Property Expo
×





Credit : Trend Myanmar

#Unicode Version

သင့်ဆံကေသာ ဘယ်လောက်သန်စွမ်းနေသလဲဆိုတာ သိပါသလား။ မိမိဆံပင်သန်စွမ်းမှုအနေအထားကောင်းရဲ့လား ဒါမှမဟုတ် အနည်းငယ် ပိုဂရုစိုက်ပေးဖို့လိုမလို သိရှိရန် ဒီရိုးစင်းတဲ့စမ်းသပ်နည်းလေး လုပ်ကြည့်ပါ။

ဟောဒီမှာ မိမိဆံကေသာ ကျန်းမာသန်စွမ်းမှုရှိမရှိ ဖော်ထုတ်ပေးမယ့် ၁၀ စက္ကန့်စမ်းသပ်နည်း ဖြစ်ပါတယ်။

ဆံခြည်မျှင်သန့်သန့်လေးတစ်စုယူပြီး ရေ (၈) အောင်စဆန့် ဖန်ခွက်ထဲ ထည့်ပါ။ တကယ်လို့ ဆံမျှင်လေးတွေ ပေါလောပေါ်နေပါက သင့်ဆံပင်အခြေအနေကောင်းနေတာပါ။ တကယ်လို့ ရေထဲမြုပ်ဝင်သွားတယ်ဆိုရင် သင့်ဆံပင်အနည်းငယ် ပိုမိုဂရုစိုက်ထိန်းသိမ်းပေးဖို့ လိုအပ်တဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။ ဆံပင်တွေ ရေထဲနစ်ဝင်သွားတဲ့ အကြောင်းအရင်းက cuticle ကနေတဆင့် ရေတွေ တိုးဝှေ့ဝင်ရောက်နိုင်လို့ ဖြစ်ပါတယ်။

အမိုင်နို amino နဲ့ ရေမှာ မပျော်ဝင်တဲ့ fatty lipids အရည်ပျစ်နဲ့ တစ်ပတ်တစ်ကြိမ် ရေဓာတ်ဖြည့်တင်းပေးဖို့ အရေးကြီးပါတယ်။ ဆံကေသာရဲ့ အပြင်ဘက်အလွှာကို အားဖြည့်ပြီး ဆံသားကို နူးညံ့ချောမွေ့ပြီး အရောင်တောက်ပစေပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar


 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top