Property Expo
×

မြန္ျပည္နယ္ ေပါင္ ၿမိဳ႕နယ္ မဟာသုဒႆနေတာင္ ဆုေတာင္းျပည့္ ဘုရားတြင္သ႐ုပ္ ေဆာင္ဟိန္းေ၀ယံ အမည္ျဖင့္ ယၾတာ ျပဳလုပ္ထားျခင္းေၾကာင့္ ဘုရားဖူးသူမ်ား စိတ္အေႏွာင့္အ ယွက္ျဖစ္ေစ၍ ၿမိဳ႕သူၿမိဳ႕သား မ်ားက ကန္႔ကြက္ေနေၾကာင္းသတင္း ရရွိသည္။

ဆုေတာင္းျပည့္ဘုရားရွိ ပစၥ ယာေထာင့္ ရွစ္ေထာင့္စလံုးတြင္ ဟိန္းေ၀ယံအမည္ပါ အလံကိုးခု ေထာင္ထားျခင္းကို ဘုရားေဂါပ ကမ်ားက ခြင့္ျပဳထားျခင္းမဟုတ္ ေၾကာင္း ေဂါပကအဖြဲ႕၀င္မ်ားက ေျပာသည္။

‘‘ဒီယၾတာဘယ္တုန္းကလုပ္ ထားလဲဆိုတာကြၽန္ေတာ္တို႔မသိ ဘူး။ ညကမွ အင္တာနက္မွာ ေတြ႕လို႔သိတာ။ အခုေတာ့ျဖဳတ္ သိမ္းလိုက္ၿပီ။ ဟိန္းေ၀ယံအေမ နဲ႔ သူငယ္ခ်င္းေတာ္တဲ့ ေက်ာင္း ထိုင္ဆရာေတာ္ရဲ႕ ေယာက္ဖလုပ္တယ္လို႔ေတာ့ ေျပာတယ္။ ယၾတာေတာ့ လူတိုင္းလုပ္ၾက ေတာ့ ကြၽန္ေတာ္တို႔ ေဂါပက အ ေနနဲ႔ ဘာမွမေျပာစရာမရွိပါဘူး။ ဘုရားဖူးသူေတြ စိတ္အေႏွာင့္အ ယွက္ျဖစ္ေစမယ့္ ယၾတာကိုေတာ့ ေနာက္မလုပ္ၾကဖို႔တားျမစ္သြား မယ္’’ဟု ဆုေတာင္းျပည့္ဘုရား ေဂါပကစာရင္းစစ္ ဦးေက်ာ္က ေျပာသည္။

ဟိန္းေ၀ယံအမည္စာတန္း ပါ အလံတိုင္မ်ားကို ေထာင္ထား ၍ ဘုရားဖူးသည့္ ရဟန္းရွင္လူ ျပည္သူမ်ားက ရုပ္ရွင္မင္းသား နာမည္ကို ရွိခိုးကန္ေတာ့ေနရ သကဲ့သို႔ ျဖစ္ေနသည္။

      ‘‘အပူေဇာ္ခံလိုလွ်င္ အပူေဇာ္ ခံႏိုင္ေအာင္ က်င့္ပါ၊ ခ်မ္းသာလို လွ်င္ ခ်မ္းသာေအာင္က်င့္ပါ၊ အ ကယ္ဒမီလိုခ်င္လွ်င္ အကယ္ဒမီ ရေအာင္ က်င့္ပါ။ ေက်းဇူးျပဳ၍ ဘုရားႏွင့္ဘုရားဖူးသူၾကား ကန္႔ လန္႔ကန္႔လန္႔မလုပ္ပါႏွင့္။ ဘုရား ဖူးသူ စိတ္အေႏွာင့္အယွက္ျဖစ္ေစ ေၾကာင္း’ေအာက္တိုဘာ ၂၄ ရက္ ညက လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာတြင္ ေ၀ဖန္ကန္႔ကြက္ မႈမ်ား ထြက္ေပၚခဲ့သည္။

‘‘ဟိန္းေ၀ယံအေမ ေဒၚစန္း စန္း၀င္းက သူ႔သားအတြက္ေဗဒင္ တြက္တာ ကံနိမ့္ေနတယ္။ ဒါ ေၾကာင့္ ကြၽန္ေတာ့္ကို ကိုးန၀င္း ေၾကေအာင္ သူ႔သား နာမည္နဲ႔ ဘုရားေပၚမွာ အလံကိုးခုေထာင္ ခိုင္းထားတယ္။ ကြၽန္ေတာ္နဲ႔ ေက်ာင္းေနဖက္သူငယ္ခ်င္းဆို ေတာ့ လုပ္ေပးတယ္။ ကြၽန္ေတာ္ လုပ္တာ ဘုရားေဂါပကအဖြဲ႕အား လံုးသိတယ္။ မင္းသားဆိုေတာ့ ႀကိဳက္တဲ့သူလည္းရွွိတယ္။ မ ႀကိဳက္တဲ့လူလည္းရွိတယ္။ မ ႀကိဳက္တဲ့သူေတြက ဒီကိစၥကို မ ႏွစ္သက္ဘူးေပါ့’’ဟု ဘုရားေပၚ တြင္ ယၾတာေခ်ေပးခဲ့သည့္ ဦး ေသာင္းၫႊန္႔ကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

မွန်ပြည်နယ် ပေါင် မြို့နယ် မဟာသုဒဿနတောင် ဆုတောင်းပြည့် ဘုရားတွင်သရုပ် ဆောင်ဟိန်းဝေယံ အမည်ဖြင့် ယတြာ ပြုလုပ်ထားခြင်းကြောင့် ဘုရားဖူးသူများ စိတ်အနှောင့်အ ယှက်ဖြစ်စေ၍ မြို့သူမြို့သား များက ကန့်ကွက်နေကြောင်းသတင်း ရရှိသည်။

ဆုတောင်းပြည့်ဘုရားရှိ ပစ္စ ယာထောင့် ရှစ်ထောင့်စလုံးတွင် ဟိန်းဝေယံအမည်ပါ အလံကိုးခု ထောင်ထားခြင်းကို ဘုရားဂေါပ ကများက ခွင့်ပြုထားခြင်းမဟုတ် ကြောင်း ဂေါပကအဖွဲ့ဝင်များက ပြောသည်။

‘‘ဒီယတြာဘယ်တုန်းကလုပ် ထားလဲဆိုတာကျွန်တော်တို့မသိ ဘူး။ ညကမှ အင်တာနက်မှာ တွေ့လို့သိတာ။ အခုတော့ဖြုတ် သိမ်းလိုက်ပြီ။ ဟိန်းဝေယံအမေ နဲ့ သူငယ်ချင်းတော်တဲ့ ကျောင်း ထိုင်ဆရာတော်ရဲ့ ယောက်ဖလုပ်တယ်လို့တော့ ပြောတယ်။ ယတြာတော့ လူတိုင်းလုပ်ကြ တော့ ကျွန်တော်တို့ ဂေါပက အ နေနဲ့ ဘာမှမပြောစရာမရှိပါဘူး။ ဘုရားဖူးသူတွေ စိတ်အနှောင့်အ ယှက်ဖြစ်စေမယ့် ယတြာကိုတော့ နောက်မလုပ်ကြဖို့တားမြစ်သွား မယ်’’ဟု ဆုတောင်းပြည့်ဘုရား ဂေါပကစာရင်းစစ် ဦးကျော်က ပြောသည်။

ဟိန်းဝေယံအမည်စာတန်း ပါ အလံတိုင်များကို ထောင်ထား ၍ ဘုရားဖူးသည့် ရဟန်းရှင်လူ ပြည်သူများက ရုပ်ရှင်မင်းသား နာမည်ကို ရှိခိုးကန်တော့နေရ သကဲ့သို့ ဖြစ်နေသည်။

      ‘‘အပူဇော်ခံလိုလျှင် အပူဇော် ခံနိုင်အောင် ကျင့်ပါ၊ ချမ်းသာလို လျှင် ချမ်းသာအောင်ကျင့်ပါ၊ အ ကယ်ဒမီလိုချင်လျှင် အကယ်ဒမီ ရအောင် ကျင့်ပါ။ ကျေးဇူးပြု၍ ဘုရားနှင့်ဘုရားဖူးသူကြား ကန့် လန့်ကန့်လန့်မလုပ်ပါနှင့်။ ဘုရား ဖူးသူ စိတ်အနှောင့်အယှက်ဖြစ်စေ ကြောင်း’အောက်တိုဘာ ၂၄ ရက် ညက လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဝေဖန်ကန့်ကွက် မှုများ ထွက်ပေါ်ခဲ့သည်။

‘‘ဟိန်းဝေယံအမေ ဒေါ်စန်း စန်းဝင်းက သူ့သားအတွက်ဗေဒင် တွက်တာ ကံနိမ့်နေတယ်။ ဒါ ကြောင့် ကျွန်တော့်ကို ကိုးနဝင်း ကြေအောင် သူ့သား နာမည်နဲ့ ဘုရားပေါ်မှာ အလံကိုးခုထောင် ခိုင်းထားတယ်။ ကျွန်တော်နဲ့ ကျောင်းနေဖက်သူငယ်ချင်းဆို တော့ လုပ်ပေးတယ်။ ကျွန်တော် လုပ်တာ ဘုရားဂေါပကအဖွဲ့အား လုံးသိတယ်။ မင်းသားဆိုတော့ ကြိုက်တဲ့သူလည်းရှှိတယ်။ မ ကြိုက်တဲ့လူလည်းရှိတယ်။ မ ကြိုက်တဲ့သူတွေက ဒီကိစ္စကို မ နှစ်သက်ဘူးပေါ့’’ဟု ဘုရားပေါ် တွင် ယတြာချေပေးခဲ့သည့် ဦး သောင်းညွှန့်ကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top