Property Expo
×

ေရြးေကာက္ပြဲရလဒ္မ်ား ထြက္ေပၚလာခ်ိန္တြင္ အေရးနိမ့္ခဲ့ပါက ယင္းကို လက္သင့္ခံရန္ရွိမရွိ အတိအက် မဆံုးျဖတ္ေသးေၾကာင္း ေဒၚနယ္လ္ထရမ့္က ေျပာၾကားခဲ့သည္။

အေမရိကန္ သမၼတေလာင္း ႏွစ္ဦး၏ တတိယေျမာက္ႏွင့္ ေနာက္ဆံုးအႀကိမ္ စကားစစ္ထုိးပြဲတြင္ ရီပတ္ဘလစ္ကန္ ပါတီကိုယ္စားျပဳ သမၼတေလာင္း ထရမ့္က ဒိုင္ျဖစ္သူ ခရစၥေဝါေလ့စ္၏ ေမးခြန္းကို ယခုလို တံု႔ျပန္ခဲ့ျခင္း ျဖစ္သည္။ “အခ်ိန္က်လာေတာ့ က်ဳပ္ဘာဆံုးျဖတ္မလဲ ေျပာမွာေပါ့”ဟု ဘီလီယံနာ သူေဌးႀကီးက ဆိုသည္။

ထရမ့္က လာမည့္ အေမရိကန္ ေရြးေကာက္ပြဲတြင္ ၿပိဳင္ဘက္ျဖစ္သူ ဒီမုိကရက္တစ္ သမၼတေလာင္း ဟီလာရီကလင္တန္ အႏုိင္ရေစရန္ မသမာေသာ နည္းလမ္းမ်ားျဖင့္ ေနာက္ကြယ္မွ ျခယ္လွယ္မႈမ်ား ရွိေနေၾကာင္း စြပ္စြဲထားရာ ယင္းအေပၚ ၎၏ သေဘာထားႏွင့္ ပတ္သက္၍ ေဝါေလ့္က ေမးျမန္းခဲ့ျခင္း ျဖစ္သည္။

လာ့စ္ဗီးဂက္စ္တြင္ ျပဳလုပ္သည့္ စကားစစ္ထိုးမႈမွာ ယခင္အႀကိမ္မ်ားနည္းတူ ဆက္လက္ျပင္းထန္ခဲ့ၿပီး ထရမ့္က ကလင္တန္ကို “ညစ္စုတ္တဲ့ အမ်ိဳးသမီး”ဟု တိုက္ခုိက္ ေျပာၾကားခဲ့သည္။ ထရမ့္သည္ ယခင္ႏွစ္ႀကိမ္ႏွင့္ ယွဉ္ပါက ယခု စကားစစ္ထုိးပြဲတြင္ ေအာက္စည္းအေနအထား ေရာက္ရွိေနၿပီ ျဖစ္သည္။ ၎သည္ အမ်ိဳးသမီးမ်ားကို မဖြယ္မရာ ေစာ္ကားေျပာဆိုထားသည့္ ၂၀၀၅ ခုႏွစ္က ဗီဒီယိုတစ္ခု ပ်ံ႕ႏွံ႔ ထြက္ေပၚလာခ်ိန္မွစၿပီး လူႀကိဳက္မ်ားမႈ အပိုင္းတြင္ သိသိသာသာ ထိခိုက္အားယုတ္သြားေၾကာင္း ႏုိင္ငံေရးအကဲခတ္မ်ားက မွတ္ခ်က္ျပဳထားသည္။

အေမရိကန္ သမၼတသစ္ ေရြးေကာက္ပြဲကို ႏိုဝင္ဘာ ၈ ရက္တြင္ က်င္းပမည္ျဖစ္ၿပီး သမုိင္းတေလွ်ာက္ မဲေပးသူ ႏုိင္ငံသားအမ်ားဆံုး ေရြးေကာက္ပြဲ ျဖစ္လာမည္ဟု အေမရိကန္မီဒီယာမ်ားက ခန္႔မွန္းထားသည္။

စကားစစ္ထုိးပြဲတြင္ ထရမ့္က တရားမဝင္ ေ႐ႊ႕ေျပာင္းလုပ္သားမ်ားကို ေနရပ္ႏုိင္ငံမ်ား ျပန္ပို႔ေရး၊ အေမရိကန္နယ္ျခား လံုၿခံဳေရး မူဝါဒမ်ားကို အခုိင္အမာ စြဲစြဲၿမဲၿမဲ ေျပာဆိုခဲ့ၿပီး ကလင္တန္ကလည္း လိင္တူစံုမက္သူ အသိုက္အဝန္း၏ တန္းတူညီမွ် အခြင့္အေရး၊ ကိုယ္ဝန္ဖ်က္ခ်မႈဆိုင္ရာ စံသတ္မွတ္ အခြင့္အေရးမ်ား၊ အေမရိကန္ လူလတ္တန္းစား ပိုမိုအားေကာင္းေရး၊ အမ်ိဳးသမီးႏွင့္ အမ်ိဳးသား လုပ္ခလစာ တန္းတူ ရရွိႏုိင္ေရး အစရွိသည့္ က႑မ်ားကို ထည့္သြင္း ေျပာၾကားသြားသည္။

သမၼတေလာင္းႏွစ္ဦး အဓိက ထိပ္တိုက္ေတြ႕သည့္ အေျခအေနမ်ားအနက္ ကလင္တန္က “႐ုရွားသမၼတ ဗလာဒီမာ ပူတင္ကေတာ့ ရွင့္ကို သမၼတ ျဖစ္ေစခ်င္မွာပဲ။ သူက ႐ုပ္ေသး အေမရိကန္ အစိုးရမိ်ဳးကို လိုခ်င္တာကိုး”ဟု ေလွာင္ေျပာင္ခဲ့ရာ ထရမ့္က “မင္းကမွ ႐ုပ္ေသးအစစ္။ ပူတင္က မင္းထက္ ပိုလည္းသာတယ္။ ပိုလည္းထက္တယ္”ဟု တံု႔ျပန္ခဲ့သည္။

ကလင္တန္က ထရမ့္သည္ မကၠဆီကိုမွ ေ႐ႊ႕ေျပာင္း အလုပ္သမားမ်ား ဝင္ေရာက္ျခင္း မရွိရန္ တံတိုင္းခတ္၍ တားဆီးမည္ဟု ေႂကြးေၾကာ္ခဲ့ေသာ္လည္း မကၠဆီကို သမၼတ အန္ရီေကး ပီနာ နီတိုႏွင့္ လက္ေတြ႕ ေဆြးေႏြးခ်ိန္တြင္ ထိုကိစၥ အသံပင္ မထြက္ဘဲ အေျပာႏွင့္အလုပ္ ညီရန္ သတၱိမရွိသူဟု စြပ္စြဲခဲ့ၿပီး ထရမ့္က မိမိ သမၼတျဖစ္လာပါက ထိုကိစၥ ေသခ်ာေပါက္ အေကာင္အထည္ ေပၚမည္ဟု ေျပာၾကားခဲ့သည္။

တစ္ဖက္တြင္ ထရမ့္က ယခုႏွစ္ အေစာပိုင္း၌ ခ်ီကာဂို၌ မိမိကို ေထာက္ခံေသာ လူထုဆႏၵခံယူပြဲ တစ္ခုတြင္ ရန္လိုအၾကမ္းဖက္မႈမ်ား ေပၚေပါက္ေစရန္ ကလင္တန္ႏွင့္ လက္ရွိ သမၼတ ဘာရတ္အိုဘားမားတို႔က အကြက္ခ် စီစဉ္ခဲ့ေၾကာင္း စြပ္စြဲခဲ့သည္။

ကလင္တန္က အမ်ိဳးသမီးထုအေပၚ ထရမ့္၏ ေစာ္ကားေျပာဆိုမႈႏွင့္ ပတ္သက္၍ အသံုးခ်တိုက္ခုိက္ခဲ့ၿပီး “ေဒၚနယ္လ္ကို ၾကည့္ရတာ အမ်ိဳးသမီးေတြကို ႏွိမ့္ခ်ဆက္ဆံမႈက သူ႔ကို ႀကီးျမင့္လာေစတယ္လုိ႔ ထင္ေနပံုပါပဲ”ဟု ေျပာဆိုခဲ့ရာ ထရမ့္က “က်ဳပ္ေလာက္ အမ်ိဳးသမီးေတြအေပၚ ေလးစားမႈထားတဲ့သူ မရွိႏုိင္ပါဘူး”ဟု တံု႔ျပန္ခဲ့သည္။ ထိုအခ်ိန္တြင္ နားေထာင္ေနသည့္ ပရိသတ္မ်ားထဲမွ ေလွာင္ေျပာင္ရယ္ေမာသည့္ အသံအခ်ိဳ႕လည္း ထြက္ေပၚလာခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily
Unicode Version

ရွးကောက်ပွဲရလဒ်များ ထွက်ပေါ်လာချိန်တွင် အရေးနိမ့်ခဲ့ပါက ယင်းကို လက်သင့်ခံရန်ရှိမရှိ အတိအကျ မဆုံးဖြတ်သေးကြောင်း ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့သည်။

အမေရိကန် သမ္မတလောင်း နှစ်ဦး၏ တတိယမြောက်နှင့် နောက်ဆုံးအကြိမ် စကားစစ်ထိုးပွဲတွင် ရီပတ်ဘလစ်ကန် ပါတီကိုယ်စားပြု သမ္မတလောင်း ထရမ့်က ဒိုင်ဖြစ်သူ ခရစ္စဝေါလေ့စ်၏ မေးခွန်းကို ယခုလို တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ “အချိန်ကျလာတော့ ကျုပ်ဘာဆုံးဖြတ်မလဲ ပြောမှာပေါ့”ဟု ဘီလီယံနာ သူဌေးကြီးက ဆိုသည်။

ထရမ့်က လာမည့် အမေရိကန် ရွေးကောက်ပွဲတွင် ပြိုင်ဘက်ဖြစ်သူ ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန် အနိုင်ရစေရန် မသမာသော နည်းလမ်းများဖြင့် နောက်ကွယ်မှ ခြယ်လှယ်မှုများ ရှိနေကြောင်း စွပ်စွဲထားရာ ယင်းအပေါ် ၎င်း၏ သဘောထားနှင့် ပတ်သက်၍ ဝေါလေ့်က မေးမြန်းခဲ့ခြင်း ဖြစ်သည်။

လာ့စ်ဗီးဂက်စ်တွင် ပြုလုပ်သည့် စကားစစ်ထိုးမှုမှာ ယခင်အကြိမ်များနည်းတူ ဆက်လက်ပြင်းထန်ခဲ့ပြီး ထရမ့်က ကလင်တန်ကို “ညစ်စုတ်တဲ့ အမျိုးသမီး”ဟု တိုက်ခိုက် ပြောကြားခဲ့သည်။ ထရမ့်သည် ယခင်နှစ်ကြိမ်နှင့် ယှဉ်ပါက ယခု စကားစစ်ထိုးပွဲတွင် အောက်စည်းအနေအထား ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းသည် အမျိုးသမီးများကို မဖွယ်မရာ စော်ကားပြောဆိုထားသည့် ၂၀၀၅ ခုနှစ်က ဗီဒီယိုတစ်ခု ပျံ့နှံ့ ထွက်ပေါ်လာချိန်မှစပြီး လူကြိုက်များမှု အပိုင်းတွင် သိသိသာသာ ထိခိုက်အားယုတ်သွားကြောင်း နိုင်ငံရေးအကဲခတ်များက မှတ်ချက်ပြုထားသည်။

အမေရိကန် သမ္မတသစ် ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး သမိုင်းတလျှောက် မဲပေးသူ နိုင်ငံသားအများဆုံး ရွေးကောက်ပွဲ ဖြစ်လာမည်ဟု အမေရိကန်မီဒီယာများက ခန့်မှန်းထားသည်။

စကားစစ်ထိုးပွဲတွင် ထရမ့်က တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို နေရပ်နိုင်ငံများ ပြန်ပို့ရေး၊ အမေရိကန်နယ်ခြား လုံခြုံရေး မူဝါဒများကို အခိုင်အမာ စွဲစွဲမြဲမြဲ ပြောဆိုခဲ့ပြီး ကလင်တန်ကလည်း လိင်တူစုံမက်သူ အသိုက်အဝန်း၏ တန်းတူညီမျှ အခွင့်အရေး၊ ကိုယ်ဝန်ဖျက်ချမှုဆိုင်ရာ စံသတ်မှတ် အခွင့်အရေးများ၊ အမေရိကန် လူလတ်တန်းစား ပိုမိုအားကောင်းရေး၊ အမျိုးသမီးနှင့် အမျိုးသား လုပ်ခလစာ တန်းတူ ရရှိနိုင်ရေး အစရှိသည့် ကဏ္ဍများကို ထည့်သွင်း ပြောကြားသွားသည်။

သမ္မတလောင်းနှစ်ဦး အဓိက ထိပ်တိုက်တွေ့သည့် အခြေအနေများအနက် ကလင်တန်က “ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကတော့ ရှင့်ကို သမ္မတ ဖြစ်စေချင်မှာပဲ။ သူက ရုပ်သေး အမေရိကန် အစိုးရမျိုးကို လိုချင်တာကိုး”ဟု လှောင်ပြောင်ခဲ့ရာ ထရမ့်က “မင်းကမှ ရုပ်သေးအစစ်။ ပူတင်က မင်းထက် ပိုလည်းသာတယ်။ ပိုလည်းထက်တယ်”ဟု တုံ့ပြန်ခဲ့သည်။

ကလင်တန်က ထရမ့်သည် မက္ကဆီကိုမှ ရွှေ့ပြောင်း အလုပ်သမားများ ဝင်ရောက်ခြင်း မရှိရန် တံတိုင်းခတ်၍ တားဆီးမည်ဟု ကြွေးကြော်ခဲ့သော်လည်း မက္ကဆီကို သမ္မတ အန်ရီကေး ပီနာ နီတိုနှင့် လက်တွေ့ ဆွေးနွေးချိန်တွင် ထိုကိစ္စ အသံပင် မထွက်ဘဲ အပြောနှင့်အလုပ် ညီရန် သတ္တိမရှိသူဟု စွပ်စွဲခဲ့ပြီး ထရမ့်က မိမိ သမ္မတဖြစ်လာပါက ထိုကိစ္စ သေချာပေါက် အကောင်အထည် ပေါ်မည်ဟု ပြောကြားခဲ့သည်။

တစ်ဖက်တွင် ထရမ့်က ယခုနှစ် အစောပိုင်း၌ ချီကာဂို၌ မိမိကို ထောက်ခံသော လူထုဆန္ဒခံယူပွဲ တစ်ခုတွင် ရန်လိုအကြမ်းဖက်မှုများ ပေါ်ပေါက်စေရန် ကလင်တန်နှင့် လက်ရှိ သမ္မတ ဘာရတ်အိုဘားမားတို့က အကွက်ချ စီစဉ်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။

ကလင်တန်က အမျိုးသမီးထုအပေါ် ထရမ့်၏ စော်ကားပြောဆိုမှုနှင့် ပတ်သက်၍ အသုံးချတိုက်ခိုက်ခဲ့ပြီး “ဒေါ်နယ်လ်ကို ကြည့်ရတာ အမျိုးသမီးတွေကို နှိမ့်ချဆက်ဆံမှုက သူ့ကို ကြီးမြင့်လာစေတယ်လို့ ထင်နေပုံပါပဲ”ဟု ပြောဆိုခဲ့ရာ ထရမ့်က “ကျုပ်လောက် အမျိုးသမီးတွေအပေါ် လေးစားမှုထားတဲ့သူ မရှိနိုင်ပါဘူး”ဟု တုံ့ပြန်ခဲ့သည်။ ထိုအချိန်တွင် နားထောင်နေသည့် ပရိသတ်များထဲမှ လှောင်ပြောင်ရယ်မောသည့် အသံအချို့လည်း ထွက်ပေါ်လာခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top