Property Expo
×

ထုိင္းႏုိင္ငံမွာ အာဏသိမ္းမႈျဖင့္ ရာထူးမွျဖဳတ္ခ်ခံခဲ့ရတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္းယင္လတ္ရဲ႕ ပုိင္ဆုိင္မႈေတြကုိ ထိန္းခ်ဳပ္ထားရန္နဲ႕ ဒဏ္ေငြ အေမရိကန္ေဒၚလာ ၉၉၆.၈၇ သန္း (ထုိင္းဘတ္ေငြ ၃၅ ဘီလီယံ) ေပးေဆာင္ရန္ စစ္တပ္အစုိးရက အမိန္႕ထုတ္လုိက္တယ္လုိ႕ ဆုိပါတယ္။

စုိက္ပ်ဳိးစရိတ္ ေထာက္ပံ့ေၾကးေငြဆုိင္ရာ အ႐ႈပ္ေတာ္ပုံနဲ႕ ပတ္သက္ၿပီး စစ္တပ္အစုိးရက သူမအေပၚ ထုိသုိ႕ အမိန္႕ထုတ္ခဲ့ေၾကာင္း ယင္လတ္က ယေန႕ (ေအာက္တုိဘာ ၂၁ ရက္) ေျပာပါတယ္။ ၂၀၁၁ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ ယင္လတ္က မဲဆြယ္စည္း႐ုံးမႈ အေနျဖင့္ လယ္သမားမ်ားထံမွ ဆန္ေတြကုိ ေစ်းကြက္မွ ေစ်းႏႈန္းထက္ ပုိမိုေပးေခ်ဝယ္ယူခဲ့ၿပီး စိုက္ပ်ဳိးစရိတ္ ေထာက္ပံ့ေငြအျဖစ္ ေပးအပ္ခဲ့တယ္လို႕ ဆုိပါတယ္။

၂၀၁၄ ခုႏွစ္မွာ ထုိင္းစစ္တပ္က အာဏာသိမ္းမႈျဖင့္ ဝန္ႀကီးခ်ဳပ္ရာထူးမွ ယင္လတ္ကုိ ျဖဳတ္ခ်ခဲ့ကာ စုိက္ပ်ဳိးစရိတ္ေထာက္ပံ့ေငြ အ႐ႈပ္ေတာ္ပုံကိစၥအတြက္ စြဲခ်က္တင္ခဲ့ၿပီး တရား႐ုံးစစ္ေဆးမႈေတြ ျပဳလုပ္ေနတာ ျဖစ္ပါတယ္။ ဘန္ေကာက္ၿမဳိ႕ တရား႐ုံးအျပင္ဘက္မွာ သတင္းေထာက္မ်ားနဲ႕ ယေန႕ ေတြ႕ဆုံစဥ္ သူမရဲ႕ပုိင္ဆုိင္မႈေတြကုိ ထိန္းခ်ဳပ္ထားရန္ အမိန္႕ထုတ္ျပန္စာကုိ လြန္ခဲ့တဲ့ ႏွစ္ရက္က လက္ခံရ႐ွိခဲ့ေၾကာင္း ယင္လတ္က ေျပာၾကားခဲ့ပါတယ္။

စစ္တပ္အစုိးရက ထုိသုိ႕ အမိန္႕ထုတ္ျပန္မႈဟာ မမွန္ကန္ေၾကာင္းနဲ႕ ထုိသို႕လုပ္ေဆာင္မႈကုိ ျဖစ္ႏုိင္သမွ် ျပန္လည္ေခ်ပသြားမယ္လုိ႕ ယင္လတ္က ဆုိပါတယ္။ ဝန္ႀကီးခ်ဳပ္ေဟာင္းယင္လတ္ အေနနဲ႕ ယခု အမိန္႕ထုတ္ျပန္မႈကုိ ၄၅ ရက္အတြင္း အယူခံဝင္ႏုိင္ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ထိုင်းနိုင်ငံမှာ အာဏသိမ်းမှုဖြင့် ရာထူးမှဖြုတ်ချခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်းယင်လတ်ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားရန်နဲ့ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၉၉၆.၈၇ သန်း (ထိုင်းဘတ်ငွေ ၃၅ ဘီလီယံ) ပေးဆောင်ရန် စစ်တပ်အစိုးရက အမိန့်ထုတ်လိုက်တယ်လို့ ဆိုပါတယ်။

စိုက်ပျိုးစရိတ် ထောက်ပံ့ကြေးငွေဆိုင်ရာ အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး စစ်တပ်အစိုးရက သူမအပေါ် ထိုသို့ အမိန့်ထုတ်ခဲ့ကြောင်း ယင်လတ်က ယနေ့ (အောက်တိုဘာ ၂၁ ရက်) ပြောပါတယ်။ ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲမှာ ယင်လတ်က မဲဆွယ်စည်းရုံးမှု အနေဖြင့် လယ်သမားများထံမှ ဆန်တွေကို ဈေးကွက်မှ ဈေးနှုန်းထက် ပိုမိုပေးချေဝယ်ယူခဲ့ပြီး စိုက်ပျိုးစရိတ် ထောက်ပံ့ငွေအဖြစ် ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ်မှာ ထိုင်းစစ်တပ်က အာဏာသိမ်းမှုဖြင့် ဝန်ကြီးချုပ်ရာထူးမှ ယင်လတ်ကို ဖြုတ်ချခဲ့ကာ စိုက်ပျိုးစရိတ်ထောက်ပံ့ငွေ အရှုပ်တော်ပုံကိစ္စအတွက် စွဲချက်တင်ခဲ့ပြီး တရားရုံးစစ်ဆေးမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဘန်ကောက်မြို့ တရားရုံးအပြင်ဘက်မှာ သတင်းထောက်များနဲ့ ယနေ့ တွေ့ဆုံစဉ် သူမရဲ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားရန် အမိန့်ထုတ်ပြန်စာကို လွန်ခဲ့တဲ့ နှစ်ရက်က လက်ခံရရှိခဲ့ကြောင်း ယင်လတ်က ပြောကြားခဲ့ပါတယ်။

စစ်တပ်အစိုးရက ထိုသို့ အမိန့်ထုတ်ပြန်မှုဟာ မမှန်ကန်ကြောင်းနဲ့ ထိုသို့လုပ်ဆောင်မှုကို ဖြစ်နိုင်သမျှ ပြန်လည်ချေပသွားမယ်လို့ ယင်လတ်က ဆိုပါတယ်။ ဝန်ကြီးချုပ်ဟောင်းယင်လတ် အနေနဲ့ ယခု အမိန့်ထုတ်ပြန်မှုကို ၄၅ ရက်အတွင်း အယူခံဝင်နိုင်ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top