Property Expo
×

ယခုရက္ပိုင္းတြင္ ႏိုင္ငံ ျခားေငြလဲႏႈန္း ဆက္တိုက္ျမင့္ တက္လာျခင္းသည္ သြင္းကုန္ ပမာဏမ်ားၿပီး ေငြေၾကး ခ်မ္းသာသူမ်ား၏ ေစ်းကစားမႈမ်ားေၾကာင့္ျဖစ္သည္ဟု စီးပြားေရးလုပ္ငန္းရွင္အခ်ဳိ႕က ေျပာသည္။

အေမရိကန္ေဒၚလာ တန္ဖိုး သည္ ေအာက္တိုဘာ၄ ရက္တြင္ တစ္ေဒၚလာလွ်င္ က်ပ္ ၁,၂၉၀ ေက်ာ္အထိ ျမင့္တက္ၿပီးေနာက္ ေအာက္တိုဘာ ၁၁ ရက္၌ တစ္ေဒၚလာလွ်င္ ၁,၂၄၄ က်ပ္သို႔ က်ဆင္းလာသည္။ ထုိ႔ေနာက္ ေအာက္တိုဘာ ၂၁ ရက္တြင္ ၁,၂၈၇ က်ပ္အထိ ျပန္လည္ျမင့္ တက္ၿပီး ေအာက္တုိဘာ ၂၆ ရက္၌ တစ္ေဒၚလာလွ်င္ ၁,၂၉၃ က်ပ္အထိ ျမင့္တက္ခဲ့သည္။

‘‘ကစားတဲ့သူေတြ ဝင္လာ ရင္တက္မယ္။ ၿပီးရင္ျပန္က်တယ္။ ဒီအေျခအေနက စီးပြားေရး အတြက္ မေကာင္းဘူး။ ဗဟိုဘဏ္အေနနဲ႔ ၾကားဝင္ထိန္းေပးသင့္တယ္’’ဟု ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ တြဲဖက္အတြင္းေရးမွဴး ဦးေနလင္းဇင္က ေျပာၾကားသည္။

အစိုးရ၏ စီးပြားေရးအေပၚ တုံ႔ျပန္မႈ အေျခအေနကို ေစာင့္ ၾကည့္ေနျခင္းေၾကာင့္ လုပ္ငန္းမလုပ္ဘဲ အရင္းအႏွီးေငြေၾကးမ်ား ကို ဘဏ္မ်ားတြင္အပ္ႏွံၿပီး အတိုး မ်ားရယူေနသည္။ ဘဏ္မ်ားက လည္း ေခ်းေငြထက္ အပ္ေငြမ်ား ေနျခင္းေၾကာင့္ ျပင္ပေစ်းကြက္ တြင္ ေဒၚလာဝင္ေရာက္ကစားမႈ မ်ားရွိေၾကာင္း စီးပြားေရးလုပ္ငန္း ရွင္အခ်ဳိ႕က ေျပာၾကားသည္။

လက္ရွိ ျမန္မာႏိုင္ငံတြင္ ပို႔ ကုန္ပမာဏသည္ သြင္းကုန္ထက္ ေလ်ာ့နည္းေနျခင္း၊ ပြင့္လင္းရာ သီျဖစ္ျခင္းေၾကာင့္ စက္သံုးဆီ၊ လူသံုးကုန္ပစၥည္း၊ စားအုန္းဆီ တင္သြင္းမႈမ်ားျခင္းေၾကာင့္ ေဒၚ လာေစ်းျမင့္တက္ရန္ တြန္းအား တစ္ခုျဖစ္သည္ဟု စီးပြားေရး လုပ္ငန္းရွင္အခ်ဳိ႕က ဆိုသည္။

‘‘ေဒၚလာေစ်းက လကုန္ အထိ က်ဖို႔လမ္းမျမင္ဘူး’’ ဟု ျမန္မာႏိုင္ငံ ေမာ္ေတာ္ယာဥ္ တင္ သြင္းထုတ္လုပ္ျဖန္႔ျဖဴး ေရာင္းခ် သူအသင္းဥကၠ႒ ေဒါက္တာစုိး ထြန္းက ေျပာသည္။

ေဒၚလာေစ်း အတက္အက် မ်ားၿပီး တည္ၿငိမ္မႈမရွိျခင္းသည္ ႏိုင္ငံတကာ ရင္းႏွီးျမႇဳပ္ႏွံမႈ ဝင္ ေရာက္မႈ နည္းျခင္းေၾကာင့္ဟု ကေမၻာဇဘဏ္ အႀကီးတန္း အႀကံေပး ဦးသန္းလြင္က ေျပာသည္။

ယခုလအတြင္း အေမရိကန္ ေဒၚလာေစ်း အတက္အက် အႀကိမ္ႀကိမ္ ျဖစ္ျခင္းေၾကာင့္ လုပ္ငန္းမ်ား လုပ္ကိုင္ရာတြင္ အခက္အခဲ ႀကံဳေတြ႕ရသည္ဟု ထုိင္း ႏိုင္ငံမွ လူသံုးကုန္ပစၥည္းႏွင့္ အလွ ကုန္ပစၥည္းမ်ားကို နယ္စပ္မွ တင္သြင္းေနသည့္ လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

Unicode Version

ယခုရက်ပိုင်းတွင် နိုင်ငံ ခြားငွေလဲနှုန်း ဆက်တိုက်မြင့် တက်လာခြင်းသည် သွင်းကုန် ပမာဏများပြီး ငွေကြေး ချမ်းသာသူများ၏ ဈေးကစားမှုများကြောင့်ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။

အမေရိကန်ဒေါ်လာ တန်ဖိုး သည် အောက်တိုဘာ၄ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁,၂၉၀ ကျော်အထိ မြင့်တက်ပြီးနောက် အောက်တိုဘာ ၁၁ ရက်၌ တစ်ဒေါ်လာလျှင် ၁,၂၄၄ ကျပ်သို့ ကျဆင်းလာသည်။ ထို့နောက် အောက်တိုဘာ ၂၁ ရက်တွင် ၁,၂၈၇ ကျပ်အထိ ပြန်လည်မြင့် တက်ပြီး အောက်တိုဘာ ၂၆ ရက်၌ တစ်ဒေါ်လာလျှင် ၁,၂၉၃ ကျပ်အထိ မြင့်တက်ခဲ့သည်။

‘‘ကစားတဲ့သူတွေ ဝင်လာ ရင်တက်မယ်။ ပြီးရင်ပြန်ကျတယ်။ ဒီအခြေအနေက စီးပွားရေး အတွက် မကောင်းဘူး။ ဗဟိုဘဏ်အနေနဲ့ ကြားဝင်ထိန်းပေးသင့်တယ်’’ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောကြားသည်။

အစိုးရ၏ စီးပွားရေးအပေါ် တုံ့ပြန်မှု အခြေအနေကို စောင့် ကြည့်နေခြင်းကြောင့် လုပ်ငန်းမလုပ်ဘဲ အရင်းအနှီးငွေကြေးများ ကို ဘဏ်များတွင်အပ်နှံပြီး အတိုး များရယူနေသည်။ ဘဏ်များက လည်း ချေးငွေထက် အပ်ငွေများ နေခြင်းကြောင့် ပြင်ပဈေးကွက် တွင် ဒေါ်လာဝင်ရောက်ကစားမှု များရှိကြောင်း စီးပွားရေးလုပ်ငန်း ရှင်အချို့က ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပို့ ကုန်ပမာဏသည် သွင်းကုန်ထက် လျော့နည်းနေခြင်း၊ ပွင့်လင်းရာ သီဖြစ်ခြင်းကြောင့် စက်သုံးဆီ၊ လူသုံးကုန်ပစ္စည်း၊ စားအုန်းဆီ တင်သွင်းမှုများခြင်းကြောင့် ဒေါ် လာဈေးမြင့်တက်ရန် တွန်းအား တစ်ခုဖြစ်သည်ဟု စီးပွားရေး လုပ်ငန်းရှင်အချို့က ဆိုသည်။

‘‘ဒေါ်လာဈေးက လကုန် အထိ ကျဖို့လမ်းမမြင်ဘူး’’ ဟု မြန်မာနိုင်ငံ မော်တော်ယာဉ် တင် သွင်းထုတ်လုပ်ဖြန့်ဖြူး ရောင်းချ သူအသင်းဥက္ကဋ္ဌ ဒေါက်တာစိုး ထွန်းက ပြောသည်။

ဒေါ်လာဈေး အတက်အကျ များပြီး တည်ငြိမ်မှုမရှိခြင်းသည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု ဝင် ရောက်မှု နည်းခြင်းကြောင့်ဟု ကမ္ဘောဇဘဏ် အကြီးတန်း အကြံပေး ဦးသန်းလွင်က ပြောသည်။

ယခုလအတွင်း အမေရိကန် ဒေါ်လာဈေး အတက်အကျ အကြိမ်ကြိမ် ဖြစ်ခြင်းကြောင့် လုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲ ကြုံတွေ့ရသည်ဟု ထိုင်း နိုင်ငံမှ လူသုံးကုန်ပစ္စည်းနှင့် အလှ ကုန်ပစ္စည်းများကို နယ်စပ်မှ တင်သွင်းနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top