Property Expo
×

ေမာင္ေတာၿမိဳ႕နယ္ ရွိ ေက်းရြာအခ်ိဳ႕တြင္ ေအာက္တို ဘာ ၁၂ ရက္က နယ္ေျမရွင္းလင္း ေရးျပဳလုပ္ေနေသာ လံုၿခံဳေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ အၾကမ္းဖက္တိုက္ခိုက္သူမ်ားအၾကား ပစ္ခတ္မႈအခ်ိဳ႕ ဆက္လက္ျဖစ္ပြားခဲ့ရာ ေဒသခံမ်ားသည္ လံုၿခံဳေရးစိုးရိမ္ရသျဖင့္ ၿမိဳ႕ေပၚသို႔ ေျပာင္းေရႊ႕မႈမ်ား ရွိေနသည္။

ေအာက္တုိဘာ ၁၂ ရက္ နံနက္က က်ီးကန္းျပင္ေက်းရြာ နယ္ျခားေစာင့္ ရဲဌာနခ်ဳပ္ႏွင့္ တစ္ ဖာလံုခန္႔အကြာ ဝက္ပစ္ေက်း ရြာ တြင္ တပ္မေတာ္ႏွင့္ နယ္ျခား ေစာင့္ရဲတပ္ဖြဲ႕မ်ားပါဝင္သည့္လံု ၿခံဳေရးတပ္ဖြဲ႕ဝင္မ်ားက နယ္ေျမ ရွင္းလင္းေရးလုပ္ငန္းမ်ားေဆာင္ ရြက္စဥ္ ရြာထဲမွ ျပန္လည္တုိက္ ခိုက္သျဖင့္ ႏွစ္ဖက္ပစ္ခတ္မႈျဖစ္ ပြားခဲ့သည္။ တပ္က လိုက္လံရွင္းလင္းရာ အၾကမ္းဖက္တိုက္ခိုက္သူမ်ားက ၀က္ပစ္ရြာကို မီးရိႈ႕ခဲ့သျဖင့္ တပ္ကၿငွိမ္းသတ္ေပးခဲ့ ေၾကာင္း ျမ၀တီက ထုတ္ျပန္ သည္။

ယင္းသို႔ ထိခိုက္ပစ္ခတ္မႈ မ်ား ေန႔စဥ္ျဖစ္ပြားလာသည့္အ တြက္ ဝက္ပစ္ေက်းရြာအနီးတြင္ တည္ရွိသည့္ ေအာင္မဂၤလာ၊ ေအာင္သာယာႏွင့္ ေအာင္ေဇယ်ေက်းရြာတို႔မွ ေဒသခံမ်ား ေမာင္ေတာၿမိဳ႕ေပၚသို႔ ေျပာင္းေရႊ႕လာ ၾကၿပီး အခ်ိဳ႕မွာ ဘူးသီးေတာင္ၿမိဳ႕ ႏွင့္ စစ္ေတြၿမိဳ႕ေပၚသို႔ ေရႊ႕ေျပာင္းမႈရွိေနေၾကာင္း  သတင္းရရွိသည္။

ထို႔အျပင္ ေမာင္ေတာၿမိဳ႕ႏွင့္ ၁၂ မိုင္ခန္႔အကြာ အလယ္သံ ေက်ာ္ေက်းရြာတင္လည္း နယ္ေျမရွင္းလင္းေရးလုပ္ငန္းမ်ားေဆာင္ ရြက္စဥ္ ထိေတြ႕ပစ္ခတ္မႈအခ်ိဳ႕ ရွိခဲ့သည္ဟု နယ္ျခားေစာင့္တပ္ဖြဲ႕ ဝင္မ်ားက ေျပာသည္။ ယင္းျဖစ္စဥ္ေၾကာင့္လည္း ေမာင္ေတာၿမိဳ႕နယ္ေတာင္ပိုင္းရွိ ေက်းရြာအခ်ိဳ႕မွ ေဒသခံမ်ား ၿမိဳ႕ေပၚသို႔ ေျပာင္းေရႊ႕လာၾကသည္။

လက္ရွိ အေျခအေနအရ ေက်းလက္ေဒသမ်ားတြင္ ပိတ္မိ ေနေသာ ပညာေရးဝန္ထမ္းမ်ား ႏွင့္ က်န္းမာေရးဌာနဝန္ထမ္းမ်ား အား ၿမိဳ႕ေပၚသို႔ ေျပာင္းေရႊ႕မႈမ်ား ကို လံုၿခံဳေရးတပ္ဖြဲ႕ဝင္မ်ားက ေဆာင္ရြက္ေပးေနၿပီး အခ်ိဳ႕ ဝန္ထမ္းမ်ားကို နယ္ေျမစခန္းမ်ား တြင္ စုရပ္ထားရွိေဆာင္ရြက္ေန ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္စိုး က ေျပာသည္။

ေအာက္တုိဘာ ၁၁ ရက္က ေျပာင္ပစ္ေက်းရြာကို လံုၿခံဳေရး တပ္ဖြဲ႕ဝင္မ်ားက နယ္ေျမရွင္း လင္းေရးလုပ္ကိုင္စဥ္ ေတာင္ကုန္းေပၚ၌ အသင့္ေနရာယူထား ေသာအၾကမ္းဖက္ေသာင္းက်န္း သူအင္အား သံုးဆယ္ခန္႔က လက္နက္ငယ္မ်ား၊ စက္ေသနတ္မ်ားႏွင့္ ပစ္ခတ္သျဖင့္ တပ္မေတာ္စစ္ ေၾကာင္းက ျပန္လည္ ပစ္ခတ္ တိုက္ခိုက္ခဲ့ၾကသည္။

ယင္းသို႔ တိုက္ခိုက္မႈျဖစ္စဥ္ တြင္ အၾကမ္းဖက္ေသာင္းက်န္း သူမ်ားထံမွ အေလာင္း တစ္ ေလာင္း၊ ေသနတ္ ႏွစ္လက္ႏွင့္ က်ည္အိမ္ႏွစ္ခုတို႔ကို သိမ္းဆည္း ရမိခဲ့သည္။ တပ္မေတာ္ဘက္မွ ေသနတ္ႏွစ္လက္ေပ်ာက္ဆံုးကာ တပ္မေတာ္သားေလးဦး ေသဆံုး ၿပီး တစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။

ဒဏ္ရာရရွိခဲ့သည့္ တပ္မ ေတာ္သားသည္ေအာက္တုိဘာ ၁၂ ရက္တြင္ ေသဆံုးသြားေၾကာင္း လည္း သတင္းရရွိသည္။

နယ္ျခားေစာင့္ရဲတပ္ဖြဲ႕စ ခန္းမ်ားကို အၾကမ္းဖက္တုိက္ခိုက္ ရာတြင္ ပါဝင္ခဲ့ၿပီး ဘဂၤလားေဒ့ရွ္ ႏိုင္ငံသို႔ ထြက္ေျပးသြားသူတစ္ဦး ကို ဘဂၤလားေဒ့ရွ္နယ္ျခားေစာင့္ တပ္(BGB)က ဖမ္းဆီးရမိခဲ့ၿပီး ေအာက္တိုဘာ ၁၁ ရက္က ျမန္မာနယ္စပ္လံုၿခံဳေရးတပ္ဖြဲ႕သို႔ လႊဲ ေျပာင္းေပးထားေၾကာင္း နယ္ျခား ေစာင့္ရဲအရာရွိတစ္ဦးက ေျပာ သည္။

ေမာင္ေတာၿမိဳ႕ေပၚတြင္ လံု ၿခံဳေရး တင္းက်ပ္ထားၿပီး တပ္မ ေတာ္သားအင္အားမ်ားကို ျဖည့္တင္းထားေၾကာင္း ေတြ႕ရသည္။ ေအာက္တိုဘာ ၁၂ ရက္တြင္ ၿမိဳ႕ေပၚရွိ ေစ်းဆိုင္အားလံုးနီးပါး ပိတ္ထားၾကၿပီး ၿမိဳ႕ေပၚႏွင့္ေက်း လက္ေဒသမ်ားသို႔ ဆက္သြယ္ သြားလာမႈ ျပတ္ေတာက္ေန သည္။

ယင္းသို႔ ဆက္သြယ္သြားလာမႈမ်ားျပတ္ေတာက္ေနျခင္း၊ ေစ်း ဆိုင္မ်ားပိတ္ထားျခင္းတို႔ေၾကာင့္ ၿမိဳ႕ႏွင့္ေဝးသည့္ ေက်းလက္ေဒသ မ်ားတြင္ စားရိကၡာျပတ္လပ္မႈမ်ား ႀကံဳေတြ႕ေနရေၾကာင္း ရြာခံမ်ား က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

မောင်တောမြို့နယ် ရှိ ကျေးရွာအချို့တွင် အောက်တို ဘာ ၁၂ ရက်က နယ်မြေရှင်းလင်း ရေးပြုလုပ်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်တိုက်ခိုက်သူများအကြား ပစ်ခတ်မှုအချို့ ဆက်လက်ဖြစ်ပွားခဲ့ရာ ဒေသခံများသည် လုံခြုံရေးစိုးရိမ်ရသဖြင့် မြို့ပေါ်သို့ ပြောင်းရွှေ့မှုများ ရှိနေသည်။

အောက်တိုဘာ ၁၂ ရက် နံနက်က ကျီးကန်းပြင်ကျေးရွာ နယ်ခြားစောင့် ရဲဌာနချုပ်နှင့် တစ် ဖာလုံခန့်အကွာ ဝက်ပစ်ကျေး ရွာ တွင် တပ်မတော်နှင့် နယ်ခြား စောင့်ရဲတပ်ဖွဲ့များပါဝင်သည့်လုံ ခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေ ရှင်းလင်းရေးလုပ်ငန်းများဆောင် ရွက်စဉ် ရွာထဲမှ ပြန်လည်တိုက် ခိုက်သဖြင့် နှစ်ဖက်ပစ်ခတ်မှုဖြစ် ပွားခဲ့သည်။ တပ်က လိုက်လံရှင်းလင်းရာ အကြမ်းဖက်တိုက်ခိုက်သူများက ဝက်ပစ်ရွာကို မီးရှို့ခဲ့သဖြင့် တပ်ကငြှိမ်းသတ်ပေးခဲ့ ကြောင်း မြဝတီက ထုတ်ပြန် သည်။

ယင်းသို့ ထိခိုက်ပစ်ခတ်မှု များ နေ့စဉ်ဖြစ်ပွားလာသည့်အ တွက် ဝက်ပစ်ကျေးရွာအနီးတွင် တည်ရှိသည့် အောင်မင်္ဂလာ၊ အောင်သာယာနှင့် အောင်ဇေယျကျေးရွာတို့မှ ဒေသခံများ မောင်တောမြို့ပေါ်သို့ ပြောင်းရွှေ့လာ ကြပြီး အချို့မှာ ဘူးသီးတောင်မြို့ နှင့် စစ်တွေမြို့ပေါ်သို့ ရွှေ့ပြောင်းမှုရှိနေကြောင်း  သတင်းရရှိသည်။

ထို့အပြင် မောင်တောမြို့နှင့် ၁၂ မိုင်ခန့်အကွာ အလယ်သံ ကျော်ကျေးရွာတင်လည်း နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင် ရွက်စဉ် ထိတွေ့ပစ်ခတ်မှုအချို့ ရှိခဲ့သည်ဟု နယ်ခြားစောင့်တပ်ဖွဲ့ ဝင်များက ပြောသည်။ ယင်းဖြစ်စဉ်ကြောင့်လည်း မောင်တောမြို့နယ်တောင်ပိုင်းရှိ ကျေးရွာအချို့မှ ဒေသခံများ မြို့ပေါ်သို့ ပြောင်းရွှေ့လာကြသည်။

လက်ရှိ အခြေအနေအရ ကျေးလက်ဒေသများတွင် ပိတ်မိ နေသော ပညာရေးဝန်ထမ်းများ နှင့် ကျန်းမာရေးဌာနဝန်ထမ်းများ အား မြို့ပေါ်သို့ ပြောင်းရွှေ့မှုများ ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်ပေးနေပြီး အချို့ ဝန်ထမ်းများကို နယ်မြေစခန်းများ တွင် စုရပ်ထားရှိဆောင်ရွက်နေ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြောသည်။

အောက်တိုဘာ ၁၁ ရက်က ပြောင်ပစ်ကျေးရွာကို လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေရှင်း လင်းရေးလုပ်ကိုင်စဉ် တောင်ကုန်းပေါ်၌ အသင့်နေရာယူထား သောအကြမ်းဖက်သောင်းကျန်း သူအင်အား သုံးဆယ်ခန့်က လက်နက်ငယ်များ၊ စက်သေနတ်များနှင့် ပစ်ခတ်သဖြင့် တပ်မတော်စစ် ကြောင်းက ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။

ယင်းသို့ တိုက်ခိုက်မှုဖြစ်စဉ် တွင် အကြမ်းဖက်သောင်းကျန်း သူများထံမှ အလောင်း တစ် လောင်း၊ သေနတ် နှစ်လက်နှင့် ကျည်အိမ်နှစ်ခုတို့ကို သိမ်းဆည်း ရမိခဲ့သည်။ တပ်မတော်ဘက်မှ သေနတ်နှစ်လက်ပျောက်ဆုံးကာ တပ်မတော်သားလေးဦး သေဆုံး ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဒဏ်ရာရရှိခဲ့သည့် တပ်မ တော်သားသည်အောက်တိုဘာ ၁၂ ရက်တွင် သေဆုံးသွားကြောင်း လည်း သတင်းရရှိသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့စ ခန်းများကို အကြမ်းဖက်တိုက်ခိုက် ရာတွင် ပါဝင်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားသူတစ်ဦး ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်(BGB)က ဖမ်းဆီးရမိခဲ့ပြီး အောက်တိုဘာ ၁၁ ရက်က မြန်မာနယ်စပ်လုံခြုံရေးတပ်ဖွဲ့သို့ လွှဲ ပြောင်းပေးထားကြောင်း နယ်ခြား စောင့်ရဲအရာရှိတစ်ဦးက ပြော သည်။

မောင်တောမြို့ပေါ်တွင် လုံ ခြုံရေး တင်းကျပ်ထားပြီး တပ်မ တော်သားအင်အားများကို ဖြည့်တင်းထားကြောင်း တွေ့ရသည်။ အောက်တိုဘာ ၁၂ ရက်တွင် မြို့ပေါ်ရှိ ဈေးဆိုင်အားလုံးနီးပါး ပိတ်ထားကြပြီး မြို့ပေါ်နှင့်ကျေး လက်ဒေသများသို့ ဆက်သွယ် သွားလာမှု ပြတ်တောက်နေ သည်။

ယင်းသို့ ဆက်သွယ်သွားလာမှုများပြတ်တောက်နေခြင်း၊ ဈေး ဆိုင်များပိတ်ထားခြင်းတို့ကြောင့် မြို့နှင့်ဝေးသည့် ကျေးလက်ဒေသ များတွင် စားရိက္ခာပြတ်လပ်မှုများ ကြုံတွေ့နေရကြောင်း ရွာခံများ က ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top