Property Expo
×

လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါမှာ ဒီလူက ဘယ်လိုလူမျိုးလဲ၊ ဘယ်လိုအကျင့်စရိုက်ရှိလဲဆိုတာကို အကဲခတ်တတ်ဖို့က အရေးကြီးပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြတဲ့အထဲမှာမှ အူကြောင်ကြောင်နိုင်ပြီး ပေါင်းသင်းဆက်ဆံလို့အဆင်မပြေတဲ့သူမျိုးဆိုရင် တစ်ပန်းရှုံးမှာပါပဲ။ ဒါဆိုရင် လူတစ်ယောက်က အူကြောင်ကြောင်နိုင်လား၊ မနိုင်လားဆိုတာကို ဘယ်လိုသိနိုင်မလဲ။


၁။ ပြောချင်တာပဲစွတ်ပြောတယ်

အရိပ်သုံးပါးမကြည့်ဘဲ ကိုယ်ပြောချင်တာကိုပဲ အတင်းပြောနေတတ်တာပါ။ တစ်ဖက်လူနားထောင်ချင်ရဲ့လားဆိုတာမသိ၊ တစ်ဖက်လူစိတ်နေသဘောထားအခြေအနေကို ဂရုမစိုက်ဘဲ ကိုယ်ပြောရဖို့ပဲ အဓိကထားတာကို ဆိုလိုတာပါ။


၂။ တောင်စဉ်ရေမရစကားတွေ

လူဆိုတာ ဘယ်လောက်စကားများတယ်ပြောပြော ကိုယ်ပြောတဲ့စကားက တစ်ခုနဲ့တစ်ခု အဆက်အစပ်တော့ အနည်းအကျဉ်းရှိရပါတယ်။ ပိုဆိုးတာက လူအများနဲ့စကားပြောနေတဲ့အချိန် လူအများနဲ့ဆွေးနွေးနေတဲ့ကိစ္စတစ်ခုမှာ ဘာမှမဆိုင်တဲ့ကိစ္စမျိုးကြီးပြောလိုက်ရင်တော့ တော်တော်ကြီး ဂွမ်းသွားမှာပါ။


၃။ လိုတာထက်ပိုငေးငိုင်

တက်တက်ကြွကြွမဖြစ်တဲ့အပြင် လိုတာထက်ပိုပြီး လေးလံထိုင်းမှိုင်းပါတယ်။ ငေးတာ၊ ငိုင်တာ၊ အိပ်တာ၊ သမ်းဝေတာတွေလည်း လုပ်တတ်တယ်။

၎။ မဏ္ဍပ်တိုင်အရမ်းတက်လွန်း

သူတော်တာ၊ တတ်တာ သိသာအောင် အတင်းလုပ်ပြပါတယ်။ တကယ်ဉာဏ်ပညာရှိပြီး ရင့်ကျက်တဲ့သူက အဲ့ဒီလိုလုပ်မပြပါဘူး။ ကိုယ်တော်ကြောင်း တတ်ကြောင်း လူအများကို အရမ်းသိစေချင်တာကလည်း အူကြောင်ကြောင်နိုင်ခြင်းတစ်မျိုးပါ။


၅။ လုပ်ရပ်တွေက ထူးဆန်းနေတယ်

သာမန်လူတွေနဲ့ကို မတူပါဘူး။ ကောင်းသောမတူခြင်းနဲ့မတူတာမျိုးလည်း မဟုတ်ပြန်တော့ ပိုဆိုးပါတယ်။ ဘယ်သူဘာထင်ထင် ကိုယ်လုပ်ချင်တာလုပ်ရရင် ပြီးရော၊ ကိုယ်ဖြစ်ချင်တာဖြစ်ရရင်ပြီးရောဆိုပြီး ထူးထူးဆန်းဆန်း မထော်မနန်းတွေလုပ်တာတွေ ပါရှိပါတယ်။
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top