Property Expo
×

ဗဟိုဘဏ္က ပုဂၢလိက ဘဏ္မ်ားကို  ေဒၚလာေစ်းမက စားရန္ ေခၚယူသတိေပးၿပီး သုံး ရက္ခန္႔အၾကာတြင္ ျပင္ပေစ်း ကြက္၌ အေမရိကန္တစ္ေဒၚလာ လွ်င္ ၂၅ က်ပ္ခန္႔ ေစ်းက်ဆင္းလာေၾကာင္း သတင္းရရွိသည္။

ျပင္ပေစ်းကြက္တြင္ ေစ်းက စားမႈမ်ားေၾကာင့္ အေမရိကန္ေဒၚ လာတန္ဖုိးသည္ စက္တင္ဘာကစတင္ျမင့္တက္လာၿပီး တစ္ေဒၚလာလွ်င္ ၁,၂၉၀ က်ပ္သုိ႔ ေရာက္ရွိခဲ့သည္။


 ေဒၚလာေစ်းႏႈန္း ဆက္ တုိက္ျမင့္တက္မႈကို ထိန္းခ်ဳပ္ရန္ ဗဟိုဘဏ္က ေအာက္တုိဘာ ၄ ရက္တြင္ ပုဂၢလိကဘဏ္မ်ားအား ေခၚယူသတိေပးၿပီးေနာက္ ေဒၚ လာေစ်းမွာ ရက္ပုိင္းအတြင္းဆက္ တုိက္က်ဆင္းၿပီး ေအာက္တုိဘာ ၇ ရက္ မြန္းလြဲပုိင္းတြင္ တစ္ေဒၚလာ ၁,၂၆၅ က်ပ္သုိ႔ က်ဆင္းလာသည္။

ပုိ႔ကုန္လုပ္ငန္းမ်ား ျပန္လည္ စတင္လာႏုိင္ပါက ျပည္ပမွ ေဒၚ လာအ၀င္မ်ားလာလွ်င္ ေဒၚလာ ေစ်းတက္ႏုိင္ေျခ ေလ်ာ့နည္းမည္ ဟု ပုိ႔ကုန္လုပ္ငန္းရွင္အခ်ဳိ႕က ေျပာၾကားသည္။

တ႐ုတ္ႏုိင္ငံမွ ဘဏ္မ်ား မၾကာမီရက္ပုိင္းအတြင္း ျပန္လည္ဖြင့္လွစ္ရန္ ရွိေနသျဖင့္ ေဒၚလာတန္ဖုိး အတက္နည္းမည္ဟု ဆုိသည္။ ျမန္မာႏုိင္ငံ၏ ပုိ႔ကုန္ထက္၀က္ခန္႔ကို ပုံမွန္၀ယ္ယူေနသည့္ တ႐ုတ္ႏုိင္ငံသည္ ေအာက္တိုဘာ ၁ ရက္က စတင္၍ ၇ ရက္အထိ တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံ ထူေထာင္သည့္ (၆၇)ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္ အျဖစ္ ႐ုံးပိတ္ရက္ရွည္ေပးထား သည္။

တစ္ႏွစ္ပုိ႔ကုန္ပမာဏ အေမရိကန္ေဒၚလာ ငါးဘီလီယံခန္႔ေရာင္းခ်ေနသည့္ႏုိင္ငံတြင္ ႐ုံးပိတ္ရက္မ်ားေနသျဖင့္ အေမရိကန္ေဒၚလာ အ၀င္မရွိျခင္း ေၾကာင့္ ေငြေစ်းကစားသူမ်ားက ေစ်းဆြဲတင္သျဖင့္ ႐ုတ္တရက္ ေစ်းျမင့္တက္ျခင္းဟု ကုန္သည္ အခ်ဳိ႕ကေျပာသည္။

အေမရိကန္ေဒၚလာ တန္ဖုိး က်ဆင္းသကဲ့သုိ႔ ျပည္တြင္းေရႊ ေစ်းမွာလည္း က်ပ္ကုိးသိန္းခန္႔မွ က်ဆင္းလာသည္။ ျပည္တြင္းေရႊေစ်းသည္ တစ္ပတ္အတြင္း က်ပ္ေလးေသာင္းေက်ာ္ ျပန္လည္က်ဆင္းလာသည္။ ျပည္တြင္းေရႊေစ်းမွာ ေအာက္တုိဘာ ၁ ရက္တြင္ က်ပ္ကုိးသိန္းခန္႔မွ ေအာက္တုိဘာ ၇ ရက္တြင္ က်ပ္ရွစ္သိန္းေျခာက္ေသာင္းခန္႔အထိ ေစ်းက်လာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်များကို  ဒေါ်လာဈေးမက စားရန် ခေါ်ယူသတိပေးပြီး သုံး ရက်ခန့်အကြာတွင် ပြင်ပဈေး ကွက်၌ အမေရိကန်တစ်ဒေါ်လာ လျှင် ၂၅ ကျပ်ခန့် ဈေးကျဆင်းလာကြောင်း သတင်းရရှိသည်။

ပြင်ပဈေးကွက်တွင် ဈေးက စားမှုများကြောင့် အမေရိကန်ဒေါ် လာတန်ဖိုးသည် စက်တင်ဘာကစတင်မြင့်တက်လာပြီး တစ်ဒေါ်လာလျှင် ၁,၂၉၀ ကျပ်သို့ ရောက်ရှိခဲ့သည်။


 ဒေါ်လာဈေးနှုန်း ဆက် တိုက်မြင့်တက်မှုကို ထိန်းချုပ်ရန် ဗဟိုဘဏ်က အောက်တိုဘာ ၄ ရက်တွင် ပုဂ္ဂလိကဘဏ်များအား ခေါ်ယူသတိပေးပြီးနောက် ဒေါ် လာဈေးမှာ ရက်ပိုင်းအတွင်းဆက် တိုက်ကျဆင်းပြီး အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းတွင် တစ်ဒေါ်လာ ၁,၂၆၅ ကျပ်သို့ ကျဆင်းလာသည်။

ပို့ကုန်လုပ်ငန်းများ ပြန်လည် စတင်လာနိုင်ပါက ပြည်ပမှ ဒေါ် လာအဝင်များလာလျှင် ဒေါ်လာ ဈေးတက်နိုင်ခြေ လျော့နည်းမည် ဟု ပို့ကုန်လုပ်ငန်းရှင်အချို့က ပြောကြားသည်။

တရုတ်နိုင်ငံမှ ဘဏ်များ မကြာမီရက်ပိုင်းအတွင်း ပြန်လည်ဖွင့်လှစ်ရန် ရှိနေသဖြင့် ဒေါ်လာတန်ဖိုး အတက်နည်းမည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏ ပို့ကုန်ထက်ဝက်ခန့်ကို ပုံမှန်ဝယ်ယူနေသည့် တရုတ်နိုင်ငံသည် အောက်တိုဘာ ၁ ရက်က စတင်၍ ၇ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်သည့် (၆၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ရုံးပိတ်ရက်ရှည်ပေးထား သည်။

တစ်နှစ်ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ငါးဘီလီယံခန့်ရောင်းချနေသည့်နိုင်ငံတွင် ရုံးပိတ်ရက်များနေသဖြင့် အမေရိကန်ဒေါ်လာ အဝင်မရှိခြင်း ကြောင့် ငွေဈေးကစားသူများက ဈေးဆွဲတင်သဖြင့် ရုတ်တရက် ဈေးမြင့်တက်ခြင်းဟု ကုန်သည် အချို့ကပြောသည်။

အမေရိကန်ဒေါ်လာ တန်ဖိုး ကျဆင်းသကဲ့သို့ ပြည်တွင်းရွှေ ဈေးမှာလည်း ကျပ်ကိုးသိန်းခန့်မှ ကျဆင်းလာသည်။ ပြည်တွင်းရွှေဈေးသည် တစ်ပတ်အတွင်း ကျပ်လေးသောင်းကျော် ပြန်လည်ကျဆင်းလာသည်။ ပြည်တွင်းရွှေဈေးမှာ အောက်တိုဘာ ၁ ရက်တွင် ကျပ်ကိုးသိန်းခန့်မှ အောက်တိုဘာ ၇ ရက်တွင် ကျပ်ရှစ်သိန်းခြောက်သောင်းခန့်အထိ ဈေးကျလာသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top