Property Expo
×

အဆုိေတာ္လႊမ္းမိုး၏ သီခ်င္းမ်ားကို ျပန္လည္သီဆုိခဲ့ သည့္ ‘လႊမ္းမိုး၏ လႊမ္းမိုးခဲ့ေသာ သီခ်င္းမ်ား’ေဖ်ာ္ေျဖပြဲတြင္ ပါဝင္ သည့္အဆုိေတာ္အခ်ိဳ႕၏ ေဖ်ာ္ ေျဖမႈကို ပရိသတ္မ်ားက ေဝဖန္ ခဲ့သည္။

ယင္းေဖ်ာ္ေျဖပြဲကို ေအာက္ တုိဘာ ၈ ရက္ညက အမ်ိဳးသား ကဇာတ္႐ံု၌ ျပဳလုပ္ၿပီး မာရဇၨ၊ ဂေရဟမ္၊ Rဇာနည္၊ ေဇာ္ပိုင္၊ ဖိုးကာ၊ နႏၵဧရာ၊ ဉာဏ္လင္း ေအာင္၊ ၿဖိဳးျပည့္စံု၊ ေအာင္ထက္ ႏွင့္ ေအာင္ျမင့္ျမတ္တုိ႔ ပါဝင္သီ ဆိုၾကသည္။

အဆုိေတာ္တစ္ဦးလွ်င္ လႊမ္းမိုး၏ သီခ်င္းသံုးပုဒ္စီ ေဖ်ာ္ေျဖ ေပးၿပီး အဆုိေတာ္အခ်ိဳ႕၏ သီဆုိ ေဖ်ာ္ေျဖမႈမ်ားကို ပရိသတ္မ်ားက ေဝဖန္ခဲ့သည္။

‘‘လႊမ္းမိုးကို အရမ္းႀကိဳက္လို႔ လားေတာ့ မသိဘူး။ တခ်ိဳ႕သီခ်င္း ေတြဆို ဘယ္သီခ်င္းဆိုေနတာလဲ ဆိုတာကို ေသေသခ်ာခ်ာ နား ေထာင္ရတယ္’’ဟု ယင္းေဖ်ာ္ေျဖ ပြဲသို႔ လာေရာက္ၾကည့္႐ႈသည့္ ပရိသတ္တစ္ဦးက ေျပာသည္။

ထုိ႔အျပင္ နာမည္ႀကီးအဆုိ ေတာ္၏ သီခ်င္းကုိ ျပန္လည္ေဖ်ာ္ ေျဖျခင္းျဖစ္ေသာေၾကာင့္ ပါဝင္ သီဆိုသည့္ အဆုိေတာ္မ်ားအေန ျဖင့္ ယခုထက္ပို၍ ႀကိဳးစားသီဆို သင့္ေၾကာင္း ၎က မွတ္ခ်က္ျပဳ သည္။

ထုိ႔အျပင္ ပြဲကို Channel 7 ႐ုပ္သံလိုင္းမွ တုိက္႐ိုက္ထုတ္လႊင့္ ျပသရာ အဆုိေတာ္အခ်ိဳ႕၏ သီဆိုမႈအေပၚ လူမႈကြန္ရက္စာမ်က္ႏွာတြင္ စိတ္ပ်က္စြာျဖင့္ ေဝဖန္ေရး သားခဲ့သည္ကို ေတြ႕ရသည္။

လႊမ္းမိုး၏ သီခ်င္းမ်ားသီဆို သည့္ ေဖ်ာ္ေျဖပြဲျဖစ္ေသာေၾကာင့္ သက္လတ္ပိုင္းႏွင့္ သက္ႀကီးပိုင္း ပရိသတ္အမ်ားဆံုး လာေရာက္ ၾကည့္႐ႈခဲ့ၿပီး ပြဲက်င္းပသည့္ အမ်ိဳး သားကဇာတ္႐ံုအျပည့္နီးပါး လာ ေရာက္အားေပးခဲ့ၾကသည္။

ယင္းေဖ်ာ္ေျဖပြဲတြင္ အဆုိ ေတာ္ခ်စ္ေကာင္းက အစီအစဥ္ တင္ဆက္သူအျဖစ္ ေဆာင္ရြက္ ေပးၿပီး လႊမ္းမိုးမကြယ္လြန္မီက ၎၏ ဇနီးျဖစ္သူအတြက္ ေရး သားခဲ့သည့္ သီခ်င္းတစ္ပိုဒ္ကို လည္း ပရိသတ္မ်ားအား ဖတ္ ၾကားျပခဲ့သည္။

‘‘ၾကင္နာသူေလးရယ္ ရင္မွာ ပူေဆြးရေအာင္ မလုပ္ခဲ့ေလနဲ႔ ကြယ္××× ဒီမွာ ကိုယ့္တစ္ေယာက္တည္း မင္းထားခဲ့လို႔×××မင္းသြားရက္လု႔ိ’’ဟု လႊမ္းမိုးေနာက္ဆံုးေရးသားခဲ့သည့္ သီခ်င္းတစ္ပုဒ္ကို ခ်စ္ေကာင္းက ဖတ္ျပခဲ့သည္။

အဆိုပါ သီခ်င္းတစ္ပိုဒ္ကို အဆုိေတာ္လႊမ္းမိုးက ၎၏ ဇနီးျဖစ္သူ      ေဆး႐ံုတက္ေန ခ်ိန္တြင္ ေရးသားခဲ့ျခင္းျဖစ္ၿပီး ယင္းသီခ်င္းကို သီဆိုျပရန္ ဂစ္တာျပန္ယူခ်ိန္တြင္ ကားအက္ဆီးဒင့္ျဖစ္၍ ကြယ္လြန္ခဲ့ျခင္းျဖစ္ေၾကာင္း ျဖစ္ရပ္မွန္အေၾကာင္းအရာကို လည္း ဇာတ္လမ္းပံုစံ႐ိုက္ကူး၍ ပ႐ိုဂ်က္တာျဖင့္ ျပသေပးခဲ့သည္။

‘‘ဒါက ကိုလႊမ္းမိုးရဲ႕ Tribute ေလ၊ အေခြထုတ္တာလည္း မဟုတ္ဘူး။ ဘာပဲျဖစ္ျဖစ္သူ႔ကို ဂုဏ္ျပဳၾကတာျဖစ္တဲ့အတြက္ ေကာင္းတဲ့လူလည္းပါမယ္၊ မေကာင္းတဲ့လူ လည္းပါမယ္။ အဲဒီလုိေတာ့ နားလည္ေပးသင့္တယ္ထင္တာပဲ။ အေခြထုတ္ၿပီး သူတို႔သီခ်င္းျဖစ္ လုပ္စားရင္ေတာ့ တစ္မ်ိဳးေပါ့။ အားလံုးက ေမတၱာတရားနဲ႔ ကိုလႊမ္းမိုးရဲ႕ ပြဲမွာဆိုၿပီး ဂုဏ္ျပဳၾကတာဆိုေတာ့ အမွားအယြင္း ေတာ့ရွိႏိုင္တာပဲ။ ကိုလႊမ္းမိုးကအလြန္ေတာ္တဲ့ အဆိုေတာ္တစ္ေယာက္ဆိုေတာ့ ေတာ္ေတာ္ တန္တန္ အဆိုေတာ္ေတြက သူ႔ရဲ႕အေၾကာင္းမသိတာတို႔၊ သူ႔ရဲ႕ ေအာင္ျမင္မႈ မသိတာတို႔ေတာ့ ျဖစ္တတ္ပါတယ္။ ဒါကိုေတာ့ နားလည္ေပးေစခ်င္ပါတယ္။ ကြၽန္ေတာ္လူႀကီးတစ္ေယာက္အေနနဲ႔ေျပာတာပါ။ အဲဒီလုိျမင္ေစခ်င္ တယ္။ ကေလးေတြအတြက္ေရာ အားလံုးအတြက္ပါ။ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္မေကာင္းဘူးဆိုရင္လည္း နားလည္ေပးေစခ်င္တာ ပါ’’ဟု ယင္းေဖ်ာ္ေျဖပြဲတြင္ ပါဝင္သီဆိုခဲ့သည့္ မာရဇၨက ေျပာ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
အဆိုတော်လွှမ်းမိုး၏ သီချင်းများကို ပြန်လည်သီဆိုခဲ့ သည့် ‘လွှမ်းမိုး၏ လွှမ်းမိုးခဲ့သော သီချင်းများ’ဖျော်ဖြေပွဲတွင် ပါဝင် သည့်အဆိုတော်အချို့၏ ဖျော် ဖြေမှုကို ပရိသတ်များက ဝေဖန် ခဲ့သည်။

ယင်းဖျော်ဖြေပွဲကို အောက် တိုဘာ ၈ ရက်ညက အမျိုးသား ကဇာတ်ရုံ၌ ပြုလုပ်ပြီး မာရဇ္ဇ၊ ဂရေဟမ်၊ Rဇာနည်၊ ဇော်ပိုင်၊ ဖိုးကာ၊ နန္ဒဧရာ၊ ဉာဏ်လင်း အောင်၊ ဖြိုးပြည့်စုံ၊ အောင်ထက် နှင့် အောင်မြင့်မြတ်တို့ ပါဝင်သီ ဆိုကြသည်။

အဆိုတော်တစ်ဦးလျှင် လွှမ်းမိုး၏ သီချင်းသုံးပုဒ်စီ ဖျော်ဖြေ ပေးပြီး အဆိုတော်အချို့၏ သီဆို ဖျော်ဖြေမှုများကို ပရိသတ်များက ဝေဖန်ခဲ့သည်။

‘‘လွှမ်းမိုးကို အရမ်းကြိုက်လို့ လားတော့ မသိဘူး။ တချို့သီချင်း တွေဆို ဘယ်သီချင်းဆိုနေတာလဲ ဆိုတာကို သေသေချာချာ နား ထောင်ရတယ်’’ဟု ယင်းဖျော်ဖြေ ပွဲသို့ လာရောက်ကြည့်ရှုသည့် ပရိသတ်တစ်ဦးက ပြောသည်။

ထို့အပြင် နာမည်ကြီးအဆို တော်၏ သီချင်းကို ပြန်လည်ဖျော် ဖြေခြင်းဖြစ်သောကြောင့် ပါဝင် သီဆိုသည့် အဆိုတော်များအနေ ဖြင့် ယခုထက်ပို၍ ကြိုးစားသီဆို သင့်ကြောင်း ၎င်းက မှတ်ချက်ပြု သည်။

ထို့အပြင် ပွဲကို Channel 7 ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့် ပြသရာ အဆိုတော်အချို့၏ သီဆိုမှုအပေါ် လူမှုကွန်ရက်စာမျက်နှာတွင် စိတ်ပျက်စွာဖြင့် ဝေဖန်ရေး သားခဲ့သည်ကို တွေ့ရသည်။

လွှမ်းမိုး၏ သီချင်းများသီဆို သည့် ဖျော်ဖြေပွဲဖြစ်သောကြောင့် သက်လတ်ပိုင်းနှင့် သက်ကြီးပိုင်း ပရိသတ်အများဆုံး လာရောက် ကြည့်ရှုခဲ့ပြီး ပွဲကျင်းပသည့် အမျိုး သားကဇာတ်ရုံအပြည့်နီးပါး လာ ရောက်အားပေးခဲ့ကြသည်။

ယင်းဖျော်ဖြေပွဲတွင် အဆို တော်ချစ်ကောင်းက အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက် ပေးပြီး လွှမ်းမိုးမကွယ်လွန်မီက ၎င်း၏ ဇနီးဖြစ်သူအတွက် ရေး သားခဲ့သည့် သီချင်းတစ်ပိုဒ်ကို လည်း ပရိသတ်များအား ဖတ် ကြားပြခဲ့သည်။

‘‘ကြင်နာသူလေးရယ် ရင်မှာ ပူဆွေးရအောင် မလုပ်ခဲ့လေနဲ့ ကွယ်××× ဒီမှာ ကိုယ့်တစ်ယောက်တည်း မင်းထားခဲ့လို့×××မင်းသွားရက်လု့ိ’’ဟု လွှမ်းမိုးနောက်ဆုံးရေးသားခဲ့သည့် သီချင်းတစ်ပုဒ်ကို ချစ်ကောင်းက ဖတ်ပြခဲ့သည်။

အဆိုပါ သီချင်းတစ်ပိုဒ်ကို အဆိုတော်လွှမ်းမိုးက ၎င်း၏ ဇနီးဖြစ်သူ      ဆေးရုံတက်နေ ချိန်တွင် ရေးသားခဲ့ခြင်းဖြစ်ပြီး ယင်းသီချင်းကို သီဆိုပြရန် ဂစ်တာပြန်ယူချိန်တွင် ကားအက်ဆီးဒင့်ဖြစ်၍ ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်ရပ်မှန်အကြောင်းအရာကို လည်း ဇာတ်လမ်းပုံစံရိုက်ကူး၍ ပရိုဂျက်တာဖြင့် ပြသပေးခဲ့သည်။

‘‘ဒါက ကိုလွှမ်းမိုးရဲ့ Tribute လေ၊ အခွေထုတ်တာလည်း မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်သူ့ကို ဂုဏ်ပြုကြတာဖြစ်တဲ့အတွက် ကောင်းတဲ့လူလည်းပါမယ်၊ မကောင်းတဲ့လူ လည်းပါမယ်။ အဲဒီလိုတော့ နားလည်ပေးသင့်တယ်ထင်တာပဲ။ အခွေထုတ်ပြီး သူတို့သီချင်းဖြစ် လုပ်စားရင်တော့ တစ်မျိုးပေါ့။ အားလုံးက မေတ္တာတရားနဲ့ ကိုလွှမ်းမိုးရဲ့ ပွဲမှာဆိုပြီး ဂုဏ်ပြုကြတာဆိုတော့ အမှားအယွင်း တော့ရှိနိုင်တာပဲ။ ကိုလွှမ်းမိုးကအလွန်တော်တဲ့ အဆိုတော်တစ်ယောက်ဆိုတော့ တော်တော် တန်တန် အဆိုတော်တွေက သူ့ရဲ့အကြောင်းမသိတာတို့၊ သူ့ရဲ့ အောင်မြင်မှု မသိတာတို့တော့ ဖြစ်တတ်ပါတယ်။ ဒါကိုတော့ နားလည်ပေးစေချင်ပါတယ်။ ကျွန်တော်လူကြီးတစ်ယောက်အနေနဲ့ပြောတာပါ။ အဲဒီလိုမြင်စေချင် တယ်။ ကလေးတွေအတွက်ရော အားလုံးအတွက်ပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်မကောင်းဘူးဆိုရင်လည်း နားလည်ပေးစေချင်တာ ပါ’’ဟု ယင်းဖျော်ဖြေပွဲတွင် ပါဝင်သီဆိုခဲ့သည့် မာရဇ္ဇက ပြော သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top