Property Expo
×

ရန္ကုန္ဘတ္စ္ကားအ မ်ားပိုင္ကုမၸဏီက အစုရွယ္ယာ မ်ားေရာင္းခ်မႈကို ေအာက္တိုဘာ ၄ ရက္တြင္ ျပန္လည္စတင္မည္ ျဖစ္ေၾကာင္း ရန္ကုန္ဘတ္စ္ကား အမ်ားႏွင့္သက္ဆုိင္ေသာ ကုမၸဏီ မွ သတင္းရရွိသည္။

‘‘ေအာက္တိုဘာ ၄ ရက္ အဂၤါေန႔ကစၿပီး အစုရွယ္ယာေတြကို အမ်ားျပည္သူကို ျပန္လည္ေရာင္းခ်ေပးေတာ့မွာျဖစ္ပါတယ္။ အရင္ကလိုပဲ အစုရွယ္ယာတစ္ခုကို တစ္သိန္းနဲ႔ တစ္စုကေန အစုတစ္ ေထာင္အထိ ဝယ္ႏိုင္မယ္’’ဟု ရန္ ကုန္ဘတ္စ္ကားအမ်ားႏွင့္ သက္ ဆုိင္ေသာ ကုမၸဏီဥကၠ႒ ေဒါက္ တာ ေမာင္ေအာင္ကေျပာသည္။


 ရန္ကုန္ဘတ္စ္ကားအမ်ား ပုိင္ကုမၸဏီက အစုရွယ္ယာမ်ား ေရာင္းခ်မႈကို ၿပီးခဲ့သည့္ ေဖေဖာ္ ဝါရီက ရပ္နားခဲ့ၿပီး လက္ရွိတြင္ အစုရွယ္ယာေပါင္း က်ပ္ ၂ ဒသမ ၄၆ ဘီလီယံဖိုးကို အစုရွင္တစ္ေထာင္ခန္႔သို႔ ေရာင္းခ်ထားေၾကာင္း ၎ကေျပာသည္။

 အဆိုပါကုမၸဏီကို ႏိုင္ငံ ေတာ္အစိုးရက က်ပ္ ၁၀ ဘီလီ ယံ၊ အမ်ားပိုင္ျပည္သူရွယ္ယာ ရွင္မ်ားက က်ပ္ ၁၅ ဘီလီယံျဖင့္ စတင္တည္ေထာင္ခဲ့ၿပီး အစုရွယ္ ယာမ်ား ေရာင္းခ်မႈကို ၂၀၁၅ ႏိုဝင္ဘာ ၃ ရက္က စတင္ခဲ့သည္။

 ရန္ကုန္ဘတ္စ္ကားအမ်ား ပိုင္ကုမၸဏီ၏ BRT Lite ယာဥ္ လိုင္းမ်ားကို လက္ရွိတြင္ အမွတ္ ၁၊ ၂၊ ၃ ယာဥ္လုိင္းေၾကာင္းသံုး ေၾကာင္းျဖင့္ ျပည္လမ္း၊ ကမၻာ ေအးဘုရားလမ္း၊ ေျမာက္ဥကၠ လာပမွ အင္းစိန္လမ္းေၾကာင္းတို႔ တြင္ ေျပးဆြဲေပးေနၿပီး ယာဥ္အ စီးေရႏွင့္ ယာဥ္လိုင္းမ်ား ထပ္တိုး ခ်ဲ႕ရန္ အစုရွယ္ယာမ်ား ျပန္လည္ေရာင္းခ်ျခင္းျဖစ္သည္။

‘‘BRT ကားေတြက ခရီးသည္ေတြအတြက္ စီးနင္းရတာ အဆင့္ အတန္းမီၿပီး သက္ေသာင့္သက္သာရွိတဲ့ကားေတြပါ။ ရန္ကုန္ၿမိဳ႕ထဲ လမ္းေၾကာင္းေတြအကုန္လံုး ကို ပိုၿပီးေျပးဆြဲေပးႏိုင္ရင္ ခရီးသည္ေတြအတြက္ ပိုအဆင္ေျပတယ္။ အခုေနာက္ပုိင္းမွာ BRT စီးတဲ့ ခရီးသည္ေတြလည္း အရင္ထက္ ေတာ္ေတာ္မ်ားလာပါၿပီ’’ဟု အင္းစိန္ၿမိဳ႕နယ္ေန ကိုေအာင္ေက်ာ္မင္းကေျပာသည္။

အစုရွယ္ယာမ်ားကို ျမန္မာႏိုင္ငံသားမ်ားႏွင့္ ျမန္မာႏိုင္ငံသားအျပည့္အဝပိုင္ဆိုင္ေသာကုမၸဏီ မ်ားသာ ဝယ္ယူခြင့္ရွိၿပီး အမွတ္-၁၃၁/၁၃၃ 1st(A) ဗိုလ္တေထာင္ဘုရားလမ္း၊ ဗိုလ္တေထာင္ၿမိဳ႕နယ္တြင္ ဝယ္ယူႏိုင္ေၾကာင္း သ တင္းရရွိသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ရန်ကုန်ဘတ်စ်ကားအ များပိုင်ကုမ္ပဏီက အစုရှယ်ယာ များရောင်းချမှုကို အောက်တိုဘာ ၄ ရက်တွင် ပြန်လည်စတင်မည် ဖြစ်ကြောင်း ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီ မှ သတင်းရရှိသည်။

‘‘အောက်တိုဘာ ၄ ရက် အင်္ဂါနေ့ကစပြီး အစုရှယ်ယာတွေကို အများပြည်သူကို ပြန်လည်ရောင်းချပေးတော့မှာဖြစ်ပါတယ်။ အရင်ကလိုပဲ အစုရှယ်ယာတစ်ခုကို တစ်သိန်းနဲ့ တစ်စုကနေ အစုတစ် ထောင်အထိ ဝယ်နိုင်မယ်’’ဟု ရန် ကုန်ဘတ်စ်ကားအများနှင့် သက် ဆိုင်သော ကုမ္ပဏီဥက္ကဋ္ဌ ဒေါက် တာ မောင်အောင်ကပြောသည်။


 ရန်ကုန်ဘတ်စ်ကားအများ ပိုင်ကုမ္ပဏီက အစုရှယ်ယာများ ရောင်းချမှုကို ပြီးခဲ့သည့် ဖေဖော် ဝါရီက ရပ်နားခဲ့ပြီး လက်ရှိတွင် အစုရှယ်ယာပေါင်း ကျပ် ၂ ဒသမ ၄၆ ဘီလီယံဖိုးကို အစုရှင်တစ်ထောင်ခန့်သို့ ရောင်းချထားကြောင်း ၎င်းကပြောသည်။

 အဆိုပါကုမ္ပဏီကို နိုင်ငံ တော်အစိုးရက ကျပ် ၁၀ ဘီလီ ယံ၊ အများပိုင်ပြည်သူရှယ်ယာ ရှင်များက ကျပ် ၁၅ ဘီလီယံဖြင့် စတင်တည်ထောင်ခဲ့ပြီး အစုရှယ် ယာများ ရောင်းချမှုကို ၂၀၁၅ နိုဝင်ဘာ ၃ ရက်က စတင်ခဲ့သည်။

 ရန်ကုန်ဘတ်စ်ကားအများ ပိုင်ကုမ္ပဏီ၏ BRT Lite ယာဉ် လိုင်းများကို လက်ရှိတွင် အမှတ် ၁၊ ၂၊ ၃ ယာဉ်လိုင်းကြောင်းသုံး ကြောင်းဖြင့် ပြည်လမ်း၊ ကမ္ဘာ အေးဘုရားလမ်း၊ မြောက်ဥက္က လာပမှ အင်းစိန်လမ်းကြောင်းတို့ တွင် ပြေးဆွဲပေးနေပြီး ယာဉ်အ စီးရေနှင့် ယာဉ်လိုင်းများ ထပ်တိုး ချဲ့ရန် အစုရှယ်ယာများ ပြန်လည်ရောင်းချခြင်းဖြစ်သည်။

‘‘BRT ကားတွေက ခရီးသည်တွေအတွက် စီးနင်းရတာ အဆင့် အတန်းမီပြီး သက်သောင့်သက်သာရှိတဲ့ကားတွေပါ။ ရန်ကုန်မြို့ထဲ လမ်းကြောင်းတွေအကုန်လုံး ကို ပိုပြီးပြေးဆွဲပေးနိုင်ရင် ခရီးသည်တွေအတွက် ပိုအဆင်ပြေတယ်။ အခုနောက်ပိုင်းမှာ BRT စီးတဲ့ ခရီးသည်တွေလည်း အရင်ထက် တော်တော်များလာပါပြီ’’ဟု အင်းစိန်မြို့နယ်နေ ကိုအောင်ကျော်မင်းကပြောသည်။

အစုရှယ်ယာများကို မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားအပြည့်အဝပိုင်ဆိုင်သောကုမ္ပဏီ များသာ ဝယ်ယူခွင့်ရှိပြီး အမှတ်-၁၃၁/၁၃၃ 1st(A) ဗိုလ်တထောင်ဘုရားလမ်း၊ ဗိုလ်တထောင်မြို့နယ်တွင် ဝယ်ယူနိုင်ကြောင်း သ တင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top