Kantharyar Centre
×
၃။ ယန်း ဟီယူရန်
#Unicode Version
ငွေကြေးသန်းနဲ့ချီပြီး ကြွယ်ဝချမ်းသာဖို့အတွက် အသက်အ ရွယ်နဲ့ အတွေ့အကြုံတွေက အဓိကမကျပါဘူး။ ကြိုးစားအား ထုတ်မှု၊ အများသူငါနဲ့ မတူညီထူးခြားတဲ့ အရည်အချင်းတွေ စိတ်အားထက်သန်မှုတွေ၊ ဆန်းသစ်တဲ့စိတ်ကူးအမြင်တွေ၊ လုံ့လစိုက်ထုတ် အနစ်နာခံမှုတွေကြောင့် အောင်မြင်တဲ့သူ တစ်ယောက်အဖြစ် ရပ်တည်လာနိုင်ခဲ့တာပါ။ အသက်အရွယ် အားဖြင့် ၃၀ မတိုင်မီကတည်းက ကမ္ဘာ့ငွေကြေးအချမ်းသာ ဆုံး စာရင်းမှာဝင်နေတဲ့ လူငယ်သန်းကြွယ်သူဌေးတွေ နိုင်ငံ အနှံ့အပြားမှာရှိနေပါတယ်။ သူတို့တွေထဲက ကမ္ဘာ့အသက်အ ငယ်ဆုံး ဘီလျံနာ လူငယ်လေး ၃ ယောက်အကြောင်းကို အ တုယူလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။
၁။ မက် ဇူဇကာဘက်( ဖေ့ဘွတ်တည်ထောင်သူ)
သူ့ကိုတော့ အားလုံးက သိပြီးသားဖြစ်မှာပါ။ ကမ္ဘာ့အကြီးမား ဆုံး လူမှုကွန်ရက်စာမျက်နှာ ဖေ့ဘွတ်ကိုပိုင်ဆိုင်ထားသူပါ။ မက်က ငယ်စဉ်ကတည်းကဉာဏ်ကောင်းပြီး ထူးချွန်တဲ့ ကျောင်းသားတစ်ယောက်မို့ သူကို့လူတိုင်း သိကြပါတယ်။ သူ့ရဲ့တီထွင်ဖန်တီးနိုင်မှု စိတ်ကူးရဲ့မယုံကြည်နိုင်စရာအောင် မြင်ခြင်းကနေ သူ့ကို ဘီလျံနာတစ်ဦးအဖြစ်ရောက်အောင် တွန်းပို့ပေးလိုက်ပါတယ်။ အိုင်တီနည်းပညာကို အဓိကအ ခြေခံ ထားအသုံးပြုပြီး လူတစ်ဦးနဲ့တစ်ဦး အနီးဆုံးနဲ့ အလျင် မြန်ဆုံးချိတ်ဆက်နိုင်ဖို့ ဖေ့ဘွတ်ဆိုတဲ့ စာမျက်နှာကို တီထွင် အောင်မြင်ပြီးနောက်မှာ သူဟာငွေကြေးမြောက်များစွာပိုင် ဆိုင်လာခဲ့ပါတယ်။ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှ တစ် ကမ္ဘာလုံးမှာ ဖြစ်ပျက်သမျှ သတင်းအချက်အလက်မျိုးစုံ ကို သိရှိရတာမို့လို့ လူသန်းပေါင်းများစွာ အသုံးပြုနေကြတာ လည်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းကနေ ငွေကြေးရှယ်ယာပေါင်း များစွာ ရရှိလာပြီးတော့ ပိုင်ဆိုင်မှု ဒေါ်လာ ၅၄.၅  ဘီလျံထိ ပိုင်ဆိုင်နေပါတယ်။
၂။ ဒက်စတင် မော့စ်ကိုဗစ်ဇ်
သူကလည်း ဖေ့ဘွတ်စာမျက်နှာကို တွဲဖက်တည်တောင်သူ အမေရိကန်လူငယ်တစ်ဦးဖြစ်ပြီးတော့ ကမ္ဘာ့အငယ်ဆုံး ငွေ ကြေးချမ်းသာ ကြွယ်ဝသူထဲမှာ ထိပ်ဆုံးစာရင်းထဲမှာ ပါဝင်နေ ပါတယ်။ ဖေ့ဘွတ်စာမျက်နှာအတွက် ဖန်တီးမှုအစိတ်အပိုင်း တွေ၊ ပြောင်းလဲသစ်ဆန်းမှုအဆင့်ဆင့်၊ နည်းပညာဖန်တီးမှု တွေအတွက် အဓိကတာဝန်ထမ်းဆောင်နေသူတစ်ဦးပါ။ ဖေ့ ဘွတ် စာမျက်နှာကို ပိုမိုတွင်ကျယ်လာအောင် နည်းပညာ အဆင့်မြင့်တင်လာနိုင်အောင် ဖန်တီးမှုပေါင်းများစွာကို ပြု လုပ်နေတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ချမ်းသာကြွယ်ဝမှုက လည်း ဒီဖေ့ ဘွတ်စာမျက်နှာရဲ့ ဖန်တီးမှုတွေကနေရရှိလာ ပြီးတော့ လက်ရှိပိုင်ဆိုင်မှုက ၁၀. ၃ ဘီလျံရှိနေတာလည်း ဖြစ်ပါတယ်။
၃။ ယန်း ဟီယူရန်
တရုတ်သန်းကြွယ်လူငယ်အမျိုးသမီးလေးတစ်ဦးဖြစ်ပြီးတော့မကြာသေးမီကမှ သန်းကြွယ်သူဌေးစာရင်းကို ဝယ်ခဲ့သူတစ် ဦးလည်း ဖြစ်ပါတယ်။ ဖခင်ဖြစ်သူက တရုတ်နိုင်ငံရဲ့အကြီး မားဆုံးအိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီတွေပိုင် ဆိုင်ထားသူဖြစ်တဲ့ ယီအန်ကွတ်ကွမ်ဖြစ်ပြီးတော့ ဖခင်ဖြစ်သူ က ပိုင်ဆိုင်သမျှကုမ္ပဏီရှယ်ယာတွေကို သမီးဖြစ်သူထံလွှဲ ပြောင်းပေးခဲ့လို့ ပိုင်ဆိုင်မှုတွေများခဲ့ပါတယ်။ Green Holdi -ngs ရဲ့ အများဆုံးရှယ်ယာပိုင်ဆိုင်ထားသူဖြစ်ပြီးတော့ အာရှ မှာ အချမ်းသာဆုံးအမျိုးသမီးတွေထဲမှာ အသက်အငယ်ဆုံး ဘီလျံနာတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ သူမပိုင်ဆိုင်မှု ၆. ၉ ဘီလျံရှိနေပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top