Property Expo
×

ေယာက်ၤားေတြက ဘယ္လို မိန္းမေတြကေတာ့ ဘယ္လိုဆုိျပီး ႏွစ္ဦးၾကားက ကြာျခားမႈေတြကို အျမဲေထာက္ျပေျပာဆုိေနၾကတာ ၾကားဖူးၾကမွာပါ။ ခုလည္း ေယာက်ၤားနဲ႕မိန္းမၾကားက ရယ္စရာ မွတ္သားဖြယ္ အခ်က္ေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

-ေအာင္ျမင္တဲ့ေယာက္်ားတစ္ေယာက္ဆုိတာ မိန္းမသုံးႏုိင္တာထက္ပိုရွာႏုိင္တဲ့ ေယာက္်ား။ ေအာင္ျမင္တဲ့မိန္းမဆုိတာ အဲ့လုိေယာက္်ားမ်ဳိးကို ရွာႏုိင္တဲ့မိန္းမ။

-မိန္းမတစ္ေယာက္က ေယာက္်ားမရခင္အထိ အနာဂတ္ကုိေတြးပူတယ္။ ေယာက္်ားတစ္ေယာက္က မိန္းမရျပီးတဲ့အခ်ိန္ကစျပီး အနာဂတ္ကုိ ေတြးပူတယ္။

-ေယာက္်ားတစ္ေယာက္နဲ႔ ေပ်ာ္ေပ်ာ္ေနဖို႔ဆုိရင္ သူ႔အေၾကာင္းမ်ားမ်ားနားလည္ေအာင္လုပ္ျပီး သူ႔ကိုနည္းနည္းပဲခ်စ္။ မိန္းမတစ္ေယာက္နဲ႔ ေပ်ာ္ေပ်ာ္ေနခ်င္ရင္ သူ႔ကိုမ်ားမ်ားခ်စ္ျပီး အလုံးစုံနားလည္ဖို႔ မၾကိဳးစားနဲ႔။

-အိမ္ ေထာင္ရွင္ေယာက္်ားေတြက တစ္ကုိယ္တည္းသမားေတြထက္ အသက္ပိုရွည္တယ္ - ဒါေပမဲ့ အိမ္ေထာင္ရွင္ေတြက ေသခ်င္တဲ့စိတ္ပိုမ်ားတယ္။

-မိန္းမတစ္ေယာက္က ေယာက္်ားတစ္ေယာက္ကို အိမ္ေထာင္က်ျပီးရင္ေျပာင္းလဲမယ္လို႔ ေမွ်ာ္လင့္ျပီးခ်စ္တတ္တယ္၊ဒါေပမဲ့ ေယာက္်ားေတြက မေျပာင္းလဲဘူး။ ေယာက္်ားတစ္ေယာက္ကေတာ့ မိန္းမတစ္ေယာက္ကို အိမ္ေထာင္က်ျပီးလည္း မေျပာင္းလဲဘူးလုိ႔ ေမွ်ာ္လင့္ျပီး ခ်စ္တတ္ၾကတယ္။ ဒါေပမဲ့ မိန္းမေတြက ေျပာင္းလဲသြားတယ္။

-ေယာက္်ားတစ္ေယာက္ မိန္းမတစ္ေယာက္ကို နားမလည္ႏုိင္တဲ့အခ်ိန္ ႏွစ္ခ်ိန္ရွိတယ္- အိမ္ေထာင္မက်ခင္အခ်ိန္နဲ႔ အိမ္ေထာင္က်ျပီးအခ်ိန္။

-အမ်ားအားျဖင့္ စကားဝုိင္းတစ္ခုမွာ ေယာက္်ားေတြက စတင္ျပီး မိန္းမေတြက အဆုံးသတ္ေလ့ရွိတယ္။

-မိန္းမတစ္ေယာက္ကို ကားတစ္စီးဝယ္ထားတယ္လို႔ ေျပာလုိက္ရင္ အဲ့ဒီအမ်ဳိးသမီးအရင္ဆုံးေမးမွာက ကားကဘာအေရာင္လဲ။ ေယာက္်ားတစ္ေယာက္ကို ေျပာရင္ေမးမယ့္ေမးခြန္းက ဘာအမ်ဳိးအစားလဲ။

-သင္လမ္းေပ်ာက္ေနလို႔ မိန္းမတစ္ေယာက္ကို လမ္းညႊန္ခုိင္းရင္ ေစ်းဆုိင္ေတြနဲ႔ လမ္းညႊန္မယ္။ ေယာက္်ားတစ္ေယာက္ကို လမ္းညႊန္ခုိင္းရင္ေတာ့ ဘီယာဆုိင္ေတြနဲ႔ လမ္းညႊန္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
ယောကျၤားတွေက ဘယ်လို မိန်းမတွေကတော့ ဘယ်လိုဆိုပြီး နှစ်ဦးကြားက ကွာခြားမှုတွေကို အမြဲထောက်ပြပြောဆိုနေကြတာ ကြားဖူးကြမှာပါ။ ခုလည်း ယောကျၤားနဲ့မိန်းမကြားက ရယ်စရာ မှတ်သားဖွယ် အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

-အောင်မြင်တဲ့ယောက်ျားတစ်ယောက်ဆိုတာ မိန်းမသုံးနိုင်တာထက်ပိုရှာနိုင်တဲ့ ယောက်ျား။ အောင်မြင်တဲ့မိန်းမဆိုတာ အဲ့လိုယောက်ျားမျိုးကို ရှာနိုင်တဲ့မိန်းမ။

-မိန်းမတစ်ယောက်က ယောက်ျားမရခင်အထိ အနာဂတ်ကိုတွေးပူတယ်။ ယောက်ျားတစ်ယောက်က မိန်းမရပြီးတဲ့အချိန်ကစပြီး အနာဂတ်ကို တွေးပူတယ်။

-ယောက်ျားတစ်ယောက်နဲ့ ပျော်ပျော်နေဖို့ဆိုရင် သူ့အကြောင်းများများနားလည်အောင်လုပ်ပြီး သူ့ကိုနည်းနည်းပဲချစ်။ မိန်းမတစ်ယောက်နဲ့ ပျော်ပျော်နေချင်ရင် သူ့ကိုများများချစ်ပြီး အလုံးစုံနားလည်ဖို့ မကြိုးစားနဲ့။

-အိမ်ထောင်ရှင်ယောက်ျားတွေက တစ်ကိုယ်တည်းသမားတွေထက် အသက်ပိုရှည်တယ် - ဒါပေမဲ့ အိမ်ထောင်ရှင်တွေက သေချင်တဲ့စိတ်ပိုများတယ်။

-မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို အိမ်ထောင်ကျပြီးရင်ပြောင်းလဲမယ်လို့ မျှော်လင့်ပြီးချစ်တတ်တယ်၊ဒါပေမဲ့ ယောက်ျားတွေက မပြောင်းလဲဘူး။ ယောက်ျားတစ်ယောက်ကတော့ မိန်းမတစ်ယောက်ကို အိမ်ထောင်ကျပြီးလည်း မပြောင်းလဲဘူးလို့ မျှော်လင့်ပြီး ချစ်တတ်ကြတယ်။ ဒါပေမဲ့ မိန်းမတွေက ပြောင်းလဲသွားတယ်။

-ယောက်ျားတစ်ယောက် မိန်းမတစ်ယောက်ကို နားမလည်နိုင်တဲ့အချိန် နှစ်ချိန်ရှိတယ်- အိမ်ထောင်မကျခင်အချိန်နဲ့ အိမ်ထောင်ကျပြီးအချိန်။

-အများအားဖြင့် စကားဝိုင်းတစ်ခုမှာ ယောက်ျားတွေက စတင်ပြီး မိန်းမတွေက အဆုံးသတ်လေ့ရှိတယ်။

-မိန်းမတစ်ယောက်ကို ကားတစ်စီးဝယ်ထားတယ်လို့ ပြောလိုက်ရင် အဲ့ဒီအမျိုးသမီးအရင်ဆုံးမေးမှာက ကားကဘာအရောင်လဲ။ ယောက်ျားတစ်ယောက်ကို ပြောရင်မေးမယ့်မေးခွန်းက ဘာအမျိုးအစားလဲ။

-သင်လမ်းပျောက်နေလို့ မိန်းမတစ်ယောက်ကို လမ်းညွှန်ခိုင်းရင် ဈေးဆိုင်တွေနဲ့ လမ်းညွှန်မယ်။ ယောက်ျားတစ်ယောက်ကို လမ်းညွှန်ခိုင်းရင်တော့ ဘီယာဆိုင်တွေနဲ့ လမ်းညွှန်မယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top