Property Expo
×


လူႀကီးလွ်ာအရြယ္အစားနဲ႔ ေမြးဖြားလာတဲ့ကေလးမွာ အသက္႐ွဴက်ပ္ၿပီး ေသဆံုးႏုိင္ေျခရွိတဲ့အတြက္ ခြဲစိတ္ကုသေပးၿပီးတဲ့ေနာက္ ကေလးဟာ ျပံဳးရယ္လာႏုိင္တာကို ဝမ္းသာဖြယ္ ေတြ႕ရွိရပါတယ္။

အေမရိကန္ျပည္ေထာင္စု၊ South Dakota ျပည္နယ္မွာ ေမြးဖြားတဲ့ ပရက္စေလမာရီဆန္ဂၽြန္ဆန္မွာ ေမြးရာပါ Beckwith Wiedemann ေရာဂါလကၡဏာရပ္ရွိေနခဲ့ပါတယ္။ ယင္းျဖစ္ရပ္မ်ဳိးဟာ ေမြးဖြားမႈ ၁၁,၀၀၀ မွာ တစ္ေယာက္ဟာ ျဖစ္တတ္တဲ့ ေရာဂါမ်ဳိးပါ။

ေမြးရာပါ လွ်ာႀကီးေနတဲ့ ကေလးေတြဟာ အသက္႐ွဴျခင္း၊ အစာစားျခင္းနဲ႔ စကားေျပာျခင္းတုိ႔မွာ အခက္အခဲေတြ ရွိေနပါတယ္။

ဒါေၾကာင့္ ပရက္စေလဟာ လုိအပ္သေလာက္ အစားအစာမစားႏုိင္တဲ့အတြက္ ၆ လအရြယ္အထိ အစာျပြန္နဲ႔ အစာေကၽြးၿပီး ေမြးခဲ့ရပါတယ္။

ဒါ့အျပင္ ေမြးဖြားခါစ ပထမပတ္မွာ အသက္မ႐ွဴႏုိင္တဲ့အတြက္ ေအာက္ဆီဂ်င္ပိုက္တပ္ေပးခဲ့ရပါေသးတယ္။

လွ်ာေသးေအာင္ ခြဲစိတ္ကုသမႈျပဳလုပ္ၿပီးေနာက္မွာေတာင္ သူမရဲ႕လွ်ာက ဆက္လက္ႀကီးထြားေနၿပီး ပါးစပ္အျပင္ဘက္ကိုေတာင္ ထြက္ေနခဲ့ပါတယ္။

ဒါေပမဲ့ လြန္ခဲ့တဲ့ ၆ လက ဒုတိယအႀကိမ္ေျမာက္  ခြဲစိတ္ကုသမႈျပဳၿပီးေနာက္မွာေတာ့ သူမဟာ ပထမဆံုးအႀကိမ္ ျပံဳးရယ္လာႏုိင္တာကို ေတြ႕လိုက္ရပါတယ္။

အခု ၁၆ လအရြယ္ရွိေနၿပီျဖစ္တဲ့ ပရက္စေလဟာ စကားေျပာလာႏုိင္မယ့္ အသံေတြေတာင္ စထြက္ႏုိင္ပါၿပီ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version
လူကြီးလျှာအရွယ်အစားနဲ့ မွေးဖွားလာတဲ့ကလေးမှာ အသက်ရှူကျပ်ပြီး သေဆုံးနိုင်ခြေရှိတဲ့အတွက် ခွဲစိတ်ကုသပေးပြီးတဲ့နောက် ကလေးဟာ ပြုံးရယ်လာနိုင်တာကို ဝမ်းသာဖွယ် တွေ့ရှိရပါတယ်။

အမေရိကန်ပြည်ထောင်စု၊ South Dakota ပြည်နယ်မှာ မွေးဖွားတဲ့ ပရက်စလေမာရီဆန်ဂျွန်ဆန်မှာ မွေးရာပါ Beckwith Wiedemann ရောဂါလက္ခဏာရပ်ရှိနေခဲ့ပါတယ်။ ယင်းဖြစ်ရပ်မျိုးဟာ မွေးဖွားမှု ၁၁,၀၀၀ မှာ တစ်ယောက်ဟာ ဖြစ်တတ်တဲ့ ရောဂါမျိုးပါ။

မွေးရာပါ လျှာကြီးနေတဲ့ ကလေးတွေဟာ အသက်ရှူခြင်း၊ အစာစားခြင်းနဲ့ စကားပြောခြင်းတို့မှာ အခက်အခဲတွေ ရှိနေပါတယ်။

ဒါကြောင့် ပရက်စလေဟာ လိုအပ်သလောက် အစားအစာမစားနိုင်တဲ့အတွက် ၆ လအရွယ်အထိ အစာပြွန်နဲ့ အစာကျွေးပြီး မွေးခဲ့ရပါတယ်။

ဒါ့အပြင် မွေးဖွားခါစ ပထမပတ်မှာ အသက်မရှူနိုင်တဲ့အတွက် အောက်ဆီဂျင်ပိုက်တပ်ပေးခဲ့ရပါသေးတယ်။

လျှာသေးအောင် ခွဲစိတ်ကုသမှုပြုလုပ်ပြီးနောက်မှာတောင် သူမရဲ့လျှာက ဆက်လက်ကြီးထွားနေပြီး ပါးစပ်အပြင်ဘက်ကိုတောင် ထွက်နေခဲ့ပါတယ်။


ဒါပေမဲ့ လွန်ခဲ့တဲ့ ၆ လက ဒုတိယအကြိမ်မြောက်  ခွဲစိတ်ကုသမှုပြုပြီးနောက်မှာတော့ သူမဟာ ပထမဆုံးအကြိမ် ပြုံးရယ်လာနိုင်တာကို တွေ့လိုက်ရပါတယ်။

အခု ၁၆ လအရွယ်ရှိနေပြီဖြစ်တဲ့ ပရက်စလေဟာ စကားပြောလာနိုင်မယ့် အသံတွေတောင် စထွက်နိုင်ပါပြီ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top