Property Expo
×

အေမရိကန္႐ုပ္သံၾကယ္ပြင့္ ကင္ကာဒစ္ရွန္ကို တနလၤာေန႔ နံနက္က ပါရီၿမိဳ႕ရွိ အဆင့္ျမင့္ေန အိမ္တြင္ မ်က္ႏွာဖံုးစြပ္ထားသူ မ်ားက ေသနတ္ျဖင့္ခ်ိန္၍ ေဒၚလာသန္းေပါင္းမ်ားစြာ တန္ဖုိးရွိေသာရတနာမ်ား လုယူသြားေၾကာင္း ရဲတပ္ဖြဲ႕ႏွင့္ ၎ ၏ဆက္ဆံေရး အရာရွိတုိ႔က ေျပာၾကားသည္။

ပါရီၿမိဳ႕ မက္ဒယ္လိန္းဘုရား ေက်ာင္းအေနာက္ဘက္ရွိ ေအာင္ ျမင္ေက်ာ္ၾကားသူမ်ားႏွင့္ လူခ်မ္း သာမ်ားေနထိုင္ရာ ရပ္ကြက္တစ္ ခုသို႔ နံနက္ ၃ နာရီခန္႔တြင္ ဓားျပ ငါးဦး ဝင္ေရာက္ကာ ယင္းသို႔ လု ယူသြားျခင္းျဖစ္သည္ဟု ရဲတပ္ဖြဲ႕ သတင္းရင္းျမစ္တစ္ခုက ေျပာ ၾကားသည္။

တိုက္ခိုက္သူမ်ားသည္ ႏွင္း ေလွ်ာစီးမ်က္ႏွာဖံုးမ်ားႏွင့္ ရဲတပ္ ဖြဲ႕တံဆိပ္မ်ားပါေသာ ဂ်ာကင္ မ်ား ဝတ္ဆင္ထားၿပီး ကာဒစ္ရွန္ ကို ေရခ်ဳိးခန္းထဲထည့္ကာ ႀကိဳး ျဖင့္တုပ္ေႏွာင္ထားခဲ့ေၾကာင္း ယင္းသတင္းရင္းျမစ္က ေျပာ သည္။

ယူ႐ိုေငြငါးသန္းမွ ေျခာက္ သန္းအထိ တန္ဖိုးရွိေသာ ရတနာ မ်ားႏွင့္ ယူ႐ုိေလးသန္းတန္ လက္ စြပ္တစ္ကြင္းပါဝင္ေသာ ရတနာ ေသတၱာကို ဓားျပမ်ားယူေဆာင္ သြားခဲ့ၾကေၾကာင္း သတင္းရင္း ျမစ္က ေျပာသည္။

၎၏ အမ်ဳိးသားရက္ပ္ အဆိုေတာ္ ကန္ေယးဝပ္စ္သည္ ယင္းသတင္းကို ၾကားသိရၿပီး ေနာက္ နယူးေယာက္ၿမိဳ႕ ေဖ်ာ္ ေျဖပြဲကို ခ်က္ခ်င္းရပ္တန္႔ခဲ့ကာ ေနာက္ပိုင္းတြင္ တြစ္တာမွတစ္ ဆင့္ ပရိသတ္ကို ျပန္လည္ေတာင္းပန္ခဲ့သည္။

ကင္မ္ကာဒါ႐ွီယန္သည္ ဓားျပ တိုက္ခံရ၍ တုန္လႈပ္ေၾကာက္ရြံ႕ သြားခဲ့ေသာ္လည္း ဒဏ္ရာမရရွိခဲ့ ေပ။ 

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

 အမေရိကန်ရုပ်သံကြယ်ပွင့် ကင်ကာဒစ်ရှန်ကို တနင်္လာနေ့ နံနက်က ပါရီမြို့ရှိ အဆင့်မြင့်နေ အိမ်တွင် မျက်နှာဖုံးစွပ်ထားသူ များက သေနတ်ဖြင့်ချိန်၍ ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသောရတနာများ လုယူသွားကြောင်း ရဲတပ်ဖွဲ့နှင့် ၎င်း ၏ဆက်ဆံရေး အရာရှိတို့က ပြောကြားသည်။

ပါရီမြို့ မက်ဒယ်လိန်းဘုရား ကျောင်းအနောက်ဘက်ရှိ အောင် မြင်ကျော်ကြားသူများနှင့် လူချမ်း သာများနေထိုင်ရာ ရပ်ကွက်တစ် ခုသို့ နံနက် ၃ နာရီခန့်တွင် ဓားပြ ငါးဦး ဝင်ရောက်ကာ ယင်းသို့ လု ယူသွားခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ခုက ပြော ကြားသည်။

တိုက်ခိုက်သူများသည် နှင်း လျှောစီးမျက်နှာဖုံးများနှင့် ရဲတပ် ဖွဲ့တံဆိပ်များပါသော ဂျာကင် များ ဝတ်ဆင်ထားပြီး ကာဒစ်ရှန် ကို ရေချိုးခန်းထဲထည့်ကာ ကြိုး ဖြင့်တုပ်နှောင်ထားခဲ့ကြောင်း ယင်းသတင်းရင်းမြစ်က ပြော သည်။

ယူရိုငွေငါးသန်းမှ ခြောက် သန်းအထိ တန်ဖိုးရှိသော ရတနာ များနှင့် ယူရိုလေးသန်းတန် လက် စွပ်တစ်ကွင်းပါဝင်သော ရတနာ သေတ္တာကို ဓားပြများယူဆောင် သွားခဲ့ကြကြောင်း သတင်းရင်း မြစ်က ပြောသည်။

၎င်း၏ အမျိုးသားရက်ပ် အဆိုတော် ကန်ယေးဝပ်စ်သည် ယင်းသတင်းကို ကြားသိရပြီး နောက် နယူးယောက်မြို့ ဖျော် ဖြေပွဲကို ချက်ချင်းရပ်တန့်ခဲ့ကာ နောက်ပိုင်းတွင် တွစ်တာမှတစ် ဆင့် ပရိသတ်ကို ပြန်လည်တောင်းပန်ခဲ့သည်။

ကင်မ်ကာဒါရှီယန်သည် ဓားပြ တိုက်ခံရ၍ တုန်လှုပ်ကြောက်ရွံ့ သွားခဲ့သော်လည်း ဒဏ်ရာမရရှိခဲ့ ပေ။
ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top