Property Expo
×

တစ္ခါတစ္ေလ က်န္းမာေရးျပႆနာနဲ႔ ရုပ္ပုိင္းဆုိင္ရာ အခက္ အခဲေတြက ထင္မွတ္မထားေလာက္ေအာင္ကုိ လြယ္ကူတဲ့ ကုသမႈေတြ ရွိေနပါတယ္။ စိတ္ဖိစီးမႈေတြဆုိတာ စိတ္ပုိင္းဆုိင္ရာ ျပႆနာအခက္အခဲေတြ၊ စိတ္ေသာကနဲ႔ စိတ္ပူပန္စရာေတြေၾကာင့္ ျဖစ္ေပၚတတ္ပါတယ္။ စိတ္ဖိစီးမႈကုိ ေျဖေလ်ာ့က်ဖုိ႔အတြက္ စိတ္ပုိင္း ဆုိင္ရာ ျပႆနာေတြ ေျဖရွင္းေပးႏုိင္ရံုနဲ႔အျပင္ ရုပ္ပုိင္းဆုိင္ရာကေနလည္း ထူးျခားတဲ့က်န္းမာေရးေျဖရွင္းကုသမႈ ေလးေတြနဲ႔လည္း စိတ္ဖိစီးမႈ ျပႆနာေတြေျဖရွင္းေပးႏုိင္ပါတယ္။
စိတ္ပုိင္းဆုိင္ရာနဲ႔ ရုပ္ပုိင္းဆုိင္ရာဆက္ စပ္ေနမႈေၾကာင့္လည္း ျဖစ္ ပါတယ္။ ထူးျခားတဲ့ ကုသမႈေတြနဲ႔ က်န္းမာေရး၊စိတ္ပုိင္းဆုိင္ရာအ ခက္အခဲျပႆနာေတြကုိ ေျဖရွင္းဖုိ႔အတြက္ နည္းလမ္းေကာင္းေလး ေတြ ေပးလုိက္ပါတယ္။

၁။ လက္မနဲ႔ လက္ညွိဳးၾကားမွာ ရွိေနတဲ့ၾကြက္သားေနရာက တကယ့္ ကုိ အထိေရာက္ဆံုးေနရာတစ္ခုျဖစ္ပါတယ္။ အဲ့ဒီေနရာေလးကုိ ငါးစကၠန္႔ေလာက္ ႏွိပ္နယ္ေပးလုိက္ရံုနဲ႔ သင့္ဆီမွာခံစားေနရတဲ့ စိတ္ဖိစီးမႈနဲ႔ မ်က္ႏွာတစ္ဝုိက္ နာက်င္ျခင္း၊ သြားကုိက္ျခင္း၊ ေခါင္း ကိုက္ျခင္း၊ လည္ပင္းနာျခင္းနဲ႔ စိတ္ဖိစီးျခင္းေတြ သက္သာေပ်ာက္ ကင္းေစႏုိင္ပါတယ္။
၂။ ပခံုးအေပၚဘက္ လက္ဝါးတင္လုိက္လုိ႔ လက္ခလယ္နဲ႔ လက္ သန္းေနရာကုိ ႏွိပ္နယ္ေပးမယ္ဆုိရင္ စိတ္ဖိစီးခံစားမႈေတြကုိ သက္ သာေစႏုိင္ပါတယ္။

၃။ ေျခခံု၊ ေျခမအေပၚဘက္ အရိုးေပၚကုိ ႏွိပ္နယ္ေပးမယ္ဆုိရင္ စိတ္ရႈပ္ေထြးျခင္း၊ ေျခေထာက္ နာက်င္ကုိက္ခဲျခင္း၊ ေသြးဖိအား ျမင့္တက္ျခင္း၊ အမ်ိဳးသမီးရာသီစက္ဝန္းနာက်င္ျခင္း၊ အိပ္မေပ်ာ္ ျခင္း၊ ေနာက္ေက်ာနာက်င္ျခင္းေတြကုိ သက္သာေပ်ာက္ကင္းေစ ပါတယ္။
၄။ နားေနာက္ဖက္ျခမ္းက ဦးေခါင္းခံံြကုိ ႏွိပ္နယ္ေပးျခင္းျဖင့္လည္း လည္ပင္း၊ ဇက္၊ ဂုတ္ေၾကာရိုးေတြ အေၾကာေတြေျပေလ်ာ့ သက္သာ ေစပါတယ္။

၅။ ဒူးဆစ္ရဲ႕ ဒူးေခါင္းအေပၚအေရွ႕ေအာက္ေနရာကုိ ႏွိပ္နယ္ေပးပါ။ ေမာပန္းႏြမ္းနယ္ျခင္း၊ နာက်င္ကုိက္ခဲျခင္း၊ စိတ္ဖိစီးျခင္း၊ အစာအိမ္ အူလမ္းေၾကာင္းက မူမမွန္တဲ့ ျပႆနာေလးေတြ ျဖစ္တဲ့ ေအာ့အန္ ျခင္း၊ အစာမေၾကျခင္းေတြကုိ ေလ်ာ့က်ေစႏုိင္ပါတယ္။

၆။ နားရြက္အေပၚဘက္ အေရျပားအရြက္က လူတစ္ကုိယ္လံုးစာမွာ စိတ္ဖိစီးမႈကုိ အေလ်ာ့ခ်ေပးႏုိင္ဆံုး အစိတ္အပုိင္းတစ္ခုျဖစ္တယ္လုိ႔ ကၽြမ္းက်င္ပညာရွင္ေတြက ဆုိပါတယ္။ အဲ့ဒီေနရာတစ္ဝုိက္ကုိ ဖ်စ္ ညွစ္ျခင္း၊ ႏွိပ္နယ္ ဖိေပးျခင္းေတြ ျပဳလုပ္ေပးမယ္ဆုိရင္ စိတ္ဖိစီးမႈ ေတြေလ်ာ့က်ေစႏုိင္ပါတယ္။
၇။ ဝမ္းဗုိက္ရဲ႕အေပၚဖက္၊ နံရံႏွစ္ခုအလယ္ၾကားေနရာက အသက္ရႈ လမ္းေၾကာင္းဆုိင္ရာေတြအတြက္ အေကာင္းဆံုးေျဖရွင္းမႈေတြ ေပးႏုိင္ပါတယ္။

Credit: ဖိုးသူေတာ္ (www.phothutaw.com)
ဖိုးသူေတာ္ Team မွ ဘာသာျပန္သည္။

#Unicode Version

တစ်ခါတစ်လေ ကျန်းမာရေးပြဿနာနဲ့ ရုပ်ပိုင်းဆိုင်ရာ အခက် အခဲတွေက ထင်မှတ်မထားလောက်အောင်ကို လွယ်ကူတဲ့ ကုသမှုတွေ ရှိနေပါတယ်။ စိတ်ဖိစီးမှုတွေဆိုတာ စိတ်ပိုင်းဆိုင်ရာ ပြဿနာအခက်အခဲတွေ၊ စိတ်သောကနဲ့ စိတ်ပူပန်စရာတွေကြောင့် ဖြစ်ပေါ်တတ်ပါတယ်။ စိတ်ဖိစီးမှုကို ဖြေလျော့ကျဖို့အတွက် စိတ်ပိုင်း ဆိုင်ရာ ပြဿနာတွေ ဖြေရှင်းပေးနိုင်ရုံနဲ့အပြင် ရုပ်ပိုင်းဆိုင်ရာကနေလည်း ထူးခြားတဲ့ကျန်းမာရေးဖြေရှင်းကုသမှု လေးတွေနဲ့လည်း စိတ်ဖိစီးမှု ပြဿနာတွေဖြေရှင်းပေးနိုင်ပါတယ်။

စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာဆက် စပ်နေမှုကြောင့်လည်း ဖြစ် ပါတယ်။ ထူးခြားတဲ့ ကုသမှုတွေနဲ့ ကျန်းမာရေး၊စိတ်ပိုင်းဆိုင်ရာအ ခက်အခဲပြဿနာတွေကို ဖြေရှင်းဖို့အတွက် နည်းလမ်းကောင်းလေး တွေ ပေးလိုက်ပါတယ်။

၁။ လက်မနဲ့ လက်ညှိုးကြားမှာ ရှိနေတဲ့ကြွက်သားနေရာက တကယ့် ကို အထိရောက်ဆုံးနေရာတစ်ခုဖြစ်ပါတယ်။ အဲ့ဒီနေရာလေးကို ငါးစက္ကန့်လောက် နှိပ်နယ်ပေးလိုက်ရုံနဲ့ သင့်ဆီမှာခံစားနေရတဲ့ စိတ်ဖိစီးမှုနဲ့ မျက်နှာတစ်ဝိုက် နာကျင်ခြင်း၊ သွားကိုက်ခြင်း၊ ခေါင်း ကိုက်ခြင်း၊ လည်ပင်းနာခြင်းနဲ့ စိတ်ဖိစီးခြင်းတွေ သက်သာပျောက် ကင်းစေနိုင်ပါတယ်။
၂။ ပခုံးအပေါ်ဘက် လက်ဝါးတင်လိုက်လို့ လက်ခလယ်နဲ့ လက် သန်းနေရာကို နှိပ်နယ်ပေးမယ်ဆိုရင် စိတ်ဖိစီးခံစားမှုတွေကို သက် သာစေနိုင်ပါတယ်။

၃။ ခြေခုံ၊ ခြေမအပေါ်ဘက် အရိုးပေါ်ကို နှိပ်နယ်ပေးမယ်ဆိုရင် စိတ်ရှုပ်ထွေးခြင်း၊ ခြေထောက် နာကျင်ကိုက်ခဲခြင်း၊ သွေးဖိအား မြင့်တက်ခြင်း၊ အမျိုးသမီးရာသီစက်ဝန်းနာကျင်ခြင်း၊ အိပ်မပျော် ခြင်း၊ နောက်ကျောနာကျင်ခြင်းတွေကို သက်သာပျောက်ကင်းစေ ပါတယ်။
၄။ နားနောက်ဖက်ခြမ်းက ဦးခေါင်းခံွံကို နှိပ်နယ်ပေးခြင်းဖြင့်လည်း လည်ပင်း၊ ဇက်၊ ဂုတ်ကြောရိုးတွေ အကြောတွေပြေလျော့ သက်သာ စေပါတယ်။

၅။ ဒူးဆစ်ရဲ့ ဒူးခေါင်းအပေါ်အရှေ့အောက်နေရာကို နှိပ်နယ်ပေးပါ။ မောပန်းနွမ်းနယ်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ စိတ်ဖိစီးခြင်း၊ အစာအိမ် အူလမ်းကြောင်းက မူမမှန်တဲ့ ပြဿနာလေးတွေ ဖြစ်တဲ့ အော့အန် ခြင်း၊ အစာမကြေခြင်းတွေကို လျော့ကျစေနိုင်ပါတယ်။

၆။ နားရွက်အပေါ်ဘက် အရေပြားအရွက်က လူတစ်ကိုယ်လုံးစာမှာ စိတ်ဖိစီးမှုကို အလျော့ချပေးနိုင်ဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ အဲ့ဒီနေရာတစ်ဝိုက်ကို ဖျစ် ညှစ်ခြင်း၊ နှိပ်နယ် ဖိပေးခြင်းတွေ ပြုလုပ်ပေးမယ်ဆိုရင် စိတ်ဖိစီးမှု တွေလျော့ကျစေနိုင်ပါတယ်။
၇။ ဝမ်းဗိုက်ရဲ့အပေါ်ဖက်၊ နံရံနှစ်ခုအလယ်ကြားနေရာက အသက်ရှု လမ်းကြောင်းဆိုင်ရာတွေအတွက် အကောင်းဆုံးဖြေရှင်းမှုတွေ ပေးနိုင်ပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top