Kantharyar Centre
×

ဖိလစ္ပိုင္ႏိုင္ငံ၏ အစဥ္ အလာအရ မဟာမိတ္ျဖစ္ေသာ အေမရိကန္ႏိုင္ငံႏွင့္ ဖိလစ္ပိုင္ သမၼတ႐ိုဒရီဂိုဒူတာတီတို႔၏ ဆက္ ဆံေရး အဖုအထစ္မ်ား ရွိလာစဥ္ လာမည့္သီတင္းပတ္တြင္ တ႐ုတ္ ႏိုင္ငံသို႔ ဒူတာတီ လာေရာက္မည္ ျဖစ္ေၾကာင္း တ႐ုတ္အစိုးရက ဗုဒၶဟူးေန႔တြင္ အတည္ျပဳေျပာ ၾကားသည္။


ဒူတာတီ လက္ထက္တြင္ မနီလာအစိုးရ၏ အေမရိကန္ႏွင့္ ဆက္ဆံေရး မေျပလည္ျဖစ္လာ ၿပီး မၾကာေသးမီက သမၼတအျဖစ္ ေရြးေကာက္ခံခဲ့ရေသာ ဒူတာတီ က တ႐ုတ္ႏိုင္ငံႏွင့္ ႏွစ္မ်ားစြာ ၾကာ ဆက္ဆံေရးမေျပလည္မႈကို ေဘးဖယ္ထားလိုသည့္သေဘာ ရွိ ေနသည္။

ဒူတာတီသည္ ေအာက္တို ဘာ ၁၈ ရက္မွ ၂၁ ရက္အထိ ၾကာမည့့္ ခရီးစဥ္အတြင္း သမၼတစီ က်င္းပင္၊ ၀န္ႀကီးခ်ဳပ္ လီကီက်န္း တို႔ႏွင့္ ေတြ႕ဆံုကာ ဆက္ဆံေရး တုိးတက္ေစေရး၊ ပူးေပါင္းေဆာင္ရြက္ေရးႏွင့္ ေဒသဆိုင္ရာကိစၥမ်ားႏွင့္ပတ္သက္ၿပီး အျမင္ခ်င္း ဖလွယ္မည္ျဖစ္ေၾကာင္း တ႐ုတ္ ႏိုင္ငံျခားေရး၀န္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ ဂ်န္ေရွာင္က အတည္ ျပဳေျပာၾကားသည္။

ဒူတာတီႏွင့္အတူ ဖိလစ္ပိုင္ စီးပြားေရး အမႈေဆာင္အရာရွိ ၂၅၀ ဦးခန္႔ လိုက္ပါမည္ျဖစ္ သည္။

ဖိလစ္ပိုင္စီးပြားေရးအရာရွိ မ်ားက ရထားလမ္းမ်ား ကမၻာ လွည့္ခရီး သြားလာမႈအတြက္ ေဆာက္လုပ္ေရး၊ စိုက္ပ်ိဳးေရး ဆိုင္ရာစီးပြားေရး၊ လွ်ပ္စစ္ဓာတ္ အားႏွင့္ ထုတ္လုပ္မႈ စေသာ နယ္ ပယ္မ်ားအတြက္ သေဘာတူစာ ခ်ဳပ္ခ်ဳပ္ဆိုေရး တ႐ုတ္စီးပြားေရး ေခါင္းေဆာင္မ်ား၊ အစိုးရအရာရွိ မ်ားႏွင့္ ေဆြးေႏြးရန္ ဆႏၵျပင္းျပ ေနေၾကာင္း သတင္းရင္းျမစ္မ်ား က ႐ိုက္တာသတင္းဌာနသို႔ ေျပာ ၾကားသည္။   

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ဖိလစ်ပိုင်နိုင်ငံ၏ အစဉ် အလာအရ မဟာမိတ်ဖြစ်သော အမေရိကန်နိုင်ငံနှင့် ဖိလစ်ပိုင် သမ္မတရိုဒရီဂိုဒူတာတီတို့၏ ဆက် ဆံရေး အဖုအထစ်များ ရှိလာစဉ် လာမည့်သီတင်းပတ်တွင် တရုတ် နိုင်ငံသို့ ဒူတာတီ လာရောက်မည် ဖြစ်ကြောင်း တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့တွင် အတည်ပြုပြော ကြားသည်။


ဒူတာတီ လက်ထက်တွင် မနီလာအစိုးရ၏ အမေရိကန်နှင့် ဆက်ဆံရေး မပြေလည်ဖြစ်လာ ပြီး မကြာသေးမီက သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသော ဒူတာတီ က တရုတ်နိုင်ငံနှင့် နှစ်များစွာ ကြာ ဆက်ဆံရေးမပြေလည်မှုကို ဘေးဖယ်ထားလိုသည့်သဘော ရှိ နေသည်။

ဒူတာတီသည် အောက်တို ဘာ ၁၈ ရက်မှ ၂၁ ရက်အထိ ကြာမည့် ခရီးစဉ်အတွင်း သမ္မတစီ ကျင်းပင်၊ ဝန်ကြီးချုပ် လီကီကျန်း တို့နှင့် တွေ့ဆုံကာ ဆက်ဆံရေး တိုးတက်စေရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသဆိုင်ရာကိစ္စများနှင့်ပတ်သက်ပြီး အမြင်ချင်း ဖလှယ်မည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ရှောင်က အတည် ပြုပြောကြားသည်။

ဒူတာတီနှင့်အတူ ဖိလစ်ပိုင် စီးပွားရေး အမှုဆောင်အရာရှိ ၂၅၀ ဦးခန့် လိုက်ပါမည်ဖြစ် သည်။

ဖိလစ်ပိုင်စီးပွားရေးအရာရှိ များက ရထားလမ်းများ ကမ္ဘာ လှည့်ခရီး သွားလာမှုအတွက် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး ဆိုင်ရာစီးပွားရေး၊ လျှပ်စစ်ဓာတ် အားနှင့် ထုတ်လုပ်မှု စသော နယ် ပယ်များအတွက် သဘောတူစာ ချုပ်ချုပ်ဆိုရေး တရုတ်စီးပွားရေး ခေါင်းဆောင်များ၊ အစိုးရအရာရှိ များနှင့် ဆွေးနွေးရန် ဆန္ဒပြင်းပြ နေကြောင်း သတင်းရင်းမြစ်များ က ရိုက်တာသတင်းဌာနသို့ ပြော ကြားသည်။   


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top