Property Expo
×


အစြမ္းရွိပါက မိမိကို ျဖဳတ္ခ်ရန္ ႀကိဳးစားၾကည့္ႏုိင္ေၾကာင္း အေမရိကန္ အစိုးရႏွင့္ စီအိုင္ေအ ေထာက္လွမ္းေရး ဌာနတို႔ကို ဖိလစ္ပိုင္ သမၼတ ႐ိုဒရီဂို ဒူတာေတးက စိန္ေခၚလုိက္သည္။

၎၏ အေရးယူပံု ျပင္းထန္လြန္းသည့္ မူးယစ္ေဆးဝါး ေမွာင္ခိုမႈ တိုက္ဖ်က္ေရး စီမံကိန္းမ်ားအေပၚ အေမရိကန္ႏွင့္ အေနာက္အုပ္စုက ေဝဖန္မႈမ်ား ျပဳလုပ္ခဲ့သည့္ေနာက္ ဆက္ဆံေရး ေအးခဲမႈမ်ား ျဖစ္လာခ်ိန္တြင္ ဒူတာေတးက ယခုလို ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ေအာက္တိုဘာ ၇ ရက္က ၎၏ သမၼတသက္တမ္း ရက္တစ္ရာျပည့္ အထိမ္းအမွတ္အျဖစ္ ႏွစ္ေနရာတြင္ မိန္႔ခြန္းေျပာခဲ့ရာ ဒူတာေတးက မူးယစ္ေဆးဝါး ေမွာင္ခုိေရာင္းဝယ္မႈ တိုက္ဖ်က္ေရး လုပ္ငန္းမ်ား အရွိန္ျမႇင့္ ေဆာင္ရြက္သြားဦးမည္ျဖစ္ၿပီး ေနာက္ထပ္ ရာဇဝတ္သားမ်ားစြာ ေသေၾကလိမ့္ဦးမည္ဟုလည္း အတည္ျပဳခဲ့သည္။

၎က အေမရိကန္၏ မလုိလားမႈႏွင့္ ပတ္သက္ၿပီး “ခင္ဗ်ားတို႔ က်ဳပ္ကို ျဖဳတ္ခ်ခ်င္သလား။ စီအိုင္ေအကို ထုတ္သံုးဦးမလား။ လုပ္ေလ။ စမ္းၾကည့္ေလ”ဟု ဇာတိၿမိဳ႕ ဒါဗာအိုတြင္ မိန္႔ခြန္းေျပာရာ၌ ထည့္သြင္း စိန္ေခၚသြားခဲ့သည္။ ဒူတာေတးက စီအုိင္ေအသည္ မိမိကို လုပ္ႀကံရန္ ႀကံစည္ေနသည္ဟု ၿပီးခဲ့သည့္လကလည္း စြပ္စြဲဖူးခဲ့ၿပီး အေသးစိတ္ အခ်က္အလက္မ်ားကိုမူ ေျပာဆိုခဲ့ျခင္း မရွိေခ်။

ဖိလစ္ပိုင္တြင္ မူးယစ္ေဆးဝါး ေမွာင္ခိုဂိုဏ္းမ်ား၏ ဆိုးသြမ္းမႈဒဏ္ကို ျပည္သူမ်ားက သည္းမခံႏုိင္ေတာ့သည့္ေနာက္ လက္သံေျပာင္သည့္ လူၾကမ္းတစ္ဦးအျဖစ္ နာမည္ႀကီးေသာ ဒူတာေတးကို အႀကိဳက္ေတြ႕လာၿပီး ေရြးေကာက္ပြဲတြင္ အျပတ္အသတ္ အႏုိင္ရခဲ့သည္။ ၎သမၼတ ျဖစ္လာၿပီးေနာက္ ရဲတပ္ဖဲြ႕က မူးယစ္ေဆးဝါး သံုးစြဲသူမ်ား၊ ေမွာင္ခုိေရာင္းခ်သူမ်ားကို ၾကမ္းတမ္းသည့္ စစ္ဆင္ေရးမ်ား ဆင္ႏႊဲၿပီး ၿဖိဳခြင္းခဲ့ရာ လူေပါင္း ၁၅၀၀ ေက်ာ္ အသတ္ခံရၿပီး ၁၈၀၀ ေက်ာ္မွာ လက္ဆုပ္လက္ကိုင္ မျပႏုိင္သည့္ အေၾကာင္းရင္းမ်ားျဖင့္ ေသဆံုးခဲ့သည္။

အေမရိကန္ အစိုးရႏွင့္ ဥေရာပ သမဂၢတုိ႔က ဒူတာေတး၏ မူးယစ္ေဆးဝါး တိုက္ဖ်က္မႈ လုပ္ငန္းစဉ္မ်ားမွာ စည္းလြတ္ဝါးလြတ္ ႏုိင္လြန္းေၾကာင္း ေဝဖန္ေနသည့္တိုင္ ျပည္တြင္းတြင္မူ ၎ကို ေထာက္ခံမႈ ျမင့္တက္ေနဆဲဟု မၾကာေသးမီက ေကာက္ယူေသာ စစ္တမ္းမ်ားက ညႊန္ျပလ်က္ ရွိသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အစွမ်းရှိပါက မိမိကို ဖြုတ်ချရန် ကြိုးစားကြည့်နိုင်ကြောင်း အမေရိကန် အစိုးရနှင့် စီအိုင်အေ ထောက်လှမ်းရေး ဌာနတို့ကို ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေးက စိန်ခေါ်လိုက်သည်။

၎င်း၏ အရေးယူပုံ ပြင်းထန်လွန်းသည့် မူးယစ်ဆေးဝါး မှောင်ခိုမှု တိုက်ဖျက်ရေး စီမံကိန်းများအပေါ် အမေရိကန်နှင့် အနောက်အုပ်စုက ဝေဖန်မှုများ ပြုလုပ်ခဲ့သည့်နောက် ဆက်ဆံရေး အေးခဲမှုများ ဖြစ်လာချိန်တွင် ဒူတာတေးက ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာ ၇ ရက်က ၎င်း၏ သမ္မတသက်တမ်း ရက်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် နှစ်နေရာတွင် မိန့်ခွန်းပြောခဲ့ရာ ဒူတာတေးက မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်သွားဦးမည်ဖြစ်ပြီး နောက်ထပ် ရာဇဝတ်သားများစွာ သေကြေလိမ့်ဦးမည်ဟုလည်း အတည်ပြုခဲ့သည်။

၎င်းက အမေရိကန်၏ မလိုလားမှုနှင့် ပတ်သက်ပြီး “ခင်ဗျားတို့ ကျုပ်ကို ဖြုတ်ချချင်သလား။ စီအိုင်အေကို ထုတ်သုံးဦးမလား။ လုပ်လေ။ စမ်းကြည့်လေ”ဟု ဇာတိမြို့ ဒါဗာအိုတွင် မိန့်ခွန်းပြောရာ၌ ထည့်သွင်း စိန်ခေါ်သွားခဲ့သည်။ ဒူတာတေးက စီအိုင်အေသည် မိမိကို လုပ်ကြံရန် ကြံစည်နေသည်ဟု ပြီးခဲ့သည့်လကလည်း စွပ်စွဲဖူးခဲ့ပြီး အသေးစိတ် အချက်အလက်များကိုမူ ပြောဆိုခဲ့ခြင်း မရှိချေ။

ဖိလစ်ပိုင်တွင် မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများ၏ ဆိုးသွမ်းမှုဒဏ်ကို ပြည်သူများက သည်းမခံနိုင်တော့သည့်နောက် လက်သံပြောင်သည့် လူကြမ်းတစ်ဦးအဖြစ် နာမည်ကြီးသော ဒူတာတေးကို အကြိုက်တွေ့လာပြီး ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့သည်။ ၎င်းသမ္မတ ဖြစ်လာပြီးနောက် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး သုံးစွဲသူများ၊ မှောင်ခိုရောင်းချသူများကို ကြမ်းတမ်းသည့် စစ်ဆင်ရေးများ ဆင်နွှဲပြီး ဖြိုခွင်းခဲ့ရာ လူပေါင်း ၁၅၀၀ ကျော် အသတ်ခံရပြီး ၁၈၀၀ ကျော်မှာ လက်ဆုပ်လက်ကိုင် မပြနိုင်သည့် အကြောင်းရင်းများဖြင့် သေဆုံးခဲ့သည်။

အမေရိကန် အစိုးရနှင့် ဥရောပ သမဂ္ဂတို့က ဒူတာတေး၏ မူးယစ်ဆေးဝါး တိုက်ဖျက်မှု လုပ်ငန်းစဉ်များမှာ စည်းလွတ်ဝါးလွတ် နိုင်လွန်းကြောင်း ဝေဖန်နေသည့်တိုင် ပြည်တွင်းတွင်မူ ၎င်းကို ထောက်ခံမှု မြင့်တက်နေဆဲဟု မကြာသေးမီက ကောက်ယူသော စစ်တမ်းများက ညွှန်ပြလျက် ရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top