Property Expo
×

သိပ္မၾကာခင္ ႏွစ္ေတြအတြင္းမွာ နယ္သာလန္ႏိုင္ငံက ေထာင္အေရအတြက္ ၁၉ ခုကို ပိတ္သိမ္းသြားမယ္ဆိုတဲ့ သတင္းကို ၿပီးခဲ့တဲ့ လပိုင္းေတြထဲက စတင္အတည္ျပဳခဲ့ပါတယ္။အေၾကာင္းအရင္းကေတာ့ ရာဇဝတ္မႈႏႈန္းေတြက ေလ်ာ့က်လြန္းေနၿပီး ေထာင္ေတြကို ျပဳျပင္ထိန္းသိမ္းထားရတဲ့ စရိတ္မွာ မလိုအပ္တဲ့ အကုန္အက်ေတြမ်ားေနလို႔ပါတဲ့။
တျခားအေၾကာင္းအရင္းတစ္ရပ္အေနနဲ႕ကေတာ့ တရားသူႀကီးေတြဟာ တရားခံေတြကို ေထာင္ဒဏ္ႏွစ္ေတြကို ေလွ်ာ့ခ်ေပးလာတာလည္းပါေပမယ့္ မႈခင္းႏႈန္းကေတာ့ သိသိသာသာႀကီးကို က်ဆင္းလာတာပဲ ျဖစ္ပါတယ္။

၂၀၀၄ ခုႏွစ္က ၂၀၁၁ ခုႏွစ္အတြင္း နယ္သာလန္ႏိုင္ငံတြင္း မႈခင္းျဖစ္ပြားမႈႏႈန္းဟာ တစ္ႏွစ္ကို တစ္ရာခိုင္ႏႈန္းဆီေလာက္ ေလ်ာ့က်လာခဲံ့ၿပီး ၂၀၁၁ က ၂၀၁၂ ခုႏွစ္အတြင္းမွာ ၆ ရာခိုင္ႏႈန္းအထိ ေလ်ာ့က်သြားတယ္လို႔ သိရပါတယ္။

စစ္တမ္းေကာက္ယူခ်က္ေတြအရ ဒီလို ေထာင္ေတြ ပိတ္သိမ္းလိုက္တဲ့အခါ ေထာင္ဝန္ထမ္းဦးေရ ၁,၉၀၀ ေလာက္ အလုပ္ျပဳတ္သြားႏိုင္ေခ် ရွိတယ္လို႔ ေတြ႔ရပါတယ္။ ဘယ္လိုပဲ ျဖစ္ပါေစ ၊ ႏိုင္ငံအတြင္း မႈခင္းႏႈန္းေတြ က်ဆင္းလာတယ္ဆိုတဲ့ အျဖစ္က ႏိုင္ငံသားေတြ စိတ္လုံၿခဳံမႈ ရွိေနရတယ္ဆိုတာကို ေဖာ္ျပေနတဲ့ အတြက္ မဂၤလာသတင္းတစ္ခုပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေက်ာ္သန္႕(ရိုးရာေလး)

#Unicode Version
သိပ်မကြာခင် နှစ်တွေအတွင်းမှာ နယ်သာလန်နိုင်ငံက ထောင်အရေအတွက် ၁၉ ခုကို ပိတ်သိမ်းသွားမယ်ဆိုတဲ့ သတင်းကို ပြီးခဲ့တဲ့ လပိုင်းတွေထဲက စတင်အတည်ပြုခဲ့ပါတယ်။အကြောင်းအရင်းကတော့ ရာဇဝတ်မှုနှုန်းတွေက လျော့ကျလွန်းနေပြီး ထောင်တွေကို ပြုပြင်ထိန်းသိမ်းထားရတဲ့ စရိတ်မှာ မလိုအပ်တဲ့ အကုန်အကျတွေများနေလို့ပါတဲ့။
တခြားအကြောင်းအရင်းတစ်ရပ်အနေနဲ့ကတော့ တရားသူကြီးတွေဟာ တရားခံတွေကို ထောင်ဒဏ်နှစ်တွေကို လျှော့ချပေးလာတာလည်းပါပေမယ့် မှုခင်းနှုန်းကတော့ သိသိသာသာကြီးကို ကျဆင်းလာတာပဲ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်က ၂၀၁၁ ခုနှစ်အတွင်း နယ်သာလန်နိုင်ငံတွင်း မှုခင်းဖြစ်ပွားမှုနှုန်းဟာ တစ်နှစ်ကို တစ်ရာခိုင်နှုန်းဆီလောက် လျော့ကျလာခဲံ့ပြီး ၂၀၁၁ က ၂၀၁၂ ခုနှစ်အတွင်းမှာ ၆ ရာခိုင်နှုန်းအထိ လျော့ကျသွားတယ်လို့ သိရပါတယ်။

စစ်တမ်းကောက်ယူချက်တွေအရ ဒီလို ထောင်တွေ ပိတ်သိမ်းလိုက်တဲ့အခါ ထောင်ဝန်ထမ်းဦးရေ ၁,၉၀၀ လောက် အလုပ်ပြုတ်သွားနိုင်ချေ ရှိတယ်လို့ တွေ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ ၊ နိုင်ငံအတွင်း မှုခင်းနှုန်းတွေ ကျဆင်းလာတယ်ဆိုတဲ့ အဖြစ်က နိုင်ငံသားတွေ စိတ်လုံခြုံမှု ရှိနေရတယ်ဆိုတာကို ဖော်ပြနေတဲ့ အတွက် မင်္ဂလာသတင်းတစ်ခုပဲ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:ကျော်သန့်(ရိုးရာလေး)
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top