Property Expo
×

ၿပင္ပေစ်းကြက္တြင္ အေမရိကန္ေဒၚလာေစ်း ဆက္ တိုက္ျမင့္တက္လာျခင္းေၾကာင့္ ျပည္တြင္းပုဂၢလိက ဘဏ္အခ်ဳိ႕ ၌ ေဒၚလာအေရာင္း ယာယီပိတ္ထားေၾကာင္း သတင္းရရွိသည္။

ေငြေစ်းကစားသူမ်ား ဝင္ ေရာက္ေစ်းကစားမႈေၾကာင့္ ျပင္ပ ေစ်းကြက္တြင္ အေမရိကန္ေဒၚ လာသည္ ရက္ပိုင္းအတြင္း ေစ်း ဆက္တိုက္ ျမင့္တက္လာကာ ေအာက္တိုဘာ ၁ ရက္မွ ၄ ရက္ အတြင္း တစ္ေဒၚလာလွ်င္ ၂၀ က်ပ္ခန္႔ ေစ်းျမင့္တက္လာသည္။ ေအာက္တိုဘာ ၁ ရက္တြင္ တစ္ေဒၚလာ ၁,၂၆၆ က်ပ္မွ ေအာက္တိုဘာ ၄ ရက္တြင္ ၁,၂၈၆ က်ပ္သို႔ ျမင့္တက္လာ သည္။‘‘ေဒၚလာေစ်းက ဆက္ျမင့္ ဦးမယ္’’ဟု ျပည္ပသို႔ ဆန္တင္ပို႔ ေရာင္းခ်ေနသည့္ ကုန္သည္ဦးမ်ဳိး သူရေအးက ဆုိသည္။

ေဒၚလာေစ်းျမင့္တက္ျခင္း သည္ ပုဂၢလိကဘဏ္မ်ားက ရက္ ပိုင္းအတြင္း အတိုးေပးသည့္ ေခၚ ယူအပ္ေငြ အတိုးႏႈန္းေလွ်ာ့ခ်ျခင္း၊ တ႐ုတ္ႏိုင္ငံသို႔ ကုန္ပစၥည္းမ်ား ေရာင္းခ်ရာတြင္ အဖမ္းအဆီးမ်ား ျခင္းေၾကာင့္ ျပည္တြင္းသို႔ ႏိုင္ငံ ျခားေငြ အေမရိကန္ ေဒၚလာ အဝင္နည္းေနၿပီး ျပင္ပေစ်းကြက္တြင္ ပိုိ႔ကုန္ရေငြတန္ ဖိုးျမင့္တက္ၿပီး အေမရိကန္ ေဒၚလာေစ်းလည္း ဆက္တိုက္ျမင့္တက္လာ ျခင္းျဖစ္သည္ဟု စီးပြားေရးလုပ္ ငန္းရွင္အခ်ဳိ႕က သံုးသပ္သည္။

အစိုးရက ဘတ္ဂ်က္လိုေငြ က်ပ္ ၁,၂၃၆ ဘီလီယံကို ဗဟို ဘဏ္မွ ေခ်းယူျခင္း၊ လယ္သမား မ်ားကို တိုးျမႇင့္ေပးသည့္ စိုက္ပ်ဳိး စရိတ္ေခ်းေငြ က်ပ္ဘီလီယံ ၅၀၀ အတြက္ ေငြစကၠဴ ႐ိုက္ထုတ္ရျခင္းႏွင့္ျမန္မာက်ပ္ေငြ တန္ဖုိး က်ဆင္းမႈတို႔ကလည္း ေဒၚလာေစ်းကို ျမင့္တက္ေစသည့္ အေၾကာင္းရင္းမ်ားျဖစ္ေၾကာင္း  အမ်ဳိးသားလႊတ္ ေတာ္ကိုယ္စားလွယ္ စီးပြားေရး ပညာရွင္ဦးသန္းစိုး (ေဘာဂေဗဒ)က ေျပာသည္။

အေမရိကန္ေဒၚလာတန္ဖိုး တစ္လအတြင္း လ်င္ျမန္စြာ ျမင့္ တက္ရျခင္း၏ အဓိကအေၾကာင္း ရင္းတစ္ခုသည္ ျပင္ပေစ်းကြက္ တြင္ ေငြေၾကးႂကြယ္ဝသူ  အခ်ဳိ႕ ေစ်းကစားမႈေၾကာင့္ စက္တင္ဘာ တစ္လအတြင္း တစ္ေဒၚလာလွ်င္ ၁၀၀ က်ပ္ေက်ာ္ ျမင့္တက္လာသည္ဟု ဦးသန္းစိုးက ေျပာၾကားသည္။

‘‘ခ်မ္းသာတဲ့ပြဲစားႀကီးေတြ က ေငြေၾကးစစ္ပြဲ ဖန္တီးေနသလို ပဲ။ ေငြေၾကးကစားမႈေတြကို တာ ဝန္ရွိသူေတြက ထိန္းဖို႔လိုတယ္’’ ဟု ဦးသန္းစိုးက သူ၏အျမင္ကို ေျပာသည္။

ေဒၚလာေစ်းႏႈန္း ျမင့္တက္ မႈကို ဗဟိုဘဏ္က ဝင္ေရာက္ မထိန္းျခင္းအေပၚ ဘဏ္လုပ္ငန္း ကြၽမ္းက်င္သူမ်ားက ေဝဖန္ၿပီး ဗဟိုဘဏ္သည္ ႏိုင္ငံျခားေငြ စီမံ ခန္႔ခြဲမႈႏွင့္ပတ္သက္၍ စနစ္တက် ထိန္းေက်ာင္းေပးရန္ လိုအပ္ ေသာ္လည္း ဗဟိုဘဏ္သက္တမ္း သံုးႏွစ္အတြင္း ထိေရာက္စြာ လုပ္ ကိုင္ႏိုင္မႈမရွိေၾကာင္း ကေမၻာဇ ဘဏ္  အႀကီးတန္းအႀကံေပး ဦးသန္းလြင္က ေျပာသည္။

အေမရိကန္ ေဒၚလာေစ်း ႏႈန္းသည္ လက္ရွိ စီးပြားေရးအေျခ အေနအရ ဆက္လက္ျမင့္တက္ လာမည္ဆိုလွ်င္ တိုင္းျပည္စီးပြား ေရး စိုးရိမ္စရာျဖစ္ေနၿပီး အစိုးရအတြက္ စိန္ေခၚမႈတစ္ခု ျဖစ္လာႏိုင္ေၾကာင္း စီးပြားေရးပညာရွင္ ေဒါက္တာေအာင္ကိုကိုက ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာဈေး ဆက် တိုက်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းပုဂ္ဂလိက ဘဏ်အချို့ ၌ ဒေါ်လာအရောင်း ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။

ငွေဈေးကစားသူများ ဝင် ရောက်ဈေးကစားမှုကြောင့် ပြင်ပ ဈေးကွက်တွင် အမေရိကန်ဒေါ် လာသည် ရက်ပိုင်းအတွင်း ဈေး ဆက်တိုက် မြင့်တက်လာကာ အောက်တိုဘာ ၁ ရက်မှ ၄ ရက် အတွင်း တစ်ဒေါ်လာလျှင် ၂၀ ကျပ်ခန့် ဈေးမြင့်တက်လာသည်။ အောက်တိုဘာ ၁ ရက်တွင် တစ်ဒေါ်လာ ၁,၂၆၆ ကျပ်မှ အောက်တိုဘာ ၄ ရက်တွင် ၁,၂၈၆ ကျပ်သို့ မြင့်တက်လာ သည်။‘‘ဒေါ်လာဈေးက ဆက်မြင့် ဦးမယ်’’ဟု ပြည်ပသို့ ဆန်တင်ပို့ ရောင်းချနေသည့် ကုန်သည်ဦးမျိုး သူရအေးက ဆိုသည်။

ဒေါ်လာဈေးမြင့်တက်ခြင်း သည် ပုဂ္ဂလိကဘဏ်များက ရက် ပိုင်းအတွင်း အတိုးပေးသည့် ခေါ် ယူအပ်ငွေ အတိုးနှုန်းလျှော့ချခြင်း၊ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းများ ရောင်းချရာတွင် အဖမ်းအဆီးများ ခြင်းကြောင့် ပြည်တွင်းသို့ နိုင်ငံ ခြားငွေ အမေရိကန် ဒေါ်လာ အဝင်နည်းနေပြီး ပြင်ပဈေးကွက်တွင် ပို့ကုန်ရငွေတန် ဖိုးမြင့်တက်ပြီး အမေရိကန် ဒေါ်လာဈေးလည်း ဆက်တိုက်မြင့်တက်လာ ခြင်းဖြစ်သည်ဟု စီးပွားရေးလုပ် ငန်းရှင်အချို့က သုံးသပ်သည်။

အစိုးရက ဘတ်ဂျက်လိုငွေ ကျပ် ၁,၂၃၆ ဘီလီယံကို ဗဟို ဘဏ်မှ ချေးယူခြင်း၊ လယ်သမား များကို တိုးမြှင့်ပေးသည့် စိုက်ပျိုး စရိတ်ချေးငွေ ကျပ်ဘီလီယံ ၅၀၀ အတွက် ငွေစက္ကူ ရိုက်ထုတ်ရခြင်းနှင့်မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းမှုတို့ကလည်း ဒေါ်လာဈေးကို မြင့်တက်စေသည့် အကြောင်းရင်းများဖြစ်ကြောင်း  အမျိုးသားလွှတ် တော်ကိုယ်စားလှယ် စီးပွားရေး ပညာရှင်ဦးသန်းစိုး (ဘောဂဗေဒ)က ပြောသည်။

အမေရိကန်ဒေါ်လာတန်ဖိုး တစ်လအတွင်း လျင်မြန်စွာ မြင့် တက်ရခြင်း၏ အဓိကအကြောင်း ရင်းတစ်ခုသည် ပြင်ပဈေးကွက် တွင် ငွေကြေးကြွယ်ဝသူ  အချို့ ဈေးကစားမှုကြောင့် စက်တင်ဘာ တစ်လအတွင်း တစ်ဒေါ်လာလျှင် ၁၀၀ ကျပ်ကျော် မြင့်တက်လာသည်ဟု ဦးသန်းစိုးက ပြောကြားသည်။

‘‘ချမ်းသာတဲ့ပွဲစားကြီးတွေ က ငွေကြေးစစ်ပွဲ ဖန်တီးနေသလို ပဲ။ ငွေကြေးကစားမှုတွေကို တာ ဝန်ရှိသူတွေက ထိန်းဖို့လိုတယ်’’ ဟု ဦးသန်းစိုးက သူ၏အမြင်ကို ပြောသည်။

ဒေါ်လာဈေးနှုန်း မြင့်တက် မှုကို ဗဟိုဘဏ်က ဝင်ရောက် မထိန်းခြင်းအပေါ် ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများက ဝေဖန်ပြီး ဗဟိုဘဏ်သည် နိုင်ငံခြားငွေ စီမံ ခန့်ခွဲမှုနှင့်ပတ်သက်၍ စနစ်တကျ ထိန်းကျောင်းပေးရန် လိုအပ် သော်လည်း ဗဟိုဘဏ်သက်တမ်း သုံးနှစ်အတွင်း ထိရောက်စွာ လုပ် ကိုင်နိုင်မှုမရှိကြောင်း ကမ္ဘောဇ ဘဏ်  အကြီးတန်းအကြံပေး ဦးသန်းလွင်က ပြောသည်။

အမေရိကန် ဒေါ်လာဈေး နှုန်းသည် လက်ရှိ စီးပွားရေးအခြေ အနေအရ ဆက်လက်မြင့်တက် လာမည်ဆိုလျှင် တိုင်းပြည်စီးပွား ရေး စိုးရိမ်စရာဖြစ်နေပြီး အစိုးရအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily




 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top