Property Expo
×

ဒါဟာ ပံုမွန္ျဖစ္ရိုးျဖစ္စဥ္တစ္ခုပါပဲ။ လူေတြဟာ သူတို႔ရဲ႕ အစာစားခ်ိန္ နီးလာတဲ့အခါမွာ ခဏတာ ေဒါသထြက္ေလ့ရွိၾကပါတယ္။

ဘာပဲေျပာေျပာ သုေတသီေတြကေတာ့ ဗိုက္ဆာတဲ့အခါမွာ ေဒါသထြက္ျခင္းဟာ ျဖစ္ေပၚမႈ အေျခခံလုပ္ငန္းတစ္ခုပဲျဖစ္တယ္လို႔ ဆိုၾကပါတယ္။သူတို႔ ေျပာတာကေတာ့ ဗိုက္ဆာရင္ေဒါသထြက္တဲ့ အလိုေလ်ာက္ျဖစ္စဥ္ဟာ တစ္ကယ္ေတာ့ လူသားေတြကို ရွင္သန္ႏိုင္ေအာင္ လုပ္ေပးေနတာပါတဲ့။

"စိတ္၀င္စားဖို႔ေကာင္းတာက ဘာလဲဆိုရင္ ဗိုက္ဆာရင္ေဒါသထြက္ျခင္းဟာ ရွင္သန္ျခင္း ယႏၱရား တစ္ခု ျဖစ္ေနတာပါ" လို႔ ျပည္သူ႔က်န္းမာေရး ေက်ာင္းရဲက က်န္းမာေရး သိပၸံဌာနက Brenda Bustillos က ဆိုပါတယ္။

"အစားအေသာက္ဆိုတာဟာ အေရးႀကီးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဂလူးကို႔စ္ ပမာဏ နည္းလာတဲ့အခါမွာ ကၽြန္မတို႔ရဲ႕ ဦးေႏွာက္ဟာ စိတ္ဖိစီးမႈ ေဟာ္မုန္းေတြကို ထုတ္လုပ္လိုက္ပါတယ္။" လို႔လည္းသူမက ျဖည့္သြင္းေျပာျပပါတယ္။ သူမအခိုင္အမာဆိုခဲ့တာကေတာ့ ဂလူးကို႔စ္ ဟာ ကၽြႏ္ုပ္တို႔ ဦးေႏွာက္ကို ေလာင္စာျဖည့္ေပးေနတယ္ဆိုတာပါပဲ။

လူေတြရဲ႕ ဦးေႏွာက္ဟာ ဂလူးကို႔စ္ ပမာဏ နည္းပားမႈေၾကာင့္ ဆာေလာင္မႈကို သိရွိေနခ်ိန္မွာ သာမန္ရိုးရွင္းတဲ့အလုပ္ ကိစၥေတြကိုပင္ ကၽြႏ္ုပ္တို႔ဟာ သာမန္ထက္ ပိုမိုခက္ခဲစြာ လုပ္ေဆာင္ေနရပါတယ္။

"ဂလူးကို႔စ္ဆိုတဟာဦးေႏွာက္ရဲ႕ နံပါတ္၁ ေလာင္စာပါ။ ဂလူးကို႔စ္ဟာ လူသားေတြရဲ႕ အာရံုစူးစိုက္ႏိုင္မႈနဲ႔ ေတြးေခၚႏိုင္စြမ္း ေတြကို ဖန္တီးေပးပါတယ္" လို႔ Bustillos က ဆိုပါတယ္။

Bustillos ရဲ႕ ေျပာၾကားခ်က္အရေတာ့ ဗိုက္ဆာရင္ ေဒါသထြက္ျခင္းဟာ ကၽြႏ္ုပ္တို႔ ခႏၶာကိုယ္တြင္းက ထိန္းခ်ဳပ္မႈနဲ႔ သာမန္ ယႏၱရား လည္ပတ္မႈေတြ ပ်က္စီး သြားျခင္းရဲ႕ ရလဒ္ပဲ ျဖစ္ပါတယ္။ လူသားေတြဟာ အစားအစာ မရရွိႏိုင္တဲ့အခါမွာ အခ်ည္းႏွီးျဖစ္မႈကို ဖန္တီးေပးတဲ့ ဒႆနိက ဆိုင္ရာ တံု႔ျပန္မႈေတြကို ရရွိလိုက္ပါတယ္။ ဒါေၾကာင့္ ဦးေႏွာက္အတြင္းမွာ ဂလူးကို႔စ္ ခမ္းေျခာက္သြားတဲ့အခါမွာ ေဒါသထြက္ျခင္းကို ထိန္းခ်ဳပ္ဖို႔ ခက္ခဲသြားပါတယ္။

ဒါေပမယ့္လည္း သူမက ေျပာၾကားခဲ့တာကေတာ့ ဒီအေျခအေနကို ေရွာင္လႊဲလို႔ရႏိုင္ပါတယ္။ ေရွာင္လႊဲႏိုင္မယ့္နည္းလမ္းကေတာ့ အက်င့္ တစ္ခ်ိဳ႕ကို ေမြးျမဴထားလိုက္ပါ။ ဗိုက္ဆာေနတဲ့အခ်ိန္မွာ ေဒါသမထြက္ပဲ စိတ္အာရံုေျပာင္းႏိုင္ေစမယ့္ အက်င့္ေလးေတြကို ဖန္တီးထားဖို႔ပဲျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : thithtoolwin

#Unicode Version

 ဒါဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ လူတွေဟာ သူတို့ရဲ့ အစာစားချိန် နီးလာတဲ့အခါမှာ ခဏတာ ဒေါသထွက်လေ့ရှိကြပါတယ်။

ဘာပဲပြောပြော သုတေသီတွေကတော့ ဗိုက်ဆာတဲ့အခါမှာ ဒေါသထွက်ခြင်းဟာ ဖြစ်ပေါ်မှု အခြေခံလုပ်ငန်းတစ်ခုပဲဖြစ်တယ်လို့ ဆိုကြပါတယ်။သူတို့ ပြောတာကတော့ ဗိုက်ဆာရင်ဒေါသထွက်တဲ့ အလိုလျောက်ဖြစ်စဉ်ဟာ တစ်ကယ်တော့ လူသားတွေကို ရှင်သန်နိုင်အောင် လုပ်ပေးနေတာပါတဲ့။

"စိတ်ဝင်စားဖို့ကောင်းတာက ဘာလဲဆိုရင် ဗိုက်ဆာရင်ဒေါသထွက်ခြင်းဟာ ရှင်သန်ခြင်း ယန္တရား တစ်ခု ဖြစ်နေတာပါ" လို့ ပြည်သူ့ကျန်းမာရေး ကျောင်းရဲက ကျန်းမာရေး သိပ္ပံဌာနက Brenda Bustillos က ဆိုပါတယ်။

"အစားအသောက်ဆိုတာဟာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဂလူးကို့စ် ပမာဏ နည်းလာတဲ့အခါမှာ ကျွန်မတို့ရဲ့ ဦးနှောက်ဟာ စိတ်ဖိစီးမှု ဟော်မုန်းတွေကို ထုတ်လုပ်လိုက်ပါတယ်။" လို့လည်းသူမက ဖြည့်သွင်းပြောပြပါတယ်။ သူမအခိုင်အမာဆိုခဲ့တာကတော့ ဂလူးကို့စ် ဟာ ကျွန်ုပ်တို့ ဦးနှောက်ကို လောင်စာဖြည့်ပေးနေတယ်ဆိုတာပါပဲ။

လူတွေရဲ့ ဦးနှောက်ဟာ ဂလူးကို့စ် ပမာဏ နည်းပားမှုကြောင့် ဆာလောင်မှုကို သိရှိနေချိန်မှာ သာမန်ရိုးရှင်းတဲ့အလုပ် ကိစ္စတွေကိုပင် ကျွန်ုပ်တို့ဟာ သာမန်ထက် ပိုမိုခက်ခဲစွာ လုပ်ဆောင်နေရပါတယ်။

"ဂလူးကို့စ်ဆိုတဟာဦးနှောက်ရဲ့ နံပါတ်၁ လောင်စာပါ။ ဂလူးကို့စ်ဟာ လူသားတွေရဲ့ အာရုံစူးစိုက်နိုင်မှုနဲ့ တွေးခေါ်နိုင်စွမ်း တွေကို ဖန်တီးပေးပါတယ်" လို့ Bustillos က ဆိုပါတယ်။

Bustillos ရဲ့ ပြောကြားချက်အရတော့ ဗိုက်ဆာရင် ဒေါသထွက်ခြင်းဟာ ကျွန်ုပ်တို့ ခန္ဓာကိုယ်တွင်းက ထိန်းချုပ်မှုနဲ့ သာမန် ယန္တရား လည်ပတ်မှုတွေ ပျက်စီး သွားခြင်းရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။ လူသားတွေဟာ အစားအစာ မရရှိနိုင်တဲ့အခါမှာ အချည်းနှီးဖြစ်မှုကို ဖန်တီးပေးတဲ့ ဒဿနိက ဆိုင်ရာ တုံ့ပြန်မှုတွေကို ရရှိလိုက်ပါတယ်။ ဒါကြောင့် ဦးနှောက်အတွင်းမှာ ဂလူးကို့စ် ခမ်းခြောက်သွားတဲ့အခါမှာ ဒေါသထွက်ခြင်းကို ထိန်းချုပ်ဖို့ ခက်ခဲသွားပါတယ်။

ဒါပေမယ့်လည်း သူမက ပြောကြားခဲ့တာကတော့ ဒီအခြေအနေကို ရှောင်လွှဲလို့ရနိုင်ပါတယ်။ ရှောင်လွှဲနိုင်မယ့်နည်းလမ်းကတော့ အကျင့် တစ်ချို့ကို မွေးမြူထားလိုက်ပါ။ ဗိုက်ဆာနေတဲ့အချိန်မှာ ဒေါသမထွက်ပဲ စိတ်အာရုံပြောင်းနိုင်စေမယ့် အကျင့်လေးတွေကို ဖန်တီးထားဖို့ပဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : thithtoolwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top