Property Expo
×

 ဒေသခံများနှင့် အစိုးရ အကြား မြေယာပြဿနာကို ပြေ လည်အောင် မညှိနှိုင်းနိုင်ပါက သီလ၀ါအထူးစီးပွားရေးဇုန်ဘီကို ဆက်လက် အကောင်အထည် ဖော်နိုင်မည်မဟုတ်ကြောင်း မြန် မာဂျပန်သီလ၀ါဖွံ့ဖြိုးရေးကုမ္ပဏီ လီမိတက်မှ အမှုဆောင်အရာရှိ ချုပ် မစ္စတာ တာကာရှီက ပြော ကြားသည်။

အစိုးရအနေဖြင့် ဂျပန်နိုင်ငံ တကာပူးပေါင်းဆောင်ရွက်မှု အေ ဂျင်စီ၏ လမ်းညွှန်ချက်များအ တိုင်း ဒေသခံများကို နစ်နာမှုလျော်ကြေးပေး၍ပြေလည်အောင် ဖြေရှင်းနိုင်ရန်လိုအပ်ကြောင်း၊ မြန်မာဂျပန်ဖွံ့ဖြိုးရေး ကုမ္ပဏီ အနေဖြင့် အစိုးရထံမှ မြေကို ပြန်လည်ဝယ်ယူပြီး အထူးစီးပွားရေးဇုန်နှင့်ကိုက်ညီသည့် အခြေခံဝန်ဆောင် မှုများကို ပြုပြင်၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လိုသည့် နိုင်ငံတကာကုမ္ပ ဏီများအား ပြန်လည်ငှားရမ်းပေး ခြင်းကို ကြားခံဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း တာကာရှီက ဆို သည်။

‘‘ဇုန်ဘီကိုလုပ်ဖို့က လက်ရှိ နေထိုင်သူတွေနဲ့ အစိုးရကြား ပြေ လည်အောင် မလုပ်နိုင်ရင် စီမံ ကိန်းကနောက်ဆုတ်နိုင်တယ်’’ဟု ၎င်းက ပြောသည်။

သီလ၀ါအထူးစီးပွားရေးဇုန် စီမံကိန်းမြေအကျယ် ဟက်တာ ၂,၄၀၀ ကျော်တွင် စီမံကိန်း ၁၀၁ ဟက်တာ (၂၅၂ ဧကကျော်) အ ကျယ်အ၀န်းရှိသော ဇုန်ဘီစီမံ ကိန်းကို ယခုနှစ်ကုန်တွင် စတင် ရန် မူလက ရည်ရွယ်ထားသော် လည်း လက်ရှိအထိ ဒေသခံများနှင့် အစိုးရညှိနှိုင်းမှုတွင် တိကျသည့် အဖြေမရရှိသေးသဖြင့် စီမံကိန်းနောက်ဆုတ်ရမည့် အခြေအနေဖြစ်နေသည်။

‘‘ညှိနှိုင်းမှုတွေက လုံးလုံး လုပ်မရတာမျိုးမဟုတ်ပါဘူး။ တစ်ချိန်မှာတော့ ပြေလည်သွားနိုင်ပါ တယ်’’ဟု မြန်မာဂျပန်သီလ၀ါဖွံ့ ဖြိုးရေးကုမ္ပဏီလီမိတက် ၀န်ထမ်း ရေးရာနှင့် စီမံရေးရာဌာန မန်နေ ဂျာ ဦးမြင့်ဇော်က ပြောသည်။

သီလ၀ါအထူးစီးပွားရေးဇုန် အေကို ၂၀၁၅ စက်တင်ဘာတွင် စီးပွားဖြစ်စတင်လည်ပတ်ခဲ့ပြီး လက်ရှိတွင် နိုင်ငံပေါင်း ၁၇ နိုင်ငံမှ ကုမ္ပဏီပေါင်း ၇၉ ခုက သဘောတူစာချုပ်ချုပ်ဆိုထားသည်။ ဇုန်အေကို မြေဟက်တာ ၄၀၅ ဟက်တာ (ဧက ၁,၀၀၀ ကျော်)၌ အကောင်အထည်ဖော်ထားခြင်း ဖြစ်သည်။

သီလ၀ါအထူးစီးပွားရေးဇုန် အေရှိ မြေတစ်စကွဲယားမီတာကို အမေရိကန်ဒေါ်လာ ၈၀ သတ်မှတ် ပြီး ငှားရမ်းကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily

Unicode Version

နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
Top