Kantharyar Centre
×

ဆရာေတာ္ေဒါက္ တာအရွင္ဉာဏိႆရ တည္ ေထာင္ေသာ သီတဂူအျပည္ျပည္ ဆုိင္ရာ ၀ိပႆနာတကၠသိုလ္(သီတဂူ၀ိပႆနာအကယ္ဒမီ) ကို၂၀၁၇ မတ္လ ၁၃ ရက္ (တေပါင္းလျပည့္ေန႔)တြင္ ဖြင့္လွစ္မည္ျဖစ္ ေၾကာင္း သတင္းရရွိသည္။

စစ္ကိုင္းေတာင္႐ိုးအေနာက္ ဘက္ ဧက ၇၀ ခန္႔က်ယ္၀န္းသည့္ ေျမေပၚတြင္ တည္ေဆာက္ထား ေသာ သီတဂူအျပည္ျပည္ဆုိင္ရာ ၀ိပႆနာတကၠသိုလ္ကုိ ၂၀၁၃ ႏုိ ၀င္ဘာကစတင္တည္ေဆာက္ခဲ့ သည္။

ယခုအခါ လုပ္ငန္းအခ်ဳိ႕ ၿပီးစီးၿပီျဖစ္၍ ဆရာေတာ္ႀကီး၏ သက္ေတာ္ (၈၀)ျပည့္ေမြးေန႔ျဖစ္သည့္ တေပါင္းလျပည့္တြင္ ဖြင့္ပဲြျပဳလုပ္မည္ျဖစ္ေၾကာင္း သီ တဂူ၀ိပႆနာအကယ္ဒမီမွ ဒုတိ ယလက္ေထာက္ဆရာေတာ္ ေဒါက္တာဇဋိလာလကၤာရက မိန္႔ ၾကားသည္။

‘‘ဆရာေတာ္ႀကီးက ေရွ႕မွာ လည္း ေဆး႐ုံေတြေဆာက္၊ စာ ေတြသင္၊ တရားဓမၼေဟာေျပာတာ ေတြ လုပ္ခဲ့ၿပီးၿပီ။ သက္ေတာ္ လည္း၈၀ ရွိၿပီဆုိေတာ့ တရားေလးျပၿပီး ေအးေအးလူလူ ေနခ်င္ပုံရပါတယ္။ ဒီမွာပဲ ကိုယ္တုိင္လည္း တရားအား ထုတ္ရင္း  တပည့္ဒကာ၊ ဒကာမ ေတြကို ၀ိပႆနာအားထုတ္ေစ မယ္လုိ႔ ယူဆပါတယ္’’ဟု  ဆရာေတာ္ေဒါက္တာ ဇဋိလာလကၤာရ က မိန္႔ၾကားသည္။

သီတဂူအျပည္ျပည္ဆုိင္ရာ ၀ိပႆနာတကၠသိုလ္တြင္ ျပည္ တြင္း ျပည္ပမွ ၀ိပႆနာတရား အးထုတ္လုိသူမ်ားအတြက္ အမ်ဳိးသားေယာဂီ ၁၀၀ အတြက္ အခန္း၁၀၀ ႏွင့္ အမ်ဳိးသမီးေယာဂီမ်ား အတြက္ အခန္း ၁၀၀ စီစဥ္ထား ေၾကာင္း သင္တန္းသားလက္ခံ မည့္အစီအစဥ္ကို ဆရာေတာ္ႀကီး က မိန္႔ၾကားျခင္း မရွိေသးေၾကာင္း ေဒါက္တာဇဋိလာလကၤာရက မိန္႔ၾကားသည္။

သီတဂူအျပည္ျပည္ဆုိင္ရာ ၀ိပႆနာတကၠသိုလ္(သီတဂူ၀ိပ ႆနာအကယ္ဒမီ)ဖြင့္ပဲြတြင္ဆရာေတာ္ ေဒါက္တာအရွင္ဉာဏိႆရ၏ ႐ုပ္တုထားရွိမည္ျဖစ္ ၿပီး သက္ေတာ္(၈၀)ျပည့္အထိမ္း အမွတ္အျဖစ္ ပိႆာခ်ိန္ရွစ္ေထာင္ရွိ ေၾကး သြန္းေခါင္းေလာင္း ႀကီး စိုက္ထူမည္ ျဖစ္သည္။

ထုိ႔အျပင္ ေက်ာင္း၌ဆရာ ေတာ္ေဒါက္တာအရွင္ဉာဏိႆရ ျပတုိက္တည္ေဆာက္ရန္ ရည္ရြယ္ထားကာ အဆိုပါျပတုိက္တြင္ ဆရာေတာ္ႀကီး၏ သာသနာျပဳမွတ္တမ္းဓာတ္ပုံမ်ား၊ စာအုပ္စာတမ္းမ်ား၊ တရား ေခြမ်ားျပသရန္ ရည္ရြယ္ထားသည္ဟု သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

ဆရာတော်ဒေါက် တာအရှင်ဉာဏိဿရ တည် ထောင်သော သီတဂူအပြည်ပြည် ဆိုင်ရာ ဝိပဿနာတက္ကသိုလ်(သီတဂူဝိပဿနာအကယ်ဒမီ) ကို၂၀၁၇ မတ်လ ၁၃ ရက် (တပေါင်းလပြည့်နေ့)တွင် ဖွင့်လှစ်မည်ဖြစ် ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတောင်ရိုးအနောက် ဘက် ဧက ၇၀ ခန့်ကျယ်ဝန်းသည့် မြေပေါ်တွင် တည်ဆောက်ထား သော သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်ကို ၂၀၁၃ နို ဝင်ဘာကစတင်တည်ဆောက်ခဲ့ သည်။

ယခုအခါ လုပ်ငန်းအချို့ ပြီးစီးပြီဖြစ်၍ ဆရာတော်ကြီး၏ သက်တော် (၈၀)ပြည့်မွေးနေ့ဖြစ်သည့် တပေါင်းလပြည့်တွင် ဖွင့်ပွဲပြုလုပ်မည်ဖြစ်ကြောင်း သီ တဂူဝိပဿနာအကယ်ဒမီမှ ဒုတိ ယလက်ထောက်ဆရာတော် ဒေါက်တာဇဋိလာလင်္ကာရက မိန့် ကြားသည်။

‘‘ဆရာတော်ကြီးက ရှေ့မှာ လည်း ဆေးရုံတွေဆောက်၊ စာ တွေသင်၊ တရားဓမ္မဟောပြောတာ တွေ လုပ်ခဲ့ပြီးပြီ။ သက်တော် လည်း၈၀ ရှိပြီဆိုတော့ တရားလေးပြပြီး အေးအေးလူလူ နေချင်ပုံရပါတယ်။ ဒီမှာပဲ ကိုယ်တိုင်လည်း တရားအား ထုတ်ရင်း  တပည့်ဒကာ၊ ဒကာမ တွေကို ဝိပဿနာအားထုတ်စေ မယ်လို့ ယူဆပါတယ်’’ဟု  ဆရာတော်ဒေါက်တာ ဇဋိလာလင်္ကာရ က မိန့်ကြားသည်။

သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်တွင် ပြည် တွင်း ပြည်ပမှ ဝိပဿနာတရား အးထုတ်လိုသူများအတွက် အမျိုးသားယောဂီ ၁၀၀ အတွက် အခန်း၁၀၀ နှင့် အမျိုးသမီးယောဂီများ အတွက် အခန်း ၁၀၀ စီစဉ်ထား ကြောင်း သင်တန်းသားလက်ခံ မည့်အစီအစဉ်ကို ဆရာတော်ကြီး က မိန့်ကြားခြင်း မရှိသေးကြောင်း ဒေါက်တာဇဋိလာလင်္ကာရက မိန့်ကြားသည်။

သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ်(သီတဂူဝိပ ဿနာအကယ်ဒမီ)ဖွင့်ပွဲတွင်ဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ ရုပ်တုထားရှိမည်ဖြစ် ပြီး သက်တော်(၈၀)ပြည့်အထိမ်း အမှတ်အဖြစ် ပိဿာချိန်ရှစ်ထောင်ရှိ ကြေး သွန်းခေါင်းလောင်း ကြီး စိုက်ထူမည် ဖြစ်သည်။

ထို့အပြင် ကျောင်း၌ဆရာ တော်ဒေါက်တာအရှင်ဉာဏိဿရ ပြတိုက်တည်ဆောက်ရန် ရည်ရွယ်ထားကာ အဆိုပါပြတိုက်တွင် ဆရာတော်ကြီး၏ သာသနာပြုမှတ်တမ်းဓာတ်ပုံများ၊ စာအုပ်စာတမ်းများ၊ တရား ခွေများပြသရန် ရည်ရွယ်ထားသည်ဟု သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top