Property Expo
×

ေမြးကင္းစကေလးကို ထိန္းသိမ္းေစာင့္ေရွာက္တာ အေရးၾကီးဆုံးအလုပ္ေတြထဲက တစ္ခုျဖစ္ပါတယ္။ ႏုိ႔စုိ႔ကေလးတစ္ေယာက္မွာ အဆက္မျပတ္ အာရုံစုိက္ေစာင့္ေရွာက္ေပးမႈ လုိအပ္ပါတယ္။ ဒါမွ မလုိလားအပ္တဲ့ က်န္းမာေရးျပသနာေတြနဲ႔ ကင္းရွင္းမွာ ျဖစ္ပါတယ္။

ဘက္တီးရီးယားနဲ႔ ကူးစက္ေရာဂါေတြကို ေနရာတုိင္းမွာ ေတြ႔ႏုိင္ျပီး ကေလးထိန္းတဲ့အခါ အေအးမိ၊ ေခ်ာင္းဆုိး၊ ႏွာေခ်၊ ႏွာပိတ္ျပသနာရိွသူေတြကို ေသခ်ာၾကည့္ဖုိ႔ အေရးၾကီးပါတယ္။ ဒီအရာေတြအားလုံးတုိ႔က ကေလးရဲ႕က်န္းမာေရးကို ထိခုိက္ေစႏုိင္ပါတယ္။ ကိုယ္ကိုယ္တုိင္ဖ်ားေနရင္လည္း သူမ်ားကေလးေတြနဲ႔ ခပ္ကင္းကင္းေနရပါမယ္။

ကေလးနဲ႔ ထိေတြ႕တာ ဘယ္ေလာက္ထိအႏၱရာယ္မ်ားသလဲဆုိတာ ပိုမိုယုံၾကည္ေစဖုိ႔အတြက္ ယူေကႏုိင္ငံက မိခင္ Claire Henderson နဲ႔ သူမရဲ႕ ေမြးကင္းစသမီး Brook ရဲ႕ ျဖစ္ရပ္မွန္တစ္ခုရိွပါတယ္။ Claire ကေလး ပါးစပ္အနမ္းခံရတဲ့အခါမွာ ကေလးရဲ႕ ပါးစပ္၊ ပါးနဲ႔ ေမးေစ့မွာ ေရယုန္ေတြ ပ်ံ႕ႏွံ႔ျဖစ္ပြားခဲ့ပါတယ္။

ဒါက Claire ကို ေဆးရုံ ၅ ရက္ၾကာ တက္ရတဲ့အထိကို ျဖစ္ေစခဲ့ကာ ကေလးရဲ႕ က်န္းမာေရးအေျခအေန စိုးရိမ္စရာ ျဖစ္ေစသြားခဲ့ပါတယ္။ ကံေကာင္းခ်င္ေတာ့ ကေလး ေနေကာင္းက်န္းမာလာခဲ့ပါတယ္။ ေရယုန္ဗုိင္းရပ္စ္က ၃ လေအာက္ကေလးေတြအတြက္ အသက္ေသဆုံးေစႏုိင္ျပီး ဒီသာဓကကို Queenland မွာ ေတြ႔ရိွခဲ့ပါတယ္။ ေမြးကင္းစကေလး Eloise Lampton ဟာ အဲဒီဗုိင္းရပ္စ္ ကူးစက္ခံထားရျပီး ကံဆုိးခ်င္ေတာ့ ကေလးက ရက္ပုိင္းေလးသာရိွေနေသးေတာ့ အသက္ဆုံးရႈံးခဲ့ပါတယ္။

ကေလးေတြဆိုတာ အင္မတန္ႏုနယ္သိမ္ေမြ႔ျပီး က်န္းမာေရးကို အစဥ္မျပတ္ေစာင့္ၾကည့္မႈ လုိအပ္သူေတြ ျဖစ္ပါတယ္။ ကေလးေတြမွာ ေမြးဖြားျပီးခ်ိန္ကစလုိ႔ ၆ အထိ ကိုယ္ခံအား မရိွေသးပါဘူး။ ဘယ္အရာမဆုိ သူတုိ႔ကို အႏၱရာယ္ေပးႏုိင္ပါတယ္။ ရုိးရုိးဖ်ားနာေစျခင္းနဲ႔ အေအးမိျခင္းတုိ႔က ကေလးအတြက္ အသက္ဆုံးရႈံးႏုိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

မွေးကင်းစကလေးကို ထိန်းသိမ်းစောင့်ရှောက်တာ အရေးကြီးဆုံးအလုပ်တွေထဲက တစ်ခုဖြစ်ပါတယ်။ နို့စို့ကလေးတစ်ယောက်မှာ အဆက်မပြတ် အာရုံစိုက်စောင့်ရှောက်ပေးမှု လိုအပ်ပါတယ်။ ဒါမှ မလိုလားအပ်တဲ့ ကျန်းမာရေးပြသနာတွေနဲ့ ကင်းရှင်းမှာ ဖြစ်ပါတယ်။

ဘက်တီးရီးယားနဲ့ ကူးစက်ရောဂါတွေကို နေရာတိုင်းမှာ တွေ့နိုင်ပြီး ကလေးထိန်းတဲ့အခါ အအေးမိ၊ ချောင်းဆိုး၊ နှာချေ၊ နှာပိတ်ပြသနာရှိသူတွေကို သေချာကြည့်ဖို့ အရေးကြီးပါတယ်။ ဒီအရာတွေအားလုံးတို့က ကလေးရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်ဖျားနေရင်လည်း သူများကလေးတွေနဲ့ ခပ်ကင်းကင်းနေရပါမယ်။

ကလေးနဲ့ ထိတွေ့တာ ဘယ်လောက်ထိအန္တရာယ်များသလဲဆိုတာ ပိုမိုယုံကြည်စေဖို့အတွက် ယူကေနိုင်ငံက မိခင် Claire Henderson နဲ့ သူမရဲ့ မွေးကင်းစသမီး Brook ရဲ့ ဖြစ်ရပ်မှန်တစ်ခုရှိပါတယ်။ Claire ကလေး ပါးစပ်အနမ်းခံရတဲ့အခါမှာ ကလေးရဲ့ ပါးစပ်၊ ပါးနဲ့ မေးစေ့မှာ ရေယုန်တွေ ပျံ့နှံ့ဖြစ်ပွားခဲ့ပါတယ်။

ဒါက Claire ကို ဆေးရုံ ၅ ရက်ကြာ တက်ရတဲ့အထိကို ဖြစ်စေခဲ့ကာ ကလေးရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်စရာ ဖြစ်စေသွားခဲ့ပါတယ်။ ကံကောင်းချင်တော့ ကလေး နေကောင်းကျန်းမာလာခဲ့ပါတယ်။ ရေယုန်ဗိုင်းရပ်စ်က ၃ လအောက်ကလေးတွေအတွက် အသက်သေဆုံးစေနိုင်ပြီး ဒီသာဓကကို Queenland မှာ တွေ့ရှိခဲ့ပါတယ်။ မွေးကင်းစကလေး Eloise Lampton ဟာ အဲဒီဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ကံဆိုးချင်တော့ ကလေးက ရက်ပိုင်းလေးသာရှိနေသေးတော့ အသက်ဆုံးရှုံးခဲ့ပါတယ်။

ကလေးတွေဆိုတာ အင်မတန်နုနယ်သိမ်မွေ့ပြီး ကျန်းမာရေးကို အစဉ်မပြတ်စောင့်ကြည့်မှု လိုအပ်သူတွေ ဖြစ်ပါတယ်။ ကလေးတွေမှာ မွေးဖွားပြီးချိန်ကစလို့ ၆ အထိ ကိုယ်ခံအား မရှိသေးပါဘူး။ ဘယ်အရာမဆို သူတို့ကို အန္တရာယ်ပေးနိုင်ပါတယ်။ ရိုးရိုးဖျားနာစေခြင်းနဲ့ အအေးမိခြင်းတို့က ကလေးအတွက် အသက်ဆုံးရှုံးနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top