Property Expo
×
အမေကလေ ကျွန်မ မသိတဲ့လူကြီးတယောက်နောက်ကို ဆိုင်ကယ်ပေါ် တင်ပေးပြီး နင်လိုက်သွားတဲ့၊ မှတ်မိတာ အဲ့လူကြီးခေါ် သွားတာ တည်းခိုခန်းတစ်ခုဖြစ်မှာ ။ ...ကျွန်မအရမ်းကြောက်တယ်.. သွေးပျက်ခဲ့တဲ့ညလေ....နှစ်ရက်လောက် လူခြောက်ယောက်လောက် မုဒိမ်းဝိုင်းကျင့်ကြတယ် ၊ဘာမှ ကျွန်မ မသိ ငိုသာငိုနေရတယ် ..အမေရယ် ရက်စက်လိုက်တာ ဒေါ်လာ ၄၀၀(ကျပ်လေး သိန်း) နဲ့ ကျွန်မရဲ့  အပျိုဘ၀ ကိုေ ရာင်းစားလိုက်တာကိုး။
#Unicode Version
ကျွန်မအသက် ၁၂နှစ်သမီးက လမ်းမကြီးဘေးနားမှာ သူငယ်ချင်းတွေနဲ့ ကစားနေတုံးပေါ့... အမေရယ် လာခေါ်တယ် ၊သမီးအလုပ်သွားရမတဲ့..၊ အမေလက်ဆွဲခေါ်တဲ့နောက်လိုက်ခဲ့ရတယ်။
အကိုကြီးက ၁၄နှစ် ..ရောင်းကုန်တွေကို လက်တွန်းလှည်းပေါ်တင်ပြီး တနေကုန်တွန်းပို့တဲ့အလုပ်ဝင်နေ ရပြီ၊ ကျွန်မတို့မောင်နှမတွေကျောင်းမတက်နိုင်ပါဘူး၊အမေကလဲ အလုပ်မရှိလေ ၊မွေးကထဲက အဖေကို မမြင်ဘူးခဲ့ပါ။
အလုပ်ရပြီဆိုတော့ ကျွန်မတို့မိသားစု အတွက် အဆင်ပြေမယ် လို့တွေးမိပါ တယ်၊
အမေကလေ ကျွန်မ မသိတဲ့လူကြီးတယောက်နောက်ကို ဆိုင်ကယ်ပေါ် တင်ပေးပြီး နင်လိုက်သွားတဲ့၊ မှတ်မိတာ အဲ့လူကြီးခေါ် သွားတာ တည်းခိုခန်းတခုဖြစ်မှာ ။ ...ကျွန်မအရန်းကြောက်တယ်.. သွေးပျက်ခဲ့တဲ့ညလေ....နှစ်ရက်လောက် လူခြောက်ယောက်လောက် မုဒိန်းဝိုင်းကျင့်ကြတယ် ၊ဘာမှကျွန်မမသိ ငိုသာငိုနေရတယ် ..အမေရယ် ရက်စက်လိုက်တာ ဒေါ်လာ ၄၀၀(ကျပ်လေး သိန်း) နဲ့ကျွန်မရဲ့ အပျိုဘ၀ ကိုေ ရာင်းစားလိုက်တာကိုး။
အမေသိရဲ့လား လာခေါ်တဲ့သူကြီးက ဒေါ်လာ ၁၅၀၀ တောင်ရသွားတာ-အပျိုဘဝဖျက်ရအောင် စပ်ပေးတဲ့ပွဲစားနဲ့ တယောက် တဝက်ခွဲယူကြတာလေ။
အဲ့ဒိကစ ပြည့်တန်ဆာရုံတွေ တရုံပြီးတရုံပြောင်းပြီး နေလာခဲ့တာ အိမ်နဲ့မိုင်ပေါင်း ရာနဲ့ချီဝေးတဲ့အရပ်တွေမှာ လိင်ဖျော်ဖြေရေးဘဝနဲ့ ဘဝဆက်ခဲ့ရတယ် ။
ခုတော့ ၁၄နှစ်မှာ လိင်ကျွန် ငရဲက လွတ်ပြီ။ကျွန်မနဲ့ အတူ ဒုက္ခခံနေရတဲ့ သူငယ်ချင်းတွေနဲ့အတူပါဘဲ ကယ်တင်တဲ့ သူတွေဆီ ဂေဟာတွေ မှာ ရောက်နေကြပြီ-ကျွန်မကျောင်းနေမယ်လို့ဆုံးဖြတ်ထားပါတယ် ..စာမှမတတ်တာကို ။
(ကမ္ဘောဒီးယားမှ ထိုင်းနိုင်ငံ နယ်စပ်မြို့များတွင် ရောင်းစားခံ ရသည့် မိန်းခလေးများအကြောင်းအား မှတ်တမ်းရိုက်ကူးထားသည့် Everyday in Cambodia ဆု၇ ဇတ်လမ်းအား ကိုးကား၍ ရေးသားပါသည် ။)
ဖိုးသူတော် (www.phothutaw.com)
Credit:Social Action for Women - SAW
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top