Kantharyar Centre
×

လြန္ခဲ့တဲ့ ေမလ ၂၄ ရက္ေန႔က ရန္ကုန္ၿမိဳ႕လယ္ ဆာကူရာတာ၀ါေရွ႕မွာ ဆယ္ေက်ာ္သက္အမ်ိဳးသားတစ္ဦးေသဆံုးခဲ့တဲ့ ေရအိုင္နားမွာရွိတဲ့ စနစ္မက်တဲ့ လွ်ပ္စစ္သြယ္ တန္းမႈေတြအတြက္ တာဝန္ေပါ့ေလ်ာ့တဲ့ လွ်ပ္စစ္ဝန္ထမ္း ခုနစ္ဦးကို အေရးယူခဲ့တယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ လွ်ပ္္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္း (YESC)ကေန သိရပါတယ္။

‘‘ၿပီးခဲ့တဲ့စက္တင္ဘာက စစ္ေဆးၿပီးေတာ့ ေက်ာက္တံတားၿမိဳ႕နယ္က လွ်ပ္စစ္ဝန္ထမ္းခုနစ္ဦးကို အေရးယူခဲ့ပါတယ္’’လို႔ ရန္ကုန္ၿမိဳ႕ေတာ္လွ်ပ္္စစ္ဓာတ္အားေပးေရး ေကာ္ပိုေရးရွင္း အင္ဂ်င္နီယာခ်ဳပ္ ဦးေစာဝင္းေမာင္က ေျပာခဲ့ၿပီး တာဝန္ေပါ့ေလ်ာ့မႈ အေနအထားေပၚမူတည္ကာ ရာထူးခ်တာေတြနဲ႔ နယ္ေျပာင္းတာေတြလုပ္ၿပီး အေရးယူခဲ့တယ္လုိ႔ သိရပါတယ္။

အဆိုပါအမ်ဳိးသားေသဆံုးခဲ့မႈက ဓာတ္လိုက္ေသဆံုးတာမဟုတ္ဘူးလို႔ ေမလ ၃၁ ရက္မွာ ေကာ္ပိုေရးရွင္းက တရားဝင္ ထုတ္ျပန္ေၾကညာ ထားၿပီး ေက်ာက္တံတားၿမိဳ႕နယ္က လွ်ပ္စစ္ဝန္ထမ္းခုနစ္ဦး အေရးယူရတာက လွ်ပ္စစ္ပစၥည္းေတြက ရွိသင့္တဲ့ေနရာမွာမရွိတဲ့ ျပစ္မႈနဲ႔ အေရးယူတာျဖစ္ၿပီး ဓာတ္လိုက္ေသဆံုးမႈ မဟုတ္ဘူးလို႔ ေျပာထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

လွန်ခဲ့တဲ့ မေလ ၂၄ ရက်နေ့က ရန်ကုန်မြို့လယ် ဆာကူရာတာဝါရှေ့မှာ ဆယ်ကျော်သက်အမျိုးသားတစ်ဦးသေဆုံးခဲ့တဲ့ ရေအိုင်နားမှာရှိတဲ့ စနစ်မကျတဲ့ လျှပ်စစ်သွယ် တန်းမှုတွေအတွက် တာဝန်ပေါ့လျော့တဲ့ လျှပ်စစ်ဝန်ထမ်း ခုနစ်ဦးကို အရေးယူခဲ့တယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC)ကနေ သိရပါတယ်။

‘‘ပြီးခဲ့တဲ့စက်တင်ဘာက စစ်ဆေးပြီးတော့ ကျောက်တံတားမြို့နယ်က လျှပ်စစ်ဝန်ထမ်းခုနစ်ဦးကို အရေးယူခဲ့ပါတယ်’’လို့ ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း အင်ဂျင်နီယာချုပ် ဦးစောဝင်းမောင်က ပြောခဲ့ပြီး တာဝန်ပေါ့လျော့မှု အနေအထားပေါ်မူတည်ကာ ရာထူးချတာတွေနဲ့ နယ်ပြောင်းတာတွေလုပ်ပြီး အရေးယူခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအမျိုးသားသေဆုံးခဲ့မှုက ဓာတ်လိုက်သေဆုံးတာမဟုတ်ဘူးလို့ မေလ ၃၁ ရက်မှာ ကော်ပိုရေးရှင်းက တရားဝင် ထုတ်ပြန်ကြေညာ ထားပြီး ကျောက်တံတားမြို့နယ်က လျှပ်စစ်ဝန်ထမ်းခုနစ်ဦး အရေးယူရတာက လျှပ်စစ်ပစ္စည်းတွေက ရှိသင့်တဲ့နေရာမှာမရှိတဲ့ ပြစ်မှုနဲ့ အရေးယူတာဖြစ်ပြီး ဓာတ်လိုက်သေဆုံးမှု မဟုတ်ဘူးလို့ ပြောထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top