Property Expo
×

ျမန္မာႏုိင္ငံတြင္ ေခြး႐ူး ျပန္ေရာဂါေၾကာင့္ တစ္ႏွစ္လွ်င္ လူတစ္ေထာင္ခန္႔ ေသဆုံးေနရ ေၾကာင္း သတင္းရရွိသည္။

ေခြး႐ူးျပန္ေရာဂါျဖစ္ပြားႏႈန္း အမ်ားဆုံးႏုိင္ငံမ်ားတြင္ ျမန္မာ ႏုိင္ငံအပါအ၀င္ျဖစ္ၿပီး လူဦးေရ တစ္သန္းလွ်င္ ၂၂ဦးႏႈန္းျဖစ္ပြား ကာ ယင္းေရာဂါေၾကာင့္တစ္ႏွစ္ လွ်င္ လူဦးေရတစ္ေထာင္ခန္႔ေသဆုံးေနသည္ဟု ကမၻာ့က်န္းမာေရးအဖြဲ႕(WHO)က သတင္းထုတ္ျပန္ထားသည္။

‘‘တစ္ႏွစ္ကို ျမန္မာမွာေခြး႐ူး ေရာဂါေ၀ဒနာရွင္တစ္ေထာင္ရွိ တယ္။ အေရွ႕ေတာင္အာရွႏုိင္ငံ ေတြထဲမွာ ျမန္မာက လူဦးေရတစ္ သန္းမွာ ၂၂ေယာက္ႏႈန္းျဖစ္ေနၿပီး ေတာ့ ထိပ္ဆုံးမွာရွိတယ္။ ျပည္ သူ႔က်န္းမာေရးျပႆနာတစ္ရပ္ ပါ။ ေသႏႈန္းကလည္းအကုန္လုံး သိၾကသလိုပဲ။ ေခြး႐ူးေရာဂါလကၡ ဏာစေပၚလုိ႔ရွိရင္ ၁၀၀ ရာခုိင္ႏႈန္း ေသဆုံးတာျဖစ္တဲ့အတြက္ ေၾကာင့္မုိ႔ တစ္ေထာင္ျဖစ္ရင္တစ္ ေထာင္လုံးေသတယ္။ ဒါေၾကာင့္ ကၽြန္မတုိ႔ က်န္းမာေရးႏွင့္အားက စား၀န္ႀကီးဌာနက ေသႏႈန္းအမ်ား ဆုံးေရာဂါထဲမွာ ဒီေခြး႐ူးေရာဂါ ကို ထည့္သြင္းထားပါတယ္’’ဟု ရန္ကုန္ေဆးတကၠသုိလ္(၂)ေဆး ပညာဌာနမွ သမားေတာ္ပါေမာ ကၡေဒါက္တာနန္းျဖဴျဖဴေအာင္က ေျပာသည္။


ေခြး႐ူးျပန္ေရာဂါသည္ ေခြး အပါအ၀င္အျခားအိမ္ေမြးတိရ စၧာန္မ်ားကုိက္ခံရမႈမွတစ္ဆင့္ျဖစ္ ပြားႏုိင္ေသာ္လည္း အဓိကအား ျဖင့္ ေခြးကုိက္ခံရျခင္းေၾကာင့္ေခြး  ႐ူးျပန္ေရာဂါျဖစ္ပြားႏုိင္ေျခ ၉၉ ရာခုိင္ႏႈန္းျဖစ္သည္။ ယင္းေရာဂါ ၏ အေစာပုိင္းလကၡဏာမ်ားမွာ ဖ်ားနာျခင္း၊ ကိိုယ္လက္ကုိက္ခဲ ျခင္း၊ မအီမသာျဖစ္ျခင္း၊ အကုိက္ ခံရသည့္ေနရာနာျခင္း၊ ထုံျခင္း၊ ယားယံျခင္းတုိ႔ ျဖစ္တတ္ၿပီး ေနာက္ပုိင္းလကၡဏာမ်ားမွာ ေရ ေၾကာက္ျခင္း၊ ၾကမ္းတမ္း၍ ရန္ လိုေသာအျပဳအမူမ်ားျဖစ္လာ ျခင္းႏွင့္ တစ္ခါတစ္ရံျပန္လည္သတိရလာျခင္း၊တက္ျခင္း၊ အသက္႐ွဴလမ္းေၾကာင္းႏွင့္ ႏွလုံးရပ္သြားျခင္းမ်ားျဖစ္ေပၚကာ ခုနစ္ရက္မွ ဆယ္ရက္အတြင္း ေသဆုံးျခင္းျဖစ္သည္။

‘‘ေတာ္ေတာ္ေလးေၾကာက္ စရာေကာင္းပါတယ္။ ကမၻာေပၚ မွာ ကာကြယ္ေဆးေပၚတာခုဆုိ ရင္ ႏွစ္တစ္ရာေက်ာ္ေနၿပီ။ ဒါေပ မဲ့ အခုထိေခြး႐ူးေရာဂါျဖစ္ၿပီးေသ ဆုံးတဲ့သူေတြရွိေနတုန္းပဲ။ ဒါ ေၾကာင့္ ေခြး႐ူးေရာဂါက အေရး ႀကီးပါတယ္။ ဒီေရာဂါျဖစ္ရင္ ၁၀၀ရာခုိင္ႏႈန္းေသဆုံးလုိ႔ ေ၀ဒ နာျပင္းထန္ပါတယ္’’ဟု ျမန္မာ ႏုိင္ငံဆရာ၀န္အသင္း(ဗဟို)ဥကၠ႒ပါေမာကၡေဒါက္တာရဲျမကေျပာ သည္။

၂၀၁၆ ကမၻာ့ေခြး႐ူးေရာဂါ ေဆာင္ပုဒ္မွာ ‘‘ပညာေပးပါ၊ ကာ ကြယ္ေဆးထုိးပါ၊ ေရာဂါကို အ ျမစ္ျပတ္ေအာင္ေဆာင္ရြက္ပါ’’ ျဖစ္သည္။ ေခြးကုိက္ခံရပါက ေခြး ႐ူးျပန္ေရာဂါကာကြယ္ေဆးကို နီး စပ္ရာေဆး႐ုံ၊ ေဒသႏၲရေဆးခန္း မ်ားတြင္ အခမဲ့ထုိးႏွံေပးလ်က္ရွိ  ေၾကာင္း က်န္းမာေရးႏွင့္အားက စား၀န္ႀကီးဌာနမွသိရသည္။

တစ္ကမၻာလုံးတြင္ ေခြး႐ူး  ေရာဂါေၾကာင့္ ေသဆုံးမႈမွာ ႏွစ္စဥ္ ၅၅,၀၀၀ဦးခန္႔ရွိၿပီး ၉၅ရာခုိင္ ႏႈန္းမွာ အာရွႏွင့္ အာဖရိကေဒသ တုိ႔မွျဖစ္သည္။ ယင္းေရာဂါ ေၾကာင့္ ေသဆုံးသူဆယ္ဦးလွ်င္ ေလးဦးမွာ (၁၅)ႏွစ္ေအာက္ကေလးငယ္မ်ားျဖစ္ေသာေၾကာင့္ ယခုႏွစ္ကစ၍ (၅)ႏွစ္မွ (၁၅)ႏွစ္ေအာက္ကေလးမ်ားကို မထုိးမေနရႀကိဳတင္ကာကြယ္ေဆးထုိးထားရန္ WHOက ကမၻာ့ႏုိင္ငံမ်ားအား တုိက္တြန္းထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

မြန်မာနိုင်ငံတွင် ခွေးရူး ပြန်ရောဂါကြောင့် တစ်နှစ်လျှင် လူတစ်ထောင်ခန့် သေဆုံးနေရ ကြောင်း သတင်းရရှိသည်။

ခွေးရူးပြန်ရောဂါဖြစ်ပွားနှုန်း အများဆုံးနိုင်ငံများတွင် မြန်မာ နိုင်ငံအပါအဝင်ဖြစ်ပြီး လူဦးရေ တစ်သန်းလျှင် ၂၂ဦးနှုန်းဖြစ်ပွား ကာ ယင်းရောဂါကြောင့်တစ်နှစ် လျှင် လူဦးရေတစ်ထောင်ခန့်သေဆုံးနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က သတင်းထုတ်ပြန်ထားသည်။

‘‘တစ်နှစ်ကို မြန်မာမှာခွေးရူး ရောဂါဝေဒနာရှင်တစ်ထောင်ရှိ တယ်။ အရှေ့တောင်အာရှနိုင်ငံ တွေထဲမှာ မြန်မာက လူဦးရေတစ် သန်းမှာ ၂၂ယောက်နှုန်းဖြစ်နေပြီး တော့ ထိပ်ဆုံးမှာရှိတယ်။ ပြည် သူ့ကျန်းမာရေးပြဿနာတစ်ရပ် ပါ။ သေနှုန်းကလည်းအကုန်လုံး သိကြသလိုပဲ။ ခွေးရူးရောဂါလက္ခ ဏာစပေါ်လို့ရှိရင် ၁၀၀ ရာခိုင်နှုန်း သေဆုံးတာဖြစ်တဲ့အတွက် ကြောင့်မို့ တစ်ထောင်ဖြစ်ရင်တစ် ထောင်လုံးသေတယ်။ ဒါကြောင့် ကျွန်မတို့ ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနက သေနှုန်းအများ ဆုံးရောဂါထဲမှာ ဒီခွေးရူးရောဂါ ကို ထည့်သွင်းထားပါတယ်’’ဟု ရန်ကုန်ဆေးတက္ကသိုလ်(၂)ဆေး ပညာဌာနမှ သမားတော်ပါမော က္ခဒေါက်တာနန်းဖြူဖြူအောင်က ပြောသည်။


ခွေးရူးပြန်ရောဂါသည် ခွေး အပါအဝင်အခြားအိမ်မွေးတိရ စ္ဆာန်များကိုက်ခံရမှုမှတစ်ဆင့်ဖြစ် ပွားနိုင်သော်လည်း အဓိကအား ဖြင့် ခွေးကိုက်ခံရခြင်းကြောင့်ခွေး  ရူးပြန်ရောဂါဖြစ်ပွားနိုင်ခြေ ၉၉ ရာခိုင်နှုန်းဖြစ်သည်။ ယင်းရောဂါ ၏ အစောပိုင်းလက္ခဏာများမှာ ဖျားနာခြင်း၊ ကိုယ်လက်ကိုက်ခဲ ခြင်း၊ မအီမသာဖြစ်ခြင်း၊ အကိုက် ခံရသည့်နေရာနာခြင်း၊ ထုံခြင်း၊ ယားယံခြင်းတို့ ဖြစ်တတ်ပြီး နောက်ပိုင်းလက္ခဏာများမှာ ရေ ကြောက်ခြင်း၊ ကြမ်းတမ်း၍ ရန် လိုသောအပြုအမူများဖြစ်လာ ခြင်းနှင့် တစ်ခါတစ်ရံပြန်လည်သတိရလာခြင်း၊တက်ခြင်း၊ အသက်ရှူလမ်းကြောင်းနှင့် နှလုံးရပ်သွားခြင်းများဖြစ်ပေါ်ကာ ခုနစ်ရက်မှ ဆယ်ရက်အတွင်း သေဆုံးခြင်းဖြစ်သည်။

‘‘တော်တော်လေးကြောက် စရာကောင်းပါတယ်။ ကမ္ဘာပေါ် မှာ ကာကွယ်ဆေးပေါ်တာခုဆို ရင် နှစ်တစ်ရာကျော်နေပြီ။ ဒါပေ မဲ့ အခုထိခွေးရူးရောဂါဖြစ်ပြီးသေ ဆုံးတဲ့သူတွေရှိနေတုန်းပဲ။ ဒါ ကြောင့် ခွေးရူးရောဂါက အရေး ကြီးပါတယ်။ ဒီရောဂါဖြစ်ရင် ၁၀၀ရာခိုင်နှုန်းသေဆုံးလို့ ဝေဒ နာပြင်းထန်ပါတယ်’’ဟု မြန်မာ နိုင်ငံဆရာဝန်အသင်း(ဗဟို)ဥက္ကဋ္ဌပါမောက္ခဒေါက်တာရဲမြကပြော သည်။

၂၀၁၆ ကမ္ဘာ့ခွေးရူးရောဂါ ဆောင်ပုဒ်မှာ ‘‘ပညာပေးပါ၊ ကာ ကွယ်ဆေးထိုးပါ၊ ရောဂါကို အ မြစ်ပြတ်အောင်ဆောင်ရွက်ပါ’’ ဖြစ်သည်။ ခွေးကိုက်ခံရပါက ခွေး ရူးပြန်ရောဂါကာကွယ်ဆေးကို နီး စပ်ရာဆေးရုံ၊ ဒေသန္တရဆေးခန်း များတွင် အခမဲ့ထိုးနှံပေးလျက်ရှိ  ကြောင်း ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနမှသိရသည်။

တစ်ကမ္ဘာလုံးတွင် ခွေးရူး  ရောဂါကြောင့် သေဆုံးမှုမှာ နှစ်စဉ် ၅၅,၀၀၀ဦးခန့်ရှိပြီး ၉၅ရာခိုင် နှုန်းမှာ အာရှနှင့် အာဖရိကဒေသ တို့မှဖြစ်သည်။ ယင်းရောဂါ ကြောင့် သေဆုံးသူဆယ်ဦးလျှင် လေးဦးမှာ (၁၅)နှစ်အောက်ကလေးငယ်များဖြစ်သောကြောင့် ယခုနှစ်ကစ၍ (၅)နှစ်မှ (၁၅)နှစ်အောက်ကလေးများကို မထိုးမနေရကြိုတင်ကာကွယ်ဆေးထိုးထားရန် WHOက ကမ္ဘာ့နိုင်ငံများအား တိုက်တွန်းထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top