Kantharyar Centre
×

Little Mix အဆုိေတာ္ ပယ္ရီအက္ဒ္ဝက္က သူမကို One Direction အဆုိေတာ္ေဟာင္း ေဇးေမာလစ္ခ္က စာပို႔ၿပီး ျဖတ္ခဲ့ၿပီးတဲ့ေနာက္ အိမ္ေျခရာမဲ့ ျဖစ္ခဲ့ရတယ္လို႔ ဖြင့္ဟလာခဲ့ပါတယ္။

သူမဟာ ေဇးေမာလစ္ခ္နဲ႔ ခ်စ္သူျဖစ္စဥ္က လန္ဒန္ေျမာက္ပိုင္းရွိ ေဇးရဲ႕အိမ္မွာ အတူေနထိုင္ခဲ့တာ ျဖစ္ၿပီး သူတို႔ႏွစ္ဦးရဲ႕ ေစ့စပ္ျခင္းကို ပ်က္သြားခ်ိန္မွာေတာ့ သူမမွာ သြားစရာေနရာ မရွိခဲ့ဘူးလို႔ ဆုိပါတယ္။


"ကၽြန္မရဲ႕ရည္းစားနဲ႔ မေမွ်ာ္လင့္ဘဲ လမ္းခြဲလိုက္ရေတာ့ သြားစရာေနရာ မရွိခဲ့ဘူး။ ကၽြန္မေတာ္ေတာ္ေလး စိတ္ဖိစီးမႈျဖစ္ခဲ့ရတယ္။ ခဏေတာ့ ဘာလုပ္လို႔ လုပ္ရမယ္မွန္း မသိဘူးျဖစ္သြားတယ္" လုိ႔ ပယ္ရီက ရင္ဖြင့္ပါတယ္။


Little Mix အဖြဲ႕ဝင္ေတြ ေရာက္လာၿပီး သူမကို သူတုိ႔နဲ႔ လာေနဖုိ႔ ေျပာေပမဲ့ သူမကေတာ့ သူတုိ႔ကို ဝန္ထုပ္ဝန္ပိုးမျဖစ္ေစခ်င္ခဲ့ပါဘူး။


"အိမ္ငွားေနဖုိ႔ စဥ္းစားတယ္။ ဒါေပမဲ့ ကၽြန္မမွာ ေခြးေတြနဲ႔ ေၾကာင္ေတြ ရွိတယ္။ အဲဒီေတာ့ အဆင္မေျပႏုိင္ဘူး အဲဒီအခ်ိန္မွာ ကၽြန္မတုိ႔က Black Magic အတြက္ ေၾကာ္ျငာေနၾကတာ။ ကၽြန္မ ေနစရာမရွိျဖစ္သြားၿပီဆုိတာ သိလုိက္ရေတာ့ ေန႔တုိင္း ငိုမိတယ္" လုိ႔ သူမက ေျပာျပပါတယ္။

ဒါေပမဲ့ သူမရဲ႕မိခင္ ဒက္ဘီနဲ႔ သူမရဲ႕စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕က ေရာက္လာၿပီး သူမေနဖုိ႔အတြက္ တစ္ထပ္တိုက္ေလးတစ္လံုး စီစဥ္ေပးခဲ့တဲ့အတြက္ အဆင္ေျပသြားခဲ့ရတယ္လို႔ ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

Unicode Version

Little Mix အဆိုတော် ပယ်ရီအက်ဒ်ဝက်က သူမကို One Direction အဆိုတော်ဟောင်း ဇေးမောလစ်ခ်က စာပို့ပြီး ဖြတ်ခဲ့ပြီးတဲ့နောက် အိမ်ခြေရာမဲ့ ဖြစ်ခဲ့ရတယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။

သူမဟာ ဇေးမောလစ်ခ်နဲ့ ချစ်သူဖြစ်စဉ်က လန်ဒန်မြောက်ပိုင်းရှိ ဇေးရဲ့အိမ်မှာ အတူနေထိုင်ခဲ့တာ ဖြစ်ပြီး သူတို့နှစ်ဦးရဲ့ စေ့စပ်ခြင်းကို ပျက်သွားချိန်မှာတော့ သူမမှာ သွားစရာနေရာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။


"ကျွန်မရဲ့ရည်းစားနဲ့ မမျှော်လင့်ဘဲ လမ်းခွဲလိုက်ရတော့ သွားစရာနေရာ မရှိခဲ့ဘူး။ ကျွန်မတော်တော်လေး စိတ်ဖိစီးမှုဖြစ်ခဲ့ရတယ်။ ခဏတော့ ဘာလုပ်လို့ လုပ်ရမယ်မှန်း မသိဘူးဖြစ်သွားတယ်" လို့ ပယ်ရီက ရင်ဖွင့်ပါတယ်။

Little Mix အဖွဲ့ဝင်တွေ ရောက်လာပြီး သူမကို သူတို့နဲ့ လာနေဖို့ ပြောပေမဲ့ သူမကတော့ သူတို့ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ခဲ့ပါဘူး။


"အိမ်ငှားနေဖို့ စဉ်းစားတယ်။ ဒါပေမဲ့ ကျွန်မမှာ ခွေးတွေနဲ့ ကြောင်တွေ ရှိတယ်။ အဲဒီတော့ အဆင်မပြေနိုင်ဘူး အဲဒီအချိန်မှာ ကျွန်မတို့က Black Magic အတွက် ကြော်ငြာနေကြတာ။ ကျွန်မ နေစရာမရှိဖြစ်သွားပြီဆိုတာ သိလိုက်ရတော့ နေ့တိုင်း ငိုမိတယ်" လို့ သူမက ပြောပြပါတယ်။

ဒါပေမဲ့ သူမရဲ့မိခင် ဒက်ဘီနဲ့ သူမရဲ့စီမံအုပ်ချုပ်ရေးအဖွဲ့က ရောက်လာပြီး သူမနေဖို့အတွက် တစ်ထပ်တိုက်လေးတစ်လုံး စီစဉ်ပေးခဲ့တဲ့အတွက် အဆင်ပြေသွားခဲ့ရတယ်လို့ ဆိုပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top