Property Expo
×

 ျပင္းထန္ေသာ ေခါင္းတစ္ျခမ္းကုိက္ေရာဂါရိွျခင္းႏွင့္ ကုိယ္၀န္ ေဆာင္ခ်ိန္၊ ကေလးေမြးဖြားခ်ိန္တုိ႔တြင္ ႐ႈပ္ေထြးမႈမ်ား ျဖစ္ေပၚလာ ႏုိင္သည့္ အႏၲရာယ္ျမင့္မားမႈႏွင့္ ဆက္စပ္ၿပီး အထူးသျဖင့္ အသက္အရြယ္ႀကီးရင့္ေသာ အမ်ိဳးသမီးမ်ား အႏၲရာယ္ပုိမ်ားေၾကာင္း ေလ့လာမႈအသစ္တစ္ခုက ေဖာ္ျပသည္။

ေခါင္းတစ္ျခမ္းကုိက္ေရာဂါရိွေသာ အမ်ိဳးသမီးမ်ား၏ ထက္ ၀က္ေက်ာ္သည္ အႏၲရာယ္ရိွေသာ ေမြးဖြားမႈရလဒ္ပံုစံအခ်ဳိ႕ႀကံဳေတြ႕ရသျဖင့္ အႏၲရာယ္ျမင့္မားသည္ဟု မိမိတို႔ မွတ္ယူေၾကာင္း သုေတ သီမ်ားက ေျပာသည္။

ယခုေလ့လာမႈက ျပင္းထန္ေသာ ေခါင္းတစ္ျခမ္းကုိက္ေရာဂါ ရိွသည့္ အမ်ိဳးသမီးမ်ားႏွင့္ ကုိယ္၀န္ေဆာင္ခ်ိန္၊ မီးဖြားခ်ိန္႐ႈပ္ေထြး မႈမ်ားျဖစ္ေပၚျခင္းၾကား ဆက္စပ္မႈကုိသာ သက္ေသထူထားျခင္းျဖစ္ သည္။ ေခါင္းတစ္ျခမ္းကုိက္ေရာဂါရိွျခင္း (သုိ႔မဟုတ္) ေရာဂါကုသ ျခင္းေၾကာင့္ ယင္းျပႆနာမ်ား ျဖစ္ေစေၾကာင္း သက္ေသျပရန္ ေလ့လာခဲ့ျခင္းမဟုတ္ဟု သုေတသီမ်ားက ေျပာသည္။

ယခုေလ့လာမႈတြင္ ကုိယ္၀န္ေဆာင္ကာလအတြင္း ေခါင္းတစ္ ျခမ္းကုိက္ေရာဂါေၾကာင့္ အေရးေပၚေဆး၀ါးကုသမႈခံယူေနရသည့္ အမ်ိဳးသမီး ၉၀ ဦးပါ၀င္သည္။ ယင္းအမ်ိဳးသမီးမ်ား၏ ၂၀ ရာခုိင္ ႏႈန္းသည္ ကုိယ္၀န္ေဆာင္မႈႏွင့္ ဆုိင္ေသာ ေသြးတိုးေရာဂါျဖစ္ပြား ေနေၾကာင္း သုေတသီမ်ားေလ့လာေတြ႕ရိွခဲ့သည္။

သာမန္အမ်ိဳးသမီးမ်ား၏ ၈ ရာခိုင္ႏႈန္းခန္႔သည္ ယင္းအေျခအ ေနကုိ ႀကံဳေတြ႕ရေလ့ရိွၿပီး အႏၲရာယ္ရိွေလာက္ေသာ ေသြးတိုးေရာဂါ ကုိ ခံစားၾကရသည္။

ေလ့လာမႈတြင္ ပါ၀င္ေသာ အမ်ိဳးသမီးမ်ား၏ ၃၀ ရာခိုင္ႏႈန္း ခန္႔သည္ လမေစ့ဘဲ ကေလးေမြးဖြားၾကၿပီး သာမန္အမ်ိဳးသမီးမ်ား၏ ၁၀ ရာခုိင္ႏႈန္းခန္႔သာ လမေစ့ဘဲ မီးဖြားေလ့ရိွေၾကာင္း သုေတသီ မ်ားက ေျပာသည္။ ေခါင္းတစ္ျခမ္းကုိက္ေရာဂါရိွေသာ အမ်ိဳးသမီး မ်ား၏ ၁၉ ရာခုိင္ႏႈန္းသည္ ကုိယ္အေလးခ်ိန္သာမန္ေအာက္ ေလ်ာ့နည္းေသာ ကေလးငယ္မ်ား ေမြးဖြားၾကၿပီး ေခါင္းတစ္ျခမ္းကိုက္ ေရာဂါမရိွေသာ အမ်ိဳးသမီးမ်ားၾကား ၈ ရာခိုင္ႏႈန္းသာ ယင္းသုိ႔ ကေလးမ်ားေမြးဖြားေၾကာင္း သုေတသီမ်ားက ႏႈိင္းယွဥ္ေဖာ္ျပသည္။

ျပင္းထန္ေသာေခါင္းတစ္ျခမ္းကုိက္ေရာဂါရိွေသာ အသက္ (၃၅) ႏွစ္ႏွင့္ အထက္အမ်ိဳးသမီးမ်ားသည္ သာမန္အမ်ိဳးသမီးမ်ား ထက္ ယင္းကဲ့သုိ႔ ႐ႈပ္ေထြးမႈမ်ား ႀကံဳရႏုိင္ေျခ ခုနစ္ဆပိုမ်ားေၾကာင္း ေလ့လာမႈအရသိရသည္။

ယခုေလ့လာမႈမ်ိဳးကုိ အမ်ိဳးသမီးအမ်ားအျပားႏွင့္ ျပဳလုပ္ရန္ လိုအပ္ေၾကာင္း သုေတသီမ်ားက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

 ပြင်းထန်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိခြင်းနှင့် ကိုယ်ဝန် ဆောင်ချိန်၊ ကလေးမွေးဖွားချိန်တို့တွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာ နိုင်သည့် အန္တရာယ်မြင့်မားမှုနှင့် ဆက်စပ်ပြီး အထူးသဖြင့် အသက်အရွယ်ကြီးရင့်သော အမျိုးသမီးများ အန္တရာယ်ပိုများကြောင်း လေ့လာမှုအသစ်တစ်ခုက ဖော်ပြသည်။

ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသော အမျိုးသမီးများ၏ ထက် ဝက်ကျော်သည် အန္တရာယ်ရှိသော မွေးဖွားမှုရလဒ်ပုံစံအချို့ကြုံတွေ့ရသဖြင့် အန္တရာယ်မြင့်မားသည်ဟု မိမိတို့ မှတ်ယူကြောင်း သုတေ သီများက ပြောသည်။

ယခုလေ့လာမှုက ပြင်းထန်သော ခေါင်းတစ်ခြမ်းကိုက်ရောဂါ ရှိသည့် အမျိုးသမီးများနှင့် ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်ရှုပ်ထွေး မှုများဖြစ်ပေါ်ခြင်းကြား ဆက်စပ်မှုကိုသာ သက်သေထူထားခြင်းဖြစ် သည်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိခြင်း (သို့မဟုတ်) ရောဂါကုသ ခြင်းကြောင့် ယင်းပြဿနာများ ဖြစ်စေကြောင်း သက်သေပြရန် လေ့လာခဲ့ခြင်းမဟုတ်ဟု သုတေသီများက ပြောသည်။

ယခုလေ့လာမှုတွင် ကိုယ်ဝန်ဆောင်ကာလအတွင်း ခေါင်းတစ် ခြမ်းကိုက်ရောဂါကြောင့် အရေးပေါ်ဆေးဝါးကုသမှုခံယူနေရသည့် အမျိုးသမီး ၉၀ ဦးပါဝင်သည်။ ယင်းအမျိုးသမီးများ၏ ၂၀ ရာခိုင် နှုန်းသည် ကိုယ်ဝန်ဆောင်မှုနှင့် ဆိုင်သော သွေးတိုးရောဂါဖြစ်ပွား နေကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။

သာမန်အမျိုးသမီးများ၏ ၈ ရာခိုင်နှုန်းခန့်သည် ယင်းအခြေအ နေကို ကြုံတွေ့ရလေ့ရှိပြီး အန္တရာယ်ရှိလောက်သော သွေးတိုးရောဂါ ကို ခံစားကြရသည်။

လေ့လာမှုတွင် ပါဝင်သော အမျိုးသမီးများ၏ ၃၀ ရာခိုင်နှုန်း ခန့်သည် လမစေ့ဘဲ ကလေးမွေးဖွားကြပြီး သာမန်အမျိုးသမီးများ၏ ၁၀ ရာခိုင်နှုန်းခန့်သာ လမစေ့ဘဲ မီးဖွားလေ့ရှိကြောင်း သုတေသီ များက ပြောသည်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသော အမျိုးသမီး များ၏ ၁၉ ရာခိုင်နှုန်းသည် ကိုယ်အလေးချိန်သာမန်အောက် လျော့နည်းသော ကလေးငယ်များ မွေးဖွားကြပြီး ခေါင်းတစ်ခြမ်းကိုက် ရောဂါမရှိသော အမျိုးသမီးများကြား ၈ ရာခိုင်နှုန်းသာ ယင်းသို့ ကလေးများမွေးဖွားကြောင်း သုတေသီများက နှိုင်းယှဉ်ဖော်ပြသည်။

ပြင်းထန်သောခေါင်းတစ်ခြမ်းကိုက်ရောဂါရှိသော အသက် (၃၅) နှစ်နှင့် အထက်အမျိုးသမီးများသည် သာမန်အမျိုးသမီးများ ထက် ယင်းကဲ့သို့ ရှုပ်ထွေးမှုများ ကြုံရနိုင်ခြေ ခုနစ်ဆပိုများကြောင်း လေ့လာမှုအရသိရသည်။

ယခုလေ့လာမှုမျိုးကို အမျိုးသမီးအများအပြားနှင့် ပြုလုပ်ရန် လိုအပ်ကြောင်း သုတေသီများက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top