Property Expo
×

         ( တတိယႏိုင္ငံမွာ ခိုလံႈခြင့္ရတဲ့ ျမန္မာဒုကၡသည္ေတြကို ေတြ႔ရစဥ္ ) Photo: Yonhap

ကမၻာ့ဒုကၡသည္ျပႆနာစိန္ေခၚမႈ ေျပလည္ေစဖို႔အေမရိကန္ျပည္ေထာင္စုဟာ ေရွ႕တန္းက
 ေဆာင္ရြက္ေနတယ္လို႔ ႏိုင္ငံျခားေရးဌာနက သတင္းထုတ္ျပန္ပါတယ္။

အၾကမ္းဖက္မႈ ဒါမွမဟုတ္ ယံုၾကည္ခ်က္အရ ျပဳမူေဆာင္ရြက္တဲ့အတြက္ ျပစ္ဒဏ္က်ခံရမွာေၾကာင့္
 ေနရပ္ကထြက္ေျပးလာသူေတြနဲ႔ မလံုျခံဳလို႔ ေနရပ္မျပန္ႏိုင္သူေတြအတြက္ အေမရိကန္ျပည္ေထာင္စုက ဒုကၡသည္ ေနရာခ်ထားေရး အစီအစဥ္ေတြ ေဆာင္ရြက္ေပးပါတယ္။

၂၀၁၆ ဘ႑ာေရးႏွစ္အတြက္ ဒုကၡသည္ ရွစ္ေသာင္းခြဲကို ေနရာခ်ထားေပးဖို႔ သမၼတအိုဘားမားက လ်ာထားၿပီး ရွစ္ေသာင္းေလးေထာင့္ကိုးရာေက်ာ္ အေမရိကန္အသိုင္းအဝိုင္းက ႀကိဳဆို လက္ခံခဲ့ပါတယ္။

၇၉ ႏိုင္ငံက ဒုကၡသည္ေတြ အေမရိကန္ျပည္ေထာင္စုကို ေရာက္ရွိလာတာျဖစ္ၿပီး ၇၀ % ေက်ာ္ဟာ ကြန္ဂို၊ ဆီးရီးယား၊ ျမန္မာ၊ အီရတ္နဲ႔ ဆိုမာလီႏိုင္ငံေတြက ျဖစ္ပါတယ္။
၂၀၁၇ ဘ႑ာေရးႏွစ္မွာေတာ့ အေမရိကန္ျပည္ေထာင္စုဟာ ဒုကၡသည္ ဦးေရ တသိန္းတေသာင္း လက္ခံပါမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:RFA Burmese

#Unicode Version
( တတိယနိုင်ငံမှာ ခိုလှုံခွင့်ရတဲ့ မြန်မာဒုက္ခသည်တွေကို တွေ့ရစဉ် ) Photo: Yonhap


ကမ္ဘာ့ဒုက္ခသည်ပြဿနာစိန်ခေါ်မှု ပြေလည်စေဖို့အမေရိကန်ပြည်ထောင်စုဟာ ရှေ့တန်းက

 ဆောင်ရွက်နေတယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက်မှု ဒါမှမဟုတ် ယုံကြည်ချက်အရ ပြုမူဆောင်ရွက်တဲ့အတွက် ပြစ်ဒဏ်ကျခံရမှာကြောင့်

 နေရပ်ကထွက်ပြေးလာသူတွေနဲ့ မလုံခြုံလို့ နေရပ်မပြန်နိုင်သူတွေအတွက် အမေရိကန်ပြည်ထောင်စုက ဒုက္ခသည် နေရာချထားရေး အစီအစဉ်တွေ ဆောင်ရွက်ပေးပါတယ်။

၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ဒုက္ခသည် ရှစ်သောင်းခွဲကို နေရာချထားပေးဖို့ သမ္မတအိုဘားမားက လျာထားပြီး ရှစ်သောင်းလေးထောင့်ကိုးရာကျော် အမေရိကန်အသိုင်းအဝိုင်းက ကြိုဆို လက်ခံခဲ့ပါတယ်။

၇၉ နိုင်ငံက ဒုက္ခသည်တွေ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိလာတာဖြစ်ပြီး ၇၀ % ကျော်ဟာ ကွန်ဂို၊ ဆီးရီးယား၊ မြန်မာ၊ အီရတ်နဲ့ ဆိုမာလီနိုင်ငံတွေက ဖြစ်ပါတယ်။
၂၀၁၇ ဘဏ္ဍာရေးနှစ်မှာတော့ အမေရိကန်ပြည်ထောင်စုဟာ ဒုက္ခသည် ဦးရေ တသိန်းတသောင်း လက်ခံပါမယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:RFA Burmese
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top