iMyanmarHouse.com - Best Property Website for Myanmar
×




Credit:Duwun

Unicode Version

သြစတြေးလျနိုင်ငံမှာ အောက်တိုဘာ ၁၂ ရက်က ဖမ်းဆီးခဲ့တဲ့ ဆယ်ကျော်သက်နှစ်ဦးဟာ အိုင်အက်စ်ကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှု ပြုလုပ်ရန် စီစဉ်နေသူများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
အသက် ၁၆ နှစ်အရွယ် အဆိုပါ ဆယ်ကျော်သက်နှစ်ဦးကို အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး တပ်ဖွဲ့က ဆစ်ဒနေမြို့ ဆင်ခြေဖုံး Bankstown မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးက လှံစွပ်ပုံစံ ဓားများကို ဖမ်းဆီးခံရတဲ့နေ့မှာ ဝယ်ယူခဲ့ပြီး အိုင်အက်စ်အဖွဲ့ကို သစ္စာခံကြောင်း စာရေးသားထားပါတယ်။ ဖမ်းဆီးမိခဲ့တဲ့ ဆယ်ကျော်သက်နှစ်ဦးကို အကြမ်းဖက်မှုဆိုင်ရာ ပုဒ်မများဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရပါတယ်။

ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ ဆယ်ကျော်သက်နှစ်ဦးအနက် တစ်ဦးဟာ ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အကြမ်းဖက်သမားရဲ့ သားဖြစ်ကြောင်း Australian Broadcasting Corp ပြောပေမဲ့ ရဲတပ်ဖွဲ့က အဆိုပါ သတင်းအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top