Property Expo
×

လွည္းတန္းလမ္းဆံု ယာဥ္ေၾကာက်ပ္တည္းမႈေျဖရွင္းရန္ ဂ်ပန္ပညာရွင္မ်ားအကူအညီ ျဖင့္ ေရွ႕ေျပးစီမံခ်က္ (Pilot Project) လုပ္ေဆာင္မည္ဟု ရန္ ကုန္တုိင္းေဒသႀကီး လွ်ပ္စစ္၊ စက္မႈလက္မႈႏွင့္ လမ္းပန္းဆက္သြယ္ ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က ေျပာၾကားသည္။

လွည္းတန္းခံုးေက်ာ္တံတား ကို က်ပ္ ၁၁ ဘီလီယံအကုန္အက်ခံ တည္ေဆာက္ခဲ့ေသာ္လည္း လက္ရွိအခ်ိန္အထိ ယာဥ္ေၾကာက်ပ္တည္းမႈမ်ား ဆက္လက္ျဖစ္ေပၚေန၍ ေျဖရွင္းေပးရန္ အစီအစဥ္ရွိ၊ မရွိ ကမာရြတ္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁)မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ဝင္းက ေအာက္တိုဘာ ၂၈ ရက္ တုိင္း ေဒသႀကီးလႊတ္ေတာ္၌ ေမးျမန္းမႈ ကို ေျဖၾကားျခင္းျဖစ္သည္။

ရန္ကုန္တုိင္းေဒသႀကီး အစိုး ရသည္ ယာဥ္ေၾကာက်ပ္တည္းမႈ ေျဖရွင္းႏုိင္ရန္္ လမ္းဆံုမီးပြိဳင့္မ်ား ကို အလိုအေလ်ာက္ ထိန္းခ်ဳပ္ႏုိင္မည့္ မီးပိြဳင့္မ်ားအျဖစ္  ေျပာင္း လဲတပ္ဆင္ေနသကဲ့သို႔ လွည္းတန္း လမ္းဆံုအတြက္လည္း သီးျခားေျဖရွင္းႏိုင္မည့္ နည္းလမ္းမ်ား ရွာႀကံလုပ္ေဆာင္ေနသည္ဟု ေဒၚနီလာေက်ာ္ကေျပာသည္။

‘‘လွည္းတန္းမီးပိြဳင့္မွာ ကား ေစာင့္ရတဲ့ အခ်ိန္မ်ားတာ၊ ယာဥ္ ေၾကာပိတ္ေနတာေတြကို သိရွိၿပီး ျဖစ္ပါတယ္။ လွည္းတန္းမီးပြိဳင့္ အပါအဝင္ ရန္ကုန္ၿမိဳ႕ရဲ႕ မီးပိြဳင့္ ၁၅၄ ခုကို အလိုအေလ်ာက္ မီးပြိဳင့္စနစ္ ေျပာင္းလဲတပ္ဆင္ေရး ေဆာင္ရြက္ေနပါတယ္။ အဆုိပါ မီးပိြဳင့္မ်ားရဲ႕ ထိန္းခ်ဳပ္ေရးစင္တာ ကိုလည္း တည္ေဆာက္ေနတာ မၾကာခင္ ၿပီးစီးေတာ့မွာ ျဖစ္ပါ တယ္။ မီးပိြဳင့္စနစ္နဲ႔ ထိန္းခ်ဳပ္ေရး စင္တာဟာ ယခုႏွစ္မကုန္ခင္ ၿပီး စီးေအာင္ လုပ္ေနပါတယ္။ လွည္း တန္းမီးပိြဳင့္ေနရာမွာ ၾကာရတဲ့အ ခ်ိန္ေတြက ဘာေၾကာင့္ဆုိတာကို ဂ်ပန္ႏုိင္ငံက ပညာရွင္ေတြနဲ႔ ေလ့ လာသံုးသပ္ၿပီး Pilot Project အ ေနနဲ႔ ေဆာင္ရြက္သြားဖို႔ ရွိပါ တယ္’’ ဟု ေဒၚနီလာေက်ာ္က ေျပာသည္။  ေရွ႕ေျပးစီမံခ်က္ (Pilot Project) မည္ကဲ့သို႔ျပဳလုပ္မည္ ဆုိသည့္ အေသးစိတ္ကို ထည့္ သြင္းေျပာၾကားျခင္းမရွိေပ။

လွည္းတန္းလမ္းဆံုသည္ ငါးလမ္းဆံုေနရာတစ္ခုျဖစ္ၿပီး ယာဥ္ ေၾကာက်ပ္တည္းမႈမွာ ငါးလမ္း စလံုးနီးပါး၌ ေန႔စဥ္လိုလိုျဖစ္ေပၚ ေနျခင္းျဖစ္သည္ဟု လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးတင္ဝင္းက ေျပာသည္။

 လမ္းပိတ္ဆို႔ရသည့္ အ ေၾကာင္းရင္းမွာ လိုင္းကားမ်ား စည္းကမ္းမဲ့စြာ ခရီးသည္အတင္ အခ်ျပဳလုပ္ျခင္း၊ ယာဥ္မရပ္ရန္ တားျမစ္ထားေသာေနရာမ်ားတြင္ ကားမ်ား စည္းကမ္းမဲ့စြာ ရပ္နား ျခင္း၊ ေစ်းသည္မ်ား လမ္းမေပၚ တြင္ ဆုိင္ခင္းေရာင္းခ်ျခင္းမ်ား ေၾကာင့္ျဖစ္သည္ဟု ဆိုသည္။

‘‘ဒီေနရာတစ္ဝိုက္မွာ ယာဥ္ ေၾကာက်ပ္တည္းမႈေျဖရွင္းဖို႔ရာ လူအင္အားလိုအပ္တယ္ဆိုလို႔ရွိ ရင္ ကြၽန္ေတာ့္ၿမိဳ႕နယ္ထဲမွာ ကူညီေဆာင္ရြက္ေပးႏိုင္မယ့္သူေတြရွိ ပါတယ္’’ဟု ၎က ေျပာသည္။

ကမာရြတ္ၿမိဳ႕နယ္ရွိ လွည္း တန္းလမ္းဆံုမီးပိြဳင့္သည္ ယခင္ ကတည္းက ရန္ကုန္ၿမိဳ႕၌ ယာဥ္ေၾကာက်ပ္တည္းမႈ အမ်ားဆံုး လမ္းဆံုတစ္ခုျဖစ္သည္။

ယခင္အစိုးရလက္ထက္က ယင္းလမ္းဆံုကို ခံုးေက်ာ္တံတား တစ္စင္းတည္ေဆာက္၍ ယာဥ္ေၾကာက်ပ္တည္းမႈကို ေျဖရွင္းရန္ ႀကိဳးစားခဲ့ေသာ္လည္း ယခုအခ်ိန္ ထိ အင္းစိန္လမ္း၊ လွည္းတန္း လမ္းႏွင့္ တကၠသိုလ္ရိပ္သာလမ္း တို႔တြင္ ယာဥ္ေၾကာက်ပ္တည္းမႈ ဆက္လက္ ျဖစ္ေပၚေနသည္ဟု ခရီးသြားမ်ားက ဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

လှည်းတန်းလမ်းဆုံ ယာဉ်ကြောကျပ်တည်းမှုဖြေရှင်း ရန် ဂျပန်ပညာရှင်များအကူအညီ ဖြင့် ရှေ့ပြေးစီမံချက် (Pilot Project) လုပ်ဆောင်မည်ဟု ရန် ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

လှည်းတန်းခုံးကျော်တံတား ကို ကျပ် ၁၁ ဘီလီယံအကုန်အကျခံ တည်ဆောက်ခဲ့သော်လည်း လက်ရှိအချိန်အထိ ယာဉ်ကြောကျပ်တည်းမှုများ ဆက်လက်ဖြစ်ပေါ်နေ၍ ဖြေရှင်းပေးရန် အစီအစဉ်ရှိ၊ မရှိ ကမာရွတ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက အောက်တိုဘာ ၂၈ ရက် တိုင်း ဒေသကြီးလွှတ်တော်၌ မေးမြန်းမှု ကို ဖြေကြားခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုး ရသည် ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းနိုင်ရန် လမ်းဆုံမီးပွိုင့်များ ကို အလိုအလျောက် ထိန်းချုပ်နိုင်မည့် မီးပွိုင့်များအဖြစ်  ပြောင်း လဲတပ်ဆင်နေသကဲ့သို့ လှည်းတန်း လမ်းဆုံအတွက်လည်း သီးခြားဖြေရှင်းနိုင်မည့် နည်းလမ်းများ ရှာကြံလုပ်ဆောင်နေသည်ဟု ဒေါ်နီလာကျော်ကပြောသည်။

‘‘လှည်းတန်းမီးပွိုင့်မှာ ကား စောင့်ရတဲ့ အချိန်များတာ၊ ယာဉ် ကြောပိတ်နေတာတွေကို သိရှိပြီး ဖြစ်ပါတယ်။ လှည်းတန်းမီးပွိုင့် အပါအဝင် ရန်ကုန်မြို့ရဲ့ မီးပွိုင့် ၁၅၄ ခုကို အလိုအလျောက် မီးပွိုင့်စနစ် ပြောင်းလဲတပ်ဆင်ရေး ဆောင်ရွက်နေပါတယ်။ အဆိုပါ မီးပွိုင့်များရဲ့ ထိန်းချုပ်ရေးစင်တာ ကိုလည်း တည်ဆောက်နေတာ မကြာခင် ပြီးစီးတော့မှာ ဖြစ်ပါ တယ်။ မီးပွိုင့်စနစ်နဲ့ ထိန်းချုပ်ရေး စင်တာဟာ ယခုနှစ်မကုန်ခင် ပြီး စီးအောင် လုပ်နေပါတယ်။ လှည်း တန်းမီးပွိုင့်နေရာမှာ ကြာရတဲ့အ ချိန်တွေက ဘာကြောင့်ဆိုတာကို ဂျပန်နိုင်ငံက ပညာရှင်တွေနဲ့ လေ့ လာသုံးသပ်ပြီး Pilot Project အ နေနဲ့ ဆောင်ရွက်သွားဖို့ ရှိပါ တယ်’’ ဟု ဒေါ်နီလာကျော်က ပြောသည်။  ရှေ့ပြေးစီမံချက် (Pilot Project) မည်ကဲ့သို့ပြုလုပ်မည် ဆိုသည့် အသေးစိတ်ကို ထည့် သွင်းပြောကြားခြင်းမရှိပေ။

လှည်းတန်းလမ်းဆုံသည် ငါးလမ်းဆုံနေရာတစ်ခုဖြစ်ပြီး ယာဉ် ကြောကျပ်တည်းမှုမှာ ငါးလမ်း စလုံးနီးပါး၌ နေ့စဉ်လိုလိုဖြစ်ပေါ် နေခြင်းဖြစ်သည်ဟု လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်းက ပြောသည်။

 လမ်းပိတ်ဆို့ရသည့် အ ကြောင်းရင်းမှာ လိုင်းကားများ စည်းကမ်းမဲ့စွာ ခရီးသည်အတင် အချပြုလုပ်ခြင်း၊ ယာဉ်မရပ်ရန် တားမြစ်ထားသောနေရာများတွင် ကားများ စည်းကမ်းမဲ့စွာ ရပ်နား ခြင်း၊ ဈေးသည်များ လမ်းမပေါ် တွင် ဆိုင်ခင်းရောင်းချခြင်းများ ကြောင့်ဖြစ်သည်ဟု ဆိုသည်။

‘‘ဒီနေရာတစ်ဝိုက်မှာ ယာဉ် ကြောကျပ်တည်းမှုဖြေရှင်းဖို့ရာ လူအင်အားလိုအပ်တယ်ဆိုလို့ရှိ ရင် ကျွန်တော့်မြို့နယ်ထဲမှာ ကူညီဆောင်ရွက်ပေးနိုင်မယ့်သူတွေရှိ ပါတယ်’’ဟု ၎င်းက ပြောသည်။

ကမာရွတ်မြို့နယ်ရှိ လှည်း တန်းလမ်းဆုံမီးပွိုင့်သည် ယခင် ကတည်းက ရန်ကုန်မြို့၌ ယာဉ်ကြောကျပ်တည်းမှု အများဆုံး လမ်းဆုံတစ်ခုဖြစ်သည်။

ယခင်အစိုးရလက်ထက်က ယင်းလမ်းဆုံကို ခုံးကျော်တံတား တစ်စင်းတည်ဆောက်၍ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း ယခုအချိန် ထိ အင်းစိန်လမ်း၊ လှည်းတန်း လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်း တို့တွင် ယာဉ်ကြောကျပ်တည်းမှု ဆက်လက် ဖြစ်ပေါ်နေသည်ဟု ခရီးသွားများက ဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top