Property Expo
×

 လႊတ္ေတာ္ကိုယ္စား လွယ္တစ္ဦးတင္ျပခဲ့သည့္ စည္း ကမ္းမဲ့ ရပ္နားထားေသာ ယာဥ္ မ်ားကို ကရိန္းဆြဲစနစ္အစား ေသာ့ခတ္ေျပစာကပ္စနစ္အျဖစ္ ေျပာင္းလဲမည္မဟုတ္ေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုး က ေျပာၾကားသည္။

ေအာက္တုိဘာ ၁၉ ရက္တြင္ျပဳလုပ္ေသာ ရန္ကုန္တုိင္းေဒသ ႀကီးလႊတ္ေတာ္၌ သဃၤန္းကြၽန္း ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေန ဘုန္းလတ္က ကရိန္းဆြဲစနစ္အ စား ေသာ့ခတ္ေျပစာကပ္စနစ္အ ျဖစ္ ေျပာင္းလဲရန္ အႀကံျပဳတင္ျပ ခဲ့ရာ ၿမိဳ႕ေတာ္ဝန္က ယင္းစနစ္သည္မျဖစ္ႏိုင္ေၾကာင္းႏွင့္ကရိန္းဆြဲစနစ္ကို ဆက္လက္က်င့္သံုးမည္ဟု ေျဖၾကားခဲ့သည္။

‘‘ဒီဥစၥာကေတာ့မရဘူး။ ဘာလို႔လဲဆိုေတာ့ ဒါကို ကြၽန္ေတာ္တို႔ စမ္းလိုက္လို႔ရွိရင္ တမင္တကာ လာရပ္သြားသလား၊ ထားခဲ့သ လားလို႔ေတာင္ ထင္ရတယ္။ သူ႔ ကိုထပ္ၿပီး ေသာ့ခတ္ၿပီး ေစာင့္ ေရွာက္လိုက္ရင္ လမ္းစရိတ္ပါ တက္လာပါလိမ့္မယ္။ ဆိုေတာ့ ေလာေလာဆယ္ေတာ့ ဆြဲတာ ေတာ့ အေကာင္းဆံုးေပါ့။ သို႔ ေသာ္ ဒီထက္ ေကာင္းတဲ့အစီအ စဥ္ေတာ့ရွိပါတယ္’’ဟု ၿမိဳ႕ေတာ္ ဝန္က ေျပာသည္။


ယာဥ္မရပ္ရေနရာတြင္ ရပ္ နားထားေသာ စည္းကမ္းမဲ့ယာဥ္ မ်ားကို တစ္စံုတစ္ရာအေရးယူ ေဆာင္ရြက္ျခင္းမွာ မွန္ကန္ေသာ္ လည္း လက္ရွိ အေျခအေန၌ ကရိန္းဆြဲသည့္ကုမၸဏီသည္ ယာဥ္ မ်ားကို ဆြဲသြားၿပီး ယာဥ္ပ်က္စီး ဆံုး႐ႈံးမႈမ်ားရွိလာပါက တာဝန္ယူ ေျဖရွင္းေပးျခင္းမရွိဘဲ ကရိန္းကုမၸဏီကို ဆြဲခငါးေသာင္းက်ပ္၊ ဒဏ္ေၾကးအျဖစ္ ႏွစ္ေသာင္းငါးေထာင္ က်ပ္ေပးေဆာင္ရျခင္းသည္ ႏုိင္ငံေတာ္အခြန္ေငြမ်ားျပားျခင္းမရွိဘဲ ျပည္သူမ်ားမွာ ကရိန္းဆြဲသည့္ ကုမၸဏီကို ပိုမိုေပးေဆာင္ေနရ သည့္ ျပႆနာမ်ားျဖစ္ေပၚေန ေၾကာင္း ဦးေနဘုန္းလတ္က လႊတ္ေတာ္၌ တင္ျပခဲ့သည္။

  ‘‘မေျပာင္းလဲႏိုင္ေသးရင္ လည္း ေစာေစာက ကြၽန္ေတာ္ ေျပာတဲ့ တာဝန္မဲ့မႈမ်ိဳးေပါ့။ စည္း ကမ္းမဲ့ရပ္ရင္ အေရးယူရမယ္ဆို တာ မွန္တယ္။ ဒါေပမဲ့ အဲဒီလူရဲ႕ ကားကို ဖ်က္ဆီးပိုင္ခြင့္မရွိပါဘူး။ အဲဒီေတာ့ ကားပ်က္စီးမႈရွိလာရင္ေကာ ဘယ္လိုတာဝန္ယူေျဖ ရွင္းမွာလဲ။ ဒါကို ကရိန္းကုမၸဏီက ျဖစ္ျဖစ္၊ အစိုးရဌာနက ျဖစ္ျဖစ္ တာဝန္ယူဖို႔ လိုပါတယ္။ ဆြဲတယ္။မင္းတို႔ကားပ်က္လည္း ဂ႐ုမစိုက္ ဘူး။ ေလ်ာ္ေၾကးေတြ ဘာေတြ ဘာမွ မေပးဘူးဆိုတဲ့ အေနအ ထားမ်ိဳးျဖစ္ပါတယ္။ အဲဒီေတာ့ ဒီစနစ္ကို ဆက္လက္ က်င့္သံုး မယ္။ အေျခအေနတစ္ခုအရေပါ့။ ဆက္လက္က်င့္သံုးမယ္ဆိုရင္ ဒီ လိုတာဝန္မဲ့မႈေတြ မျဖစ္ေအာင္ ႀကီးၾကပ္ေပးဖို႔ ေမတၱာရပ္ခံပါ တယ္’’ဟု ဦးေနဘုန္းလတ္က ေျပာသည္။

ဆက္လက္၍ ၿမိဳ႕ေတာ္ဝန္ က ‘‘ေျပာခဲ့ၿပီးပါၿပီ။ ဒီစနစ္က သိပ္ ေကာင္းတဲ့စနစ္ မဟုတ္ပါဘူး။ ဒီထက္ေကာင္းတဲ့စနစ္ကို ရွာဖို႔ လည္း ကြၽန္ေတာ္တို႔ စဥ္းစားပါ မယ္’’ဟု ျပန္လည္ေျဖၾကားသည္။

အထက္ပါေမးခြန္းႏွင့္ပတ္ သက္၍ လႊတ္ေတာ္ကိုယ္စား လွယ္ ဦးေနဘုန္းလတ္က မႏၲေလးၿမိဳ႕တြင္ စည္းကမ္းမဲ့ယာဥ္မ်ား အား ေသာ့ခတ္ေျပစာကပ္စနစ္ ေျပာင္းလဲက်င့္သံုးမည့္  သတင္း ႏွင့္ ကရိန္းဆြဲခံရေသာ ျပည္သူ မ်ား၏နစ္နာမႈမ်ားကို ဥပမာေပး တင္ျပခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 လွှတ်တော်ကိုယ်စား လှယ်တစ်ဦးတင်ပြခဲ့သည့် စည်း ကမ်းမဲ့ ရပ်နားထားသော ယာဉ် များကို ကရိန်းဆွဲစနစ်အစား သော့ခတ်ပြေစာကပ်စနစ်အဖြစ် ပြောင်းလဲမည်မဟုတ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောကြားသည်။

အောက်တိုဘာ ၁၉ ရက်တွင်ပြုလုပ်သော ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်၌ သင်္ဃန်းကျွန်း မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေ ဘုန်းလတ်က ကရိန်းဆွဲစနစ်အ စား သော့ခတ်ပြေစာကပ်စနစ်အ ဖြစ် ပြောင်းလဲရန် အကြံပြုတင်ပြ ခဲ့ရာ မြို့တော်ဝန်က ယင်းစနစ်သည်မဖြစ်နိုင်ကြောင်းနှင့်ကရိန်းဆွဲစနစ်ကို ဆက်လက်ကျင့်သုံးမည်ဟု ဖြေကြားခဲ့သည်။

‘‘ဒီဥစ္စာကတော့မရဘူး။ ဘာလို့လဲဆိုတော့ ဒါကို ကျွန်တော်တို့ စမ်းလိုက်လို့ရှိရင် တမင်တကာ လာရပ်သွားသလား၊ ထားခဲ့သ လားလို့တောင် ထင်ရတယ်။ သူ့ ကိုထပ်ပြီး သော့ခတ်ပြီး စောင့် ရှောက်လိုက်ရင် လမ်းစရိတ်ပါ တက်လာပါလိမ့်မယ်။ ဆိုတော့ လောလောဆယ်တော့ ဆွဲတာ တော့ အကောင်းဆုံးပေါ့။ သို့ သော် ဒီထက် ကောင်းတဲ့အစီအ စဉ်တော့ရှိပါတယ်’’ဟု မြို့တော် ဝန်က ပြောသည်။


ယာဉ်မရပ်ရနေရာတွင် ရပ် နားထားသော စည်းကမ်းမဲ့ယာဉ် များကို တစ်စုံတစ်ရာအရေးယူ ဆောင်ရွက်ခြင်းမှာ မှန်ကန်သော် လည်း လက်ရှိ အခြေအနေ၌ ကရိန်းဆွဲသည့်ကုမ္ပဏီသည် ယာဉ် များကို ဆွဲသွားပြီး ယာဉ်ပျက်စီး ဆုံးရှုံးမှုများရှိလာပါက တာဝန်ယူ ဖြေရှင်းပေးခြင်းမရှိဘဲ ကရိန်းကုမ္ပဏီကို ဆွဲခငါးသောင်းကျပ်၊ ဒဏ်ကြေးအဖြစ် နှစ်သောင်းငါးထောင် ကျပ်ပေးဆောင်ရခြင်းသည် နိုင်ငံတော်အခွန်ငွေများပြားခြင်းမရှိဘဲ ပြည်သူများမှာ ကရိန်းဆွဲသည့် ကုမ္ပဏီကို ပိုမိုပေးဆောင်နေရ သည့် ပြဿနာများဖြစ်ပေါ်နေ ကြောင်း ဦးနေဘုန်းလတ်က လွှတ်တော်၌ တင်ပြခဲ့သည်။

  ‘‘မပြောင်းလဲနိုင်သေးရင် လည်း စောစောက ကျွန်တော် ပြောတဲ့ တာဝန်မဲ့မှုမျိုးပေါ့။ စည်း ကမ်းမဲ့ရပ်ရင် အရေးယူရမယ်ဆို တာ မှန်တယ်။ ဒါပေမဲ့ အဲဒီလူရဲ့ ကားကို ဖျက်ဆီးပိုင်ခွင့်မရှိပါဘူး။ အဲဒီတော့ ကားပျက်စီးမှုရှိလာရင်ကော ဘယ်လိုတာဝန်ယူဖြေ ရှင်းမှာလဲ။ ဒါကို ကရိန်းကုမ္ပဏီက ဖြစ်ဖြစ်၊ အစိုးရဌာနက ဖြစ်ဖြစ် တာဝန်ယူဖို့ လိုပါတယ်။ ဆွဲတယ်။မင်းတို့ကားပျက်လည်း ဂရုမစိုက် ဘူး။ လျော်ကြေးတွေ ဘာတွေ ဘာမှ မပေးဘူးဆိုတဲ့ အနေအ ထားမျိုးဖြစ်ပါတယ်။ အဲဒီတော့ ဒီစနစ်ကို ဆက်လက် ကျင့်သုံး မယ်။ အခြေအနေတစ်ခုအရပေါ့။ ဆက်လက်ကျင့်သုံးမယ်ဆိုရင် ဒီ လိုတာဝန်မဲ့မှုတွေ မဖြစ်အောင် ကြီးကြပ်ပေးဖို့ မေတ္တာရပ်ခံပါ တယ်’’ဟု ဦးနေဘုန်းလတ်က ပြောသည်။

ဆက်လက်၍ မြို့တော်ဝန် က ‘‘ပြောခဲ့ပြီးပါပြီ။ ဒီစနစ်က သိပ် ကောင်းတဲ့စနစ် မဟုတ်ပါဘူး။ ဒီထက်ကောင်းတဲ့စနစ်ကို ရှာဖို့ လည်း ကျွန်တော်တို့ စဉ်းစားပါ မယ်’’ဟု ပြန်လည်ဖြေကြားသည်။

အထက်ပါမေးခွန်းနှင့်ပတ် သက်၍ လွှတ်တော်ကိုယ်စား လှယ် ဦးနေဘုန်းလတ်က မန္တလေးမြို့တွင် စည်းကမ်းမဲ့ယာဉ်များ အား သော့ခတ်ပြေစာကပ်စနစ် ပြောင်းလဲကျင့်သုံးမည့်  သတင်း နှင့် ကရိန်းဆွဲခံရသော ပြည်သူ များ၏နစ်နာမှုများကို ဥပမာပေး တင်ပြခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top