်ပြင်ထားတဲ့ အင်းကွက်ရေကို မသောက်ပဲ သူ့ကို ရေတိုက်ဖို့ ပြောပြီး ငိုယိုပြီး ထွက်သွားပါတော့တယ်.. ဒေါ်လေးမေဦးလည်း ပင်ပန်းလွန်းလို့ ထင်ပါတယ်…။ အရုပ်ကြိုးပြတ် အိပ်ပျော်သွားရှာပါတယ်…။

အဘွားတို့လည်း ညတွင်းချင်း အိမ်မှာရှိတဲ့ ထမင်းကျန် ဟင်းကျန်တွေကို အင်ဖက်နဲ့ သေချာထုတ်ပြီး ဒေါ်လေးဖြိုး၊ ဦးမောင်ညွှန့်နဲ့ အိမ်နီးနားချင်းတွေ ခေါ်ပြီး
ဒေါ်လေးမေဦး ခလုပ်တိုက်လဲကျတဲ့နေရာကို လက်နှိပ်ဓာတ်မီးနဲ့ သွားကြလေရဲ့ ကျွန်တော်တို့ ကလေးတွေကတော့ အိမ်မှာကျန်ရစ်ခဲ့ရတာပေါ့…။
တအောင့်နေပြန်လာလို့ ဦးလေးဖြစ်သူ ပြန်ပြောပြတာတော့ ဦးညွှန့်ကုလားလို ခေါ်ကျွေးပြီး ပြန်မဲ့ အချိန်မှာ ဗာဒံပင်ပေါ်က ဗာဒံရွက်တွေ လေမတိုက်ပဲ လှုပ်ခတ်သွားတာ
အားလုံးသတိထားမိလိုက်ကြပါတယ်တဲ့…။ နောက်နေ့ အိမ်က ဘုရားစင်အောက်မှာ ဆိုင်းဘာဘာပုံကြီးချိတ်ဆွဲထားတာ ကျွန်တော် အလယ်တန်းရောက်တဲ့ အထိပါပဲ။
ထူးခြားတာကတော့ ဒေါ်လေးမေဦး အဲ့ဒီနေ့က အဖြစ်အပျက်ကို ဘာဆိုဘာမှ မသိတော့တာပါပဲ။ ကုလားစကားပြောတယ်ဆိုတာ သိပုံတောင်မရ..။

ကျွန်တော် လူပျိုပေါက် ရောက်တဲ့ အထိ ညဘက် လဘက်ရည်ဆိုင်ကပြန်လာရင် အဲ့ဒီဗာဒံပင်တန်းကို မော့ကြည့်ရတာ အမော…။ လူကြီးတွေကတော့ အမျှပေးလိုက်လို့ ကျွတ်လွတ်သွားပြီတဲ့…။ ဘာပဲဖြစ်ဖြစ် အိမ်ဦးခန်းမှာ ဆိုင်းဘာဘာရောက်လာတာ ကျွန်တော် ပြည်ပထွက်တဲ့ အထိပါပဲ… အခုတော့ မထားတော့ဘူးတဲ့…။ ကျွန်တော်တို့လူပျိုပေါက်ရောက်တဲ့ အထိ ရှေးရိုးစွဲ အဘွားတွေက အိမ်ပေါ်ထက်ခါနီး တံတွေးထွေးပြီး ဖိနပ်နဲ့ ဖတ်ဖတ် ဖီဖီဆိုပြီး အဘွားတို့က အိမ်ပြန်လာရင် လုပ်ခိုင်းတော့တာပါပဲ..


ဖိုးသူတော် (www.phothutaw.com)
Credit:Pyustate

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top